သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၈)
သစ်ထူးလွင်
|
- ခုံရုံး၏ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဖြေရှင်းပေးရန်အဆို မဲခွဲဆုံးဖြတ်
- မော်တော်ဆိုင်ကယ်လိုင်စင်သစ်ပြု
လုပ်ပေးရာမှာ တရားမ၀င်ငွေတောင်းခံခြင်း - အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ
- မြန်မာ စီးပွားရေး ကော်ပရေး (MFC) အရှုပ်တော်ပုံ
- မွေး/ကု ဦးစီးဌာနမှ ဝန်ထမ်းများပြောင်းရွှေ့မှု နောက်ဆက်တွဲ ဒုက္ခများ
- ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်းမည်
- တောင်ပြုံးပွဲတော်ကြီး စတင်ပြီ
- ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံ
- ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ
- HIV ပိုးရှိသူ မိဘမဲ့ ဆယ်တန်းကျောင်းသူနှစ်ဦး ဝိုင်းကျူရှင်မှ ထုတ်ပယ်ခံရ
- ဖားကန့် ရွှေမှော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာ
- 2013 DV မဲ အောက်တိုဘာ ၁ရက် တွင် နောက်တစ်ကြိမ် မဲ ထပ်ဖောက်နိုင်
- တရုတ်ပြည်သူတချို့ စိတ်မမှန်ဟု အတင်းသတ်မှတ်ခံရ
- ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး
- ဦးအောင်သိန်းလင်း အမတ်ဖြစ်မှ ရုတ်သိမ်းပေးရန် ကော်မရှင်ကို တင်တော့မည်
- ရခိုင်တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၆၃ ဦးကို ထောင်ချ
- ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ အဓမ္မမြေသိမ်းယူမှု
- ကချင် ဒုက္ခသည်များကို တရုတ်အာဏာပိုင်များ စတင်မောင်းထုတ်
- မြောင်းမြ အန်အယ်လ်ဒီ ဆန္ဒပြမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
- ရေးရာကော်မတီတွင် အဖွဲ့ချုပ် ကိုယ်စားလှယ်များ တိုးချဲ့ဖွဲ့စည်း
- လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်
- ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ
Posted: 23 Aug 2012 07:07 AM PDT
လွှတ်တော်တွေက ဖွဲ့ထားတဲ့ ရေးရာကော်မတီနဲ့ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဖြစ်ဘူးဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လွဲမှားကြောင်း ဖြေရှင်းချက်ထုတ်ပေးဖို့အဆိုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရာ ဆွေးနွေးဖို့ အများသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။
သီပေါ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက “ခုံရုံးကနေပြီးတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီး သမ္မတက အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတဲ့အပေါ် မူလက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေကနေ ခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးကြဖို့ အဆိုတင်မယ်ဆိုတဲ့ စကားရပ်အစား “မှားယွင်းပြီး ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဖြေရှင်းပေး ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အခြေခံဥပဒေခုံရုံးဟာ လုပ်ပိုင်ခွင့် မရှိတာကို ဆုံးဖြတ်လုပ်ကိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြကြတယ်လို့ ဆိုပါတယ်။ ဦးရဲထွန်းက “သူတို့က ဒါတွေကို သုံးသပ်ဖို့ အတွက် တာဝန်ပေးမထားဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာသော်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထဲမှာသော် လည်းကောင်း သူတို့ကို အဲဒီတာဝန် ပေးမထားဘူး။ သူတို့ သုံးသပ်ထားတာက ကျနော်တို့ ပြုလိုက်တဲ့ နောင် အသစ်ထွက်လာမယ့် ဥပဒေများက ဖွဲ့စည်းအခြေခံဥပဒေနဲ့ ညီမညီဆိုတာပဲ သုံးသပ်ပေးရမှာ။ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်ကြားက လွှတ်တော်တွေက ပြုတဲ့ဥပဒေတွေ ကြားမှာ ဆန့်ကျင်ဘက်တွေ ဖြစ်နေရင် စသဖြင့်ပေါ့ အဲဒါတွေကို သူတို့က သုံးသပ်ပေးရမှာ။” ပြည်ထောင်စုလွှတ်တော်က ခုံရုံးရဲ့ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဆုံးဖြတ်ပေးဖို့အဆိုကို ဆွေးနွေး အတည်ပြုပေးရင်တော့ အခြေခံဥပဒေခုံရုံးက အဖွဲ့ဝင်တွေက နုတ်ထွက်စရာမလိုသလို အခြေခံဥပဒေကိုလည်း ပြင်ဆင်စရာ မလိုတော့ဘူးလို့လည်း သိရပါတယ်။ by မင်းလွင် (ဒီဗွီဘီ) | ||
Posted: 23 Aug 2012 12:42 AM PDT
ဧရာဝတီတိုင်းဒေသကြီး ၊ ရေကြည်မြို့ နယ် ရေကြည်မြို့ တွင် ပုသိမ်ခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ (၂၀.၈.၁၂)နေ့တွင် မော်တော်ဆိုင်ကယ် လိုင်စင်သစ်များ လာရောက်ပြုလုပ်ပေး ခဲ့ပါသည်။
ထိုသို့ လာရောက်ပြုလုပ်ပေးရာတွင် ရေကြည်မြို့မှ ဦးထွန်းရီဆိုသူမှ မည်သည့်အကြောင်းပြချက်မှ မရှိပဲ လိုင်စင်လုပ်မည့်ဆိုင်ကယ်များကိ ဆိုင်ကယ်(၄၂၅)စီးခန့် ပိုက်ဆံတောင်းယူ ခဲ့ပါသည်။ ရေကြည်မြို့နယ် အတွင်း ဒေသအများစုတွင် ရေလွှမ်းမိုးနေသဖြင့် သွားလာရေး အလွန်ခက်ခဲပြီး ထိုနေ့မှ လာရောက်သူများကို လိုင်စင်ပြုလုပ်ပေးရာ စက်မှုလယ်ယာဝန်း အတွင်းသို့ ပေးမ၀င်စေခြင်း ၊ လိုင်စင်ပြုလုပ်လိုပါက ငွေ(၅၀၀၀)ပေးမှ ၀န်းအတွင်းသို့ ၀င်စေခဲ့ပါသည်။ ထိုကဲ့သို့ လိုင်စင်ပြုလုပ်ပေးရာတွင် အမှန်တကယ်ကျသင့်သည့် ငွေကြေးကိုပေးဆောင်ရန် ၀န်မလေးသော်လည်း မတရားကောက်ခံသည့် ငွေတောင်းယူခြင်းကို လိုင်စင်ပြုလုပ်သူများမှ မကျေနပ်ကြပါ။ ယခုစီးရေ လေးရာကျော်အတွက် ငွေကျပ်သိန်း(၂၀)ကျော်ကို ကိုယ်ကျိုးရှာသူ လူတစ်စုက၀န်ထမ်းများနှင့်ပေါင်း ရေကြည်မြို့ မှ ပြည်သူတဦး
| ||
Posted: 23 Aug 2012 12:10 AM PDT
ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင် -----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Aug 2012 11:53 PM PDT
မြန်မာ စီးပွားရေး ကော်ပရေး (MFC) တွင်း အရာရှိများ၏ လာဒ်စားမှုများ ၊ လိမ်လည်မှုများ ၊ လူမှုရေးဖောက်ပြန်မှုများ ကို နိုင်ငံတော် သမ္မတ ၊ ကာကွယ်ရေး ဦးစီးချုပ် နှင့် နိုင်ငံရေးပါတီများ ကို အသေးစိတ် အထောက်အထားများ နှင့် မြန်မာ စီးပွားရေး ကော်ပရေး (MFC) မှ ၀န်ထမ်းများမှ တိုင်ကြားထားပါသည်။ ----
တိုင်ကြားစာ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 11:47 PM PDT
၂၂-၈-၂၀၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဘီအိုစီ ကွေ့မှတ်တိုင်ရှိ မွေးမြူရေးနှင့်ကုသရေး ဝန်ထမ်း (၇၀) ဦးကို ပထမအသုတ် စတင်၍ နေပြည်တော်သို့ ထွက်ခွါသွားရာ ည (၂) နာရီ အချိန်တွင် ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 09:45 PM PDT
ရန်ကုန်၊ သြဂုတ်လ ၂၂။
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာတက္ကသိုလ်ထံမှ စုံစမ်း သိရသည်။ နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Simulator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊ ဓါတ်ခွဲခန်း လိုအပ်ချက်၊ Simulator Room လိုအပ်ချက်များကြောင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Simulator Room တစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာ ငွေသန်းချီ ကုန်ကျမည် ဖြစ်ပြီး Softwareကို အိန္ဒိယကဝယ်၍ Hardwareကို မြန်မာနိုင်ငံတွင် ဝယ်ယူ တပ်ဆင်ပါက ငွေအကုန်ကျ သက်သာမည် ဖြစ်သောကြောင့် အိန္ဒိယနှင့်အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ရေကြောင်း တက္ကသိုလ် အနေနှင့် နိုင်ငံတကာ White List စာရင်းတွင် ရပ်တည်ရန် အတွက် အရည်အချင်း ပြည့်မီရန် လိုအပ်ချက်များကို ပြုပြင်ရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။ ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ခုနှစ် က စတင် တည်ထောင်ရာ ၂၀၀၃-၂၀၀၄ခုနှစ် တွင် ဆင်မလိုက် ရေကြောင်းသိပ္ပံတွင် စတင်ပညာ သင်ကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါ ဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများ အရ သိရသည်။ The Voice Weekly | ||
Posted: 22 Aug 2012 09:28 PM PDT
ရိုးရာယုံကြည်မှု ဓလေ့ထုံးစံ အစွဲအလန်းများနှင့် အစဉ်အလာမပျက် ကျင်းပသော တောင်ပြုံးပွဲတော်သို့ အများဆုံးလာရောက်ကြသူများမှာ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှဖြစ်သဖြင့် ပွဲတော်စည်ကားခြင်း၊ မစည် ကားခြင်းဟူသည့် ကိစ္စရပ်မှာ အဆိုပါဒေသ၏ စီးပွားရေး အခြေအနေ၊ ရာသီဥတု အခြေအနေများနှင့် ဆက်စပ်ပတ်သက်ကြောင်း ဆယ့်နှစ်ပွဲဈေးသည် အသိုင်းအ၀ိုင်းမှ ဆိုကြပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း ရာသီဥတု အခြေအနေများအရ စည်ကားမှု လျော့ကျဖွယ်ရှိသော်လည်း ပွဲတော်စ တင်သည့် ၀ါခေါင်လဆန်း ၁ ရက်နေ့မှ ၄ ရက်နေ့အထိ(သြဂုတ်လ ၁၈ ရက် မှ ၂၁ ရက်နေ့ထိ) နတ်ညီလာခံ စတင်သည်နှင့် ကိုယ်တော်ကြီး၊ ကိုယ်တော် လေး မင်းနှစ်ပါးစံရာ နတ်နန်းသို့ နန်းထိ နန်းရောက်လာရောက်ကာ ကိုယ်တိုင်ကန်တော့ပွဲရွက်၍ တက်ပွဲ၊ ပြပွဲ၊ အပ်ပွဲ စသည့် အမည်အမျိုးမျိုးနှင့် ကန်တော့ပွဲများ ရောက်ရှိစည်ကားနေပြီဖြစ်သည်။ မင်းညီနောင်ချိုးရေတော်သုံးသော ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၂၈ရက်နေ့)တွင် ဧည့်ပရိတ်သတ်လူထုက ထုံးစံမပျက် တိုးမပေါက်အောင် စည်ကားမည်ဖြစ်ကြောင်း တောင်ပြုံးဒေသခံများက သုံးသပ်ကြပါသည်။ ယခုနှစ်သည် ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်ဖြစ်သောကြောင့် 'စုံ'နှစ်ဖြစ်၍ ကိုယ်တော်လေး (မင်းလေး)နှစ်ဖြစ်ရာ ယခင်နှစ်ထက် ပိုမိုစည်ကားမည်မှာ သေချာသည်ဟုလည်း သုံးသပ်ကြသည်။ Eleven Media Group | ||
Posted: 22 Aug 2012 09:30 PM PDT
သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြု ပြောဆိုပေမဲ့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ် တွေကိုတော့ မပြောပါဘူး။ ဒါဟာဖြင့် သီတင်းနှစ်ပတ်တောင် မရှိတဲ့အချိန်အတွင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန်ကတည်းကဆိုရင် သမ္မတနဲ့ တွေ့ဆုံတာဟာ စုစုပေါင်း သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးတွေ့ဆုံခဲ့တာက သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်နဲ ဦးကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာပိုင်း) | ||
Posted: 22 Aug 2012 09:18 PM PDT
ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။
ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကုမ္ပဏီထွက် Beetle, Golf နဲ့ Passat ကားမော်ဒယ်တွေနဲ့ လူသိများပါတယ်။ ကုမ္ပဏီဟာ နှစ်စဉ် ကားအစီးရေ ၄ သန်း ပျမ်းမျှ ရောင်းချနေရပါတယ်။ တချိန်ထဲမှာပဲ တောင်ကိုးရီးယား ကားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Hyundai နဲ့ Kia ကားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ဒိုင်းမွန်းစတားကုမ္ပဏီကို ဒေသတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးနေကြောင်းနဲ့ ကားအသစ်တွေ တင်သွင်းမှာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဒိုင်းမွန်းစတား ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဂျပန်နဲ့ တောင်ကိုးရီးယားက ကားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအစာ၊ ဆေးဝါး၊ ဓာတ်မြေသြဇာနဲ့ Shopping Mall မှာ ရောင်းချတဲ့ ပစ္စည်းတွေကို တင်သွင်း၊ တင်ပို့တဲ့လုပ်ငန်း လုပ်ကိုင်ပြီး မကြာသေးခင်ကပဲ အမေရိကန် အချိုရည် Pepsi ကုမ္ပဏီရဲ့ အရောင်း ကိုယ်စားလှယ် ဖြစ်လာပါတယ်။ RFA Burmese | ||
Posted: 22 Aug 2012 01:52 PM PDT
''HIV Positive ဖြစ်နေတဲ့ ကျောင်းသူနှစ်ဦးကို သူတို့ ဝိုင်းကျူ ရှင်ဆရာမက လာမတက်ဖို့ ပြော ခဲ့တယ်။ သူတို့က မိဘမဲ့တွေလည်း ဖြစ်တယ်။ အမှန်တော့ ဒါဟာ ပညာပေးအစီအစဉ်တွေ၊ ကာကွယ် ရေးအစီ အစဉ်တွေ ပေးနေတယ် ဆိုပေမယ့်လည်းအားနည်းနေသေး တယ်လို့ပဲ ပြောရမယ်'' ဟု---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 01:39 PM PDT
“ရွှေတူးနေလို့ လယ်မြေတွေ ပျက်စီးသွားပြီ။ အဲဒီရွှေမှော်မှာ မူးယစ်ဆေးဝါး
ပြန့်လာတယ်။ ၈ဝ ရာခိုင်နှုန်းလောက်၊ ကလေး၊ လူကြီး ဘိန်းမဲ(ခတ်ပုံ)၊ ဘိန်းဖြူနဲ့ ယာဘ ဆေးတွေ သုံးစွဲနေကြတယ်။ နောက် လိင်ပိုင်းဆိုင်ရာ (ပြည့် တန်ဆာ) လုပ်ငန်းတွေလည်း ရှိလာတယ်။ ဒေသခံ ရဲတွေလည်း မသိချင်ယောင် ဆောင်နေတယ်။ ငွေပဲ ကောက်စားနေတယ်။ တကယ့် မင်းမဲ့စရိုက် အုပ်ချုပ်ရေးမဲ့ ဖြစ်နေတယ်” ဟု --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 01:37 PM PDT
DV 2013 Program အတွက် DV မဲကို အောက်တိုဘာ ၁ ရက်တွင် နောက်ထပ်
တစ်ကြိမ် မဲဖောက်ရန်ရှိနိုင် သည့်အတွက် Confirmaton နံပါတ်ကို သိမ်းထားရန် မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးထုတ်ပြန်ချက် တွင်ရေးသားထားသည်။ 2013 အတွက် DV မဲကို မေလ ၁ရက်က တစ်ကြိမ်ထုတ်ပြခဲ့ပြီးဖြစ်၍ မဲပေါက် မပေါက်ကို www.dvlottery.state.gov ထဲရှိ "Entrant Status" ဟုခေါ်သော Link ကိုနိပ်ပြီး မိမိ၏ ၂၀၁၁ ခုတွင် DV စာရင်းသွင်းစဉ်ကရထားသော Confirmaton နံပါတ်၊ မိမိ၏နောက်ဆုံးအမည်နှင့် မေါးဖွားသည့်ခုနှစ်ကို ရိုက် ထည့်၍ DV မဲပေါက်မပေါက်ကို ကြည့်နိုင်သည်။ အကယ်၍မဲပေါက်ပါက website မှ ဆက်လုပ်ရမည့် ညွှန်ကြားချက်ကို တပါ တည်းပေးမည်ဖြစ်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်ဟု ရေးသားထားသည်။ ထိုပြင် DV ပေါက်မပေါက်ကိုwww.dvlottery. သာသိနိုင်ပြီး မဲပေါက်ခြင်းကို အီးမေးလ်၊စာဖြင့် အကြောင်းကြားခြင်းမပြူဟု သိရသည်။ DV Program တွင်ဗီဇာကံစမ်းရန်အတွက်အခကြေးေ ထားသလို State Department မှလည်းအချက်အလက်များအတွက် ငွေကြေးမတောင်းခံ့ဟုဆိုသည်။ အီးမေးလ်ဖြင့် DV ပေါက်ကြောင်းအကြောင်းကြားပြီးေ အထူးသတ်ပြုရန် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ DV မဲနှင့်ပတ်သက်၍ သိရှိလိုလျင် ရန်ကုန် သံရုံး၏ဗီဇာ website (http://burma.usembassy.gov/ | ||
Posted: 22 Aug 2012 12:53 PM PDT
စိတ္တဇဝေဒနာ သည်လို့ စွပ်စွဲပြီး ဆေးရုံ အပို့ခံရသူတွေဟာ - အတင်းအကြပ် ဆေးကုခံ ရတာမျိုး၊ အကြမ်းဖက် ခံရတာမျိုး ဒါ့အပြင် လျှပ်စစ်နဲ့ လျှော့ရိုက်တာ လိုမျိုးတွေ မကြာခဏ အလုပ်ခံရတယ်လို့ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Aug 2012 12:45 PM PDT
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 12:12 PM PDT
တောင်ဥက္က လာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 11:39 AM PDT
“စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ ဦး၊ သံတွဲ နှစ်မှုမှာ လူ နှစ်ဦး၊ စုစုပေါင်း ၆၃ ဦး စီရင်ချက် ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လစီ အပြစ်ပေးခဲ့တာ ဖြစ်တယ်။ အများစုမှာ ရခိုင်တိုင်းရင်းသား တွေ ဖြစ်တယ်” ဟု---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Aug 2012 10:45 AM PDT
ဇေယျာ ရွှေမြေဘောလုံး အသင်းပိုင်ရှင် ရွှေနဂါးမင်း ကုမ္ပဏီ ဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်ဟာ အခုအခါမှာ မုံရွာတောင် ကူးတို့ကုန်းတွင်းမှာ ရှိတဲ့ မြေနေရာတွေကို ကာလ ပေါက်ဈေးထက် ဈေးနှိမ်ပြီး လျော်ကြေးပေး အတင်းအဓမ္မ လိုက်လံ သိမ်းယူနေတဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ပေးဖို့ မုံရွာတောင် ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
| ||
Posted: 22 Aug 2012 11:54 AM PDT
မြန်မာ ကချင် ပြည်တွင်း စစ်ကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ တွင် ခိုလုံနေထိုင်နေသော ကချင်စစ်ဘေး ဒုက္ခသည်များကို တရုတ်အာဏာပိုင်များက ယနေ့22.8.2012နေ့ နံက် 103း0ခန့်တွင် စတင်မောင်းထုတ်နေပါတယ် ။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 22 Aug 2012 12:02 PM PDT
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 12:28 PM PDT
ပြည်သူ့လွှတ်တော်ရေးရာကော်မတီ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 22 Aug 2012 12:59 PM PDT
စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ
| ||
Posted: 22 Aug 2012 10:25 AM PDT
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။
ကာယကံရှင် ကိုချစ်မိုးက-
"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲခ
|
[Message clipped] View entire message
0 comments:
Post a Comment