ကွန်ပျုတာ အလွဲများ
by Chan Myae on Saturday, August 18, 2012 at 11:01pm ·
ကွန်ပျုတာ လောကကို ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က စပြီး ဒီနေ့ အထိ ပေါက်တီးပေါက်ရှာ ဖြစ်ခဲ့ပုံတွေကို သူငယ်ချင်းတယောက်နဲ့ စကားပြောနေရင်းက စာအဖြစ်ချရေးလိုက်တာပါ ။
မပြည့်စုံတဲ့ သင်ကြားရေး စနစ်တွေ ၊ အခြေခံကျကျ အချက်အလက်တွေ နဲ့ သင်ကြားခဲ့ရခြင်း မဟုတ်ခဲ့လေတော့ တကယ်လည်း လုပ်ငန်းခွင်ရောက်တဲ့ အခါကတော့ ကျွန်တော်တို့ မှာ ခွေးအကြီး လှည်းနင်း ဆိုသလိုပဲ အခက်အခဲတွေ သေချင်စိတ်တွေပါ ၀င်လာခဲ့ပါတယ် ။ NE ဆိုတဲ့ network and hardware ပညာရပ်ဆိုတာ သူများတိုင်းပြည်တွေတော့ ဘယ်လို အချိန်တွေယူ သင်ကြားရတယ်လက်တွေ့ စာတွေ့ သင်ယူရတယ် ဆိုတာ ကျွန်တော်လည်း သေသေချာချာ မသိတာအမှန်ပါ ကျွန်တော်တို့ ဆီများတော့ အချိန် ၅ လလောက် အတိုင်းအတာ အတွင်းမှာ ကို course ၅ ခုကို ဖုတ်ပူမီးတိုက် သင်ကြားရပါတယ်( တခြားသင်တန်းများတော့ မသိပါ ) ၀င်းဒိုး ဆိုတာ ဘာလဲ ကို တလ ကြာပါတယ် ဒါတောင် မပြီးပါဘူး ။ အစရှိသဖြင့် မြန်မာနည်း မြန်မာ့ဟန် high speed သင်ကြားရေးနဲ့ သင်ကြားရင်း အခြေအခံ အဆင့်ကိုတောင် မကျေမလည်ပဲ ကျွန်တော် ဆိုသော ငနာတကောင်ကို တက်ကနီရှင် ဟူသော ခေါင်းစဉ်အောင် သွတ်သွင်းပေးလိုက်ပါတော့တယ် ။
လက်တွေ့ကျကျ တကယ့် အလုပ်ခွင် ထဲ ရောက်တော့ ကျွန်တော်လို ပဲ ငအူငလယ် ကောင်တွေ တပုံကြီးဆိုတာ သိလိုက်ရပါတယ်။
ရီစရာ လား ငိုစရာလား မသိတဲ့ တကယ့်အဖြစ်တွေ ကတော့ အများကြီးပါ ဥပမာ ကျွန်တော်တို့ လုပ်ငန်းမှာ Windows XP ရဲ့ keyကို အလွတ်ကျက်ရပါတယ် K2KB2-....-...- စသဖြင့် windows vista , 7 အကုန် အလွတ်ကျက်ရပါတယ် အမှန်အတိုင်းပြောရရင်
လည်း မြန်မာတပြည်လုံး ၉၉ ရာခိုင်းနှုန်းသော စက်တွေမှာ copy windows ပဲ သုံးထားတာပါ ။ key တွေက အစ တခုတည်း လိုလိုပါပဲ
( အခုနောက်ပိုင်း တော့ လက်တော့ တွေမှာ အော်ရယ်ဂျင်နယ် ၀င်းဒိုးတွေ ပါလာပါပြီ ) ။
ကျွန်တော်တို့ ပြောနေကြစကားတခွန်းကတော့ key များများ အလွတ်ကျက်နိုင်တဲ့ ကောင်က ဆရာပါပဲ တချို့ဆို ဆရာ ဖြစ်ချင်ဇောနဲ့photo shop , cyber link ရှိသမျှ ဆော့ဝဲ အကုန်အလွတ်ရအောင် ကျက်ထားတဲ့ လူတောင် တွေ့ဘူးပါတယ် ဟီးဟီး အဲဂလို ဆရာကျချင်တာ ။ ကျွန်တော်ကတော့ Xp ကီးလောက်ပဲ အလွတ်ရတာ ကျန်တာကတော့ စက်ရွက် တရွက်ကို သွားလေရာ ယူသွားရပါတယ် ။ကျွန်တော်တို့ ခေတ်တုန်းကတော့ အခုလို့ external harddisk တွေ ပေါပေါလောလော မပေါ်သေးပါဘူး ရှိရင်တောင် ဈေးကကြီးလေတော့ သွားလေရာ CD box လေးတကိုင်ကိုင်နဲ့ပေါ့ဗျာ လုပ်ငန်းခွင် ၀င်သူတိုင်း CD box လေး ချိုင်းကြားညှပ်လို့ စတိုင်ထုတ်ကြတာပဲတချို့က ၂ ခု ၃ ခုလောက်နဲ့ဗျ ပိုပြီး ဆရာကျတယ်လို့ အထင်ခံချင်ပုံပေါ့ ။ အဲမှာ
ကျွန်တော်တို့ အကြီးအကျယ် တိုင်ပတ် တာ တခုရှိခဲ့ပါတယ် ကျွန်တော် hardware လိုင်းကို ရွေးချယ်လိုက်တုန်းက ကိုယ့်ရှေ့မှာရှိတဲ့ စီနီယာတွေကို ဆရာ ဆရာ နဲ့ ခေါ်ပြီး ဒါလေးက ဒီလို လား ဒါလေးက ဟိုလိုလား ဆိုပြီး ဆရာခေါ်ရင်းပညာရှာ တက်ခဲ့ပါတယ် ။ သူတို့ကိုလေးစားတယ် အားကျတယ် ပိုက်ဆံရတာလည်း ပါတာပေါ့လေ ဟီး။ တကယ် ကိုယ်လည်း အဲလောကထဲ ရောက်ရော မှန်းချက်နဲ့ နှမ်းထွက်က စလွဲတော့တာပဲ.............:( ။ တကယ်က ဟက်ဝဲတက်ကနင်ရှင် ဆိုတာ တော်တော် ခေါင်းစားပြီး အောက်ကျနောက်ကျ လုပ်ရတဲ့ အလုပ်တခုပါ ဆော့ဝဲသမားက လုပ်ချင်ရာလုပ်ပြီး သုံးမရတော့မှ ဖုန်းလေးဆက်ပြီး လာကြည့်ပါအုန်းနင် ပြင်ထားတဲ့ စက်က သုံးမရတော့ဘူး ဘယ်လိုတွေ ဖြစ်တာတုန်း သောက်သုံးမကျဘူး.. $#%%R$% စပြီး စွတ်တင်တာ များပါတယ်။ ကျွန်တော် တို့က ပြင်လည်း ပြင်ပေးရသေး ထပ်ဆောင်းပြီး နားပူပါ ခံရပါသေးတယ် ။
ဘာဂိမ်းက ဆော့မရလို့၊ ဘာဆော့ဝဲက သုံးမရလို့ ၊ ဒီဗီဒီယို က ထစ်ထစ်နေလို့ အယ်ရာတခုခု တက်တိုင်း ဟတ်ဝဲသမားတွေကို လုပ်ခိုင်းလေ့ရှိတယ် ။ ဒီနေရာ မှာ နားလည်တဲ့ သူက ပြောလို့ ဆိုလို့ ကောင်းတယ် နားမလည်တဲ့ သူများကျတော့ ဘယ်လို ရှင်းပြရမှန်း မသိတာခက်တယ်ဗျ ။ သဘောကတော့ 1G ( ၁ ဂစ် ) မန်မိုရီပဲ ရှိတဲ့စက်မှာ ၀င်းဒိုး 7 တင်လို့ မရပါဘူး အဲလိုပဲ ဂိမ်းဆိုရင်
လည်း need for speed carbon ကို ဘယ်လိုမှ ဆော့လို့ အဆင်ပြေမှာ မဟုတ်ပါဘူး ဒါကို တချို့က ခွေဝယ်ပြီး တင်ခိုင်းပါတယ်မရဘူး တင်လို့ အဆင်မပြေနိုင်ဘူး ခင်ဗျားစက်နဲ့ မရဘူးဆိုတာ ကို ပြောပြ ရှင်းပြလည်း မရဘူး ။ သူ့စက်ကျရတယ် ငါ့စက်ကျမရဘူး ဆိုပြီး ဘာမှ မဆိုင်တဲ့ ဟတ်ဝဲ သမားကို အပြစ်တင်တော့တာပေါ့ ကျွန်တော်တို့ မှာ ဘာဆက်ပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး..... ဟီး တခါတည်း နာမည်ပါပျက်ရော ။
ကျွန်တော်ထင်ပါတယ် ကမ္ဘာမှာ ဆော့ဝဲတွေ ဂိမ်းတွေကို နည်းလမ်းပေါင်းစုံနဲ့ တင်ပေးရတဲ့ တိုင်းပြည်စာရင်းမှာ မြန်မာပြည်က ထိပ်ဆုံးမှာ ရှိပါလိမ့်မယ် ။ serial , keygen , patch , crack , copy paste, folder နာမည်ပြောင်း တခါတလေ ဘာမှန်းမသိတဲ့ နည်းတွေပါ ပါပါသေးတယ် ။ ဒါတွေ ကို သာမန် end user တွေက မသိတာ မဆန်းပါဘူး ။ ဒီလို virus မကျ ဆော့ဝဲ မကျ ပေါက်ကရလေးဆယ် ဟာတွေကို သုံးပြီး တကာလ error အဆန်းအပြားတွေကလည်း မနည်းပါဘူး ။ အဲလို တွေကြောင့်ကျွန်တော်တို့ လောကမှာ ဆရာက တခါတလေ တပည့်ဖြစ်ပြီး တပည့်တွေက ဆရာ ဖြစ်တာလည်း ဖြစ်လေ့ရှိပါတယ် ။မသိရင်တော့ တပည့်ပဲ သိရင်တော့ ဆရာဖြစ်တာပဲ လေ ။
( နောက်မှာ ဆက်ရေးပါအုန်းမယ် )
ချမ်းမြေ့
0 comments:
Post a Comment