သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၈)
သစ်ထူးလွင်
|
- စွပ်စွဲဖမ်းဆီးခံထားရသည့် NGO ဝန်ထမ်း ပြန်လည်လွတ်မြောက်
- မြန်မာ့ မူးယစ်ဆေးဝါး ပြဿနာ ပိုဆိုးလာကြောင်း အတည်ပြု
- သြဂုတ် (၁၆)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၂)
- ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်
- မြေနှင့်အိမ်ရာစီမံခန့်ခွဲမှုမျာ
းကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရမှသာ ဆောင်ရွက်ရန် သမ္မတညွှန်ကြား - မြေနီကုန်းတွင် သမ္မတ မိန့်ခွန်းအား ထောက်ခံ ဆန္ဒဖော် ထုတ်ခဲ့သူများ တရားစွဲခံရ
- နယ်စပ်မှ ၀င်ရောက်လာသော လူမျိုးခြားများကိစ္စ အလေးထား ဆောင်ရွက်သင့်
- တရားစီရင်ရေး စနစ်ကို စိန်ခေါ်လိုက်သည့် မိုင်တိုင်အမှတ် (၃၀၀/၆) သစ်မှုကြီး
- ရန်ကုန်မြို့ ကမ်းနားလမ်းသစ်အား အမြန်ဆုံးဖွင့်လှစ် ပေးရန်
- ကလေး စစ်သား စု ဆောင်း ထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်အရာရှိတွေ ခံဝန်လက်မှတ် ထိုးရ
- ပုသိမ်-ရန်ုကန် ကားလမ်း - ဒါးက ကျေးရွာ ရေကြီးနေမှု မြင်ကွင်း (ဓါတ်ပုံ)
- သဘာဝဘေးအန္တရာယ်ကြောင့် ဘဏ္ဍာရေး ထိခိုက်နိုင်
- ရခိုင်အရေး အထင်လွဲစေမည့် ဓာတ်ပုံများ မတင်ဖို့ တိဘက်သတိပေး
- စစ်တွေ ဟိန္ဒူ တွေ မြို့ထဲ ပြန်ခွင့်ရ
- အာရပ် နိုင်ငံသားတွေ လက်ဘနွန်က ထွက်ခိုင်း
- ဂျူလီယံ အာဆန်းကို ဗြိတိန် ခြိမ်းခြောက်
- ပုသိမ်ကားလမ်းရေလျှံ ယာဉ်သွားအလာတားမြစ်ထား
- မြန်မာအစိုးရ သဘောထား မလေးရှား ၀န်ကြီးချုပ်ဟောင်း အကောင်းမြင်
- သြဂုတ်လ (၁၆) ရက်နေ့ ထုတ် Venus News Weekly Vol 4/4
- လိုင်စင်မရှိဘဲ နိုင်ငံခြားငွေအရောင်း အဝယ်လုပ်လျှင် ဥပဒေအရ အရေးယူမည်
- SHADE,ဂျာနယ် အတွဲ ၆၊အမှတ်၂၉
- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ကို မြန်မာဒါရိုက်တာ ရိုက်ကူးခြင်းဖြင့် ဂုဏ်ယူလို ကြောင်း ဇာဂနာပြောကြား
- အထက်တန်းရှေ့နေ အမျိုးသမီးတစ်ဦး ကြမ်းပိုးသတ် ဆေးသောက် အဆုံးစီရင်
- ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ သင်တန်းများအား တည်ဆဲ ဥပဒေအရ ဖျက်သိမ်းမည်
- ဥပဒေဟောင်းတွေဖျက်ဖို့ လွှတ်တော်မှာဆွေးနွေး
Posted: 16 Aug 2012 05:49 AM PDT
ဇွန်လ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် နယ်သာလန် NGO တခုဖြစ်သည့် AZG မှ ဦးကျော်လှအောင် (လုံချည် အပြာ)နှင့် ဦးဝင်းနိုင် (လုံချည် အနီ)တို့ သြဂုတ်လ ၁၆ ရက်နေ့ ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရခိုင်-ရိုဟင်ဂျာ အရေးအခင်းနှင့် ပတ်သက်၍ နိုင်ငံတကာ NGO များမှ ဝန်ထမ်း ၁၀ ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ထုတ်ဖော်ပြောဆိုထားသည်။ မဇ္ဈိမသတင်းဌာန | ||
Posted: 16 Aug 2012 05:43 AM PDT
ဇူလိုင်လအတွင်း ဘိန်းဖြူ ၁၁၆ ကီလိုနှင့် အဖက်တမင်း ဆေးပြား ၁ ဒဿမ ၄ သန်းကို ဖမ်းဆီးရမိလိုက်ပြီးနောက်
မြန်မာနိုင်ငံတွင် အဖက်တမင်း မူးယစ်ဆေးဝါးပြဿနာသည် `အလွန်အန္တရာယ်ရှိ´ သည့် အခြေအနေသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေး ပြောကြားလိုက်သည်။ “အခြေအနေ ပိုဆိုးလာပါတယ်။… ၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါး ကင်းစင်စေရပါမယ်လို့ ကတိပြုထားပေမယ့် ဘိန်းမဲပဲ ကင်းစင်နိုင်ပါလိမ့်မယ်။ စိတ်ကြွဆေးကတော့ ဆက်ရှိနေမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတဦးက မကြာသေးခင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။ ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်မှုခင်းပေါင်း ၃၄၂ မှု ဖြစ်ပွါးခဲ့ပြီး မသင်္ကာသူ ၄၇၃ ဦးကို ဖမ်းဆီးခဲ့ သည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က သတင်းဖော် ပြခဲ့သည်။ စိတ်ကြွဆေးအများစုကို မြန်မာနိုင်ငံ၏ အရှေ့ဘက်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့လည်း ၀င်ရောက်လာနေကြောင်း တာဝန်ရှိသူများက ပြောသည်။ ဘိန်းစိုက်ပျိုးမှုနှင့် အဖက်တမင်းဆေးပြား ထုတ်လုပ်မှုသည် အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အတွက် ငွေဝင်လမ်းတခု ဖြစ်ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ပြောသည်။ အာဖဂန်နစ္စတန်နိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆိုအရ ရှမ်းပြည်နယ်သည် မက်တာအဖက်တမင်း ထုတ်လုပ်သည့် အဓိကနေရာ ဖြစ်ကြောင်း သိရသည်။ ၁၉၉၈ မှ ၂၀၁၀ ခုနှစ်အတွင်း အဖက်တမင်းပုံစံ စိတ်ကြွဆေး ဖမ်းဆီးရမှုသည် လျှင်မြန်စွာ တိုးပွါးလာနေကာ ၀ယ်လိုအား မြင့်တက်မှုကြောင့် သုံးဆနီးပါး မြင့်တက်လာခဲ့ကြောင်း ကုလ က ပြောသည်။ “ကုလ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) အား ရှမ်းပြည်နယ်တွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ခွင့် ပြုထား သည့်နရာများအား အစိုးရတာဝန်ရှိသူများက ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့် ပြုခဲ့သဖြင့်လည်းကောင်း၊ မကြာသေးမီက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ကြောင့်လည်းကောင်း ကုလ မူးယစ်ဆေးဝါး အေဂျင်စီ အနေဖြင့် အားတက်မိကြောင်း” ပြောဆိုခဲ့သည်ကို မဇ္ဈိမ က ဇူလိုင်လအတွင်းက သတင်းပေးပို့ခဲ့သည်။ “ကာလကြာရှည်နေပြီဖြစ်တဲ့ ဆင်းရဲမွဲတေမှုရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ရင်၊ ကျေးလက် စားနပ်ရိက္ခာ မလုံလောက်မှုကို လျှော့ချပေးနိုင်ရင်၊ လက်နက်ကိုင်ပဋိပက္ခကို လျော့ပါးသွားအောင် လုပ်နိုင်ရင် ဘိန်းစိုက် တောင်သူတွေကို ဘိန်းခင်းတွေဆီ မသွားအောင် လုပ်နိုင်ပါလိမ့်မယ်” ဟု UNODC ဘန်ကောက်ရုံး ကိုယ်စားလှယ် ဂယ်ရီလူးဝစ်စ် က ဆိုသည်။ တောင်သူများအား ဤသို့ အသွားနှစ်ဘက်ရှိသော ၀င်ငွေရလမ်းမှ ရှောင်ဖယ်သွားစေလိုပါက ၎င်းတို့၏ စားဝတ် နေရေးကို တနည်းတဖုံ ဖြည့်ဆည်းပေးရန် လိုကြောင်းလည်း သူက ပြောသည်။ “ဒီလုပ်ငန်း ထိရောက်ဖို့ဆိုရင် တောင်သူတွေကို သူတို့စားဝတ်နေရေး ရေရှည်ဖူလုံစေမယ့် အခြား နည်းလမ်းတွေ ဖြည့်ဆည်းပေးဖို့ လိုမယ်။ တောင်သူတွေ ဘိန်းစိုက်တာ စားနပ်ရိက္ခာ ၀ယ်ဖို့ပါ။ ကြွေးဆပ်ဖို့ပါ။ ကျန်းမာရေး အသုံးစရိတ်နဲ့ ကျောင်းလခ ပေးနိုင်ဖို့ပါ” ဟု ဂယ်ရီလူးဝစ်စ် က ပြောသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း UNODC နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ဘိန်းစိုက် တောင်သူများကို ဘိန်းမစိုက်ရန် ဆွဲဆောင်သည့်အနေနှင့် စားဝတ်နေရေး ပြေလည်စေရန် အဖြေရှာပေးခဲ့သည်။ လမ်းများ ဖောက်ပေးခဲ့သည်။ ဆည်မြောင်း တာတမံနှင့် ရေကြောင်း သွားလာရေးအတွက် ကူညီခဲ့သည်။ ရပ်ရွာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ လုပ်ကိုင်ပေးခဲ့သည်။ ဥရောပသမဂ္ဂနှင့် ဂျပန်နှင့် ဂျာမဏီအစိုးရများက ပေးအပ်သော ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသော UNODC ၏ အခြားနည်း ဖွံ့ဖြိုးမှု အကူအညီများသည် မကြာသေးခင် အချိန်အထိ ရှမ်းပြည်နယ် တောင်ပိုင်းရှိ သုံးမြို့နယ်တွင်သာ ဆောင်ရွက်နိုင်သည့် အသေးစား ဖွံ့ဖြိုးရေး စီမံကိန်းများ ဖြစ်နေသည်။ ယင်းသည် ရှမ်းပြည်နယ်တခုလုံးနှင့် တနိုင်ငံလုံးအတွက် လိုအပ်နေသော အခြေခံ အဆောက်အအုံများ၊ ဈေးများ၊ ကျောင်းများ၊ ရေရှည် တည်တံ့နိုင်မည့် စားဝတ်နေရေး လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် မလုံလောက်ပါ။ အစိုးရတပ်များနှင့် တိုင်းရင်းသားနှင့်နိုင်ငံရေး သူပုန်အဖွဲ့အစည်း အမျိုးမျိုးအကြား ရာစုနှစ် တ၀က်ကျော်ကြာ ဖြစ်ပွါးနေသော ပြည်တွင်းပဋိပက္ခကြောင့် နိုင်ငံမှာ အစိတ်စိတ် ကွဲပြားနေရပြီး မတည်ငြိမ်မှုနှင့် ဆင်းရဲမွဲတေမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု UNODC က ပြောသည်။ ကရင် လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) အပါအ၀င် မြန်မာပြည်တာင်ပိုင်းမှ တပ်ဖွဲ့များနှင့် ၂၀၁၂ ခုနှစ်အစောပိုင်းတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ခြင်းကြောင့် ယခင်က မသွားရောက်နိုင်ခဲ့သော ဒေသများသို့ ယခု သွားရောက်နိုင်ခဲ့သည်။ UNODC ၏ လေ့လာမှုအရ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၀ ခုနှစ်တွင် ၃၈,၁၀၀ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၄၃,၆၀၀ ဟက်တာအထိ ရှိလာခဲ့သည်ဟု ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖော်ပြထားသည်။ ယင်းစိုက်ပျိုးမြေ အများစုသည် ရှမ်းပြည်နယ်အတွင်း ရှိသည်ဟုလည်း ဆိုသည်။ သို့သော် အစိုးရအနေဖြင့် ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း ဘိန်းစိုက်မြေ စုစုပေါင်း ၆,၁၂၄ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ၅,၁၃၆ ဟက်တာသာ ဖျက်ဆီးနိုင်ခဲ့ သည် ဟု စစ်တမ်းက လေ့လာဖော်ပြထားသည်။ နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုတွင် အိမ်ထောင်စုပေါင်း ၂၄၆,၀၀၀ ပါဝင်ပတ်သက်နေပြီး ယင်းတို့အထဲမှ ၉၁ ရာခိုင်နှုန်း သည် ရှမ်းပြည်နယ်မှ ဖြစ်သည်ဟု UNODC ၀ဘ်ဆိုက်၏ မေလ ဆောင်းပါးတွင် ရေးသားထားသည်။ ဘိန်းတိုက်ဖျက်ရေးသည် မြန်မာအစိုးရ၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သော ဘိန်းတိုက်ဖျက် ရေး လုပ်ငန်းများသည် သိသိသာသာ တိုးတက်လာပြီး ဘိန်းစိုက်ခင်း အမြောက်အများကို ဖျက်ဆီးနိုင်ခဲ့သည်။ “သို့သော် ယင်းလုပ်ငန်းသည် သာမန်အားဖြင့် ဆင်းရဲပြီး ကြွေးထူသော ဘိန်းစိုက် တောင်သူများအတွက် အလွန်အထိနာသော နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ထွက်လာစေခဲ့သည်။ တောင်သူ အများအပြားသည် စားနပ်ရိက္ခာ ၀ယ်ယူရန်နှင့် မသေရုံလေး နေထိုင်နိုင်ရုံအတွက်သာ ဘိန်းစိုက်ပျိုးနေကြခြင်းဖြစ် အခြားနည်းလမ်းဖြင့် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးခြင်းမပြုဘဲ ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းကို လုပ်ဆောင်ပါက ဘိန်းစိုက်ပျိုးခြင်းမှ ရရှိသည့်ဝင်ငွေအပေါ် ရပ်တည်နေရသော အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ ပိုမိုကြီးထွားလာနိုင်ပြီး မိသားစုများကို ကျွေးမွေးနိုင်ရန်အတွက် အခြား ၀င်ငွေရလမ်းများကို ရှာဖွေကြရလိမ့်မည်ဟု UNODC မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆင် အီလေး (Jason Eligh) က ပြောသည်။ မကြာမီ ကာလများအတွင်း ဘိန်းစိုက်ပျိုးမြေ တိုးတက်လာရခြင်း အဓိကအကြောင်းများမှာ ကာလ ရှည်ကြာနေပြီဖြစ် သော ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာလုံခြုံမှု လျော့ကျလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသတွင်း လုံခြုံမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သူက ပြောသည်။ UNODC သည် ၂၀၁၁ ခုနှစ်က စ၍ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရေရှည် တည်တံ့မည့် စားဝတ်နေရေး ဖူလုံစေမည့် အခြားနည်းလမ်းများ နှင့် စားနပ်ရိက္ခာ လုံခြုံမှုရှိစေမည့် စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။ ဥရောပသမဂ္ဂနှင့် ဂျာမဏီအစိုးရ တို့က ပေးအပ်သော ရန်ပုံငွေများဖြင့် ဘိန်းစိုက်ပျိုးခြင်းအပေါ် မှီခိုနေရေသော ရပ်ရွာအသိုင်းအ၀ိုင်းကို ကွင်းဆင်းကာ တိုက်ရိုက် အကူအညီများအဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမသတင်းဌာန | ||
Posted: 16 Aug 2012 05:29 AM PDT
Popular News Journal No.32 Vol.4 August 16,2012
သြဂုတ် (၁၆)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၂) ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 16 Aug 2012 02:09 AM PDT
ဌာနတွင်း အုပ်ချုပ်မှု ပိုင်းနှင့် စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမ ကျသဖြင့် လွတ်လပ်သော ဒီမိုကရက် တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံ အခြေစိုက် သတင်း ထောက်များမှ သတင်းတစ်ပုဒ်မျှ ရေးသား ရိုက်ကူးခြင်း မရှိဘဲ သပိတ်မှောက် လျှက်ရှိကြောင်း သိရသည်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 16 Aug 2012 01:53 AM PDT
ရန်ကုန်- သြဂုတ် ၁၆ ပြည်သူများနှင့် ထိတွေ့ဖြေရှင်း ရသည့် အထဲတွင် မြေနှင့် အိမ်ရာ စီမံခန့်ခွဲမှု များသည် ပြသနာ ရှုပ်ထွေးသည့် အတွက်ပြည်နယ် ၊တိုင်းအစိုးရများ အနေနှင့် ပြည်ထောင်စု အစိုးရ၏ သဘောထား မှတ်ချက် မပါဘဲ တိုက်ရိုက် စီမံခန့်ခွဲမှု မပြုလုပ်ရန်နှင့် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် ရယူသွားရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတဦး သိန်းစိန်က --- သတင်းအပြည့် အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 16 Aug 2012 01:56 AM PDT
မြေနီကုန်း UNHCR ရုံးရှေ့တွင် သမ္မတကြီးမိန့်ခွန်းကို အားပေးထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 16 Aug 2012 01:46 AM PDT
အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသား ပြည်နယ် များ၌ ပြည်ပမှ ၀င်ရောက် လာသည့် ဧည့်နိုင် ငံခြားသား များ ၀င်ရောက် နေထိုင်မှု များကြောင့် အစိုးရက ဖြေရှင်း သင့်သည့် ကိစ္စရပ် တစ်ခုအဖြစ် တိုင်းရင်းသား ပါတီခေါင်းဆောင် များက ရှုမြင် လာကြသည်။ လတ်တလော ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ဘင်္ဂါလီ လူမျိုးများနှင့် ရခိုင်အမျိုးသားများ အရေးကဲ့သို့အစိုးရက ထိန်းကျောင်းဖြေရှင်း ရန် လိုနေသည့် ဒေသများ၌ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များအတွင်း သို့ နယ်စပ်မှ ၀င်ရောက် နေထိုင်လာသည့် နိုင်ငံခြားသားများ အရေးလည်း ပါဝင်လာသည်။ အိမ်နီးချင်း နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက် နေထိုင်ရုံမက စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ နှင့် ပါ ဆက်စပ်လာသဖြင့်လည်း အကောင်းမြင် လုပ်ဆောင်မှုများထက် ဒေသခံများ အတွက် အကာအကွယ် ရှိနိုင်မည်လား ဟူသည်ကို အချို့က မေးခွန်းထုတ်လာ ကြသည်။ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်အတွင်းသို့ မဏိပူရပြည်နယ်မှ ကသည်းလူမျိုး အမြောက်အမြားဝင် ရောက် လာပြီး အချို့မှာ နိုင်ငံသားမှတ်ပုံတင်ဖြင့် နေထိုင်လျက်ရှိကြောင်း ချင်းအမျိုးသားပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။ "ကသည်းလူမျိုးတွေဟာ ကလေး၊ ကလေးဝနဲ့ တမူးမြို့တွေအထိ ရောက် လာကြပြီ။ အဲဒီအချိန်မှာ ဒေသအတွက် ပြဿနာက ဘာလဲ ဆိုတော့ ၀င်ရောက် လာတဲ့ သူတွေဟာ ချဲဒိုင်တွေ ကိုင်တယ်။ မူးယစ်ဆေးဝါးလုပ်ငန်းတွေလုပ်တယ် အိန္ဒိယနယ်စပ်နှင့် ထိစပ်နေခြင်း ကြောင့် နယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသည့် ထိုလူမျိုးအချို့တွင် မြန်မာ နိုင်ငံသားမှတ်ပုံတင်များ ကိုင်ဆောင် ထားခြင်းသည်လည်း လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနကို မေးခွန်းထုတ်စရာ ဖြစ်လာနေကြောင်း ၎င်းကပြောသည်။ "မဏိပူရ၊ ကသည်းလူမျိုးတွေဟာ အထူးသဖြင့် တွန်းဇံမြို့မှာ လာနေထိုင် လာကြပြီ။ နေရုံမကဘူး။ ဘိန်းပါစိုက်တယ်။ လူငယ်တွေက အဲဒီမှာ သွားအလုပ်လုပ်တော့ ဘိန်းစွဲလာကြတယ်။ ဒါက အန္တရာယ်အင်မတန်ကြီးလာတယ်။ လ၀ကရော၊ နယ်ခြားစောင့်တပ်တွေ ကော တာဝန်ရှိတယ်လို့ထင်တယ်" ဟု ဦးဇိုဇမ်က ပြောသည်။ ထို့ပြင် ပြည်နယ်အစိုးရတွင်လည်း တာဝန်ရှိနေကြောင်း၊ ယမန်နှစ်က ထို အရေးနှင့်ပတ်သက်ပြီး အစိုးရသိအောင် ဆောင်ရွက်ခဲ့ဖူး သော်လည်း ယခုနှစ်တွင် ထိုအရေးကို ပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောသည်။ "ရခိုင်မှာ ရိုဟင်ဂျာ ကိစ္စကြုံနေရသလို ကျွန်တော်တို့ ချင်းပြည်နယ်မှာလည်း ဒီလိုအရေးမျိုးမကြာခင်ကြုံလာရနိ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနအနေဖြင့် ထိုအရေးကို ဦးစား ပေးလုပ်ဆောင်ရန်နှင့် နိုင်ငံသားမဟုတ်သည့်သူများအား နိုင်ငံသားကတ်များ ထုတ်ပေးခြင်းကို အထူးစိစစ်မှသာ ဒေသခံများအတွက်လည်း အန္တရာယ် ကင်းစေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကေ "ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရတွေကိုလည်း အာဏာအပ်နှင်း ပေးနိုင်ဖို့ ပြောခဲ့ပါတယ်။ ရှင်းနေရတာ က အဲဒီအစိုးရနဲ့ ပြည်သူလူထုက ရှင်းနေရပါတယ်။ ဟိုးအရင်ကတည်းက သက်ဆိုင်တဲ့ဝန်ကြီးဌာနက ၀န်ထမ်းတွေ သစ္စာရှိခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး" ဟု ဦးခွန်ထွန်းဦးက ပြောသည်။ "ကျွန်တော်တို့ကတော့ တခြားနိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲကို စည်းမဲ့ ကမ်းမဲ့ဝင်လာတာမကြိုက်ဘူး"ဟု ဦးခွန်ထွန်းဦးက ပြောသည်။ ထိုအရေးကိစ္စကို အားလုံးဝိုင်းဝန်း ဖြေရှင်းမှသာ ရှင်းလင်းလိမ့်မည်ဟု လည်း ၎င်းက ဖြည့်စွက်ပြောသည်။ ကချင်ပြည်နယ်တွင်လည်း နယ်စပ်မှ ၀င်ရောက်လာသော တရုတ်နိုင်ငံသား များနှင့်ပတ်သက်ပြီး ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါ "ဗမာပြည်မှာ ရခိုင်ဖြစ်သလို ကချင်နဲ့ ရှမ်းမှာလည်း ဖြစ်နေတာပဲ။ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကလည်း ချဲ့ထွင် နေတာပဲ။ တရုတ်လူမျိုး တစ်ယောက်မှတ်ပုံတင်လုပ်ချင်လို့ ၁၀ သိန်း၊ ၁၅ သိန်းပေးလိုက်ရင် ချက်ချင်းရတယ်"ဟု ၎င်းက ပြောသည်။ "တိုင်းရင်းသားတွေကျတော့ အခုထိ မှတ်ပုံတင်မရသေးဘူး။ ဒါက အောက်ခြေ က အကျင့်ပျက်ခြစားတဲ့ဝန်ထမ်းတချို တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိသည့် ရခိုင်ပြည်နယ်၌ ဖြစ်ပွားလျက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင် တိုင်းရင်းသားများ အရေး သည် မြန်မာ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည့ "ဒါက ရခိုင်ပြည်နယ်တစ်ခုတည်းရဲ့ အရေးမဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးဖြစ်ပါတယ်။ အနောက်တံခါးကို ပိတ်နိုင်အောင် ရခိုင်တိုင်းရင်းသားတွေ က ကြိုးစားနေကြပါတယ်"ဟုဆိုသည်။ "လူ့အခွင့်အရေးကို တဖွဖွပြောနေတဲ့ အမေရိကန်နိုင်ငံဆိုရင်လည်း သူ့နိုင်ငံ ထဲကို ၀င်ရောက်လာတဲ့ ကျူးဘားတို့ ဘာတို့ကသူတွေ ကို နေရာပေးပြီး ထား တာပဲ။ အခု ဒီလူမျိုးတွေနဲ့ အသွေးအမွေး တူ၊ ဘာသာတူ၊ စာပေတူတဲ့သူတွေက သူတို့ကိုခေါ်ပြီး နေရာမပေး နိုင်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်"ဟု ဦးဇော်အေးမောင်က ပြောသည်။ လူမျိုးခြားများ စိမ့်ဝင်လာမှု၏ တရားခံသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ပေါ့လျော့ဆောင်ရွက်မှုများကြောင့ ကျော်ဆုမွန်နှင့် အိအိတိုးလွင် မြန်မာ့တိုင်းမ် အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)
| ||
Posted: 16 Aug 2012 12:13 AM PDT
အမှုသည် နိုင်ငံတော်ပိုင် ကျွန်းသစ်များအား ကျောက်တံခါးမြို့ နယ် သစ်တော
ဦးစီး ဌာနမှ တောအုပ်ကြီး ဦးစိုးလင်း ၊ တရားခံပြေးများ ဖြစ်ကြသည့် သစ်ကား ပိုင်ရှင် ဦးစန်းနိုင်၊ သစ်မှောင်ခိုသမားများ ဖြစ်ကြသည့် ကျော်ကျော်နှင့် အော်ကြီး တို့ က တရားဥပဒေကို လက်တစ်လုံးကြား လုပ်ခဲ့ကြပြီး အပြစ်မဲ့သည့် ယာဉ်မောင်း ဦးလှမိုး ယာဉ်နောက်လိုက် စိုင်းမင်းထက်အပါအ၀င် သစ်လုပ်သား (၁၂)ဦးတို့  ဥပဒေအရ မှားယွင်းသည့် ထောင်(၁၀)နှစ်စီ ကျခဲ့ရသည် အမှုကြီးဖြစ်သည်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 15 Aug 2012 11:51 PM PDT
အသစ်ဖောက်လုပ် ထားသော ကမ်းနားလမ်းသစ်သည် အများအမြင်တွင် ပြီးစီးနေပြီဖြစ်သော်လည်း အသုံးမပြုနိုင် သေးသောကြောင့် တစ်စတစ်စ ပျက်စီးလာနေပါသည်။ ထိုနည်းတူ ယခင်နှင့် ယခုလက်ရှိ အသုံးပြုနေသော ကမ်းနားလမ်းဟောင်းမှာလည်း (၃)တန်အထက် ယာဉ်ကြီးများ သွားလာမှုကြောင့် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 15 Aug 2012 11:44 PM PDT
တပ်မတော်ရှိ တပ်ရင်း တပ်ဖွဲ့ အသီးသီးတွင် ကလေး စစ်သားစု ဆောင်းထားခြင်း မရှိကြောင်းသက် ဆိုင်ရာ တပ်ရင်းမှုး၊ တပ်ရေးဗိုလ်များ က ခံဝန်လက်မှတ် ရေးထိုးထားရကြောင်း ILO မှတာဝန်ရှိသူ တစ်ဦး ကပြောကြား သည်။----- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 15 Aug 2012 11:03 PM PDT
သြဂုတ်လ (၁၆) ရက်နေ့ ၂၀၁၂
ပုသိမ်-ရန်ုကန်ကားလမ်း - ဒါးကကျေးရွာမှာ မိုးသီး ထန်စွာရွာ သွန်းမှုကြောင့် တရွာလုံး နီးပါး ရေနစ်မြုပ်နေ ကြောင်းသိ ရပါတယ်။ ရေနစ် မြုပ်မှုကြောင့် ဒုက္ခရောက် နေသူတွေကို တက်နိုင်တဲ့ သူတွေက စုပြီး ဆန်ဝေ ပေးနေကြောင်း ဒေသခံတဦး က Myanmar News Now ကိုပြောပါတယ်။
| ||
Posted: 15 Aug 2012 11:06 PM PDT
တောင်အာရှဒေသမှာ အပူပိုင်း မုန်တိုင်းတွေ ရေလွှမ်းမိုးတာတွေကြောင့် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာနေတဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ဘဏ္ဍာရေး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း Maplecroft ခေါ် ဘေးအန္တရာယ် လေ့လာရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 15 Aug 2012 10:11 PM PDT
၂၀၁၀ ခုနှစ် တိဘက်ဒေသမှာ ငလျင်ကြီးလှုပ်ခဲ့တုံးက ငလျင်ကြောင့် သေဆုံးသူ အလောင်းတွေကြားမှာ အကူအညီတွေ ပေးနေတဲ့ တိဘက်ဘုန်းတော်ကြီးတွေရဲ့ ဓါတ်ပုံတွေကို မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြား မှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံပုံစံမျိုးနဲ့ အင်တာနက် ၀ဘ်ဆိုက်ဒ်တချို့မှာ တင်ထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့မှာ အခြေစိုက်တဲ့ တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (Central Tibetan Administration) ကနေ၊ သြဂုတ်လ (၁၄)ရက်နေ့က သတင်းကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုရော်နီညိမ်းက ဆက်ပြီးတော့ တင်ပြမှာပါရှင်။ ဟုတ်ပါတယ်။ အိန္ဒိယနိုင်ငံ ဒါရမ်းဆလား (Dharamsla) မြို့က တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဒီ့အတွက်နဲ့ အလွန်အမင်းပဲ စိတ်အနှောင့်အယှက် ဖြစ်ရပြီးတော့ ဒီလိုနားလည်မူ လွဲမှားစေတဲ့ ဓာတ်ပုံကို အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတာအတွက် စိတ်ပူပန်နေရတယ်လို့ ပြောပါတယ်။ တကယ်တော့ ဒီဓါတ်ပုံဟာ ၂၀၁၀ခုနှစ် ဧပြီလ ၁၄ရက်နေ့က တိဘက်ဒေသအရှေ့ခြမ်း ခိုင်ဂုဒို တရုတ်လို ယူရူးမြို့ Kyegudo (in Chinese = Yushul) မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ငလျင်ကြီး လူပ်ခတ်အပြီးမှာ အလောင်းတွေကြားမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေကြတဲ့ တိဘက်ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗွီအိုအေ တိဘက်ဘာသာ အစီအစဉ်ကနေ တိဘက်အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီ Mr. Tashi ကို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်သွယ် မေးမြန်းတာမှာတော့ အခုလိုပြောပါတယ်။ “မြန်မာနိုင်ငံမှာ ဆက်ပြီးဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သတ်ပြီးတော့ အင်တာနက်ပေါ်က ဝဘ်ဆိုက်ဒ်တွေပေါ်မှာ ဓာတ်ပုံတစ်ပုံကို အကြီးအကျယ် လွဲမှားစွာ အသုံးပြု ထားပါတယ်။ ၂၀၁၀ခုနှစ်တုန်းက တိဘက်ဒေသမှာ ငလျင်ကြီး လူပ်ခဲ့တုန်းက ငလျင်ကြောင့် သေဆုံးသူ အလောင်းတွေကြားမှာ အကူအညီတွေပေးနေတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ဓါတ်ပုံတွေဟာ၊ အခုတော့ WEBSITES တွေပေါ်မှာ၊ မြန်မာနိုင်ငံမှာ အသတ်ခံကြရလို့ သေဆုံးနေကြတဲ့ မူဆလင်တွေကြားမှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေကို တွေ့နေရတဲ့ ဓါတ်ပုံအဖြစ် တင်ထားကြပါတယ်။ ကျနော်တို့က ဒီ WEBSITES တွေကို ဆက်သွယ်ပြီးတော့၊ ဒါ မဟုတ်ဘူး ဆိုတာ ရှင်းပြခဲ့တာကြောင့်၊ ဒီ WEBSITES တွေက ဒီဓါတ်ပုံတွေကို ဖယ်ရှားပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တခါ ထပ်ပြီး ဒီဓါတ်ပုံတွေ Pakistan အခြေစိုက် WEBSITE တစ်ခုပေါ်မှာ ပေါ်လာပြန် ပါတယ်။ ဒါဟာ တစ်စုံတဦး တစ်ဖွဲ့တစ်သင်းက မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ ရန်လိုမုန်းတီးမှုတွေ ဖြစ်ပေါ်အောင်၊ ဒီဓါတ်ပုံတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ တလွဲ အသုံးချ နေတာပဲလို့၊ ကျနော်တို့က စဉ်းစားလာရပါတော့တယ်။” Urdu Current Affairs Portal အမည်ရှိတဲ့ ပါကစ္စတန်က www.columpk.com တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ဇူလိုင်လ ၃၀ရက်နေ့က သူတို့ရဲ့ ဒီဝဘ်ဆိုက်ပေါ်က ဒီဓာတ်ပုံကို ဖယ်ရှားပေးဖို့ စာရေးအကြောင်းကြားခဲ့ တာကြောင့် နောက်တစ်နေ့မှာပဲ ဒီဓာတ်ပုံကို ဖယ်ရှားပေးခဲ့တယ်။ ဒါပေမယ့်လည်း ဒီဓာတ်ပုံဟာ ဖြန့်ဝေနေမြဲ ပြန့်နှံ့နေမြဲ ဖြစ်တယ်။ သြဂုတ်လ၁၂ရက်နေ့က လူအသေအပျောက်တွေ ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Mumbai က မူဆလင်တွေရဲ့ ဆန္ဒပြပွဲကနေ အကြမ်းဖက် အဓိကရုဏ်းအဖြစ် ပြောင်းလဲသွားစဉ်မှာ ဒီဓာတ်ပုံကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားတာကို အိန္ဒိယရဲ့ လူကြည့်များတဲ့ Zee News ရုပ်မြင်သံကြားမှာ တွေ့ခဲ့ရတယ်လို့ အခုသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းတို့ရဲ့ နေပြည်တော်မှာ သြဂုတ်လ၁၃ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ “လူမျိုးရေးအရ ကျနော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဘာတို့ ဒါတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့နဲ့ပတ်သတ်ပြီးတော့ ကြားရတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျနော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်ပင်ကြီး အမှန်တော့ ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ဟာတွေကို သက်သက် လုပ်ကြံပြီးတော့ ဒါ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။” တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က ပြန်ကြားရေးဌာနရဲ့ အတွင်းရေးမှူး မစ္စတာတာရှီးကပဲ အခုလို သတင်းကြေငြာချက် ထုတ်ပြန်ချက်ထုတ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။ “သူတို့တွေရဲ့ ဒီဓါတ်ပုံတွေကို တလွဲ အသုံးချနေမှုကြောင့်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေကြားမှာ နားလည်မှု လွဲမှားတာတွေ နဲ့ ပဋိပက္ခ တွေ ဖြစ်နေတာတွေကို ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်ပြီးတော့၊ ဒီဓါတ်ပုံတွေထဲက တကယ့် အဖြစ်မှန် အကြောင်းအရာကို ကျနော်တို့က ရှင်းလင်း တင်ပြလိုက်ပါတယ်လို့ သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျား” ဒီသတင်းထုတ်ပြန်ချက်ရဲ့ အဆုံးမှာတော့ ကမ္ဘာတဝှမ်းက မီဒီယာအားလုံးကို တိဘက်လူမျိုးများ အုပ်ချုပ်ရေးဗဟိုအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ အခုလို မြန်မာနိုင်ငံက မတူညီတဲ့ လူမျိုးနှစ်မျိုး မတူညီတဲ့ ဘာသာဝင်တွေကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ကို ရပ်ဆိုင်းသွားစေဖို့ ဒီဓာတ်ပုံကို ဆက်ပြီး အသုံးမပြုဖို့ လေးနက်စွာ ပန်ကြား အပ်ပါတယ် လို့ အိန္ဒိယနိုင်ငံ ဒါရမ်းဆာလာမြို့မှာ အခြေစိုက်တဲ့ တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ Central Tibetan Administration) ရဲ့ သြဂုတ်လ (၁၄)ရက်နေ့နဲ့ သတင်းထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်ခင်ဗျာ။ ဦးရော်နီညိမ်း (ဗွီအိုအေ - မြန်မာပိုင်း) | ||
Posted: 15 Aug 2012 10:05 PM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း ဒုက္ခသည် စခန်းက ဟိန္ဒူ မိသားစု ၁၈ စု လူ ၁၀၀ နီးပါးကို မနေ့က မြို့ထဲ ပြန်ရွှေ့ ပေးခဲ့တယ်လို့ သိရပါတယ်။ စစ်တွေမြို့ အခြေအနေ တည်ငြိမ်လာလို့ ဒုက္ခသည် စခန်းမှာ နေကြတဲ့ ရခိုင်မိသားစု တခိျု့လည်း အိမ်ပြန်နေ ကြတယ်လို့ သိရပါတယ်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 15 Aug 2012 09:55 PM PDT
ဆော်ဒီအာရေဗျနဲ့ ကာတာ အပါအဝင် အာရပ် နိုင်ငံတခိျု့က သူတို့ နိုင်ငံသားတွေ ပြန်ပေးဆွဲ ခံရနိုင်တဲ့ အန္တရယ် ရှိတာမို့ လက်ဘနွန်က အမြန်ဆုံး ထွက်ခွာကြဖို့ တိုက်တွန်းလိုက် ပါတယ်။ ခုရက်ပိုင်းတွေအတွင်း လက်ဘနွန် နိုင်ငံထဲမှာ စူနီ မွတ်စလင်တွေကို သြဇာ အာဏာ ရှိတဲ့ ရှီးယား မျိုးနွယ်စု တခုက ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားလာပြီးနောက် ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ ကာတာနဲ့ ကူဝိတ် နိုင်ငံတွေက အခုလို သတိပေး တိုက်တွန်းချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဆီးရီးယား နိုင်ငံ ဒမတ်စကာဒ်က ရှီးယား အနွယ်ဝင်တွေကို သူပုန်တွေက ပြန် ပေးဆွဲမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့ ခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ လက်ဘနွန် နိုင်ငံမှာ ထုတ်လွှင့် ပြသတဲ့ ရုပ်သံလိုင်းတခုမှာ ပြန်ပေးဆွဲ ခံရသူလို့ ပြောတဲ့ လူနှစ်ယောက်ကို မျက်နှာဖုံးစွပ် လက်နက်ကိ |
[Message clipped] View entire message
0 comments:
Post a Comment