ဘ၀ အတွက် လမ်းညွှန် /ရေးသူ- ဆရာကြီး လှသမိန်
by Nay Myo Zin on Friday, August 3, 2012 at 3:53am ·
- ရိုးရိုးသားသား ပြုကျင့် နေထိုင်ပါ။
- ကျေးဇူး တရားကို သိတတ်ပါ။
- ထိုက်သင့်သော ပေးဆပ်မှုကို ပြုပါ။
- လေးစားသင့်သော သူကို လေးစားပါ
- မိမိမှားလျင် မဆုတ်မဆိုင်း ၀န်ခံပါ။
- ခွင့်လွှတ်နိုင်စွမ်း ရှိအောင် ကြိုးစားပါ။
- လက်တွေ့ ကို သတိပြုသုံးသပ်ပါ။
- မိမိအား နှုတ်ဆက်သူကို ရွှင်ပြစွာ တုန့်ပြန်ပါ။
- ခင်မင်ဖူးသော မိတ်ဆွေကို အမည်ခေါ် နှုတ်ဆက်နိုင်အောင် ကြိုးစားပါ။
- ငှားရမ်းမိပါက ပြန်ပေးရန် မမေ့ပါနှင့်။
- သင်ခွင့် ရသမျှသော အတတ်ပညာ ကို ရအောင် သင်ယူပါ။
- သူတပါးကို ခလုတ် မတိုက်ခြင်းဖြင့် မိမိအစွမ်းဖြင့်သာ တက်လမ်းရှာပါ။
- အားလပ်သော အချိန်တိုင်းတွင် အကြံအစည် ထုတ်ပါ။
- လမ်းခရီးတွင် တဦးဦး ဘေး ဒုက္ခ ရောက်သော် ကူညီပါ။
- သွားလာရင်း မိတ်ဆွေကောင်းများ ရှာပါ။
- စကားပြောရင် နည်းနည်းနှင့် ထိထိမိမိပြောနိုင်အောင်ကြိုးစားပါ။
- မိတ်ဆွေများထဲမှ မိတ်ဆွေကောင်းကို ရွေးချယ်နိုင်စွမ်းရှိပါစေ။
- မိမိပေါ်တွင် လူမကြိုက်သည့် အမူအကျင့်များ ကို ဖျောက်ပစ်နိုင်အောင် ကြိုးစားပါ။
- ဖြစ်သမျှ အရာတိုင်းမှ သင်ခန်းစာ ဖေါ်ထုတ်နိုင်အောင်လုပ်ပါ။
- သူတပါးအပေါ်တွင် ကိုယ်ချင်းစာပါ။
- အပျင်းစိတ်ကို နှင် ထုတ်ပါ။
- ငွေကို ရိုသေပါ။
- အသုံး နှင့် အဖြုန်းကို ခွဲခြား နားလည်ပါ။
- အိမ်တံခါးထက် စိတ် ကို လုံခြုံအောင် ထိန်းပါ။
- သဘာဝ တရားကို ထိမ်းသိမ်း နိုင်အောင် ကြိုးစားပါ။
- အားနာမှုကို နေရာ တကျ အသုံးချပါ။
- စာများများ ဖတ်ပါ။
- မိနစ်စက္ကန့်တိုင်းကို အသုံးချပါ။
- သူတပါးကို ဝေဖန်သည်ထက် မိမိ ကိုယ်ကို ဝေဖန်ပါ။
- မိမိ အစွမ်း လုံ့လဖြင့်သာ မိမိ ဂုဏ်ယူပါ
- ဒုက္ခ အန္တရာယ်နှင့် တွေ့ခဲ့လျှင် အဆိုး ဆုံးနှင့် နှိုင်းယှဉ်ဖြေသိမ့်ပါ။
- ဟောပြော သည်ထက် စံပြ လုပ်နိုင်အောင် ကြိုးစားပါ။
- ၀ါသနာကောင်း တခုကို ထားပါ။
- မိမိ အောက် နိမ့်သူကို ကြည့်ပြီး ဖြေသိမ့်ပါ။
- မိမိအား မလိုလားသူများ ရှိနိုင်သည်ကို သတိပြုပါ။
- မိမိ ဘ၀ အမှန်ကို ရှာဖွေပါ.
- ကိုယ့်ကို သန့်စင်အောင် နေပါ ထိုင်ပါ ထားပါ။
- မှတ်စု ရေးသွင်းသည့် ဓလေ့ကို ထားပါ။
- စင်တော်က သိအောင် လုပ်ပါ။
- လုပ်အားကို တန်ဖိုးထားပါ
- ဥပမာဆောင်ပြီး ပြသပါ။
- လုပ်ကိုင်ရာတွင် စနစ်တကျထားပါ
- ထောက်ထားစရာ ရှိက ထောက်ထားညှာတာပါ။
- အစအဆုံး လုပ်တတ်သော အကျင့် ထားပါ
- စိတ်ကြည်နူးစရာ တခုခု အရာဝတ္တူ တခုခု ထားပါ။
- မိဘ ဂုဏ်ကို ဆယ်ပါ။
အထက်ပါ မှတ်စု အချက် အလက်လေးများကို ၁၉၉၉ ခုနှစ်အတွင်းက ကျနော် ဒုတိယ ဗိုလ် အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆွာ ခမရ (၁၉) တွင် ရေးသားခဲ့သော မှတ်စု စာအုပ်ထဲမှ တဆင့် ပြန်လည် ကူးယူဖေါ်ပြပါသည်။ စာရေးဆရာကြီး လှသမိန် ရေးသားသည့် ဘ၀ အကြောင်း စာအုပ်များမှ လူငယ်များ အတွက် သိသင့် သည့် အချက်များကို ကူးမှတ်ထားခဲ့ပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေသည့် အချက်များဖြစ်သည်။
ယနေ့ လူငယ် နောင် တခေတ် ခေါင်းဆောင်ဖြစ်လာမည့် လူငယ်များ လေ့လာ၊ နှိုင်းဆ၊ ဆင်ခြင်။ လိုအပ်သည်များ ပြင်ဆင်နိုင်ကြပါစေ။
နေမျိုးဇင်။
၂၀၁၂ ၊ သြဂုတ်လ၃ ရက်၊ ၁၇၁၉ ၊ ရန်ကုန်မြို့
0 comments:
Post a Comment