Monday, August 13, 2012

လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း


လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကို ဘယ်လို တွက်ချက်ပါသလဲ ဆိုတဲ့ မေခွန်းကို ဘုန်းဘုန်းဖြေပေးပါ့မယ် - -

၁ ။ ဒီပင်္ကရာဘုရားရှင် နှင့် ကောဏ္ဍည ဘုရားရှင်နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၂ ။ ကောဏ္ဍည ဘုရားရှင်နှင့် မင်္ဂလ ဘုရားရှင်နှစ်ဆူ တို့၏ြ
ကားကာလ - တစ်သင်္ချေ ။
၃ ။ သောဘိတ ဘုရားရှင်နှင့် အနောမဒဿီ ဘုရားရှင်နှစ်ဆူ တို့၏ ကြားကာလ တစ်သင်္ချေ ။
၎ ။ နာရဒ ဘုရားရှင် နှင့် ပဒုမုတ္တရ ဘုရားရှင် နှစ်ဆူတို့၏ ကြားကာလ - တစ်သင်္ချေ ။
၅ ။ ပဒုမုတ္တရ ဘုရားရှင်ပွင့်တော်မူပြီးနောက် ကမ္ဘာပေါင်း တစ်သိန်း ။

( က ) ဘုန်းဘုန်းတို့ ဂေါတမ ဘုရားရှင်ကိုယ်တော်မြတ် ဟာ ပါရမီ ဖြည့်တော်မူစဉ် ဘ၀တစ်လျောက် ပညာကိုသာ အဓိကထား ရှေးရူ့ဖြည့်တော်မူခဲ့လို့ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပဲ ကြာမြင့် ခဲ့တာပါ ။

( ခ ) ၀ီရိယ ကို အဓိကထား ပါရမီ ဖြည့်တော်မူမည် ဆိုရင်တော့ ရှစ်သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မဆုတ်မနစ်သော ၀ီရိယ ဖြင့် အနှောက်အယှက်အခက်အခဲ တွေကို ဖြတ်ကျော်ပြီး ဖြည့်ကျင့်မှ ဘုရားဖြစ်နိုင်တာပါ။

( ဂ ) သဒ္ဓါ တရားကို အဓိကထား ပါရမီ ဖြည့်တော်မူမည် ဆိုရင်တော့ ဆတိုးတက် တစ်ဆယ့်ခြောက် သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး သဒ္ဓါတရားကို လက်ကိုင်ထားပြီး စိတ်ပျက်အားငယ်မှု့ဆိုတာ မရှိပဲ ဖြည့်ကျင့်မှ ဘုရားဖြစ်နိုင်တာပါ ။ ။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ ၊ ၀ရ သုံးဆူ သာ၊
သာရမဏ္ဍ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ၊
တစ်ဆူသော်မှ မပွင့်က၊ သုည ကပ်ကမ္ဘာ။
[/color]

ဆိုပြီးတော့ ရှေးရှေး ဆရာတို့က လင်္ကာ စပ်ဆိုထားခဲ့ကြပါတယ်။ အဓိပ္ပါယ်က -- သာရ ကမ္ဘာ မှာ ဘုရားတစ်ဆူသာ ပွင့်တော်မူပြီး ကမ္ဘာပျက်သွားမှာ ဖြစ်ပါတယ်၊ နောက် အဲဒီအတိုင်း မဏ္ဍ ကမ္ဘာမှာ နှစ်ဆူ၊ ၀ရ ကမ္ဘာမှာ သုံးဆူ၊ သာရမဏ္ဍ ကမ္ဘာမှာ လေးဆူ၊ ပွင့်တော်မူပြီး ယခုရောက်ဆဲ ဘဒ္ဒကမ္ဘာမှာတော့ ငါးဆူ ပွင့်တော်မူတာပါ။
ဒီကမ္ဘာပျက်သွားရင်တော့ ဘုရားတစ်ဆူမှ မပွင့် တဲ့ သုညကမ္ဘာ ဖြစ်အုံးမှာပါ၊ သုညကမ္ဘာ ပျက်ပြီးရင် သာရကမ္ဘာ ကနေ ပြန်လည်စတင်လိမ့်မယ်လို့ မှတ်သားထားရပါမယ်၊ အဲဒီ သုညကမ္ဘာထဲမှာများ ဖြစ်ရရင်တော့ မတွေးဝံ့စရာ ပါပဲ။ ဒါကြောင့်ယခု လူ့ဘ၀ကိုရောက်တုန်း အခိုက်အတန့်လေးမှာ သတိတရားလက်ကိုင်ထားပြီး ကောင်းကောင်းနေနိုင်မှ တော်ကာ ကျပါမယ်။ ဘုန်းဘုန်းအပါအ၀င် ဒကာကျော် တို့အတွက် ယခု ဘ၀ဟာ ကံအကောင်းဆုံး လူသားတွေလို့ တောင် ပြောလို့ ရနိုင်ပါတယ်။ ဒကာကျော်လဲ သံသရာ ရဲ့ ရှည်ကြာမှု့ကို သတိသံဝေဂ ယူပြီး ဘ၀ရဲ့ ငြိမ်းအေးမှု့ဆီကို အရောက်လှမ်းနိင်ပါစေ

( စရိယာပိဋက အဌကထာ )
မေတ္တာဖြင့်


ဘုန်းဘုန်း သုနန္ဒာလင်္ကာရ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...