Thursday, August 23, 2012

အရပ်သားလူ့အဖွဲ့အစည်း (ပညာရေးအယူအဆ)



by
 မင်းခက်ရဲ (Min Khet Ye) on Thursday, August 23, 2012 at 1:59am ·

အရပ်သား လူ့အဖွဲ့အစည်း

၁၉၈၀နဲ့ ၉၀တစ်ဝိုက်မှာ ကွန်မြူနစ်စနစ်တွေ တစ်ခုပြီးတစ်ခု ကျဆုံးမှုနဲ့ အတူ ဗဟုလူ့အဖွဲ့အစည်း ဆိုတဲ့ အမြင်ပေါ်ပေါက်လာတယ် ။ ဗဟုဝါဒအမြင်က ယခင်တုန်းက ယဉ်ကျေးမှုတစ်ခုတည်းက ကြီးစိုးပြီး အလုပ်လုပ်တာကို ဆန့်ကျင်တိုက်ခိုက်တယ် ။ ဘေးဖယ်ထုတ်ခံရတဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်မှုစနစ်ကိုပါထည့်တွက်လာတယ် ။ ဒီလို အခြားသော ဘေးဖယ်ထုတ်ခံယဉ်ကျေးမှုတွေ နိုင်ငံရေးနဲ့ လူမှုေ၇းနယ်ပယ်မှာကြီးကြီးမားမား ၀င်ရောက် အလုပ်လုပ် နိုင်ဖို့ အဓိက လည်ပတ်ပေးတာက အရပ်သားလူ့အဖွဲ့အစည်းတွေပဲ ။ အရပ်သားလူ့အဖွဲ့အစည်းတွေက ဗဟုဝါဒကို ပုံဖော်ပေးတယ် ။ လူထုပိုင်နယ်မြေတွေထဲမှာ တခြားသော ဘေးဖယ်ထုတ်ခံတွေ ၀င်ရောက်လာစေတယ် ။  

                                  တစ်သီးပုဂ္ဂလ၀ါဒကို အလေးထားတဲ့ အခါ လူတစ်ဦးချင်ဆီရဲ့ တာဝန်ယူမှုမြင့်မားလာသလို ၊ လူ့အဖွဲ့အစည်းနဲ့ ကင်းကွားခြင်း ၊ ရန်လိုခြင်းတွေကလည်းတစ်ဖက်မှာ ဖြစ်လာတတ်တယ် ။ ဒါကို အရပ်သားလူ့အဖွဲ့အစည်းအတွင်း ပူပေါင်း ဆောင်ရွက်မှု ၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းအကျိုးတွေအတွက် ပူးပေါင်လုပ်ဆောင်မှုက ကိုယ်ကျင့်တရားဆိုင်ရာ ပူးပေါင်းတာဝန်ယူမှုတွေ တိုးပွားအောင်လုပ်ပေးတယ် ။ ကျောင်းတွေမှာ ကျောင်းသားတွေ မူးယစ်ဆေးသုံးစွဲခြင်း ၊ ၇န်ဖြစ်ခြင်း စတဲ့ ရန်လိုမှုတွေကို အ၇ပ်သားလူ့အဖွဲ့အစည်းတွေနဲ့ ကောင်းကောင်းထိန်းပေးနိုင်တယ် ။ ဒါကြောင့် အရပ်သားလူ့အဖွဲ့အစည်းဟာ ပညာရေပေါ်လစီနဲ့ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ အရေးပါတဲ့ ထိန်းကျောင်း အထောက်အပံ့ကောင်းကိုပေးအပ်တယ်လို့ ဆိုရမယ်။ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတိုင်းဟာ ပညာရေးအင်စတီး ကျူးရှင်းအတွင်း ထည့်ဝင်ပတ်သတ်နေမယ့် အရပ်သားလူ့အဖွဲ့အစည်းဆိုင်ရာ အလုပ်လုပ်ပုံတွေကို ထည့် ပြီး မစဉ်းစားလို့ မဖြစ်နိုင်ဘူး ။                                                                                                                                                 ခေတ်သစ်ပညာရေးမှာ ယဉ်ကျေးမှုဆိုင်ရာ ဗဟုဝါဒကို ဘယ်လိုထည့်ဝင်မလဲဆိုတဲ့ ပြဿနာရပ်ကို အရပ်သားလူ့အဖွဲ့အစည်းအခြေခံကနေသာလျင် ရှင်းလင်းပေးနိုင်တယ်။ ၂၁ရာစုအစမှာ အစိုးရပညာရေးဟာ လူထုပညာရေးလို့ ကြွေးကြော်ပြီး စုစည်းညီညွတ်တဲ့ တစ်ခုတည်းသောအရာကို ပေးအပ်ဖို့ ကြိုးစားတာဟာ သူတို့နဲ့ မတူတဲ့ အခြားသောအရာတွေကို ဖိနှိပ်ဖို့ကြိုးစားတာပဲလို့ လက်ခံလာကြတယ် ။ စုစည်းညီညွတ်တဲ့ တစ်ခုတည်းသော အရာဆိုတာဟာ ကွဲပြာခြားနားမှုကို ပေးအပ်မယ့် ဗဟုဝါဒအမြင်ကို အဆိပ်ခတ်သတ်လိုက်တာပဲ ဖြစ်တယ် ။ လူမျိုး ၊ ဘာသာရေး ၊ယဉ်ကျေးမှု မတူကွဲပြားခြားနားတဲ့ အရာတွေကို ပုံဖော်ဖို့သာမကဘူး ၊ အမြင်အမျိုးမျိုးကွဲပြားခြားနားမှုကိုပါ ပညာရေးက ပေးအပ်နိုင်မှဖြစ်မယ် ။ ဒါကို အရပ်သားလူ့အဖွဲ့အစည်းတွေအတွင်းက အမျိုးမျိုးသော လူထုပိုင်နယ်မြေတွေ အတွင်း ပါဝင်ဆောင်ရွက်ခြင်းကသာ ထိန်းပေးမှာ ဖြစ်တယ် ။ 
                                                                                           ဒဿနပညာရှင် တော့ကွီးဗီးလ်နဲ့ မီးလ်တို့ တစ်ခုတည်း စုစည်းညီညွတ်သော အရာတွေဖြစ်ပေါ်လာတဲ့ အကြောင်းက အစိုးရဟာ ပညာရေးကို လက်ဝါးကြီးအုပ်ထားတဲ့ အတွက်ပဲလို့ ထောက်ပြပြောဆိုတယ် ။ သူတို့က ပညာရေးပြောင်းလဲတိုးတက်မှုအတွက် အစိုးရရဲ့ လက်ထဲကို ၀ကွက်အပ်လိုက်တာထက် အရပ်သားလူ့အဖွဲ့အစည်းတွေကို ပညာရေးပြောင်းလဲမှုအတွက် သီအိုရီဘောင်တစ်ရပ်လို ချမှတ်ခြင်းကသာ ဗဟုလူ့အဖွဲ့အစည်းနဲ့ အညီတိုးတက်မှုတွေ ယူဆောင်လာလိမ့်မယ်လို့ ဆိုတယ်။                                                                                                                                  အစိုးရက လက်ဝါးကြီးအုပ်ဖွဲ့စည်းထားတဲ့ ပညာရေးက တစ်ခုတည်း စုစည်းညီညွတ်မှုကိုသာ ပေးမှာဖြစ်ပြီး ဗဟုဝါဒ အခြေခံလူ့အဖွဲ့အစည်းအတွက် ဒီလိုပညာရေးမျိုးက အင်စတီးကျူးရှင်း အဆင့်တွေမှာ စံချိန်စံညွန်းအနိမ့်ဆုံးအရာ အဖြစ်သတ်မှတ်ကြလိမ့်မယ် ။ တိုးတက်မှုကို ဟန့်တားမယ့် အနှောင့်အယှက် အဖြစ်တောင် သတ်မှတ်ကြမှာ ဖြစ်တယ် ။ ဘယ်လို ဒဿနပညာရှင်မျိုးမဆို ၊ နိုင်ငံရေးသမားမျိုးမဆို ပညာရေးဟာ လူအဖွဲ့အစည်းတိုးတက်ပြောင်းလဲဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးဆိုတာကို သိကြတာပါပဲ။ ဒီတော့ အစိုးရအဓိကထက် အရပ်သားလူ့အဖွဲ့အစည်း အခြေခံပညာရေး ဖွဲ့စည်းပုံကို ပြောင်းရမယ်ဆိုတာ ၂၁ရာစုပညာရေး သီအိုရီတွေအတွက် အရေးအကြီးဆုံးလမ်းညွန်ချက် တစ်ခုလို့ ဆိုရမယ် ။                                                                                                                                           ပညာရေးဟာ အထက်စီးယဉ်ကျေးမှု ၊ ယုံကြည်ချက်တစ်ခုတည်းကို အမှန်တရား တစ်ရပ်လိုကိုင်စွဲမထားရဘူး၊ တစ်ဖက်မှာ လည်း ဗဟုဝါဒ လူ့အဖွဲ့အစည်းမှာ ကွဲပြားခြားနားမှုတွေကြောင့် အုပ်စုတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်တွေဟာ ဆန့်ကျင်ကွဲလွဲနေတယ်။ ပညာရေးက ဗဟုဝါဒအမြင်ကို ထည့်သွင်းတယ်ဆိုတာက ဒီလိုကွဲပြားခြားနားနေတဲ့ ကိုယ်ကျင့်တရား အမြင်ရှိသူတွေ တစ်ဦးနဲ့တစ်ဦးနားလည်ပြီ စုပေါင်းလုပ်ကိုင်နိုင်အောင်လုပ်ရမှာ ဖြစ်တယ် ။ အစိုးရကိုသာ လက်ဝါးကြီးအုပ်ခွင့်ပေးလိုက်ရင် ဒီလိုပြဿနာမျိုးကို မရှင်းပေးနိုင်ဘူး ။ အရပ်သားလူ့အဖွဲ့အစည်းကို ပညာရေးနဲ့ ဗဟုဝါဒအခြေခံအတွက် အဓိကအကျဆုံး သီအိုရီဘောင်အဖြစ်ပေးအပ်ခြင်းက သာ အဆင်ပြေမှာဖြစ်တယ် ။

အရပ်သားလူ့အဖွဲ့အစည်းသမိုင်း
            အရပ်သားလူ့အဖွဲ့အစည်းအတွင်းမှာ ပညာရေးအင်စတီးကျူးရှင်းတွေဟာ ဗဟုသဘောကွဲပြားခြားနားမှု ရှိနေရမယ် ။ ဒါပေမယ့် ပညာရေးအင်စတီးကျူးရှင်းတွေကို ကိုယ့်ရဲ့ ပညာရေးပေါ်လစီလမ်းကြောင်းအတိုင် လျောက်သွား ဖို့ အစီအစဉ်တကျတည့်မတ်ပေးရတာတွေ၊ ဥပဒေစိုးမိုးမှုအတွင်းကအားဖြည့်ပေးရတာတွေကိုလမ်း ထည့်မတွက်လို့ မရဘူး။ နိုင်ငံအမြောက်အမြားမှာ သူတို့ရဲ့ အရပ်သားလူ့အဖွဲ့အစည်းသမိုင်းကြောင်းကိုလိုက်ပြီး သက်ဆိုင်ရာ အင်စတီးကျူးရှင်းအစီအစဉ်တွေရှိတတ်ကြတယ် ။ ဥပမာ အင်္ဂလန်မှာ ဆိုရင်  သူရဲ့ သမိုင်းကြောင်းမှာကိုက အစိုးရအပေါ် အခြေခံမထားတဲ့ လူထုပညာရေးပုံစံဖြစ်ထွန်းခဲ့တယ် ။ ကျွန်တော်တို့ ဆီမှာ ဘုန်းတော်ကြီးကျောင်းပညာရေးဟာ ဗဟုဝါဒကို မဖော်ဆောင်ပေးနိုင်ပေမယ့် အစိုးရလက်ဝါးကြီးအုပ်မဟုတ်တဲ့ အရပ်သားလူ့အဖွဲ့အစည်းပုံစံ ပညာရေးမျိုးရှိ ခဲ့တယ်လို့ ဆိုရမယ်။ အင်္ဂလန်မှာ ဒေသတွင်းနယ်မြေတွေမှာ စေတနာ့ဝန်ထမ်း ပညာရေးအဖွဲ့အစည်းတွေဖြစ်ထွန်းခဲ့တဲ့ သမိုင်းကြောင်းရှိတယ်။                                                                                                                                           အစိုးရလက်ဝါးကြီးအုပ်ပညာရေးလည်းမဟုတ် အရပ်သားလူ့အဖွဲ့အစည်ကို အခြေခံပေမယ့် အင်စတီကျူးရှင်း အစီအစဉ်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာတဲ့ နိုင်ငံကို ပြပါဆိုရင်တော့ နယ်သာလန်နိုင်ငံကို ပြရမယ်။ ဒတ်ခ်ျတွေက လူထုနဲ့ ပုဂ္ဂလိကပညာရေး အပိုင်းတွေကို စနစ်တကျဖွံ့ဖြိုးအောင်လုပ်ခဲ့တဲ့ နေရာမှာ ထင်ရှားတယ် ။ ဒါကလည်း သူ့တို့ရဲ့ သမိုင်းမှာ ကတ်သလစ်နဲ့ ပရိုတက်စတင့်တို့ အားပြိုင်မှုနဲ့ အခြားတစ်ဖက်အစိုးရရဲ့ ပုံဖော်မှုကြောင့် အရပ်သားလူ့အဖွဲ့အစည်းအခြေခံပညာရေးနဲ့ အစိုးရလက်ဝါးကြီးအုပ်ပညာရေးကြားမှာ အားမျှခြေတစ်ခုဖြစ်လာတဲ့ သဘောပဲ ။ အင်စတီးကျူးရှင်းအစီအစဉ်လို့ သုံးရတာလည်း တခြားကြောင့်မဟုတ်ဘူး ။ ဒတ်ခ်ျတွေရဲ့ သမိုင်းမှာ အစိုးရလက်ဝါးကြီးအုပ်ပညာရေးကို မိဘတွေက မရွေးချယ်ချင်ဘူးဆိုရင် ကတ်သလစ်နဲ့ ပရိုတက်စတင့်တွေ ထောင်ထားတဲ့အရပ်သားလူ့အဖွဲ့အစည်းအခြေခံပညာရေးကို ရွေးချယ်နိုင်တဲ့ အစီအစဉ်တစ်ရပ်ရှိနေတဲ့ အတွက်ပဲ ။

                         အစိုးရကျောင်းမဟုတ်တဲ့ ကျောင်းတွေက  လူထုကျေနပ်အောင် တရားဝင်လိုက်လံဖြည့်ဆည်းလုပ်ဆောင်ပေးရ တဲ့ တာဝန်ရှိတယ် ။ ဒေသခံလူထုရဲ့ လိုအပ်ချက်နဲ့ အညီ ညှိယူပုံဖော်ပေးရတယ်။ လူအမျာစုက ခရစ်ယန်ကျောင်းတော် အခြေခံထားတဲ့ ကျောင်းတွေကို ရွေးတယ် ။ ဒေသတွင်းလိုအပ်ချက်တွေနဲ့ မိဘတွေနဲ့ထိန်းညှိလုပ်ဆောင်သွားတဲ့ အတွက်ရယ် ၊ သူတို့ဘာသာရေးလိုအပ်ချက်အတွက်ပေးမယ့် ကိုယ်ကျင့်တ၇ားဆိုင်ရာကိုထိန်းကျောင်းပေးမယ့် အတွက် ရယ်ကြောင့်ဖြစ်တယ် ။ ဂျာမန်သမိုင်းမှာတော့ သက်မွေးဝမ်းကျောင်းပညာရေးဟာ အ၇ပ်သားလူ့အဖွဲ့အစည်းအခြေခံ ပညာရေးပုံစံရဲ့ ရှေးသမိုင်းအဖြစ်ပြရမယ့် စံတစ်ခုပဲ ။ သက်မွေး ပညာရေးက လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပါဝင်နိုင်မယ့် လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးတယ်။ အရပ်သားလူ့အဖွဲ့အစည်းအခြေခံပညာရေး သမိုင်းဟာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ် ၊ယုံကြည်ချက် ဖြတ်သန်းမှုသမိုင်းအရ ပုံစံကွဲပြားနေတာဖြစ်တယ်။ ၂၁ရာစု ဗဟုလူ့အဖွဲ့အစည်းအတွက် အရပ်သားလူ့အဖွဲ့အစည်းအခြေခံ ပညာရေးကို ဖြတ်သန်းမယ်ဆိုရင် ကိုယ်ရဲ့ အရပ်သားလူ့အဖွဲ့အစည်းအခြေခံ၊ သမိုင်းဆိုင်ရာလိုအပ်ချက် ၊ ယုံကြည်မှုအစုအဝေးတွေကနေ ကင်းလွတ်သွားလို့ မဖြစ်ဘူး။

                                                                                                                        မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...