Tuesday, August 14, 2012

သမ္မတ ဦးသိန်းစိန်နှင့် ဗီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (ရခိုင်ပြည်နယ် အရေးအခင်း)



 

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

                     14.08.2012 
  ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေဟာ ပြစ်မှု တခုကို
 အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊
နိုင်ငံတကာစုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး
လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ
မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့
သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း
မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ
သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ
ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်ပါရှင်။

မေး။    ။ အခုဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့
နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက
အထူးသဖြင့် ရခိုင်ပြည် ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ
လူအခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ
လုပ်မယ်။ နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့
နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့
 မူဆလင်တွေ ပေါ့ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်အရေး
ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့်
မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့
ဆော်ရေအာရေဗီးယားနိုင်ငံက ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ
တူရကီနိုင်ငံခြားရေးဝန်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတယ် ဆိုတော့
မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့
အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီးတော့
ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး
ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲ့တော့ အဲ့ဒီ့ ကိစ္စ နဲ့ ပတ်သက်ပြီးတော့
သမ္မတကြီးရဲ့ အမြင်ကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

ဖြေ။     ။  ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်
နေတဲ့နေရာမှာ မမျှော်လင့်ပဲနဲ့ ဒါ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ 
ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့  ဒီ
ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် ဒီအပေါ်မှာ
မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့
ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုကြီးက ကြီးထွားလာတယ်။
ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ ဖျက်တဲ့ အဆင့်ရောက်လာတယ်။
နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတယ်။ ဒီဘက်ကလည်း
မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ  ဆိုရင် ကိုယ်အိမ်
ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေ
ရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ဒီရာဇ၀တ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့
မခံမရပ်နိုင်တဲ့ အတွက်ကြောင့် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ
ပြုကြတာပါ။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက
နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး
ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်ပေါ့လေ မတွေ့ခဲ့ရပါဘူး။ ကျွန်တော်
ပြောချင်တာက ဒီလိုဖြစ်ပျက်မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။
လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့
ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေ ဖြစ်ပြီးတော့
တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။
အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့ လည်း
တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် ပမာဏအားဖြင့် အင်မတန် အင်မတန်မှ
နည်းပါတယ်။ သေဆုံးတာ ဆိုရင်လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ
ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း တစ်ရာ တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။
သို့သော်လည်း အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့်
အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက်
မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင်
တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ
 ဖြစ်သွားကြတာပေါ့။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် လောက်ရှိလဲဆိုတော့
ဒီကနေ့  ခြောက်သောင်း လောက်ရှိတယ်။ ခြောက်သောင်း လောက်ရှိတဲ့ အတွက်
ကျွန်တော်တို့က အခု နှစ်ဘက်ပေါ့ တစ်ဘက်က လည်း  ရခိုင်တိုင်းရင်းသား ဒုက္ခသည်
 ဟိုဘက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ
ကူညီတဲ့ လုပ်ငန်းတွေ၊ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည် ထူထောင်တဲ့
လုပ်ငန်းတွေ  ဒီလုပ်ငန်းတွေကို  ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာ
ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ နောက်တစ်ခါ NGO
တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီးတော့မှ တစ် အချက်က
စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေပါတယ်။ နှစ် အချက်
ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ
ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN
အဖွဲ့အစည်းတွေက ကူညီတာတို့ ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ
မိုးသိပ်များ တဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့်
လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့ အတွက် Shelters တွေ လိုအပ်လာပါတယ်။
ဒါကြောင့် အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေး ဘာပေးနဲ့
နှစ်ဖက်စလုံးကို လုပ်ပေးနေပါတယ်။ လူမျိုးရေးအရ ကျွန်တော်တို့
ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း
သတ်ဖြတ်တာတို့ ဒါတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကြားရတော့ တော်တော်လေး
စိတ်မကောင်း ဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ
တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ
 ဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့
လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့
တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူ
ရှိအောင် ပူးပေါင်းပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို
လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့
ဟိုတစ်လောက ဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး လာပါတယ်။
နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း
လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက် ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ်
ကျွန်တော်ကလည်း ဒီ ကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground
ကိုလဲ သူတို့ကြည့်ချင်တဲ့အတွက် ပို့ပေးပါတယ်။ ပို့ပေးပြီးတော့
သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီ ကယ်ဆယ်တဲ့ ပစ္စည်း ဘာတွေ  ဒါတွေလဲ
နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေ ကို သွားပြီး
တွေ့သလို တစ်ဖက်လည်း ရခိုင်  ဒုက္ခသည်တွေကို သူတို့ တွေ့တယ်။ ပြီးတော့
ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ
 သွားတဲ့လူ ကိုယ်တိုင်က မူဆလင် ဘာသာဝင် ဖြစ်ပေမယ့်လည်း ဗုဒ္ဓ ဘာသာ
ဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့
ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာ
အင်ဒိုနီးရှား ကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း 
 ဥက္ကဌ   မစ္စတာကာလာ ဆိုတာ ဟိုတုန်းက ဒု သမ္မတ ပါပဲ။ ဟိုတုန်းတည်းက  ကျွန်တော်
 အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့
ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့ အတွက် ကြောင့် ကျွန်တော်
ဝမ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ်
ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေ ဘာတွေ
ဆက်ပြုပြီးတော့ ပေးဖို့အတွက် ဒီလိုတွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါတွေဟာ
ခုနကလို တစ်ဖက်က လုပ်ကြံ စွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေ သာဓကနဲ့
တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင် လုပ်နေတာတွေရှိပါတယ်။

မေး။    ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်
ဖွဲ့ပေးဖို့  စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလား ခင်ဗျာ။

ဖြေ။     ။ တစ်ခုကတော့ ဒီဟာကို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒီ
ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေး တစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း
ကူးစက်သွားတာလဲ မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ
မူဆလင်တွေ အများကြီး နေတာ ရှိတယ်။  ဗုဒ္ဓဘာသာဝင်တွေရှိတယ်။
ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ
 ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာ မရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေး
တစ်ခုမှာပဲဖြစ်တာဖြစ်ပါတယ်။  ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ
ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ
ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့လည်း
တောက်လျောက် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ပြီးတော့
ကျွန်တော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်ရေး ကော်မရှင် ဖွဲ့ထားတာ
ရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ကျွန်တော်တို့က ဒါလေးကို
စစ်ဆေးပေးပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့
အတွက်ကြောင့် ပြည်ပကနေပြီးတော့ ဒါကို အင်တာနေရှင်နယ် အစ်ရှုး (Issue)
တစ်ခုလို ဒီမှာလာပြီး စစ်မယ်ပြုမယ် ဆိုရင်တော့ အမှန်တော့ မလိုအပ်ပါဘူး။
ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ လည်းဖြစ်တယ်။ လုပ်သင့်
လုပ်ထိုက်တာတွေလဲ ကျွန်တော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်
ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလို စစ်မယ်ပြုမယ် ဆိုရင် ဒါတော့
မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။

မေး။    ။သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ဘူး။
အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့်  ဒေသတွင်းမှာ နေနေတဲ့ အသိုင်းအ၀ိုင်း
နှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက
ကျွန်တော်တို့လဲ ငြင်းလို့မရတဲ့ ကိစ္စ ပါ။ အဲ့လို မုန်းတီးမှုဆိုတဲ့ ကိစ္စ
ဒီထက်ပိုပြီး ပြန့်ပွားမလာအောင် အတူယှဉ်တွဲပြီး နေနိုင်အောင် သမ္မတကြီးတို့
အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။    ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။
အခုချိန်မှာ တန်းရှင်း Tension က အတော်လေး မြင့်နေတဲ့အချိန်မှာ Cool Down
ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ အဲဒီတော့
ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့
တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ
 ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး
ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့
အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို
ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။
လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင်
လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း
တစ်ဆယ့်ငါးခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့
ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ
ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီး တော့ အချိန်ယူ
ပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက်ငြင်းလို့မရအောင် ဥပဒေနဲ့
ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။
 ၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့
အကာအကွယ်ပေးထားတာ တွေရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင်
၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့
ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့
နေနေကြတာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့
မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ
နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ
ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့
အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့်
တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင်
လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင်
ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ အခုက
ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့
ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။
များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။
အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင်
 ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင်
အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ
တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။
ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ
နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့
သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊
ရှစ်ဆယ်လောက်ရှိပါတယ်။

မေး။    ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို
ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက
ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံက နေပြီးတော့ ဒေါ်လာသန်းငါးဆယ်
 လှုမယ်ဆိုတဲ့ ကိစ္စ မျိုး၊ နိုင်ငံတော်အစိုးရဆီက နေပြီးတော့ တဆင့်
အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့
ကောင်းတာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။
အဲဒီ့လိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက် ဆိုပြီးတော့
ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေတဲ့ ဆော်သြ ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့်
ထောက်ပံ့ ပေးလိုက်တဲ့ အနေအထားမျိုးကို ရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့
မစိုးရိမ္ဘူးလား။

ဖြေ။     ။ စိုးရိမ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း
သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့
ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ လက်တွေ့ ခုနကလို ဒုက္ခ
ခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုပါတယ်။
ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့
ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း
ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်း၊ တွေ့တိုင်း ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့
 ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျွန်တော်တို့
စိုးရိမ်ပါတယ်။

မေး။    ။ ဒေသတွင်းက အခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့
တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများ
ကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေးစိတ်ဓာတ်
အမျိုးသားရေး အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေး ပြင်းပြင်းထန်ထန်
ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ
လူ့အခွင့်အရေးကို အခြေခံပြီး ဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ
ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်က ကျူးကျော်လာတဲ့ သူတွေကို
မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့
ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေ ပြောကြားချက်ကို တစ်စုံတရာများ
စိတ်အနှောက်ယှက် ဖြစ်ခဲ့တာတွေ ရှိခဲ့လားခင်ဗျ။

ဖြေ။     ။     ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက
ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ
ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့
သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေ ရှိသလို တစ်ဖက်က ခုနလို မူဆလင်ဘာသာ
ကိုးကွယ်တဲ့ သူတွေကို  နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေ အင်တာနက် သတင်းတွေ
ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျတော်တို့မှာ အတော်လေး
စိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့
ကျွန်တော်တို့သံရုံးတွေထဲက  အီဂျစ်မှာ ရှိနေတဲ့ သံရုံးဆိုရင် ဆန္ဒ
လာပြတာတွေရှိခဲ့ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်အရေးပါပဲ
ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ
ဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲ့မှာရှိတဲ့ မိသားစုတွေ
သံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ခါ
အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့ စိုးရိမ်ရပါတယ်။ ဒီ
ကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့ သက်ဆိုင်ရာ
နိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင် စာရေးပါတယ် ကုလသမဂ္ဂ  မစ္စတာ
ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလို
ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာ ဖြစ်နေတဲ့
 ကိစ္စ မဟုတ်ပါဘူး။ နေရာလေးတစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။
အဲဒီတော့ အင်ဒိုနီးရှားက သမ္မတကလဲ ကျတော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့
ကျွန်တော်စာရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ
ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့
ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့
လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ
နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း
စာနာမှု အမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့
ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒါတွေကို
သူတို့သိလာတဲ့ ဒီလိုအမြင် ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပကအမြင်တွေကတော့
ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက်
ကိုယ့်နိုင်ငံ အတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။
စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေ မဖြစ်ရအောင် ခုနကလို ကျွန်တော်တို့
ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်
 ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့ လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။
 On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေ ဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ
ကျွန်တော်တို့ စိတ်ထဲမှာ ရှိပါတယ်။

ဗွီအိုအေ မြန်မာဌာနမှူး ဦးသန်းလွင်ထွန်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်ရှင်။ 
http://burmese.voanews.com/content/president-utheinsein-voa-exclusive-interview/1485796.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...