သစ်ထူးလွင် သတင်းစုစည်းမှု (၇-၈)
သစ်ထူးလွင်
|
- ညောင်လေးပင်နှင့် ကဝမြို့နယ် စပါးစိုက်ဧက တသောင်းကျော် ရေနစ်မြုပ်
- ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြု
- ၀န်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ငွေဆယ်သိန်းလှူ
- ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား
- ကျောက်တော်တွင် နေအိမ် ၅၀၀ ခန့် ကျေးရွာတစ်ရွာ ထပ်မံ မီးရှို့ခံရ
- တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိ
မ်အေးချမ်းရေး ကော်မတီ၏ လုပ်ငန်းများနှင့် အဖွဲ့ ဝင်များ - အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်
- ပြည်ထောင်စု အဆင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ
- ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ တာဝန်ယူသည့် ကော်မတီ တရပ်တိုးချဲ့ ဖွဲ့ စည်း
- ALP ကို နယ်ခြားစောင့်တပ်ဖွဲ့ကာ အင်အားထပ်တိုးစေချင်ဟု ဦးအောင်မင်းပြော
- Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၄
- First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၀
- အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၆
- ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား
- ရောင်းစားခွင့်မရလို့ တောင်းစားနေရပြီ စာတမ်းနဲ့ ဈေးသည်တွေ ဆန္ဒပြ
- ဆီးရီးယား ၀န်ကြီးချုပ် အတိုက်အခံနဲ့ ပူးပေါင်း
- ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား
- ကျောက်တော်မြို့နယ် နောက်ဆုံးအခြေအနေ နှင့် ဆူပူမှုအတွင်း လူသေဆုံး
Posted: 07 Aug 2012 06:11 AM PDT
ညောင်လေးပင်မြို့နယ်မှာပင် ကျေးရွာ ၂ဝ ကျော်မှ စပါးစိုက်လယ်ဧက ၁ဝ,ဝဝဝ ကျော် ရေနစ်မြုပ်နေသည်ဟု လယ်သမားတဦးက ပြောသည်။ သြဂုတ် လဆန်းပိုင်းမှစ၍ မိုးဆက်တိုက် ရွာသွန်းကာ မြို့အထက်ပိုင်းရှိ ရွှေကျင်ဆည်နှင့် ရဲနွယ်ဆည်တို့မှ ရေလွှဲချ ခြင်းကြောင့် မြေနိမ့်သည့် အင်းချောင်၊ ချောင်းကျိုး၊ တာဦး၊ သွင်းကုန်း၊ ရှမ်းရွာ၊ တော်မသီ၊ ပုဇွန်မြောင်း၊ မဒေါက်မြို့၊ ရေပေါ်တောင်၊ ရေဖြူကန် စသည့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ကောက်စိုက်စပါး ဧက ၁ဝ,ဝဝဝ ကျော် ရေ နစ်မြုပ်ကုန်ခြင်း ဖြစ်သည်။ “ရွာတွေက မြုပ်တဲ့ရွာတွေလည်း ရှိတယ်။ ကောက်စိုက်ဧကတွေ မြုပ်နေတယ်။ ဒီနေ့ တတောင်လောက် ပိုလာပြီ။ စိုက်ပျိုးတဲ့ စပါးပင်က လုံးဝ မပေါ်တဲ့ ဧက များတယ်။ ဧက သောင်းကျော်တယ်။ ဥပမာ ကျနော်တို့ တော်မသီ ဒိုင်နယ်ဆိုရင် ဧက ၂,၈ဝဝ ရှိတယ်။ ဒိုင်နယ်၂ဝ ကျော်ဆိုတော့ တဒိုင်နယ်ကို စိုက်ပျိုးတဲ့ လယ်ဧက အနည်းဆုံး တထောင်ကျော် ရှိတယ်။ ဒါက အနည်းဆုံး အဆင့်ကို ပြောတာ” ဟု တော်မသီကျေးရွာမှ တောင်သူ ဦးအေးလွင် က မဇ္ဈိမကို ပြောသည်။ အင်္ဂါနေ့တွင်လည်း မိုးဆက်လက် ရွာသွန်းလျက်ရှိကာ စပါးပင်များ ရေအောက်သို့ ခုနှစ်ရက်ကြာ နစ်မြှပ်နေပြီဖြစ်၍ ကောက်စိုက် စပါးပင်များ ပျက်ဆီးမည်ကို စိုးရိမ်နေရသည်ဟု လယ်သမားကြီး ဦးအေးလွင် က ပြောသည်။ “ဒီစိုက်ပင်တွေက ပုပ်သွားနိုင်တယ်။ နောက်ထပ် ၁၅ ရက်လောက်ထိ ရေပြန်မကျနိုင်တဲ့ အခြေအနေရှိနေတယ်။ စပါး မရှိတော့ဘူးဆိုရင် စိုက်ပျိုးစရိတ် ဆုံးရှုံးနစ်နာမယ်။ ကျနော်တို့ ပထမ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးပြီဆိုရင် ခေါင်းထောင်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြန်စိုက်မယ်ဆိုရင်လည်း ရာသီဥတုက ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့မှ မရတာ” ဟု ၎င်းက ဆိုသည်။ ကောက်စိုက်ပြီး၍ နုသော စပါးပင်များ ရေအောက်တွင် ခုနှစ်ရက်ခန့် ကြာမြင့်ပါက စပါးများ သေဆုံး ပျက်စီးသွားနိုင် သည်။ စပါးပင် ရင့်၍ ရှည်လျားပါက ၁၅ ရက်ထိသာ ခံနိုင်ပြီး သည့်ထက်ပို၍ ရေအောက် ရောက်သွားပါက စပါးပင်များ ပျက်ဆီးနိုင်သည်ဟု လယ်သမားကြီးက ရှင်းပြသည်။ အလားတူ ပဲခူးတိုင်း ကဝမြို့နယ် အုန်းနှဲ၊ ထာဝ၊ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ အပါအဝင် ကျေးရွာပေါင်း ၄ဝ ကျော်မှ ရွာသားများ ပိုင်ဆိုင်သော လယ်မြေများလည်း ရေဖုံးလွှမ်းနေသဖြင့် ထက်ဝက် ခန့် ပျက်ဆီးနိုင်သည်ဟု အုန်းနှဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။ “ရေကြီးတဲ့လို့ လယ်ဧက ၅ဝ ရာခိုင်နှုန်း ပျက်စီးနိုင်တယ်။ အဓိက ကဝ မြို့နယ် အုန်းနှဲတဝိုက်က ရေနက်ကွင်းပေါ့။ တနေ့က ရွာက ဘုရားမှာ ၂၁ အိမ်ထောင်၊ ခမဲပင်ရွာမှာ အိမ်ခြေ ၁၄ အိမ်ထောင် မြုပ်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။ တနင်္လာနေ့က အုန်းနွဲကျေးရွာမှ ကယ်ဆယ်ရေးစခန်းသို့ ကဝမြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်၍ ကယ်ဆယ်ရေး ပစ္စည်း လှူဒါန်းခဲ့ပြီး လူမှုအဖွဲ့အစည်းများမှ ထမင်းထုပ်များ လှူဒါန်းပေးနေသည်ဟု ဆိုသည်။ ပဲခူးတိုင်း၊ ဒိုက်ဦးနှင့် သနပ်ပင်မြို့နယ်များမှ ရေမြောင်းများ ဖောက်လုပ်သဖြင့် ရေများ အုန်းနှဲကျေးရွာသို့ စုန်ဆင်းလာ၍ ယခင်နှစ်ထက် ပိုမို မြင့်တက်လာကာ တချို့ နေအိမ်များ နစ်မြုပ်နေသည်ဟု ဆိုသည်။ ရေကြီးသဖြင့် ကဝမြို့နယ်၊ ကျားတက်ရွာမှ စာသင်ကျောင်းကို ယနေ့မှ စ၍ လေးရက် ပိတ်ထားမည် ဖြစ်ပြီး တနင်္လာနေ့ က ၁ဝ တန်း ကျောင်းသားတဦး ရေနစ်မြုပ် သေဆုံးခဲ့သည်ဟု ရွာသားတဦးက ပြောသည်။ “ကျောင်းတွေ ပိတ်ထားရတယ်။ မိုးတွေကလည်း တအားရွာ။ ခုတော့ မိုးရေလောက်ပဲ ကျတယ်။ တက်ရေက မကျဘူး။ ဆည်ဖောက်တဲ့ရွာပေါ့။ တော်တော် အခြေအနေ ဆိုးနေတာ။ ကလေး သေသွားတော့ ကျောင်းသွားတဲ့ လမ်းဘေးတွေမှာ ရေတွေက တက်နေတော့ ဆရာကြီးက ကျောင်းပိတ်ပေးတယ်” ဟု သူက ပြောသည်။ ရေလွဲချောင်းရေ မြင့်တက်နေသဖြင့် ရေလွဲချောင်းအား ဖြတ်၍ တည်ဆောက်ထားသည့် ဘိုးထောင်တံတား ကျိုးမည် စိုးရိမ်သဖြင့် ဒေသခံများ လုပ်အားပေးသွားရသည်ဟု သိရသည်။ ထို့ပြင် ရွှေကျင်မြစ်ရေသည် ယနေ့ တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၅၂ စင်တီမီတာ(၁ ဒသမ ၇ ပေခန့်) ကျော်လွန်နေကာ နောက်ထပ် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၇ဝဝ စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ထုတ် သတင်းစာတွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးမှူး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဤရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝန်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ ငဝန်၊ ပဲခူး၊ စစ်တောင်း၊ ရွှေကျင် စသည့် မြစ်များ မြစ်ရေကြီးသည့် သတိပေးချက်ကို နိုင်ငံပိုင် သတင်းစာတွင်လည်း နေ့စဉ် ထုတ်ပြန်နေသည်ကို တွေ့ရသည်။ ဖနိဒါ |ချင်းမိုင်(မဇ္စျိမ) | ||
Posted: 07 Aug 2012 05:52 AM PDT
ရန်ကုန်၊ သြဂုတ် - ၇
ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်သည် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း (International Banking Service) လုပ်ကိုင်ဆောင်ရွက်ခွင့်ကိုရရှိ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာဘဏ်လုပ်ငန်းမျ စာရင်း ဖွင့်လှစ်ခြင်းလုပ်ငန်း၊ နိုင်ငံခြားငွေကြေးလွှဲပြောင်းေ သွယ်မှုဆိုင်ရာ သွင်းကုန်လုပ်ငန်း ၀န်ဆောင်မှုများကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်က ၀န်ဆောင်မှုပေးမည်ဖြစ်သည်။ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းလုပ်ငန်းတွင် နိုင်ငံခြားငွေစာရင်း အချင်းချင်းစာရင်းပြောင်း နိုင်ခြင်းနှင့် အခြားသောပြည်တွင်း ဘဏ်တစ်ခုခုနှင့် စာရင်းပြောင်း ရွှေ့နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံခြားငွေကြေး လွှဲပြောင်းပေးပို့ခြင်းလုပ်ငန်း ကုန်သွယ်မှု ပို့ကုန်လုပ်ငန်း ၀န်ဆောင်မှုများကို ဆောင်ရွက် မည်ဆိုလျှင် ပို့ကုန်ကြိုတင်ငွေပေးချေခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။ ယခုကဲ့သို့ ပုဂ္ဂလိကဘဏ်များက နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းကို ဆောင်ရွက်ခွင့်ရလိုက်ပြီဖြစ်သြ အဆိုပါ ဘဏ်များအနေဖြင့် နိုင်ငံခြားဘဏ်များနှင့်လည်း ကြိုတင်ချိတ်ဆက်ထားပြီဖြစ်ပြီး အများအားဖြင့် ထိုင်း၊ စင်ကာပူ၊ မလေး ရှား၊ ကိုရီးယားအစရှိသည့်နိုင်ငံများက ဘဏ်များနှင့် ချိတ်ဆက်သွားမည်ဟု CB ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာဦးဖေမြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ် ခြင်းလုပ်ငန်းတွင် အမေရိကန် ဒေါ်လာ၊ ယူရိုငွေနှင့် စင်ကာပူဒေါ်လာများကို လက်ခံမည်ဖြစ်ပြီး နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် ရှိသူများအနေဖြင့် ၎င်းတို့ဖွင့်လှစ်မည့် စာရင်းအပ်ငွေရရှိသည့် မူလအရင်းအမြစ်ကို တိတိကျကျပြသရန် လိုအပ်သည်။ CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါ်သိဂနွယ်က “နိုင်ငံခြားငွေစာရင်းဖွင့်လှစ် by 7Day News Journal | ||
Posted: 07 Aug 2012 06:01 AM PDT
ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို
ဝါဆို သင်္ကန်းကပ် လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စု ၀န်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင် ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မင်းတို့သည် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ ဘုရားကြီး ကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင် ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက် ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်
88 Generation Students
| ||
Posted: 07 Aug 2012 06:05 AM PDT
ရေးရာကော်မတီ များသည် လွှတ်တော်တွင်းမှ လွှတ်တော် အငယ်လေး များဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှုအပေါ်မူတည်၍ လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အတွက် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်များအနြေ
ဥပဒေကြမ်းများ ဆွေးနွေးတင်ပြရုံမျှဖြင့် လွှတ်တော်လုပ်ငန်း တာဝန်များ ကျေပွန်ပြီ
အလှန် ထိန်ုးညှိကူညီဆောင်ရွက်မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။ “ကော်မတီအသီးသီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်ဆက်စပ်သည့် အဖွဲ့အစည်းများအချင်းချင်းအပြန် ကပြောကြားသည်။ သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကိုယ်စားလှယ်များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။
7Day News Journal
| ||
Posted: 07 Aug 2012 05:25 AM PDT
ရန်ကုန်၊ သြဂုတ် ၇
ဒေသအခြေ အနေ တည်ငြိမ် အေးချမ်းနေပြီဟု အစိုးက တရားဝင် သတင်း ထုတ်ပြန်ထားသော ရခိုင်ပြည်နယ်ရှိ ကျောက် တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့ (ယ နေ့) တွင် နေအိမ် ၅၀၀ခန့်ရှိသော အင်ဘာရီကျေးရွှာ ထပ်မံ မီးရှို့ခံရကြောင်း အဆိုပါမြို့နယ်ရှိ ရခိုင် တိုင်းရင်းသားများ တ
ိုး တက်ရေး ပါတီမှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဦးစံသိန်းက ပြောကြားသည်။
အဆိုပါ မီးရှို့ခံရသော ကျေးရွှာတွင် ဘင်္ဂါလီလူမျိုးများ အများစုနေထိုင်ကြပြီး ရခိုင်တိုင်းရင်းသားများက မီးရှို့ဖျက်စီးခဲ့ ခြင်းဖြစ်ကြောင်း၊ သြဂုတ်လ ၄ ရက်နေ့၊ ၅ ရက်နေ့ နှင့် ၆ရက်နေ့များက ရခိုင်တိုင်းရင်းသားများနေထိုင ယင်းကဲ့သို့ မီးရှို့မှုကြောင့် နေအိမ် ၄၀၀ခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံများက ခန့်မှန်းပြောကြားသည်။ အဆိုပါ ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း အဆိုပါမြို့နယ်တွင် လုံခြုံရေးအင်အား အလွန်နည်းပါး သဖြင့် အချိန်မီဟန့်တားနိုင်ခြင်းမရှိ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကို The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့ မီးရှို့မှုများ ထပ်မံဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း အပျက်အစီးများနှင့် လူသေဆုံးမှု စာရင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ ကျောက်တော်မြို့တွင် ဖြစ်ပွား သော အခြေအနေများကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့ က အကြီးတန်း အရာရှိများသည် ယင်းမြို့နယ်သို့ သွားရောက်ကာ ဖြေရှင်းပေးနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
The Voice Weekly
| ||
Posted: 06 Aug 2012 10:58 PM PDT
"ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး
ကော်မတီသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာ"
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ ဇ အရ ယနေ့ဖွဲ့စည်းလိုက်ရာ ကော့မှူးမဲဆန္ဒနယ်မှလွှတ်တော်ကို ပုသိမ်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှယ် ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ ပြည်ထောင်စုအဆင့်ရှိ ယခုအဖွဲ့အစည်းသစ်ကို သက်တမ်းတစ်နှစ်သတ်မှတ် ထားပြီး ကော်မတီအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရတရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း မီဒီယာနှင့် သက်ဆိုင်သူအားလုံးကို တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်န တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေေ အကြောင်းကိစ္စများ ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့်တည်ငြိ ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး လျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ပြဌာန်းရန် များတွေ့ရှိက လွှတ်တော်သို့တင်ပြခြင်း၊သက်ဆို အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း စည်းကမ်း အမိန့်ကြော်ငြာစာ အမိန့်ညွှန်ကြားချက်နှင့်လုပ်ထုံ တည်ဆဲဥပဒေများ၊ ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေများနှင့်ညီညွတ်ဆီလျော်အော ရှိပါက လိုက်နာ ဆောင်ရွက် မှုကို စောင့်ကြည့် ထိန်းညှိကူညီခြင်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည် အဆိုပါကော်မတီသည်လုပ်ငန်းနှင့် အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခွင့်ရှိသည် ဟုဆိုသည်။ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိ အဖွဲ့ဝင်များအဖြစ် ပန်းတနော်မဲဆန္ဒနယ်မှဦးမန်းမော မဲဆန္ဒနယ်မှ ဦးမင်းဆွေ၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှဒေါ်ဒွဲဘူ၊ မိုင်းပြင်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ မတူပီမဲဆန္ဒနယ်မှ ဒေါက်တာရိုအုပ်၊ ဇီးကုန်းမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ကျိုက်မရောမဲ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုးမဲဆန္ဒနယ်မှ ဦးစိုးရယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှဒေါ်ခင်စောေ ဦးဆောင်စီ၊သင်္ဃန်းကျွန်းမြို့ ရသည်။ by 7Day News Journal | ||
Posted: 06 Aug 2012 10:42 PM PDT
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်သည်။
ရုပ်တုဖွင့်ပွဲကို မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး ၈၈၈၈ နှစ်ပတ်လည် သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် မိုးရေးမြို့ သတင်းထောက်များအသင်းခန်းမ၌ အခမ်းအနား ကျင်းပကာ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။ ရုပ်တုကို မိုးရေးမြို့ရှိ Social science study center (လူမှုသိပ္ပံ လေ့လာရေးစင်တာ) တွင် ထားရှိသွားမည်ဟု SCBD အဖွဲ့ဝင်တဦးဖြစ်သည့် ရှေ့နေကြီး Mr. Ratan က မဇ္စျိမကို ပြောသည်။ “Mr. Ksh. Santa နဲ့ Com. Sotin Kumar တို့ ခေါင်းဆောင်တဲ့အဖွဲ့ မနက်ဖြန်မှာ မိုးရေးမြို့ကို သွားမယ်။ တမူးဘက်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိတ်ကြားမှာလည်း ဖြစ်ပါတယ်။ နှစ်ဘက်စလုံးမှာရှိတဲ့ စိတ်ဝင်စားတဲ့ ပြည်သူတွေ တက်ရောက်နိုင်ပါတယ်” ဟုဆိုသည်။ SCBD တွင် နာယက Mr. Ksh. Santa နှင့်အတူ အိန္ဒိယ ကွန်မြူနစ်ပါတီ (CPI) ဒေသတွင်း ခေါင်းဆောင်တဦးဖြစ်သည့် Com. L. Sontin Kumar တို့ ဦးဆောင်ကာ သဘာပတိ အဖွဲ့ဝင် ငါးဦးဖြင့် ဖွဲ့စည်းထားပြီး မြန်မာ့အရေး စိတ်ပါဝင်စားသူ ဒေသခံ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ရှေ့နေများ၊ အရာရှိဟောင်းများ ပါဝင်ကာ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုများကို အစဉ်တစိုက် အားပေးခဲ့သည်။ လေးစား၊ အတုယူဖွယ် ကောင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်တု ထားရှိရန် မိုးရေးမြို့ကို ရွှေးချယ်ရခြင်းနှင့် ပါတ်သက်ပြီး ရှေ့နေ Mr.Ratan က “မဏိပူပြည်နယ်က ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသတာပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီ အရေး လှုပ်ရှားတဲ့ ပြည်သူတွေကို ဂုဏ်ပြုတာပါ။ အဲဒါကြောင့် ကျနော်တို့ နယ်စပ်မြို့ တခုဖြစ်တဲ့ မိုးရေးမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုကို ထားဖို့ ရွှေးချယ်တာပဲ ဖြစ်ပါတယ်။ မဏိပူ ပြည်သူတွေရော မြန်မာနိုင်ငံက ပြည်သူတွေပါ မြင်တွေ့နိုင်အောင်ပါ” ဟု ဆိုသည်။ SCBD အဖွဲ့သည် အိန္ဒိယ နယ်စပ်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်အတူ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများ ကျင်းပလေ့ရှိသည်။ နေမျိုး | နယူးဒေလီ (မဇ္ဈိမ) | ||
Posted: 06 Aug 2012 09:56 PM PDT
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ
သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။ အဆိုပါ ကော်မတီ ဥက္ကဌမှာ ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းမြင့် ဖြစ်ပြီး၊ အဖွဲ့ဝင် ၁၅ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊
တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီယာများကြား တရား
ဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိစေရန် ကြပ်မတ်ထိန်းကျောင်း
ရမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိစေရန် ဆောင်ရွက်
ရန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာမှ
ကြေညာခဲ့သည်။
ထို့ပြင် အဆိုပါ ကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း
ထပ်မံပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက်
စာမျက်နှာမှာ ဖော်ပြထားပါသည်။
| ||
Posted: 06 Aug 2012 09:42 PM PDT
တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီတရပ်ကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဖွဲ့ စည်းလိုက်ပါသည်။
ယနေ့ တိုးချဲဖွဲ့စည်းသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဌ နှင့် ပုသိမ်မဲ ဆန္ဒနယ်မှ ဦးဝင်းမြင့် (NLD)က အတွင်းရေးမှုး အဖြစ် ပြည်သူ့လွှတ်တော်မှ အတည်ပြု ကြေညာလိုက်ကြောင်း Popular Myanmar News Journal - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။ Popular Myanmar News Journal | ||
Posted: 06 Aug 2012 09:04 PM PDT
သြဂုတ် ၇၊ ၂၀၁၂၊ YPI
ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ရခိုင် လွတ်မြောက်ရေး ပါတီ(ALP Arakan Liberation Party) ကို နယ်ခြားစောင့် တပ်ဖွဲ့ကာ ယခုလက်ရှိ အင်အားထက် အဆ ၂၀ ၀န်းကျင်တိုးစေ ချင်သည်ဟု ပြည်ထေင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက ပြောကြောင်း ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။ ပြီးခဲ့သည့် လကုန်ပိုင်းက ၎င်းတို့ပါတီနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအ တိုင်းပြောခဲ့သည်ဟု ၎င်းက ပြောသည်။ '' ၀န်ကြီးကတော့ ဖွဲ့စေချင် တယ်ပြောတယ်။ ဒါပေမယ့် (ALP) ရဲ့ အင်အားက နည်းနေတော့ ထပ်တိုး စေချင်တယ် လို့လည်း ပြောတယ်" ဟု ဦးမျိုးကျော်ကဆို သည်။ ရခိုင်လွတ်မြောက် ရေးပါတီ(ALP) သည်လက်ရှိတွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးလျက်ရှိပြီး ၎င်းပါတီ တွင် အင်အား (၂၀၀) ခန့်သာရှိသဖြင့် ပြည်ထောင်စု ၀န်ကြီးက အင်အား (၄၀၀၀) ခန့်ရှိရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ''ပါတီဘက်ကလုပ်နိုင်မယ် ဆိုရင်ကောင်းတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးကို အမျိုးသားရေး စိတ်ဓာတ် အပြည့်နဲ့ စောင့်ရှောက်နိုင်လိမ့်မယ်။ ဒါပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ရင် ဖွဲ့စည်းပုံအရ စစ်တပ် လက်အောက်ကို ရောက်မှာဆိုတော့ ပါတီသဘောထား ဘယ်လိုရှိမလဲမသိဘူး'' ဟုပြောသည်။ ထိုသို့ပြုလုပ်နိုင်ပါက ALP အနေဖြင့်တရားဝင် အမျိုးသားရေးလုပ်နိုင်မည့် အနေအထားသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပါတီ၏ တာဝန်သည်လည်း အရေးပါလာ မည်ဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။ ၎င်းက '' ဆက်ဆံရေးရုံးဖွင့်ထားရုံလုပ်လို ဇွန်လဆန်းပိုင်းက ရခိုင်ပြည်နယ် အနောက်ပိုင်း မောင်တောမြို့နှင့် စစ်တွေမြို့များတွင် ဘင်္ဂါလီလူမျိုးများနှင့် ရခိုင်လူမျိုးများအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ထိစပ်နေသည့် မောင်တောမြို့တွင် ဘင်္ဂါလီလူမျိုး အများစုနေထိုင်ကြပြီး ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ခုအတွင်း လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခိုးဝင်လာခြင်းဖြစ်သည်ဟု မြန်မာ အစိုးရက ယူဆထားသည်။ ယင်းအခြေအနေကြောင့် ALP အဖွဲ့အား ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းစေလိုခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်သူများက ကောက်ချက်ချကြသည်။ ALP / ALA Arakan Liberation Army ကို ၁၉၇၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် အင်အား ၂၀၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာနိုင်ငံအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ ဖိတ်ခေါ်ချက်အရ ALP ခေါင်းဆောင်များ စစ်တွေမြို့သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ALP ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ရခိုင်လူမျိုး သိန်းနှင့်ချီကြိုဆိုခဲ့ကြသည်။ လက်ရှိ ဒုတိယဥက္ကဋ္ဌမှာ ခိုင်စိုးနိုင်အောင်ဖြစ်၍ အတွင်းရေးမှူး (၂)မှာ ခိုင်သုခဖြစ်သည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ရာ လက်နက်ကိုင် အဖွဲ့အတော်များများနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် ၁၇ နှစ်ကြာ အပစ်ရပ်ခဲ့ပြီး ၂၀၁၁ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ရာမှာ ယခုချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ ။ by Yangon Press International | ||
Posted: 06 Aug 2012 06:39 PM PDT
| ||
Posted: 06 Aug 2012 06:38 PM PDT
| ||
Posted: 06 Aug 2012 06:36 PM PDT
| ||
Posted: 06 Aug 2012 09:15 PM PDT
NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 06 Aug 2012 09:12 PM PDT
ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် (၁၅) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဈေးရောင်းချခွင့် ပြန်လည် တောင်းဆိုနေတဲ့ ဈေးသည်အယောက် (၂၀) ကျော်ထဲက (၁၅) ယောက်ကို ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
|
0 comments:
Post a Comment