သစ်ထူးလွင် သတင်းစုစည်မှု (၄-၈)
သစ်ထူးလွင်
|
- မီဒီယာလွတ်လပ်ခွင့်အတွက် တီရှပ်ဝတ်ဆင်ကာ လက်မှတ်စုဆောင်း
- သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) လက်မှတ်ရေးထိုး လှုပ်ရှားမှုစတင်
- UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သူ အချို့ ခေတ္တခေါ်ယူစစ်ဆေးခံရ
- မြေသားတမံကျိုးပေါက် လယ်ဧက ၅ ထောင်ကျော် နစ်မြုပ်
- မိန်းကလေးတွေကို ကာမ ကျူးလွန်သူ မြန်မာပြည်ကို ထွက်ပြေး
- အမေရိကန် မူဆလင်မ်ရေးရာ ကိုယ်စားလှယ် မြန်မာနိုင်ငံခရီး
- ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော
- ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု ဦးအေးသာအောင်က ပြောကြား
- မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်
- အစ္စလာမ်ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်
- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရောက်
- လျှပ်စစ်ကန်ထရိုက်ဆိုသူများ အဖွဲ့အစည်းဖွဲ့ပြီး မီတာဆင်ခများမတရားကောက်ခံနေ
- မလေးရှားရှိ မြန်မာဆိုင် မြန်မာ့ဥယျာဉ်ဆိုင်ကို ရိုဟင်ဂျာ ဘင်္ဂလီများ ဝင်ရောက်အကြမ်းဖက်
- ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး
- ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်
Posted: 03 Aug 2012 11:21 PM PDT
ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။ Yangon Press International
| ||||||||
Posted: 03 Aug 2012 10:07 PM PDT
ရန်ကုန်၊ သြဂုတ် ၎
![]() “ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ထံကို အဓိကထားပေးပို့သွားဖို့ ရှိပါတယ်။ ဒီလိုပေးပို့ရာမှာ ဒီတောင်းဆိုချက်တွေကို အားလုံးကဆန္ဒရှိကြောင်း သိစေဖို့ လက်မှတ်တွေစုဆောင်းတဲ့လှုပ်ရှား အဆိုပါကော်မတီ၏ တောင်းဆိုချက်များ ရရှိရေးအတွက် လှုပ်ရှားမှုများ အဆငိ့လိုက် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြော ကော်မတီအနေနှင့် အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လုံးဝ ထောက်ခံယုံကြည်ပါကြောင်း၊ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခုလုပ်ရပ်မှာ ဒီမိုကရေစီဖော်ဆောင်နေသော အစိုးရအဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့နည်းစေသောလုပ်ဆော သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ရက်စွဲ- ၁.၈.၂၀၁၂ ၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချ ၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေး ၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများ ၄။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ြ ၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ် ၆။ မီဒီယာသမားမ်ားသေဘာဆႏၵမပါ၀င္ဘဲေ ၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ် The Voice Weekly | ||||||||
Posted: 03 Aug 2012 10:03 PM PDT
ရန်ကုန်၊ သြဂုတ် ၎
နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသော အနေနှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ လေးဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးမှုတွင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။ အဆိုပါ ဆန္ဒဖော်ထုတ်သူ လေးဦးကို သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က ယင်းရဲတပ်ဖွဲ့စခန်းက ခေါ်ယူခဲ့ပြီး ည ၁၂ရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ အဆိုပါလေးဦးကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ထပ်မံခေါ်ထားကြောင်း၊ ယင်းခေါ်ယူ စစ်ဆေးမှုတွင် ဦးအောင်နိုင်ထွန်း အပါအ၀င် ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ပါဝင်ကြောင်း ၄င်းက ဆိုသည်။ “ရဲစခန်းက ခေါ်ပေမယ့် အေးအေးဆဲဆဲပဲ။ ဒီနေ့တော့ ဘာပြောမလဲ မသိဘူး“ ဟု ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။ နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ The Voice Weekly | ||||||||
Posted: 03 Aug 2012 09:56 PM PDT
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ဧရာဝတီတိုင်း ဒါးကမြို့ မန္တလေး မြေသားတာတမံ သြဂုတ်လ ၁ ရက်နေ့ နံနက် ၅နာရီက ပေ ၅၀ ၀န်းကျင်ကျိုးပေါက်သွားပြီးနော ပေ ၅၀ စတင်ကျိုးပေါက်ပြီးနောက်ပိုင်း ရေအားကြောင့် ပေ ၁၇၀ ၀န်းကျင်ထိထပ်မံ ကျိုးပေါက်သွားခဲ့ကြောင်း၊ တိုင်းဒေသကြီး ၀န်ကြီးလာရောက်ကြည့်ရှုကာ သဲအိတ် ၅ သောင်းဖြင့် တာတမံပြန်လည်ဖို့ရန် ကြိုးစားလျှက်ရှိသည်ဟုလည်း သိရှိရသည်။ ညောင်ချောင်း၊ ဘုရားကုန်းနှင့် ၀က်သိုး အစရှိသည့် ကျေးရွာအုပ်စု ၈ အုပ်စုပါဝင်သည့် ယင်းဒေသများတွင် ရေနက်ကွင်းဖြစ်သဖြင့် ယခင်က မိုးနှောင်းပိုင်းမှသာ စပါးစတင်စိုက်ပျိုးနိုင်ခဲ့ရာမှ အရှည်ပေ ၃ သောင်းရှိတာတမံ တည်ဆောက်ခဲ့ရာ ယခုနှစ်မေလ ပြီးစီးခဲ့သည်။ တာတမံ ပြီးစီးသည့်နောက် ပထမဆုံးအနေဖြင့် ယခုမိုးဦးရာသီတွင် စပါးစတင်စိုက်ပျိုးကြခြင်းဖြစ် အလားတူ သာပေါင်းမြို့နယ် ထန်းတပင်ကုန်းကျေးရွာ အနီးရှိ တဗူးချောင်း ရေလျှံမှုကြောင့် လယ်ဧက ၃ ထောင်ကျော် ရေနစ်မြုပ်လျှက်ရှိသည်ဟု သိရှိရသည်။ ။ by Yangon Press International | ||||||||
Posted: 03 Aug 2012 09:21 PM PDT
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး ၄ ယောက်ကို လိင်ဆက်ဆံမှုနဲ့ တရားစွဲခံထားရတဲ့ သြစတြေးလျ နိုင်ငံသား အသက် ၉၃ နှစ် အရွယ် မစ္စတာ ကရော့စ် ကားလ် ဂျိုးဆက် ဆိုသူဟာ အာမခံနဲ့ လွတ်နေတုံး ပြီးခဲ့တဲ့ ဇွန်လလယ်က မြန်မာနိုင်ငံကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 03 Aug 2012 09:10 PM PDT
မြန်မာနိုင်ငံမှာ မစ္စပန်ဒစ်သ်ဟာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ လူငယ် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံ တကာ လူမှုရေး အဖွဲ့အစည်းတွေနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။ မြန်မာနိုင်ငံထဲက မူဆလင်အဖွဲ့အစည်းတွေနဲ့ ပညာရေး၊ တရားဥပဒေ စိုးမိုေးရးနဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှု အခွင့်အလမ်းတွေ အပါအ၀င် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို လူငယ်တွေနဲ့ အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်မြို့အမေရိကန်သံရုံးက အစ်ဖ်တာ (Iftar) အစ္စလမ်ဘာသာရေးပွဲ အပါအ၀င် မူဆလင်တွေရဲ့ ရာမာဒန် (Ramadan) ဥပုသ်ကာလ ဘာသာရေး စီစဉ်ဆောင်ရွက်မှုတွေ မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဗွီအိုအေ (မြန်မာဌာန) | ||||||||
Posted: 03 Aug 2012 09:07 PM PDT
ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် (၄) ဦးဟာ ပဲခူးတိုင်း ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ ပေါင်းတည် စတဲ့ မြို့တွေကို သွားရောက်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆွေးနွေး ဟောပြောကြောင်း သိရပါတယ်။
RFA
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ
ဆွေးနွေးပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ လာရောက်ကြသလို ပြည်မြို့မှာဆိုရင် အထက်တန်း ကျောင်းသားတွေကိုလည်း ဟောပြောခဲ့ကြောင်း ပွင့်လင်းခရီးစဉ်မှာ ပါဝင်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးပေါ့၊ အဲဒီ ခရီးစဉ် ကျွန်တော်တို့က မနက် ၁၀ နာရီ ရောက်တယ်။ ပြည်သူတွေနဲ့ တွေ့တယ်။ ပြည်သူတွေနဲ့ တွေ့တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ တွေ့တယ်။ ပြည်မြို့နယ် တစ်ခုထဲမဟုတ်ဘူး။ မြို့နယ်စုံပါတယ်။ ပြီးတော့ ကျွန်တော်တို့ တောင်သူ လယ်သမားတွေနဲ့ ဆက်တွေ့တယ်။ နောက်တခါ ကျွန်တော်တို့ အထက်တန်းပညာ သင်နေတဲ့ ကျောင်းသားလေးတွေနဲ့ ကျွန်တော်တို့ တွေ့တယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ ဒီပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲတွေ ဆက်တိုက်လုပ်တယ်။ အခုရွှေတောင်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း အကြောင်း စကားနည်းနည်း ပြောမယ်။ ရွှေတောင်ပြီးရင် ပေါင်းတည်၊ နတ်တလင်း အဲဒီကို ခဏဝင်မယ်။ အဲဒီကနေ ရန်ကုန်ကို တောက်လျှောက် ပြန်မယ်"
ရွှေတောင်မြို့မှာဆိုရင် လူထောင်ဂဏန်းထိ တက်ရောက်ကြတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုမျိုးအောင်နိုင်တို့ဟာ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပဲခူးတိုင်း အနောက်ဘက်ခြမ်းကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။RFA Burmese | ||||||||
Posted: 03 Aug 2012 07:45 PM PDT
“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 03 Aug 2012 07:20 PM PDT
မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂလီမွတ်ဆလင် အတော်များများဟာ အသက် ၁၈ နှစ် မပြည့်မီ အိမ်ထောင်ပြုကြပြီး ဇနီးမယားကိုလည်း တစ်ဦးကနေ သုံးလေးဦးထိ လက်ထပ် ယူတာကြောင့် ဒါတွေကို တားမြစ်ဖို့ လက်ထပ်ခွင့်တင်ပြီးမှ လက်ထပ်ခွင့် ပြုပေးဖို့ အထက်က ဒေသန္တာရ အမိန့် ဆိုပြီး ထုတ်ပြန်ထားပါတယ်။
“ လက်ထပ်ခွင့် တင်လာရင် အသက်ပြည့်တာ မပြည့်တာကို မဆန်းစစ်တော့ဘူး။ ပိုက်ဆံရဖို့ဘဲ အဓိကထားပြီး လက်ထပ်ခွင့် တစ်စောင်ကို ကျပ် (၇) သောင်းကနေ ကျပ်တစ်သိန်း၊ ကျပ် ၂ သိန်း အဲသလို တောင်းတယ်။ ပိုက်ဆံပေးရင် ခွင့်ပြု လိုက်တော့ တာပါဘဲ” ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 03 Aug 2012 07:30 PM PDT
ဒီလိုပြောကြားတဲ့စာကို သူ့နောက်လိုက်တွေရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကိုလည်း သောကြာနေ့ နေ့စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ အခုလို ခြိမ်းခြောက်မှုဟာ ဘယ်လောက် လက်တွေ့ကျသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာန အယ်ဒီတာ Liston Siregar ကတော့ အဘူ ဘာကာ ဟာ ဝါဒစွဲ ပြင်းထန်တဲ့ မွတ်စလင်တခိျု့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုအခါ ထောင်ကျနေလို့ သူရဲ့ကွန်ယက်ဟာ အရင်ကလောက် ထိရောက်မှုမရှိကြောင်း လူငယ် မွတ်စလင်တွေ ကြားမှာတော့ စိတ်ဝင်စားမှု ရှိနိုင်ကြောင်း တကယ်တမ်း လက်တွေ့ တိုက်ခိုက်ဖို့ ဆိုတာ ပြည်ပမပြောနဲ့ အင်ဒိုနီးရှား ပြည်တွင်းမှာတောင် ဖြစ်နိုင်ပါ့မလားလို့ လူအများက မေးခွန်းထုတ်နိုင်တယ်လို့ ပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် အဘူ ဘာကာဟာ အာချေးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။မြန်မာနိုင်ငံအတွ ဘီဘီစီ - မြန်မာဌာန | ||||||||
Posted: 03 Aug 2012 11:38 AM PDT
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ရက်ကြာ ခရီးနဲ့ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အပြင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ ပြီးနောက် အိန္ဒိယနိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ ဘယ်လောက်ထူးခြားသလဲ၊ အိန္ဒိယ စစ်တပ်နဲ့ ဘယ်လို သဘောတူညီမှုတွေ ရနိုင်သလဲ ဆိုတာကို စုံစမ်းထားတဲ့ မစုမြတ်မွန်က ဆက်လက် တင်ပြပါမယ်။ ဗုဒ္ဓဟူးနေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ သောကြာနေ့မှာတော့ နယူးဒေလီ မြို့တော်မှာရှိတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယ ရေတပ် ဗိုလ်ချုပ်ကြီး Nirmal Verma က လက်ခံပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Anthony အပြင် အိန္ဒိယ တပ်မတော် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ရှိပါတယ်။ ၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ Kolkata မြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ဗီရှာကားပါတနမ် (Visakhapatnam) ဆိပ်ကမ်းမြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်း ရေတပ်စခန်းဆီကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ အခုခရီးစဉ်အတွင်းမှာ အိန္ဒိယနဲ့မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမို တိုးတက်ဖို့အတွက် မြန်မာစစ်တပ် အရာရှိတွေကို အိန္ဒိယက သင်တန်းတွေပေးရေး၊ တိုက်ပွဲသုံး မဟုတ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ရေး ကိစ္စတွေကို ဆွေးနွေး သဘောတူကြလိမ့်မယ်လို့ အိန္ဒိယဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ မေလကုန်ပိုင်းတုန်းက အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh မြန်မာနိုင်ငံကို လာသွားခဲ့ပြီးနောက်မှာ ခုလို မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံလုံးအတွက် ဘယ်လို အပြန်အလှန် အကျိုးရှိနိုင်ပါသလဲ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု NDD ရဲ့ သုတေသနဌာန က ဦးဌေးအောင်ရဲ့ သုံးသပ်ချက်ကတော့- “မကြာသေးခင်ကမှ မြန်မာနိုင်ငံကို အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန် ဆင်း (Manmohan Singh) လာသွားတဲ့ အချိန်မှာ နှစ်နိုင်ငံ အစိုးရတွေ ကြားမှာ ဆွေးနွေးချက်တွေရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ "အိန္ဒိယနိုင်ငံရဲ့ စစ်တက္ကသိုလ်တွေမှာ သူတို့သင်တန်းတွေ ပေးနေတာကို ထပ်ပြီး တိုးချဲ့ပေးဖို့ တို့၊ နောက်တခုကလည်း၂ နိုင်ငံကြားမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အိန္ဒိယ မြန်မာနယ်စပ်မှာ ခိုအောင်းနေတဲ့ အိန္ဒိယ ခွဲထွက်ရေးသူပုန်တွေကို ရှင်းလင်းရေး အတွက် မြန်မာဘက်က အကူအညီကို လိုအပ်တာကြောင့် အိန္ဒိယ နိုင်ငံအနေနဲ့ မြန်မာနဲ့ စစ်ရေး ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့ အရေးကြီးသလို အရှေ့မျှော်မူဝါဒကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာအရလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ အရေးကြီး တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီရေးကို အားပေးခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ စစ်အစိုးရလက်ထက်မှကတည်းက ပြန်ပြီး ဆက်ဆံရေး ကောင်းအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။ “အိန္ဒိယဘက်က မြန်မာနိုင်ငံကို ငွေချေးတာမျိုးတို့၊ စစ်သင်တန်းတွေခေါ်ပေးတာမျိုးတို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူး ယူခဲ့ပြီးတဲ့နောက် ၂၀၁၁ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံကို ပထမဆုံး သွားခဲ့ပြီး ၂၀၁၂ ဇန်နဝါရီလမှာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အခု အိန္ဒိယခရီးစဉ်ကတော့ တတိယမြောက် နိုင်ငံခြား ခရီးစဉ်ဖြစ်ပြီး ရှေ့တပတ် ဗုဒ္ဓဟူးနေ့အထိ အိန္ဒိယ နိုင်ငံမှာ ရှိနေမှာဖြစ်ပါတယ်ရှင်။ မစုမြတ်မွန် (ဗွီအိုအေ - မြန်မာဌာန) | ||||||||
Posted: 03 Aug 2012 10:47 AM PDT
မန္တလေးမြို့ မဟာအောင်မြေမြို့ နယ်အတွင်းက မဟာအောင်မြေ လျှပ်စစ်ရုံးမှ လျှပ်စစ်ကန်ထရိုက် ဆိုသူများ မီတာဆင်ရန် ရောက်လာပြီး မီတာဆင်ရန် ကျွန်တော်၏ အိမ်သို့ရောက်လာပါသည် ကျွန်တော်၏ အိမ်မှာ သံလျှပ်မှော် ရပ်ကွက် အတွင်းတွင် နေထိုင်ပါသည် နေရပ်လိပ်စာတော့ အတိအကျ မပြောတော့ပါ ၄င်းအဖွဲ့ထဲတွင် ကျွန်တော့်ကို သိသောသူလည်းပါသောကြောင့် ဖြစ်စဉ်မှာ ကျွန်တော်တို့ရပ်ကွက် အတွင်းအခြားအိမ်များတွင် မီတာ ကျခဲ့လာသောအခါ ကန်ထရိုက်ဆိုသူတစ်ဦး သာရောက်လာပြီး လုပ်ကိုင်ပေးပါသည် ယခုမှာသူတို့ပြောသည်မှာ ဒါခင်များအိမ်က ကန်ထရိုက် အဖွဲ့အစည်းဂျော့ ဟု ပြောပါသည်။ ကျွန်တော်တို့သိသည်မှာ လျှပ်စစ်ရုံးတွင် မီတာလျှောက်သောအခါ လျှပ်စစ်ရုံးမှ မီတာလာတပ်ဆင် ပေးသည်ကိုပဲ နားလည်ပါသည် ယခုသူတို့ပြောသည်မှာ ဒါကရုံးနဲ့ မဆိုင်ဘူး ကျွန်တော်တို့က ကန်ထရိုက်အဖွဲ့အစည်း ဒါတွေကကန်ထရိုက် လူကြီးတွေဟုပြောပါသည် တပ်ဆင်ခဆိုပြီး လေးသောင်းခွဲတောင်းပါသည် ကျွန်တော်မှာ ကြိုးတွေလဲ ၀ယ်ရဦးမှာမို့ နည်းနည်းလျှော့ပေးရန် တောင်းပန် ပြောဆိုသောအခါ ဘယ်လိုမှ မလျှော့နိုင်ပါ ဒါအဖွဲ့အစည်းရန်ပုံငွေလို့ ပြောပါသည် ကျွန်တော်တို့ ပြည်သူတွေ နားမလည်သည်မှာ မီတာလျှောက်သော အခါ ကိုးသောင်းကျော်ရုံးမှာ သွင်းရပါသည် ထို့နောက်ရုံးမှ တာဝန်ရှိသူမှ ကျွန်တော်တို့ အိမ်ကိုလာရောက် စစ်ဆေးပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးပြီး ကန်ထရိုက်များ လာရောက်တပ်ဆင်ပါသည် ယခုကျွန်တော်အိမ်တွင် လာသော ကန်ထရိုက်အဖွဲ့ အစည်းဆိုသူများ၏ ရန်ပုံငွေဆိုတာကို နားမလည်ခဲ့ပါ အခြားအိမ်များတွင် လာရောက်တပ်ဆင်ကြသော ကန်ထရိုက်များမှာ ညှိနိုင်းရု်ရခဲ့ကြသည် ကိုတွေရပါသည် ဆင်းရဲသော အိမ်တော်တော် များများကိုလျှော့ပေး သွားကြသည်ကို တွေ့ခဲ့ရပါသည် ယခု ကန်ထရိုက်အသင်း ဆိုသည်မှာ တရားဝင်အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ့လားဆိုတာကို တာဝန်ရှိသူများဖြေကြားပေးစေလို သံလျှပ်မှော်ရပ်ကွက်မှ ပေးစာ | ||||||||
Posted: 03 Aug 2012 10:32 AM PDT
၃ရက် ၈လပိုင်း ၅ နာရီအချိန် ![]() အကြမ်းဖက်မှုတွင် ဘင်္ဂလီလူမျိုး ၅၀ကျော်ခန့် ရှိပြီး မြန်မာဥယျာဉ်ဆိုင် အောက်ရှိစားသောက်ကုန်များရှိသော အဆိုပါ ဖျက်ဆီးမှုနှင့် ပတ်သတ်ပြီး မျက်မြင်တွေ့ ရှိ သူတဦးက " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်သား နှစ်ယောက်ကို သတ်ရာ တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် နောက်တစ်ယောက်ကတော့ လွတ်လာတဲ့သူတစ်ယောက်ပြောပုံအရ ထိုအကြမ်းဖက်သမားတွေက ခေါ်သွားတယ်လို့လဲ သိ့ရပါတယ် ကျွန်တော်လဲ ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ထိုမြန်မာဆိုင်ပိုင်ရှင်ဖြစ်တဲ့ ရခိုင် ဆိုင်ကို ရောက်လာတာပေါ့။ ဒါကြောင်း အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ကျော် နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု Myanmar News Now ကို ပြောပါသည်။ " ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြပါသည်။" အခုလို ရခိုင်နဲ့ ပတ်သတ်တဲ့စီးပွားရေးတွေကို ပါ ဖျက်စီးပြီး လူတွေကို ရိုက်တဲ့ အထီးဖြစ်နေပါတယ် ဒါကြောင်း ထိုရိုဟင်ဂျာ ဘင်္ဂလီလူမျိုးတွေ ရဲ့ နှိင်ငံခြားတွေမှာ အခုလိုပြသနာ တွေ လိုက်လံရှာနေတာ ကို နှိင်ငံခြားကိုရောက်နေတဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေ အတွက် စိုးရိမ်းစရာ ကိစ္စတစ်ခုဖြစ်တယ်သက်ဆိုင်ရာ ဌာနတွေကလဲ့ ဘယ်ပုံစံမျိုးအရေးယူသွားမည်ကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်နေပါတယ် " လို့  မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောပါသည်။ Myanmar News Now | ||||||||
Posted: 03 Aug 2012 07:27 AM PDT
လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်မြေ ကောမှူးမြို့နယ်သို့ သောကြာနေ့က သွားရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့ ခြင်း ဖြစ်သည်။ “ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာနကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သမားများအား ကတိပြုပြောကြားချက်များကို ကိုးကား၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ညောင်ပင်သာရွာမှ ဦးသိန်းလွင် က မဇ္ဇျိမကို ပြောသည်။ ဘုန်းတော်ကြီးကျောင်းတခုတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ ဝါးပလောက်သောက်၊ ထန်းမနိုင်၊ ကမာပတ်၊ ဖယုံချောင်၊ ညောင်ပင်သာရွာ စသည့် ကျေးရွာများမှ တောင်သူသုံးဆယ်ခန့် တက်ရောက် သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူများ ရေကြီးရေလျှံ အခက်အခဲများအတွက် ကော့မူးမြို့နယ် ဆည်မြောင်းဦးစီးရုံးမှ ဦးစီးအရာရှိ ဦးဆန်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မူးမြို့နယ် NLD လူငယ်များနှင့်လည်း တွေ့ဆုံ၍ ပါတီအတွင်း လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကိစ္စ့ရပ်များ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ရွေးကောက်ပွဲပြီးနောက် ၎င်း၏မဲဆန္ဒနယ်အား အနည်းဆုံး သုံးကြိမ် သွားရောက် ၍ ဒေသခံများနှင့် တွေ့ဆုံကာ အခက်အခဲနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။ ဇူလိုင်လ ၅ ရက်နေ့က သွားရောက်စဉ် ဒေသခံ ၃ဝဝ ကျော်နှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့သည်။ မြန်မာနှစ်ဆန်း တရက် (ဧပြီလ ၁၇ ရက်)နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျပ်ငွေ သိန်း ၃၀၀ အား ကော့မှူးမြို့နယ်မှ ကျေးရွာများသို့ ကံစမ်းမဲများ ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်းခဲ့သေးသည်။ နေလင်းအောင် | ရန်ကုန် (မဇ္ဈိမ) | ||||||||
Posted: 03 Aug 2012 07:18 AM PDT
ရန်ကုန်၊ သြဂုတ် ၃ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။ ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ဘဲတန်းရိုးချောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ တာတမံ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကျေးရွာ အုပ်စုများရှိ လယ်မြေများနှင့် နေအိမ်ခြံဝင်းများပါ ရေနစ်မြုပ် နေကြောင်း ယင်းကျေးရွာမှ တောင်သူလယ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ရေနစ်မြုပ်မှု အခြေအနေကို ရှင်းပြသည်။ စိုက်ပျိုးပြီး တစ်လကျော် သက်တမ်းရှိသည့် စပါးများမှာ ရေနစ်မြုပ်မှုဒဏ်ကို ၁၀ ရက် အထိ ခံနိုင်သော်လည်း စိုက်ပျိုးပြီး ရက်ပိုင်းသာ ရှိသေးသည့် စပါးများမှာမူ ရေနစ်မြုပ် တစ်ပတ်ကြာပါက ပျက်စီးမည်သာ ဖြစ်ကြောင်း စပါးများ ပျက်စီးမည့် အန္တရာယ် အပေါ် မလစ် ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူဦးသန်းထွန်းက စိုးရိမ်မကင်း ပြောဆိုသည်။ ယင်းကျေးရွာအုပ်စုများရှိလယ်ြေ စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ရေထွက်ပေါက် တစ်ခုဖြစ်သော ဘဲတန်းရိုးချောင်းကို တာတမံ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကမူ ဘဲတန်းရိုးချောင်းတာတမံ တစ်ဘက်ခြမ်းရှိ စိတ်ကျန်းမာရေး ဆေးရုံနှင့် ဧက ၃၀၀၀ခန့်ရှိ လယ်မြေများ ရေနစ်မြုပ်မည့် အန္တရာယ်ကြောင့် တာတမံ ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊တာတမံ မပိတ်ဆို့ပါက တာတမံမြောက်ပိုင်းရှိ မလစ်အရှေ့ကျေးရွာအုပ်စုရှိ လယ်ဧက၂၀၀၀ အပါအဝင် တာတမံတောင်ပိုင်းရှိ လယ်ဧက ၃၀၀၀ န |
[Message clipped] View entire message
0 comments:
Post a Comment