သစ်ထူးလွင် သတင်းစုစည်းမှု (၁-၈)
သစ်ထူးလွင်
|
- အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ
- ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ခွင့်ယူ
- ရေလမ်းကြောင်း ခရီးစဉ်များ ၏ ခရီးသည်ခ နှင့် ကုန်ခနှုန်းထား တိုးမြင့်ကောက်ခံ သွားမည်
- ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင် သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖွယ်ရှိ
- မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊ သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ
- ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု
- ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်
- ရန်ကုန် စီး/ကူးရုံးတွင် ကားလိုင်စင် လာရောက်လျှောက်ထားသူများလာ
- ဆန္ဒပြအရေးဆိုမှု ဂယက် တောင်ဒဂုံ စက်မှုဇုံသို့  စတင်ကူးစက်
- တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်
- ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်
- ထိုင်း PTT ကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်မည်
- အီရန်နိုင်ငံ၌ တာလီဘန် အကြမ်းဖက် အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့်ပေး
- နမ္မတူမြို့နယ်ထဲ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမှု ပြဿနာ ပြေလည်မှု မရသေး
- အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်လေ့လာရန် ပါတီ ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
- ရေကြီးမှုကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး ဓာတ်လိုက်သေဆုံး
- မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)
- ကုလ အထူးကိုယ်စားလှယ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှု
- မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားဖွယ်ရှိ
- အာဏာရှင်နိုင်ငံတွေ မြန်မာ့ပြုပြင်ပြောင်းလဲမှုကို အတုယူသင့်
- မြန်မာ့ရင်းနှီးမြှုပ်နှံမှု အဆိုးဘက်ဦးတည်မှာစိုးရိမ်
- ကိုင်းတန်း ပျံကျဈေး မပြောင်းရရေး ဈေးသည်တွေ ဆန္ဒထုတ်ဖော် (ရုပ်/သံ)
- ဘီးလှိမ့်ခွန်ကြေးဂိတ်များပြားေ
နမှုကို ညှိနှိုင်းတော့မည် - ရိုဟင်ဂျာများ လူဦးရေ စိမ့်ဝင်မှု သီအိုရီဖြင့် ၀င်ရောက် လာခြင်း ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်း မှပြောကြား
- သြဂုတ်လ (၂) ရက်နေ့ ထုတ် Hot News Weekly
Posted: 01 Aug 2012 07:14 AM PDT
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်း ဒေသကြီး လယ်ယာ၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ ပါဝင် ဆွေးနွေး ညှိနှိုင်းကြပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
"စက်ရုံတွင်း ဆန္ဒထုတ်ဖော်တဲ့ ဒီ အလုပ်သမားထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါကျတော့ သူဋ္ဌေးကနေပြီးတော့ သူအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၁၀ ဦးကို စက်ရုံတွင်း ပြန်မခန့်နိုင်ဘူး။ သူဋ္ဌေးက ကြွေးကြော်လိုက်တယ်"
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ဆိုပြီး ကိုဇော်မြတ်သူ၊ ကိုသက်နှင်းအောင်၊ ကိုမျိုးဇော်သူ၊ ကိုသန်းထွန်းလင်း၊ ကိုမျိုးကိုကိုတို့ အပါအ၀င် အလုပ်သမား (၁၀)ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက် နေ့က အလုပ်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ အလုပ်ထုတ်လိုက်သူတွေ ပြန်ခန့်ပေးဖို့၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်ဖို့၊ ယခင်ဆန္ဒပြစဉ်က သဘောတူထားတာတွေ လိုက်နာပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ RFA Burmese | ||
Posted: 01 Aug 2012 06:25 AM PDT
အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် တွင် ခွင့်ယူထားကြောင်း သိရသည်။
လွှတ်တော်တွင် ခွင့်အမျိုးအစား(၂)မျိုးယူခွင့် သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Aug 2012 06:09 AM PDT
ပြည်တွင်း ရေကြောင်းပို့ရေးမှ ပြေးဆွဲပေး လျှက်ရှိသော ရေလမ်းကြောင်း ခရီးစဉ်များ ၏ခရီးသည်ခ နှင့် ကုန်ခနှုန်းထား များကိုဩဂုတ်လမှစ တင်ကာ တိုးမြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရ သည်။
ထိုသို့တိုးမြင့် ကောက်ခံမည့် ရေလမ်းကြောင်း ခရီးစဉ်များမှာ မြစ်ဝကျွန်း ပေါ်ဌာနခွဲရှိ ရန်ကုန်-ဘိုကလေး၊ ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-ပုသိမ်၊ရန်ကုန်-ပြည်၊ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Aug 2012 05:47 AM PDT
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ အတွင်း သွားရောက်မည့် အမေရိကန်
ခရီးစဉ်တွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာဝေးကွာနေသော သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။ မြန်မာနာမည် ကိုမြင့်ဆန်းအောင်ဟု ခေါ်သော မစ္စတာ အလက်ဇန္ဒားအဲရစ်သည် အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ပြည်နယ်ရှိ စီရက်တဲလ်မြို့တွင် နေထိုင် လျက်ရှိပြီး လေယာဉ်စီးရန် အဆင်မပြေသည့်----- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 01 Aug 2012 05:32 AM PDT
ရခိုင်ပြည်နယ်ရှိ လူဦးရေ မွေးဖွားနှုန်းများသော ဘင်္ဂါလီ လူမျိုးများ၏
အိမ်ထောင်ပြုခြင်း၊ သာသမီး ယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန် မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြော ကြားရမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။ “ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။ လူဦးရေပေါက်ဖွားတာများတယ်။ လူဦးရေ ပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။ ကျွေးရ၊ မွေးရတာ ခက်တာပေါ့။ ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြ တာပဲ။ ဥပဒေက မိန်းမတစ်ယောက်ထဲပဲ ယူရမယ်လို့ မရှိဘူး။ ဟိုကတအားများတယ်။ လေးယောက်ယူခွင့်ရှိတယ်။ အဲ့တော့ မြန်မာ နိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆို နာဖို့သင့်တာပေါ့။ ဒါတွေက ကျွန်တော်တို့ဝိုင်း လုပ်ကြရမယ့် ဟာတွေ။ ခင်ဗျား မိန်းမ လေးယောက်မယူနဲ့လို့ ဥပဒေမှ ထုတ်လို့မရတာ။ ကလေးတွေအများကြီးမမွေးနဲ့လို့ ထုတ်လို့မရဘူး။ သို့သော်လည်း မြန်မာနိုင်ငံထဲမှာ နေတော့မယ် မြန်မာနိုင်ငံသားဖြစ်ချင်တယ် ဆို ရင်တော့ ဒီ Custom (ထုံးတမ်း အစဉ်အလာ)လိုက်ဖို့ လိုတာပေါ့။ ဒီလူတွေက နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီလေ”ဟု ဦးခင်ရီက ပြောသည်။ ရခိုင်ပြည်နယ်တွင် အနာဂတ်၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲနေပြီ ၎င်းက ပြောသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ၏ လူဦးရေမွေးဖွားနှုန်းများ သည်ကို မိသားစု တစ်စုတည်း လူဦးရေ ၈၂ ဦးရှိသော မိသားစု ဥပမာပေး၍ ပြောသည်။ ရွှေ ယောက်ဒူလာအမည်ရှိ ဘင်္ဂါလီ အမျိုးသားမှာ ဇနီးလေးဦးရှိပြီး သားသမီး ၂၈ ဦး၊ မြေး ၄၉ ဦး၊ စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိသည်။ ယခုအခါရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေတစ်သန်းခန့်ရှိသည်။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ဇူလိုင် ၃၀ တွင် ရခိုင်ပြည်နယ်၌ လူဦးရေ မညီမျှမှုများရှိနေပြီး အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်ဒေသတွင် ဘင်္ဂါလီလူဦးရေ ၉၄ ရာခိုင် နှုန်း၊ ရခိုင် လူဦးရေ ၆ ရာခိုင်နှုန်း အချိုးရှိ၍ ပိုသတိထားရန်လို ကြောင်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက်ပြုလုပ် သော အစည်းအဝေးတွင် ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ များဖြစ်ပွားခဲ့သော်လည်း နိုင်ငံ သားခံယူခွင့်၊ မှတ်ပုံတင်ထုတ်ပေးရေးနှင့်ပတ် နည်း၊ မူဝါဒပြောင်းလဲရန် လောလောဆယ် မရှိကြောင်းလည်း ဦးခင်ရီက ပြောသည်။ မူဝါဒများကိုပြင်ဆင်မည်ဆိုပါက လွှတ်တော် တွင် ပြင်ဆင်ရမည်ဟုဆိုသည်။ ၁၈၂၄ အင်္ဂလိပ် - မြန်မာပထမစစ်ပွဲအပြီး ရခိုင်ပြည်နယ်ကို ဗြိတိသျှက ကိုလိုနီပြုပြီးနောက် လယ်ယာလုပ်သားနှင့် ကာယလုပ် သားအတွက် ဘင်္ဂါလီလူမျိုးများ စတင်ရောက်လာခဲ့သည်။ မှတ်ပုံတင်ဥပဒေအရ ၁၉၄၈ မတိုင်ခင်မြန်မာနိုင်ငံ၌ နေထိုင်သော ဘင်္ဂါ လီ မိဘနှစ်ပါးက မွေးဖွားလာသူတတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံကြောင်း နိုင်ငံတော် သမ္မတက UNHCR မှ Mr. Antonio ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။ အင်ဒိုနီးရှား သံအမတ်ကမြန်မာလူမျိုးများထဲတွင် ရိုဟင်ဂျာ ရှိ၊ မရှိမေးမြန်းရာ ဦးခင်ရီက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစု မည်သည့်အ ချိန်တုန်းကမှ မရှိခဲ့ကြောင်း ပြော ကြားခဲ့သည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်အ ခြမ်း ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ခဲ့တယ်။ အဲဒီတော့ လယ်ယာလုပ် ငန်းတွေအတွက်၊ ကာယလုပ်သားတွေအတွက် လိုအပ်ချက်ကိုတစ်ဖက်နိုင်ငံမှာ တားအဆီးမဲ့ဝင်လာခဲ့တဲ့အချိန်ကျွ ၁၉၈၃ ခုနှစ်မှာ ကောက်ခဲ့တဲ့ Census (သန်းခေါင်စာရင်း) တွေအရ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင် ဖော်ပြ တာဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြတာ ရှိခဲ့ပါတယ်။ကျွန်တော်တို့မှာ တရားဝင်လူမျိုးစုကြီး ၈ စု ရှိပါတယ်။ ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားနွယ်ဖွား ၁၃၅ မျိုး ရှိပါတယ်။ အဲဒီထဲမှာရောဗြိတိသျှ စာရင်းဇယားမှာရော၊ ၁၉၇၀၊ ၁၉၈၃ သန်းခေါင်စာရင်းမှာ ရောဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိခဲ့ပါဘူး”ဟု ဦးခင်ရီကပြောကြားသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာ တွင်လည်း ရိုဟင်ဂျာပါမည် မဟုတ်ကြောင်း ၎င်းကပြောသည်။ by 7Day News Journal | ||
Posted: 01 Aug 2012 05:24 AM PDT
နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။
အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒြေ
ဆန္ဒပြခွင့် နည်းဥပဒေ သို့မဟုတ် ဥပဒေဆိုင်ရာ လှပသော အသုံးအနှုန်းဖြင့် ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန က ၂၀၁၂ ဇူလိုင် ၅ ရက်က ထုတ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၄၊ ပုဒ် မခွဲ(ခ)ပါ “နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစု ဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ဟူသော အချက်နှင့်အညီ ရေးဆွဲခဲ့သော ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၁ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းအပြီး လက်တွေ့အသက်ဝင်ရန် ခုနစ်လအကြာတွင် နည်းဥပဒေပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။
၁၉၆၂ တပ်မတော်က အာ ဏာသိမ်းပြီးနောက်ပိုင်း နှစ် ၅၀ ကျော်အကြာ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပထမဆုံး တရား ၀င်ဆနပြခွင့် ပြုခဲ့သည့် အနေအ ထားမှာ ယခင်အခြေအနေများနှင့် နှိုင်းယှဉ်လျှင် အခြားနားကြီး ခြားနားသည်။ ယခင်က အချို့ကာလများ၌ လူငါးယောက်ထက် ပိုစု ဝေးလျှင်ပင် ရာဇ၀တ်မှုမြောက်ကာ ဖမ်းဆီးခံရနိုင်သော အခြေအနေများဖြင့်သာ စခန်းသွားခဲ့ ရသော နိုင်ငံသားအများစု အတွက်အပြောင်းအလဲကြီးပင်ဖြစ်၏။
ယခင်က ပုံမှန်မဟုတ်သော အခြေအနေ၊ အရေးပေါ် ကာလများတွင် အာဏာပိုင်များက ပြစ်မှုဆိုင်ရာ ဥပဒေ(ရာဇသတ်ကြီးဥပဒေ)ပြဋ္ဌာန်း
လျှင် သတ်မှတ်ကာလများ၌ လူငါးယောက်ထက်ပို၍ စုဝေးခွင့်မပြုခဲ့ပါ။အမျိုးသား
“နိုင်ငံသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုဆိုတာ ဒီမိုကရေစီနိုင်ငံတွေ မှာ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ အသံကို ဒီမိုကရေစီ လွှတ်တော်တွေမှာ အခြေပြုပြီး လှုပ်ရှားရတာပါ။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့အသံက ဒီမိုကရေစီရှင် သန်ရေးအတွက် အရေးကြီးတဲ့ အချက်ထဲမှာ ပါပါတယ်”
“ပြည်သူလူထုရဲ့အသံဟာ အချိန်ကာလတစ်ခုတုန်းက လုံးဝငြင်းပယ်ခံခဲ့ရတယ်။ တိုင်းပြည်ကဖွံ့ဖြိုးနေတယ်။ တည်ငြိမ်အေးချမ်း နေတယ်။ ပြည်သူက ဆန္ဒထုတ်ဖော်ခြင်း၊ ပြည်သူလူထုရဲ့ အခက်အခဲပြောတာက ဆူပူအုံကြွချင်တယ်လို့ မြင်ခဲ့ကြတယ်။ အခုတော့ အဲဒီလိုအမြင်မျိုး မရှိတော့ဘူးလို့ ကျွန်တော်ပြောနိုင်တယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက ယခင်နှင့် ယခုအခြေအနေကို နှိုင်းယှဉ်ပြသည်။
ပြည်သူ့လွှတ်တော်ရှိ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအတွ
တရားဝင်ဆန္ဒပြခွင့်ပေးပြီး နောက် ဥပဒေနှင့်အညီ ပထမဆုံး ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကြောင့် လယ်သိမ်းခံရသော လယ်သမားများက ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီ ၁၅ ခုနှင့် အကျိုးတူလယ်ယာစိုက် ပျိုးရေးကြောင့် နစ်နာခဲ့ရသော ဒဂုံဆိပ်ကမ်းမှ လယ်သမားများ၏ စုဝေးဆန္ဒဖော်ထုတ်မှု၊ ဆည်ရေ လှောင်မှုကြောင့် နောက်ဆက်တွဲ ပြဿနာကြုံနေရသော မြစ်သား မြို့လူထု၏ ပန်းလောင်မြစ်ကို သဘာဝအတိုင်း စီးဆင်းခွင့်ပြုရန် စီတန်းလှည့်လည်ဆနပြမှု၊ တစ်မြို့တည်း ကျောက်မျက်ရတနာဈေး နှစ်ဈေးဖြစ်နေ၍ တစ်ဈေးတည်း သာဖြစ်အောင် တာဝန်ရှိသူများ ဆောင်ရွက်ပေးရန် စစ်ကိုင်းမြို့မှ ကျောက်မျက်ရတနာ အရောင်း ဆိုင်ပိုင်ရှင်များ၏ ဆန္ဒဖော်ထုတ်မှုစသဖြင့် ဒေသအနှံ့တွင် ဒီမိုကရေစီစနစ်နှင့်အညီ ငြိမ်းချမ်းသောဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။
သက်ဆိုင်ရာမြို့နယ်ရဲတပ် ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြု၍ ဆနပြခွင့်မရသူများလည်းရှိပါသည်။ ကြေးနီတူး
ဖော်ရေးစီမံကိန်းကြောင့် နစ်နာသည်ဆိုသော လက်ပန်းတောင်းတောင်ခြေရှိ ကျေးရွာ ၁၄ ရွာမှလယ်သမားများက မုံရွာမြို့တွင်ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံသည်ကို ဇူလိုင် ၂၃ ရက်က ခွင့်မပြုကြောင်း သက်ဆိုင်ရာကစာပြန်သည်။
လပွတ္တာမြို့နယ် သဲဖြူကုန်း နှင့် ညောင်ပင်ကျေးရွာနှစ်ရွာမှ လယ်သမား ၁၅၀ ကျော်က အသိမ်းခံရသော လယ်ဧက ၅၀၀ ကျော်အတွက် ဆန္ဒဖော်ထုတ်ရန် ကြိုးပမ်းမှု၊ ထန်းတပင်မြို့နယ်မှ လယ်သမားများက အသိမ်းခံရသော လယ်မြေများအတွက် ဆန ပြရန်စီစဉ်မှုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြခြင်းအဆင့်၌ပင် ရှေ့မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ကြောင်း ထိုလယ်သမားများအရေး ဆောင်ရွက်ပေးနေသော ဥ ပဒေအတိုင်ပင်ခံ ကိုဖိုးဖြူကပြောသည်။ ထိုဖြစ်စဉ်နှစ်ခုတွင် ရဲများ
က လယ်သမားများအား ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်အပြင် နစ် နာမှုကို သက်သေပြရန် စသဖြင့် တရားခံအား အမှုစစ်သကဲ့သို့ ပြု မူသည့်အတွက် ဆနပြလိုသော လယ်သမားများကို ဆန္ဒပြခွင့် လျှောက်ထားခြင်း စာမတင်နိုင်စေရန် သွယ်ဝိုက်ဖိအားပေးသည့် သ ဘောဆောင်ရွက်ကြောင်း ၎င်းက ပြောသည်။
“ညှိနှိုင်းသလိုလို ခေါ်ယူဆွေးနွေးသလိုလိုနဲ့ စာမတင်ဖို့ သွယ်ဝိုက်ဖိအားပေးတယ်။ ဆန္ဒပြဖို့ လျှောက်ထားတဲ့သူတွေကို ရဲတွေ က တရားခံစစ်စစ်တယ်။ လယ် သမားနဲ့ သာမန်ပြည်တွေ ရဲစခန်း လာရမှာ စိုးရိမ်မှုကို သိတဲ့အတွက်အကြိမ်ကြိမ်ခေါ်တယ်။ ဆန္ဒပြဖို့ လိုင်စင်လျှောက်ထားတဲ့ လယ်သမားတွေ ဆန္ဒပြခွင့်အယူခံ လျှောက်ထားဖို့အတွက်ကိုပါ ဆုံးရှုံးသွားစေတယ်။ ဒီလိုနည်းအားဖြင့် ဥပဒေ ကို လက်တစ်လုံးခြား လုပ်နေတာကို ခံနေရတယ်”ဟု ကိုဖိုးဖြူက သူ့ အတွေ့အကြုံကိုပြောသည်။
“အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ရဲတပ်ဖွဲ့မှူးတွေက ဒီလယ်မြေတွေသိမ်းထားပြီး သူတို့ရနေတာ မဟုတ်ဘူး။ သို့သော်ငြားလည်း သူတို့လက်အောက်က စီမံခန့်ခွဲတဲ့ လုပ်ပိုင်ခွင့်ကို လာရောက်ထိခိုက်တယ်ဆိုတဲ့စိတ်နဲ့ တန်ပြန်တာ ကြုံတွေ့ရတယ်”ဟု လယ်သမား၊ အလုပ်သမားအရေး တက်ကြွစွာ ဆောင်ရွက်နေသော ၎င်းကဆို သည်။
ဆန္ဒပြခွင့် လျှောက်ထားပြီး ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခံရသူသည် ငြင်းပယ်စာလက်ခံရသည့်နေ့မှ ၇ ရက်အတွင်း သက်
ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။ အထက်ပါ ဖြစ်စဉ်နှစ်ခု တွင် လက်ပန်းတောင်းတောင်မှ လယ်သမားများမှာ အယူခံတင် နိုင်သေးသော်လည်း လပွတ္တာမြို့နယ်နှင့် ထန်းတပင်မြို့နယ်မှ တောင်သူများမှာ ဆန္ဒဖော်ထုတ် ရန် လျှောက်ထားခွင့်ပင်မရ၍ အယူခံခွင့်ပါ အလိုအလျောက် ဆုံးရှုံးသွားသည်။
အခန်းလေးခန်း၊ စာမျက်နှာ ငါးမျက်နှာ ပါဝင်သော နည်းဥပဒေတွင် ဆန္ဒပြလိုသူသည် ရည် ရွယ်ချက်၊ ဦးဆောင်မည့် ပုဂ္ဂိုလ်၊ ဟောပြောမည့် ပုဂ္ဂိုလ်နှင့်အ ကြောင်းအရာ၊ ကြွေးကြော်သံများ စသည့် အချက်တို့ဖြင့် ငါးရက်ကြို ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားရန် ဖော်ပြ ထားသည်။ လျှောက်လွှာလက်ခံ ခြင်း၊ လိုအပ်ချက်များရှိပါက လိုအပ်ချက်များ ရှင်းပြ၍ ပြန်ပေးခြင်း၊ လျှောက်လွှာကို အတည်
ပြုခြင်း အားလုံးကို စောလျင်စွာ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူ တို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆနပြခွင့် ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြု ရဟု ဖော်ပြထားသည်။ ခွင့်ပြုမိန့်
ငြင်းပယ်ခံရသူမှာလည်း ငြင်းပယ်ခံရပြီးနောက် ၇ ရက်အတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံတင်သွင်းနိုင်သည်။
မြန်မာနိုင်ငံ၏ ဆန္ဒပြခွင့်ဥပ ဒေမှာ ပြဋ္ဌာန်းချက်များအရ အ ခြားဒီမိုကရေစီနိုင်ငံများမှ ဥပဒေ များကဲ့သို့ မပြည့်စုံလျှင်ပင် လက် တွေ့အသုံးချရန် လုံလောက်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။အာဆီယံတွင် မြန်မာထက် အဆများစွာ ဖွံ့ဖြိုးချမ်းသာသော မလေးရှားနိုင်ငံဥပဒေထက် မြန်မာဥပဒေက ပိုမိုကောင်းမွန်သည်။ သို့သော် ရင့်ကျက်သော ဒီမိုကရေစီ နိုင်ငံကြီးများကဲ့သို့ ဆန္ဒပြလိုသူများ ဆန္ဒဖော်ထုတ်ရေးမှာ ပိုမိုလွယ်ကူချောမွေ့ရန်လိုသေး
ဂျာမနီနိုင်ငံတွင် လူဦးရေအများ ဆုံးဖြစ်သော ဘာလင်မြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ အိုလီဗာတိုးလ် (Oliver Tolle)က ဆန္ဒပြမှုများတွင်
စိုးရိမ်ပူပန်သော အဓိကအချက်မှာ ဆန္ဒပြသူများက အကြမ်းဖက်မည်ကိုသာ ဖြစ်ကြောင်းပြောသည်။
ဘာလင်မြို့တွင် ငြိမ်းချမ်းသော ဆန္ဒြပမှုများမှာ တိုးလျက်ရှိပြီး တစ်နှစ်လျှင် ဆန္ဒပြမှု (၁၀၀၀) ၀န်းကျင်ရှိသည်။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ကို နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်အဖြစ် ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ Article-8 တွင် ပြဋ္ဌာန်းထားသည်။ ဆနပြလိုသူများသည် အဆင်ပြေစေရန် ဆန္ဒပြခွင့်လျှောက်ထားခြင်းမှ လက်တွေ့ဆန္ဒပြသည်အထိ လုပ်ငန်းစဉ်များကို ကြားမှအခ မဲ့ ဆောင်ရွက်ပေးသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) လည်းရှိသည်။ ဆန္ဒပြသူများအတွက် ကြားမှဝန်ဆောင်မှုပေးသော CLOF (Creative Lobby of Future) အဖွဲ့မှ တာဝန်ရှိသူ ဂျောဂန်ဂျနန်ကအဖွဲ့ တည်ထောင်ပြီး ၅ နှစ်ကျော်အတွင်း ဆန္ဒပြမှုပေါင်း (၇၀၀၀) ကျော် ဖြစ်မြောက်အောင် ဆောင် ရွက်ပေးခဲ့ကြောင်း ပြောသည်။ လက်ရှိ ပြည်တွင်း၌ ဆန္ဒပြမှုများကို အဓိကဦးဆောင်သူများမှာ နိုင်ငံရေးသမား အများဆုံးဖြစ်ပြီး လှုပ်ရှားတက်ကြွသူ (Activists) အနည်းငယ်သာရှိသည်။ ဂျာမနီနိုင်ငံတွင်မူ ကဏ္ဍအလိုက် လှုပ်ရှားတက်ကြွသူများက အဓိကဦးဆောင်ကြသည်။
နည်းဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ)က ဆနပြခွင့် ပြု၊မပြု ဆုံးဖြတ်ခွင့်ရှိနေသော ဒေသအာ
ဏာပိုင်အချို့၌ ကြိုးနီစနစ်ရှိနေခြင်းနှင့် မူဝါဒပိုင်းတွင်ပါ ၎င်းတို့ကစွက်ဖက်လိုခြင်းကို ထောက်ပြသည်။ “ကြိုးနီစနစ်ဆန်သေး
တယ်။ ဌာနဆိုင်ရာလုပ်ထုံးလုပ် နည်းကို သိပ်ပြီးတော့ ဦးစားပေးလွန်းနေတယ်ပေါ့ဗျာ။ သူတို့မြို့နယ်ရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး
များက ဒီကိစ္စ ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ဖြေရှင်းပေးရမယ့် လူလည်းမဟုတ်ဘူးဗျ။ သူတို့ကဖြေရှင်းပေးရမယ့် လူဆိုရင်လည်း
သူတို့ဆီပဲ တင်လိုက်တော့မှာပေါ့။ သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီ၊မညီပဲ စစ်စေချင်တယ်။ ကျွန်တော်မြင်တာကတော့ မူဝါဒ
ပိုင်းရေးရာများဟာ သူတို့နဲ့မဆိုင်ဘူး”ဟု ဦးသန်းမောင်(စစ်တွေ)က အကြံပြုသည်။
“လျှောက်ထားတဲ့အခါ ဘာ တွေနစ်နာလို့ ဘယ်လိုပြုပြင်ပြောင်း လဲ စေချင်တယ်ဆိုတဲ့ ရည်ရွယ် ချက်ထည့်သွင်းရတယ်။ အဲဒီမှာ
အရေးဆိုတဲ့ကိစ္စကို မစဉ်းစားတော့ဘဲနဲ့ နစ်နာနေတာမှန်၊ မမှန်ဆို တာနဲ့ ပတ်သက်ပြီး အထောက်အ ထားတွေ တောင်းတယ်ခင်ဗျ။ နစ် နာတဲ့ ကိစ္စတွေဟာ ထိခိုက်လွန်း လို့ မြေယာကော်မတီမှာဖြစ်စေ၊ တရားရုံးတွေမှာဖြစ်စေ သွားတောင်း နေပါတယ်ဆိုကာမှ နစ်နာမှုတွေ ကို သက်သေထူပြီးမှ အဲဒါတွေကို အတည်ပြုပြီးမှပဲ ကျွန်တော်တို့ရဲ့ အရေးဆိုမှုကို ခွင့်ပြုမယ်ဆိုတဲ့ ပုံစံမျိုး။ နစ်နာမှုတွေ အတည်ပြုနိုင်
မယ့် အထောက်အထားတွေ တောင်းတာမျိုးက ဥပဒေပြဋ္ဌာန်းချက်တွေ နဲ့ မညီညွတ်ပါဘူး”ဟု ကိုဖိုးဖြူက ဒေသအာဏာပိုင်အချို့၏ ဗျူရိုက
ရက်ဆန်မှုကို ဝေဖန်သည်။
ဥပဒေမှာ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ အုပ်ချုပ်ရေးမှူးတို့က လိုသလို စည်းမျဉ်းစည်းကမ်းများ ထပ်မံ ဖြည့်စွက် ခွင့်ပြုထားသကဲ့သို့ ဖြစ် နေခြင်းနှင့် ဆနပြခွင့်ပြု၊ မပြုနှင့် ပတ်သက်၍ အခြေခံအချက်အ လက်များကို ပြည့်စုံစွာမဖော်ပြ ထားခြင်းမှာ အားနည်းချက်များ ဖြစ်သည်ဟု ၎င်းကအကြံပြုသည်။
နည်းဥပဒေပါ ပြဋ္ဌာန်းချက်များမှာ လက်တွေ့ဆောင်ရွက်လာသောအခါ အားနည်းချက်များရှိ ပါက ပြင်ဆင်နိုင်သည်။ “ဥပဒေ ဆိုတာ ဘယ်တော့မှ ပြည့်စုံတယ် မရှိဘူး။ ကျင့်သုံးနေရင်းနဲ့ လိုအပ်တာ ဖြည့်စွက်တာ လုပ်ရတယ်။ နည်းဥပဒေဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်တာ။ နည်းဥပဒေမှာ ချွတ်ချော်မှု၊ အားနည်းမှု၊ လိုအပ်မှုပေါ်လာရင်လည်း အလွယ်တကူ ဖြည့်စွက်လို့ ရတယ်၊ ထပ်ပြီးတော့ ထုတ်လို့ရ တယ်”ဟု အထက်တန်းရှေ့နေ ဦးသန်းမောင်ကပြောသည်။
ဆန္ဒပြမှုများကို ဗျူရိုကရက် ဆန်သော ဒေသအာဏာပိုင်အချို့က စိုးရိမ်သကဲ့သို့ဆန္ဒပြမှုမျာြးေ
လဲမှုများ နောက်ကြောင်း မပြန်ရန် ပူပန်သူများလည်းရှိသည်။“ကျွန်ေ
ကလေးမြို့ ကျောက်မျက်ရ တနာဈေး တစ်ဈေးတည်းဖြစ်ရေး ဆနဖော်ထုတ်ရာတွင် ပါဝင်ခဲ့ သော ကျောက်မျက်ရတနာလုပ် ငန်းရှင် ဒေါ်နှင်းဝေက ၎င်းတို့၏ ဆန္ဒနှင့် နစ်နာမှုများကို သက်ဆိုင်ရာသို့ စာတင်ပြသော်လည်း မထူးသည့်အဆုံး ဆန္ဒပြခြင်းဖြစ်ကြောင်း ဖွင့်ဟသည်။ နိုင်ငံရေးနှင့် မပတ်သက်ဖူးပဲ တစ်ကြိမ်မျှ ဆန္ဒမပြဖူးဘဲ နစ်နာမှုများကြောင့် ဇူလိုင် ၂၃ ရက်က ဆန္ဒပြသူ၏အတွေ့ အကြုံကို ပြန်လည်ဝေမျှသည်။
“စပီကာလည်း မကိုင်ဖူးဘူး။ ကြောက်တယ်။ ရင်ထဲက လုံးဝခံစားရလို့လုပ်တာ။ ဒီလိုဆန္ဒဖော်ထုတ်ခွင့်ရတဲ့အတွက် တအား
ဝမ်းသာတယ်။ ခံစားနေရတာ ရင်ထဲတော့ တစ်ဝက်လောက် ပေါ့သွားတယ်”။ ၎င်းတို့တောင်းဆိုချက်ကို သက်ဆိုင်ရာက မည်သို့မျှ မဆောင်
ရွက်ပေးလျှင် နောက်တစ်ကြိမ်ဆန္ဒဖော်ထုတ်မည်ဟု ဒေါ်နှင်းဝေကဆို၏။
လူထုဆန္ဒဖော်ထုတ်မှု၊ ဆန္ဒပြမှုများမှာ ဒီမိုကရေစီအတွက် အရေးပါပြီး မရှိမဖြစ်ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်ကလည်း 7Day News နှင့် အင်တာဗျူးတွင် မှတ်ချက်ပြုသည်။ ဆန္ဒဖော်ထုတ်မှုများမှာ လူထု၏ ရည်ရွယ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ လူထုအကျိုးစီးပွားမြှင့်တင်ရေး
သို့သော် “ဘာမှမရှိရာမှ” ဆန့်ကျင်ဘက်လုံးလုံးရှိရာသို့ အပြောင်းအလဲများ မြန်မြန်ဆန်ဆန် ပြုလုပ်ချိန်တွင် မတည်ငြိမ်မှုများ ဖြစ်နိုင်
၍ဂရုပြုသင့်ကြောင်း နိုင်ငံတကာပဋိပက္ခများ လေ့လာရေးအဖွဲ့ ICG ၏ အဆိုအား ကိုးကား၍ စာရေးဆရာ ကျော်ဝင်းက အကြံပြုသည်။
“ကျွန်တော်တို့ဆီမှာ နှစ် ၅၀ လောက်က ပိတ်ဆို့ခံထားရတာ။ လူတွေဘက်ကလည်း ပြောချင်ဆိုချင် သဘာဝကျတယ်။ တာဝန် ရှိတဲ့သူတွေဘက်ကလည်း လုံးဝပိတ်ဆို့ထားရင် မဖြစ်ဘူး။ ဖွင့်တော့ဖွင့်ပေးရမှာ။ ဒါပေမဲ့ အဖွင့် လွန်ပြန်ရင်လည်း ဘရိတ်ပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိတော့ ထိန်းထိန်းသိမ်းသိမ်းသွားကြရမယ်
ပြောင်းမှုနှင့် ပတ်သက်၍ စာအုပ်များရေးသားခဲ့သော စာရေးဆရာကျော်ဝင်းက ပြောသည်။
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစ အခြေအနေတွင် ဒီမိုကရေစီနစ်နှင့်အညီ ဆန္ဒပြခြင်း၊ ဆနဖော်ထုတ်ခြင်း များ၌ လူထုက စည်းကမ်းရှိရန်၊ဆန္ဒမစောရန် လိုသကဲ့သို့၊အာဏာပိုင်များကလည်း ခေတ်နောက်ပြန်မဆွဲဘဲ ဒီမိုကရေစီ အလေ့အထများကို သိရှိ၊ လက်ခံကျင့်
သုံးနိုင်ရန်လိုသည်။ နှစ်ဖက် ပူးပေါင်းမှုဖြင့် ဒီမိုကရေစီ အလေ့အထများနှင့် ယဉ်ပါးလာကာ ပိုမို ရင့်ကျက်လာမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးသမားအများစုက ပြောသည်။
နိဂုံးချုပ်ရသော် ဒီမိုကရေစီ နိုင်ငံများတွင် စည်းကမ်းတကျ ဆန္ဒပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းများသည် စိုးရိမ်စရာမဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထများသာဖြစ် သည်ကို နားလည်လက်ခံနိုင်ရန် အရေးကြီးသည်။ ။
ရေးသားသူ- အားမာန်
by 7Day News Journal
| ||
Posted: 01 Aug 2012 05:18 AM PDT
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းကို လာမည့် အောက်တိုဘာလတွင် စတင်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေး
အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေခံအဆောက်အဦးများဖွံ့ဖြိုးေ
by 7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
| ||
Posted: 01 Aug 2012 05:11 AM PDT
ရန်ကုန်၊ သြဂုတ်-၁
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန နောက်ချန်ရုံးတွင် မော်တော်ကား တင်သွင်းခွင့်လိုင်စင် လျှောက်ထားခွင့်ပြုထားရာ ကားလိုင်စင်လျှောက်ထားသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။ ယင်းလိုင်စင်ကို ဇူလိုင်လ ၃၀ ရက်တွင် စတင်လျှောက်ထားခွင့်ပြုခဲ့ပြီး လာရောက်လျှောက်ထားသူ ဇူလိုင် ၃၀၊ ၃၁ နှစ်ရက်တွင် ၂၆ ဦးရှိသည်။ ယနေ့ (သြဂုတ် ၁ရက်)တွင် လာလျှောက်မည့်သူ ၄၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်သိန်းကပြောသည်။ "လာပြောတဲ့သူတွေက နောက်တစ်ပတ်မှာ ပိုများလာမယ်။ ဒီနေ့ လာတဲ့သူက ၄၀ လောက်ရှိမယ်"ဟု ၄င်းက ဆက်လက်ပြောကြားသည်။ ထိုသို့ လျှောက်ထားရာတွင် ကိုယ်တိုင်တစ်ဦးချင်းလာရောက်ေ by 7Day News Journal | ||
Posted: 01 Aug 2012 05:04 AM PDT
တောင်ဒဂုံ စက်မှုဇုံ (၁)ရှိ Telfel ပီနံအိတ်စက်ရုံရှိ အလုပ်သမား 400 ခန့် ဆန္ဒပြမှုသည် ဇူလိုင်လ(၃၁)ရက်နေ့  ည ၁၁:၀၀ ခန့် တွင် အလုပ်ရှင် ၊ အလုပ်သမား သဘောတူညီမှု
၈ချက်ဖြင့် မြို့ နယ်ညှိနှိုင်း ဖြန်ဖြေရေးမှ ဖြေရှင်းပေးရာ ပြေငြိမ်းမှု ရရှိခဲ့သည်။ အဆိုပါ အငြင်းပွားမှုသည် တောင်ဒဂုံ စက်မှုဇုံ တွင် ပထမဆုံး အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပြီး လစာ ထုတ်ရက်တွင် လစာတိုးမြှင့် မှုပါ အချက်အလက်များကို မကျေနပ်သဖြင့် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သဘောတူ စာချုပ်အရ နှစ်စဉ် အလိုက် နှစ်တိုး လစာငွေကို လူသစ်(လုပ်သက်တစ်နှစ်မပြည့်သူမျ Popular Myanmar News Journal | ||
0 comments:
Post a Comment