နေမျိုးမှတ်စု (၂)
by Nay Myo on Saturday, August 11, 2012 at 11:27pm
၁၉၈၈ ခုနှစ်၊ ဒီ အရေးအခင်းကာလဟာ သိပ်ပြီးပြင်းထန်ပါတယ်။ ကျွန်တော်တို့ စတာကတော့ ဟိုဘက်က ကျောင်းသားကိစ္စနဲ့ စတာပေါ့ဗျာ။ (RIT) ကျောင်းသားကိစ္စနဲ့ စတာပဲ။ သို့သော်ငြားလည်း အဲဒီနေရာမှာ ဗကပ (Cell) တွေကနေ ၀င်ပြီးတော့မှ ဒါ အုံကြွမှုတွေဖြစ်အောင် (Agitate) လုပ်တာပေါ့။
အဲဒီအချိန်မှာ အုံကြွမှုတွေကို ပိုပြီးတော့ဖြစ်အောင် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘာဖြစ်သလဲ ဆိုရင် စီးပွားရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခိုင်ခိုင်မာမာ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ နိုင်ငံတော်မှာ စီးပွားရေး ကျဆင်းတယ်။ စီးပွားရေးကျဆင်းတဲ့ အခါကျတော့ ပြည်သူတွေမှာ စားဝတ်နေရေး ကျပ်တည်းလာတယ်။
အဲဒီအချိန်မှာ အုံကြွမှုတွေကို ပိုပြီးတော့ဖြစ်အောင် ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ဘာဖြစ်သလဲ ဆိုရင် စီးပွားရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခိုင်ခိုင်မာမာ ကျွန်တော်တို့ မလုပ်နိုင်ဘူး။ နိုင်ငံတော်မှာ စီးပွားရေး ကျဆင်းတယ်။ စီးပွားရေးကျဆင်းတဲ့ အခါကျတော့ ပြည်သူတွေမှာ စားဝတ်နေရေး ကျပ်တည်းလာတယ်။
စားဝတ်နေရေး ကျပ်တည်းလာတဲ့အခါကျတော့၊ ပြည်သူအတွင်းမှာ စားဝတ်နေရေး ကျပ်တည်းလာတဲ့ အခါကျတော့ ပြည်သူတွေထဲမှာရော၊ ၀န်ထမ်းတွေထဲမှာရော၊ ကျောင်းသားတွေထဲမှာရော တဖြည်းဖြည်းနဲ့ မကျေနပ်စိတ်တွေက ကိန်းအောင်းလာတယ်။ အဲဒီ မကျေနပ်စိတ်တွေ ကိန်းအောင်းနေတဲ့အချိန်မှာ အဲဒီ ကျောင်းသားအရေးအခင်းလေးက ပေါ်လာတဲ့အခါကျတော့ ဗကပ က၀င်ပြီးတော့မှ ဆူပူမှုတွေဖြစ်အောင်လို့ လှုံ့ဆော်မှုလုပ်တယ်။
လုပ်တဲ့အခါကျတော့ အဲဒီမှာ အရေးအခင်းဟာ တဖြည်းဖြည်းနဲ့ ပြင်းထန်လာတာ အားလုံးသိတဲ့ အတိုင်းပဲ။ ဟာ မြို့လယ်ခေါင်မှာ လုယက်တာတွေ၊ ခေါင်းဖြတ်တာတွေ၊ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ တစ်ခါမှ မရှိဘူးတာတွေ၊ မြန်မာလူမျိုးရဲ့ ဓလေ့စရိုက်မှာ ဒီလို ခေါင်းဖြတ်သတ်တဲ့ဥစ္စာမျိုး မရှိဖူးဘူး။ ဗကပ တောင်မှ သူတို့အချင်းချင်း သတ်တဲ့နေရာမှာ ခေါင်းဖြတ်သတ်တာ မရှိဘူး။ တုတ်နဲ့ရိုက်ပြီးတော့ သတ်တာပဲ ရှိတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ အရေးအခင်းကာလမှာတော့ မြို့လယ်ကောင်မှာတင် ခေါင်းဖြတ်သတ်တာတွေ၊ လူအုပ်ကြီး အလယ်ကောင်မှာ ခေါင်းဖြတ်သတ်တာတွေက ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ။ ရက်ရက်စက်စက် သတ်တာ။
အဲဒါ မြို့လယ်ကောင်မှာ ဖရိုဖရဲဖြစ်တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကလည်း နိုင်ငံတော် အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း၊ အမိန့်အတိုင်း ဆောင်ရွက်ရတာကိုး။ အဲဒီအချိန်မှာ တပ်မတော်ကို ပစ်ခတ်ဖို့အတွက် လုံးဝအမိန့်မပေးဘူး။ မပစ်ရဘူးဆိုပြီး တားဆီးခဲ့တဲ့အမိန့်ပဲ ကျွန်တော်တို့ရတယ်။ ရတဲ့အခါကျတော့ အခြေအနေဟာ ++++++++ ဆိုတဲ့အခါကျတော့၊ ဒါ ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများ၊ အများကြီး ပါမှာပါ။ တစ်ဗိုလ် တစ်မင်းတွေ ဖြစ်တယ်။ +++++ မှာ တစ်ဗိုလ်ပဲ။ ရပ်ကွက်တစ်ခုမှာဆိုရင် တစ်ဗိုလ် မကဘူး။ လေး၊ ငါးဗိုလ်လောက် ဖြစ်နေတယ်။ လမ်းတစ်လမ်းမှာ တစ်ဗိုလ်ပဲ။ အဲဒီတော့ +++++ မှာ ခြံစည်းရိုးတွေခတ်၊ ++++ တွေပိတ်၊ အပြင်လူစိမ်း လမ်းထဲကို ++++++ ဘူး။ ကျွန်တော်တို့ စစ်ကား ၀င်လို့မရဘူး။ စစ်ကားဝင်ရင် စစ်ကားကို မီးရှို့မယ်။ ဂျင်ကလိနဲ့ ပစ်မယ် ဆိုပြီးတော့ သေနတ်ကိုင်ထားတဲ့လူကို ခြိမ်းခြောက်တာ။
အဲဒီတော့ သေနတ်ကိုင်ထားတဲ့ ကျွန်တော်တို့ တပ်မတော်ကားက အဲဒီထဲကို မ၀င်ရဲဘူး။ ၀င်ရင် ပတ်ခတ်မှ ဖြစ်မယ်။ သွေးထွက်သံယို ဖြစ်မယ်။ သွေးထွက်သံယိုဖြစ်ရင် တပ်မတော်မှာ တရားခံဖြစ်မယ်။ ဆိုတဲ့အခါကျတော့ အဲဒီထဲကို မသွားရဲဘူး။ ကျွန်တော်တို့ အဲဒီမှာ ဘယ်လောက်အထိ အကြပ်အတည်း အခက်အခဲဖြစ်သလဲဆိုရင် ကျွန်တော်တို့ပြောမယ်။ နိုင်ငံရေးသမားတွေ၊ ဒီဆူပူမှုကို ဖန်တီးတယ်လို့ ယူဆဖွယ်ဖြစ်တဲ့ နိုင်ငံရေးသမားတွေ၊ တစ်ညမှာ ဖမ်းဖို့ ကျွန်တော်တို့ အမိန့်ရတယ်။ ကျွန်တော့်ကို မင်း ဖမ်းပေးရမယ်။ စာရင်းပေးတာ၊ စာရင်းရတာပေါ့။ အားလုံးပေါင်း ၁၀ ယောက်။ သာမန်အားဖြင့်ဆိုရင် လူ ၁၀ ယောက် ဖမ်းတာ တစ်ညနဲ့၊ ခဏလေးနဲ့ ဖမ်းလို့ရတာပေါ့။
အခုလိုအချိန်မျိုးဖမ်းရင် ၁၀ ယောက်ဟာ တစ်နာရီအတွင်း ကျွန်တော် လိုက်ဖမ်းလို့ရတယ်။ အဲဒီအချိန်တုန်းက လူ ၁၀ ယောက်ဖမ်းဖို့ နေနေသာသာ၊ လူနှစ်ယောက်ပဲ ကျွန်တော်တို့ ဖမ်းလို့ရတယ်။ သခင်တင်မြနဲ့ ဗိုလ်ရဲထွဋ်၊ နှစ်ယောက်ပဲ ဖမ်းလို့ရတယ်။ တစ်ညလုံး၊ ကျွန်တော့်ကို တပ်ဘယ်လောက် ပေးသလဲ။ တပ်ရင်းသုံးရင်း ပေးတယ်။ တပ်ရင်းသုံးရင်း ပေးတယ်။ တပ်ရင်းသုံးရင်းကို အဲဒီမှာ တစ်ညလုံး လမ်းတွေထဲမှာ တုတ်တွေ ဓားတွေကိုင်လို့ အဲဒီမှာ။ ဒီဆန္ဒပြတဲ့ကောင်တွေက မီးပုံတွေနဲ့ ထိန်ထိန်ညီးနေတာ။ အဲဒီအိမ်တွေနားမှာ။ ဘယ်လိုမှ တပ်က ၀င်လို့မရဘူး။
တပ်ဝင်ရင် တပ်ကို တားသေးတယ်။ တားပြီးတော့မှ အဲဒီ (Convey) ကို သူက လိုက်စစ်ဆေးတယ်။ ဘယ်သွားမှာလဲ။ ဟာ.. ဒို့ လုံခြုံမှု ဆောင်ရွက်နေတာ။ မင်းတို့ကို အန္တရာယ်ပြုမှာ မဟုတ်ဘူး။ ဒို့ လုံခြုံရေးအရ သွားမှာ။ အဲဒီလိုပြောပြီး သွားရတယ်။ ဘယ်လောက်ဆိုးသလဲဆိုရင် ဒါ ရန်ကုန်မြို့ထဲမှာ နေတဲ့လူတွေဆိုရင် သိမယ်။ နယ်မှာဆိုရင်တော့ မသိဘူး။ အဲဒီတော့ ကျွန်တော်တို့တပ်က ဘာမှလုပ်လို့ မရဘူး။ လူလေး နှစ်ယောက် ဖမ်းတာတောင် တပ်ရင်းသုံးရင်းနဲ့ ဖမ်းရတယ်။ ဘယ်လောက် အခြေအနေဆိုးသလဲ။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ ဟုတ်လား၊ ခင်ဗျားတို့ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးရုံးပေါ်မှာ ကျွန်တော်တို့ တပ်စု တစ်စုရှိတယ်။ အမှန်တော့ထားတာ တပ်ခွဲ တစ်ခွဲပါ။ တပ်ခွဲတစ်ခွဲကနေပြီးတော့မှ အပြင်ကို တာဝန်နဲ့ တပ်စုတစ်စုက ရောက်နေတယ်။ အခြား တာဝန်ကလေးတွေလဲ ထုတ်တဲ့အခါကျတော့ တကယ်ကျန်တာက တပ်စုတစ်စုပဲ ကျန်တာ၊ ကုန်သွယ်ရေးရုံးပေါ်မှာ ရှိတဲ့ တပ်စုကို။ အဲဒီတပ်စုကလည်း ကျည်ဆန်တစ်တောင့်က ထွက်သွားတယ်။ ထွက်သွားတာ ရဲဘော်တစ်ယောက်က မခံမရပ်နိုင် ဖြစ်လွန်းအားကြီးလို့၊ အောက်မှာ ဆဲဆိုနေတဲ့အခါကျတော့ မခံမရပ်နိုင်ဖြစ်လွန်းအားကြီးလို့ ရဲဘော်ကနေပြီးတော့ သေနတ်မောင်းကို ကုတ်တာပဲ။ ကုတ်တော့ အဲဒီကျည်ဆံတစ်တောင့်က ဓါတ်တိုင်ကို သွားထိပြီးတော့ ဆန္ဒပြတဲ့ လူတစ်ယောက်ရဲ့ခေါင်းသွားပြီးတော့ ရှပ်ပြီးတော့ထိတာ။ ဆံပင်လေးဖြတ်သွားတာပါ။ အသားဘာမှ မပေါက်ဘူး။ အရေမပေါက်ဘူး။ ဆံပင်ဖြတ်သွားတာ။
အဲဒါ ကုန်သွယ်ရေးရုံးပေါ်က တပ်က သေနတ်နဲ့ပစ်တယ် ဆိုပြီးတော့ ဒီတပ်ကို ၀ိုင်းတာပဲ။ ၀ိုင်းတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ တယ်လီဖုန်းရပါတယ်။ အဲဒီတပ်စုမှူးနဲ့ တယ်လီဖုန်းရတယ်။ နောက်ပြီးတော့ တစ်ဖက်ကလည်း သတင်းကပေးနေပြီ။ သတင်းက ဘယ်သူပေးသလဲဆိုတော့ အခု လ၀က ညွှန်ချုပ်လုပ်နေတဲ့ ကိုအောင်။ သူက ကုန်သွယ်ရေးရုံးနဲ့ မျက်စောင်းထိုးမှာ၊ ကုန်သွယ်ရေးရုံးနဲ့။ သူက သူ့နေရာက လှမ်းပြီးတော့မှ အဲဒီရဲ့ လူတွေရဲ့ လှုပ်ရှားမှုကို မြင်နေတယ်။ သူကလည်း လူတွေရဲ့ လှုပ်ရှားမှုကို မျက်မြင်၊ အဲဒီကနေ တယ်လီဖုန်းနဲ့ (Report) လုပ်နေတယ်။
ကျွန်တော်တို့က အဲဒီအချိန်မှာ စစ်ရုံးက (GI) အခန်းထဲမှာ အားလုံးက။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊ ကျွန်တော်တို့ပေါ့လေ။ တစ်ဖက်ကလည်း အဲဒီအရာရှိလေးက နေပြီးတော့ တဖြည်းဖြည်းနဲ့ ဆန္ဒပြတဲ့လူတွေ အောက်ထပ်ဝင်လာပြီ။ ပထမက အောက်ထပ်မှာ ကျွန်တော်တို့ တပ်စုကနေပြီး တပ်စိတ်တစ်စိတ်က အောက်ထပ်မှာ ထားတာ။ တပ်စုမှူးနဲ့ တပ်စိတ်တစ်စိတ်က အောက်ထပ်မှာ၊ ဒါပေမယ့် တံခါးကိုဖျက်ပြီးတော့မှ ဆန္ဒပြတဲ့လူတွေက အောက်ထပ်ကို ၀င်လာတဲ့ အခါကျတော့လဲ၊ အဲဒါဆိုရင် မင်းတို့ အပေါ်ထပ်ကို တက်လိုက်။ အပေါ်ထပ်ကို တက်တယ်၊ သူတို့က အပေါ်ထပ်ကို လိုက်လာတယ်။ နောက်ဆုံး တစ်ထပ်ပြီး တစ်ထပ်၊ တက် တက်၊ တက် တက်လာတဲ့ အခါကျတော့ နောက်ဆုံးအဆင့်ကျတော့ ကျွန်တော် ဘာလုပ်ရမလဲတဲ့။
ပစ်မိန့်လည်း ပေးလို့မရဘူး။ မပစ်ရဘူးဆိုပြီးတော့ တားဆီးထားတဲ့အတွက် ပစ်မိန့်ပေးလို့ မရဘူး။ နောက်ဆုံး ဆန္ဒပြတဲ့လူတွေကနေပြီးတော့ တယ်လီဖုန်းနဲ့ သတင်းပို့နေမှန်း သိတဲ့အခါကျတော့ တယ်လီဖုန်းကြိုး ဖြတ်ပစ်လိုက်တယ်။ တယ်လီဖုန်းအဆက်အသွယ် ပြတ်သွားတယ်။ ပြတ်သွားပြီးတဲ့နောက်မှာ၊ နောက်ဆုံးပြောရရင် ဆန္ဒပြတဲ့လူတွေက အဲဒီတပ်စုကို ဘုန်းကြီးတွေက ဦးဆောင်ပြီးတော့ပေါ့၊ ကဲ ဒကာတို့ ဘာမှစဉ်းစားမနေနဲ့တော့၊ ဘုန်းကြီးတို့ ကြည့်ပြီးတော့ စီမံပေးမယ်။ ဒကာတို့ ဘာမှ အန္တရာယ် မဖြစ်စေရဘူး ဆိုပြီးတော့ ဘုန်းကြီးတွေက သိမ်းသွင်းပြီးတော့မှ၊ ကဲ သေနတ်တွေ ကျုပ်တို့ သိမ်းမယ်ဆိုပြီး၊ ဘုန်းကြီးတွေကနေ ယူလိုက်ပြီးတော့မှ၊ ကဲ သေနတ်တွေ သိမ်းပြီးပြီ၊ တပ်ကသေနတ်တွေ သိမ်းပြီးပြီ ဆိုပြီးတော့ ဆန္ဒပြတဲ့လူတွေကို ပြတယ်။ ပြပြီးတော့မှ စောစောက ကျန်တဲ့ ရဲဘော်တွေကို ဘုန်းကြီးတွေကပဲ နောက်ဖေးပေါက်နေပြီးတော့မှ သင်္ကန်းတွေကြားထဲ၊ သင်္ကန်းတွေခြုံပြီး ခေါ်ထုတ်သွားပြီးတော့မှ စံပြရုံ၊ စံပြရုံကနေ သရက်တောကျောင်းတိုက်၊ အဲဒီလို ခေါ်သွားတယ်။
ဆိုတော့ အဲဒီမှာလည်း တစ်ချို့ဘုန်းကြီးတွေ၊ ကောင်းတဲ့ဘုန်းကြီးတွေလည်း အများပါ။ ဥပမာ အခု သရက်တောကျောင်းတိုက်က မှန်ကျောင်းဆရာတော်၊ သူ ဦးဆောင်ပြီးတော့ ခေါ်ထုတ်သွားရတယ်။ ခေါ်ထုတ်သွားပြီး သူ့ကျောင်းထဲမှာပဲ ကျောင်းမှာ ၀ှက်ထားပေးတဲ့ဟာမျိုးလုပ်တယ်။ ဒါ တစ်ချို့ ဘုန်းကြီးတွေ ကောင်းတာပေါ့လေ။ အဲဒီတော့၊ အဲဒီလိုအရေးအခင်း ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့က ဒီအတိုင်း ဆိုရင်တော့ မဖြစ်ဘူး။ တပ်စုတစ်စုတောင်မှ ဒီလိုလုပ်လာပြီဆိုတော့၊ နောက်တစ်ဆင့် တဖြည်းဖြည်းနဲ့ အတင့်ရဲလာတော့မယ်။ ဦးကျိုးသွားတဲ့ဟာမျိုး ဆက်ဖြစ်ရင်တော့ မဖြစ်ဘူးဆိုပြီးတော့မှ ကျွန်တော်တို့ တိုင်ပင်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ဦးစီးချုပ်ရယ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ကျွန်တော်ရယ်၊ နောက်ပြီးတော့ အဲဒီတုန်းက လမ်းစဉ်ပါတီက ဗိုလ်ချုပ်ကြီး ထွန်းရီရယ်။ ကျွန်တော်တို့ လေးယောက်၊ အဲဒီ ဦးစီးချုပ်အခန်းမှာပဲ တံခါးပိတ်ပြီးတော့ပေါ့၊ ဘာလုပ်မလဲ။ ဒီလိုတော့ ဖြစ်နေပြီ။ ဆိုတော့ အဲဒီမှာ ကျွန်တော်တို့ ခေါင်းဆောင်ချည်း ရှိတာကိုး။ ဟုတ်လား၊ အစိုးရအဖွဲ့ ခေါင်းဆောင်တွေ ရှိတယ်။ ပါတီက ခေါင်းဆောင်ကြီးတွေရှိတယ်။ သူတို့ဆီကိုလည်း (Information) အမှန်တွေက မရောက်ဘူး။ မရောက်တဲ့အခါကျတော့ ဆုံးဖြတ်ချက်က ပီပီပြင်ပြင် ကျွန်တော်တို့ မရဘူး။
အဲဒီတော့ ကျွန်တော်တို့က နောက်ဆုံး ဒီဟာတော့ ဒီအခြေအနေ၊ ကုန်သွယ်ရေးရုံးမှာ ဖြစ်ခဲ့တဲ့ အခြေအနေကတော့ သိပ်ဆိုးနေပြီ။ ကျွန်တော်တို့ ဒီအတိုင်းဆိုရင်တော့၊ ကျွန်တော်တို့ တပ်မတော်လည်း ပျက်တော့မယ်။ တပ်မတော်ကွဲသွားရင် ဖရိုဖရဲဖြစ်သွားရင် တိုင်းပြည်ပါ ပျက်လိမ့်မယ်။ တစ်ခုခုတော့ ကျွန်တော်တို့ ဆုံးဖြတ်မယ်၊ ရဲရဲတင်းတင်း ဆုံးဖြတ်မှ ဖြစ်မယ်။ အဲဒီမှာ ကျွန်တော်တို့ ဆွေးနွေး၊ ဆွေးနွေးပြီးတော့မှ ဘာလုပ်လဲဆိုရင် အဲဒီအချိန်တုန်းက နိုင်ငံခေါင်းဆောင်အဖြစ်နဲ့ ရှိနေသေးတဲ့ ဥက္ကဌကြီး ဦးနေ၀င်းဆီ ဒီသတင်းအမှန်ကိုတော့ သွားပြီးတော့ တင်ပြမယ်။
0 comments:
Post a Comment