Thursday, August 9, 2012

ရဲဘော် ဘခက် စာအုပ်


by Bo K Nyein on Thursday, August 9, 2012 at 10:37am 

စာရေးသူဟာ ကွန်မြူနစ်ဝါဒ ကို ခါးခါးသီးသီးမုန်ပါတယ်
ဗမာပြည် ကွန်မြူနစ် တွေကိုလည်း အူထဲ နှလုံးထဲက ရွံမုန်းပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ Honesty ကို နှစ်သက်လွန်းလို့ ဟန်မဆောင်ပဲ ရင်ထဲမှာ အရှိကို အရှိ အတိုင်း  ဗြောင် ကြေညာပြီး ရဲရဲ ရပ်တည်ခဲ့တာပါ။ 
တချို့ ကတော့ နိုင်ငံရေး (မလိမ္မာ) ဖူး ၊ ပရိယာယ် မပါဖူး လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ 
ကိစ္စမရှိပါဖူး။ နိုင်ငံရေးမှာ Honest ဖြစ်တာ အကောင်းဆုံးပဲ လို့ ယူဆလို့ပါ။ 
ဒါပေမဲ့ တဖက်ကလည်း Research oriented ဖြစ်နေတော့ ကွန်မြူနစ်တွေလို
ဝါဒဖြန့်ချီရေးမျက်စိ သက်သက်နဲ့ မျက်စိမှိတ်ပြီး ကွန်မြူနစ် ဆိုရင် မကောင်းဖူး လို့
တဖက်သတ် မစွပ်စွဲ နိုင်ပြန်ဖုး 
ဒါကြောင့် ဗကပ ဆိုရင် မကောင်းဖူး ဆိုတာထက် ဘာကြောင့် ဗကပ တွေ မအောင်မြင်ရသလဲ
ဆိုတာကို ပို သိလိုတယ်။


ရဲဘော် ဘခက်ရဲ့ စာအုပ် ကအများကြီး မျက်စိဖွင့်ပေးတယ်။

ရဲဘော် ဘခက်က သူ့အကြောင်းရေး တော့ ၊ သူကျင်လည်ရတာက ယူဂျီ နဲ့ ဗကပ ဌါနချုပ်
နောက်ဆုံး ရုံးအုပ်လုပ်လာတော့ ၊ လူကြီးတွေနဲ့ ထိတွေ့မှု များတယ်။

Power Struggle ကို အနီးကပ် မြင်တွေ့ခဲ့ရတယ်။ လူကြီးတွေရဲ့ Dynamics ကိုလက်တွေ့ သိခွင့်ရတယ်။

ဗကပ တွေရဲ့ အမှား တွေဟာ ခုခေတ်မှာ လည်း နမူနာ ယူစရာ တွေ အများကြီးရှိတယ်

လူငယ်လေးတွေကို လေ့လာစေချင်တယ်။ သတိရှိစေချင်တယ်။

နိုင်ငံရေး ပါတီဆိုတာ ၊ Institution ဖြစ် ကို ဖြစ်ရမယ်။

အကြောင်းက ပါတီ အောင်မြင်ဖို့ အတွက် နှစ်ပိုင်း စလုံး ကကွက်ညီမှ အောင်မြင် နိုင်မယ်။

ခေါင်းဆောင်ပိုင်း က ဦးဆောင်မှု ပေးနိုင်ရမယ်

ဦးဆောင်မှု ပေးတယ်ဆိုတဲ့နေရာ မှာ Strategy ရှိရမယ်။ Strategy ရှိဖို့ရာ Goal ရှိရမယ်။

Strategy ကို Policy နဲ့ ဖေါ်ထုတ်ရမယ်။

ချမှတ်လိုက်တဲ့ ပေါ်လစီ ကို ဖေါ်ထုတ်ဖို့ရာ Institution ရှိရမယ်။ အကြောင်း က Institution ဖြစ်မှ သူ့ နေရာ နဲ့ သူ ၊ အဆင့်ဆင့် တာဝန်ပေး ၊ ဖေါ်ဆောင်နိုင်မယ်။

ဒီလို ဖေါ်ဆောင် နိုင်မှ လူတိုင်း ကိုယ့်တာဝန် ကိုယ်သိ ကြပြီး ပါတီ တရပ် လုံးရဲ့ ဖေါ်ဆောင်မှု ဖြစ်လာမယ် ၊ ရှိလာမယ်။

Results ရှိမှ (လမ်းကြောင်း) ပေါ်မယ်။ ပါတီ လမ်းကြောင်းပေါ်မှ ထောက်ခံ မှု ရှိမယ်။ ထောင်ခံမှု ဟာ အင်အားပဲ။

ထောက်ခံမှု ဆိုရာမှာ ပါတီ ကိုထောက်ခံမှု ဖြစ်မှ ရေရှည်ခံနိုင်မယ်။ ဒါကြောင့် ပါတီ Institution ဖြစ်ရေး ဟာ အဓိက လာကြပါတယ်။

အမှန်က လွပ်လပ်ရေး တိုက်ပွဲကာလ ဟာ ကွန်မြူနစ် ခေတ်ပဲ

ခေါင်းဆောင်မှု သာမှန်ခဲ့ရင် ၊ ဗမာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထမဦးဆုံး ကွန်မြူနစ်  နိုင်ငံဖြစ်ရမှာ

ဖဆပလ မှာ ကွန်မြူနစ်တွေ နေရာ ဦးထားနိုင်တာပဲ

ဒါပေမဲ့ နိုင်ငံရေး လောဘ ကြီးပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုတောင် နေရာ မပေးချင်တော့ဖူး

ကိုယ့်ကိုယ်ကိုကိုယ် အထင်ကြီးပြီး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲပြီး နိုင်ငံရေး (အာဏါ) ကို သိမ်း နိုင်မယ်လို့ ထင်ခဲ့ကြတယ်။

မြေပေါ် တရားဝင်ပါတီ ဘ၀ မှာ ပါတီဟာ Institutionalized ဖြစ်သလောက် ဖြစ်ခဲ့ ပေမဲ့ တောထဲရောက်တော့

မိုးထဲရေထဲ ရောက်တော့ ၊ လက်တွေ့ ဘ၀မှာ ကွန်မြူနစ် ခေါင်းဆောင်ပိုင်း ဟာ မှန်ကန်တဲ့ Strategy မချ နိုင်ခဲ့ကြဖူး

ဒါဟာ မှန်ကန်တဲ့ ခေါင်းဆောင်မှု မပေးနိုင်ခဲ့ လို့ပဲ

ခေါင်းဆောင်ဆိုတာ ရလာတဲ့ အခွင့်အရေးကို ၊ ရအောင် ယူတတ်ဖို့လိုတယ်။

အခွင့်အရေး ပေါ်အောင်ဖန်တီးတတ်ဖို့လိုတယ်။

ဖဆပလ အစိုးရ ဟာ (ရန်ကုန်) အစိုးရ လို့ အလှောင်ခံရတဲ့ ဘ၀ မှာတောင် စစ်ကို နိုင်အောင် မတိုက်နိုင်ကြဖူး။

အစိုးရတိုင်းရဲ့ အားသာချက်က အစိုးရ ဆိုတာ က Established Institution

ကွန်မြူနစ်ပါတီက တောထဲမှာ De- Institutionalized ဖြစ်လာကြတယ် လို့ထင်မိတယ်။

တဗိုလ်တမင်း ဖြစ်လာကြတယ်။

ရလဒ်က နယ်မြေ ကျင်းသထက် ကျင်းလာကြတယ်။

ခေါင်းဆောင်မှု ကျဆုံးလာကြတော့ Frustration တွေဝင်လာကြပြီး နောက်ဆုံး လူလေး ရာဂဏန်းပဲ ကျန်တော့တာတောင်

အာဏါ ရူးပြီး အချင်းချင်း သတ်ကြတဲ့ ဖြတ်-ထုတ်-သတ် အာဏါလုပွဲ နဲ့ ကိုယ့်သေတွင်း ကိုယ်တူးခဲ့ကြတယ်။

ဒိမတိုင်ခင် က ဆုံးရှုံးမှု တွေကြောင့် ပါတီဝင်တွေ အစုလိုက် အပြုံလိုက် လက်နက်ချ ကြတယ်။

ဗိုလ်ချုပ်နေ၀င်း က ငါတိုလည်း ဆိုရှယ်လစ် ၊ ဗဟိုဦးစီးစနစ် ပါပဲ ကြေညာလိုက်တော့

ကွန်မြူနစ်တွေ ဒို့ခေတ်ရောက်ပြီ ဆိုပြီး ဗကပ ကနေ မဆလ ဖြစ်ကုန်ကြရော။

ပြည်တွင်းငြိမ်းချမ်းရေးမှာ ကွန်မြူနစ်တွေက ပြတ်နေတဲ့ ဂွင်းဆက်တွေကို ပြန်ဆက်နိုင်တာကို ပဲ ၊ အဟုတ်ကြီး ထင်နေကြတယ်။

ဗိုလ်နေ၀င်း က radicalized ဖြစ်နေတဲ့ ပီကင်းပြန်တွေကို ကိုယ်ထိလက်ရောက် ၊ တောထဲကိုပို့ပေးပြီး ၊ အသာလေး (သပ်ရှို) ပေးလိုက်တာ။

သခင်သန်းထွန်း ပြိုကာနီးမှာ ၀ရဇိန်လက်နက် ထဲ့ပေးလိုက်တာ။

စဉ်းစားတတ်ရင် tactical နဲ့ strategic ကွာသွားတာပဲ။

ပါတီကို Institutionalized မလုပ်နိုင်တဲ့ အတွက် ၊ next generation leaders တွေကို မမွေး ထုတ်နိုင်ဖူး။

ဒါကြောင့် ကွန်မြူနစ်ပါတီ ရဲ့ ခေါင်းဆောင်မှု ကိုလေ့လာရင် ၊ generation after generation ၊ ညံ့သထက် ညံ့  လာတာကိုတွေ့ရမယ်။

Collective Leadership အစား သခင်သန်းထွန်း တစ်ယောက်ကိုပဲ ဦးတည် အာဏါထူထောင်ခဲ့လို့ ပဲ လို့ သုံးသတ်လို့ ရတယ်။

ဦးနေ၀င်း လိုပဲ လူတော် ၊ လူကောင်း ၊ ရွေးရာမှာ သခင်သန်းထွန်းကို သစ္စာရှိမဲ့ (လူကောင်း) ကိုပဲရွေး ခဲ့ကြလို့ပဲ။

ကွန်မြူနစ် စနစ်ကို ဆန့်ကျင်တဲ့ စာရေးသူတို့ အဖို့ သခင်သန်းထွန်း ဟာ အင်မတန် ကျေးဇူးတင်တိုက်တဲ့ ပုဂ္ဂိုလ် တဦးပဲ

သူ့ကြောင့် ဗမာပြည် ကွန်မြူနစ် ပါတီ ကျဆုံးရတာပဲ။

ဒါကြောင့် သခင်သန်းထွန်း ရဲ့ တကိုယ်တော် အာဏါ ထူထောင်မှု စနစ် ကိုလေ့လာပါ။

ကွန်မြူနစ် ပါတီ ဘာကြောင့် Institutionalized မဖြစ်တာလဲ ဆိုတာကို လေ့လာပါ လို လူငယ်လေးတွေကို တိုက်တွန်းချင်တယ်

ရဲဘော်ဘခက်ရဲ့ စာအုပ်ကို ဖတ်ကြည့် ကြပါ ၊ သင်္ခန်းစာ ယူနိုင်ကြပါစေ။

၈၈၈၈ တွေ ပါတီ ထောင်ကြရင် Institutionalized ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စာရေးသူ ကူမင်းကို သွားတဲ့ အချိန်အထိ ၊ တရုတ်ကွန်မြူနစ် အကြောင်းကို ကောင်းကောင်း မလေ့လာရသေးပါဖူး။

ဖြုတ်-ထုတ်-သတ် အကြောင်းပြောကြရင်း ဒေါက်တာ လှကျော်ဇော်က ၊ အမှတ်မထင်

တရုတ်တွေက တားပါတယ် ၊ တရုတ်ပါတီက (ပြင်) တယ် ၊ ကျမတို့ ပါတီက (မပြင်ဖူး) လို့ လွှတ်ကနဲ ပြောလိုက်တာကို မေ့လို့ မရဖူး

ဒါကြောင့် တရုတ်ကွန်မြူနစ် ပါတီ အကြောင်းနဲ့ ဗကပ တွေ အကြောင်း စနစ်တကျ လေ့လာတော့မှ ၊ ကွာတာတွေကို တွေ့လာရတယ်

အလွန် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Curiosity က လေ့လာမှု ကို တွန်းပို့တတ်ပါတယ်

လူငယ်လေးတွေ အသိ တိုးပါစေ။ လေ့လာအား တိုးကြပါစေ

ချင်းမိုင်
ဘိုဘိုကျော်ငြိမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...