သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၈)
သစ်ထူးလွင်
|
- အခြေခံ ဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တစ်ပတ်အတွင်း နှုတ်ထွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များ တောင်းဆို
- ကမ္ဘာ့မူဆလင် ထိပ်သီးအစည်းအဝေးက မြန်မာအစိုးရကို ပန်ကြား
- မောင်တောမြို့နယ်တွင် ကျောင်းများ စတင် ဖွင့်သော်လည်း ကျောင်းသားများ ကျောင်းမလာ
- ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ရွေးချယ်ခံရ
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အခြေခံဥပဒေဆိုင်ရာခုံရုံးကိစ္စနှ
င့် ပတ်သက်ပြီး လွှတ်တော်တွင် ပြောကြား- - သြဂုတ် ၁၅ ရက် (မနက်ဖြန်)တွင် ဒုတိယသမ္မတ အမည် စာရင်းကို ကြေညာမည်
- မြန်မာနိုင်ငံတွင် တိုက်တန်းနစ်ဇာတ်ကား ပထမဆုံးအကြိမ်သရီးဒီဖြင့် ပြသမည်
- ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်
- ကြုံ ဆုံ၊ မြင်တွေ့ ခဲ့ ရသော မြို့ သုံးခွ
- ဗိုလ်ချုပ်ကြီးသူရတင်ဦးကာကွယ်ေ
ရးဦးစီးချုပ်အဖြစ်က ဘာကြောင့်ဖယ်ရှားခဲ့ရသလဲ - အဂတိလိုက်စားမှု အောက်ခြေအဆင့်တွင် နေရာတိုင်းနီးပါး ရှိနေကြောင်း သမ္မတပြောကြား
- အမြုတေစာနယ်ဇင်းကောင်စီကို ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးဦးကျော်ဆန်း ပြောဆို
- ရခိုင်ပြည်နယ် တင်းမာမှု ဖြေရှင်းရေး ဗြိတိန်ကူညီ
- နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ
- ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး
- မြိုင်မြို့ နယ်မှာ မင်းကိုနိုင် ကို ကြိုဆိုတဲ့ ၀န်ထမ်းမိသားစု ခြိမ်းခြောက်ခံရ
- တယ်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိခြင်း
- နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်
- မိုးထိမိုးမိတောင် ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေ
- တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို
- ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ကို အဖွဲ့ ဝင် ၂၂ ဦးဖြင့်ဖွဲ့ စည်း
- တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ
- မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ
Posted: 14 Aug 2012 05:30 AM PDT
နေပြည်တော်၊ သြဂုတ် ၁၄
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် ( ၂ ) ပါ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ( င ) အရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက် နိုင်ခြင်းတို့ကြောင့် စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် သြဂုတ်လ ၈ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က လွှတ်တော် အခွင့်ရေး ကော်မတီမှ တင်ပြခဲ့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် စပ်ဆက်သော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာ မထိခိုက်စေရေး အတွက် စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစား အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှုတ်ထွက်စေရန် နိုင်ငံတော် သမ္မတထံသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များအား အသိပေးခဲ့သည်။ လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ရေးရာကော်မတီ နှင့် ကော်မရှင်များသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းသည် လုပ်ပိုင်ခွင့် မရှိဘဲ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေ၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် အတိအလင်း ပြဌာန်းထားသည့် ပြဌာန်းချက်များအပေါ် ဖောက်ဖျက် ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ လွှတ်တော်ရေးရာ ကော်မတီများအား ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ်ထားခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ မေးမြန်းခြင်း၊ အဆို တင်သွင်းခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက လာရောက် ဆွေးနွေးဖြေကြားရာတွင် ပြည်ထောင်စု အဆင့် ဝန်ကြီးများ လာရောက်မှာ အလွန်နဲပါးသွားပြီး ဒုတိယ ဝန်ကြီးများသာ လာရောက်တော့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ရန်အတွက် ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမ အစည်းအဝေးမှာပင် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော် အစည်းအဝေး ရပ်နားခဲ့ခြင်းကြောင့် မပြီးပြတ်ခဲ့ကြောင်း၊ အခြေခံဥပဒေ ခုံရုံးအား စွပ်စွဲ ပြစ်တင်ရန် လက်မှတ်ရေးထိုးသူများတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အများအပြားပါဝင်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီဝင် တစ်ဦးက ပြောကြားသည်။ The Voice Weekly | ||
Posted: 14 Aug 2012 05:22 AM PDT
ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် မူဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအရေးအား အာရုံပြု ထည့်သွင်းဆွေးနွေးကြသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားပေါင်းစုံနှင့် ဘာသာပေါင်းစုံ အကြုံးဝင်သည့် ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး ပေါ်လစီတရပ် ချမှတ်လုပ်ဆောင်ရန် မေတ္တာရပ်ခံကြောင်း ထိုအစည်းအဝေးကြီး၏ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းတွင် ပါရှိသည်။ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ကြသည့် OIC အထူး အစည်းအတွက် အဓိက ခေါင်းစဉ်များ အဖြစ် ဆီးရီးယား၊ မြန်မာ၊ မာလီ၊ ပါလက်စတိုင်းနှင့် ဂျေရူဆလင် အရေးကိစ္စများ ဆွေးနွေးကြသည်။ OIC ခေါင်းဆောင်များ ပြင်ဆင်ရေးဆွဲထားသည့် နောက်ဆုံး ကြေညာချက်နှင့် ဆုံးဖြတ်ချက် မူကြမ်း လေးခုကို မက္ကာမြို့၌ အင်္ဂါနေ့ညနေတွင် ကျင်းပမည့် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။ OIC ကိုယ်စားလှယ်အဖြစ် ရခိုင်ဒေသသို့ ကိုယ်တိုင်သွားရောက် လေ့လာကာ အကူအညီများ ပေးအပ်ခဲ့သည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ကလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံအတွင်း ဆွေးနွေးခဲ့မှုများနှင့် အကူအညီပေးခဲ့သည်များကို OIC အဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား ကလည်း ၎င်း၏ ခြောက်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ကာ ပဋိပက္ခများ အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံသားဖြစ်မှု ဥပဒေအားလည်း ပြန်လည်သုံးသပ်ရန် မြန်မာအစိုးရအား တိုက်တွန်းပြောဆိုသွားခဲ့သည်။ တနင်္လာနေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “မြန်မာ နိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၄)အား ပယ်ဖျက်သင့် ကြောင်း” အဆိုကို စစ်ကိုင်းတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဦးတင်မြ က တင်သွင်းရာ အခြား ကိုယ်စားလှယ် တဦးက ထောက်ခံပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မဇ္ဈိမသတင်းဌာန နယူးဒေလီ (မဇ္ဈိမ) | ||
Posted: 14 Aug 2012 02:29 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသည့် ကတည်းက ပိတ်ထားခဲ့ရသည့် စာသင်ကျောင်း များကို သြဂတ်စ်လ ၁၃ ရက်နေ့မှ စတင်ဖွင့်လှစ် ခဲ့သော်လည်း ကျောင်းလာတက် သည့် ကျောင်းသား ကျောင်းသူများ အလွန် နည်းပါးကြောင်း သတင်း ရရှိသည်။
“စာသင်ကျောင်းတွေကတော့ ကျေညာထားတဲ့ အတိုင်း စဖွင့်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်ကြဘူး။ ဆရာမတွေလည်း ကျောင်းသားတွေ မလာတော့ နေ့လည် ၁၂ နာရီကျော်ရင် ပြန်သွားကြပါတယ်။ ကျောင်းသားတွေ ဘာကြောင့် ကျောင်းမလာဘူးဆိုတော့ လုံခြုံရေး စိတ်မချ ရသေးတဲ့ အတွက်ပါ” ဟု မောင်တောမြို့ခံ တဦးကပြောသည်။ မြို့မိမြို့ဘများနှင့် အာဏာပိုင်များတွေ့ဆုံစဉ် မောင်တောမြို့နယ်ရှိ ကျောင်းများကို သြဂတ်စ်လ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ရန် သတ်မှတ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ကျောင်းသားအများစုမှာ ကျောင်းမလာခဲ့ကြဟု မောင်တောမြို့မှ ပညာရေး ၀န်ထမ်း တစ်ဦးက ပြောသည်။ “ အထက်တန်းကျောင်းမှာ ကျောင်းဆရာမ ၆ ယောက်နဲ့ ကျောင်းသား ၄၀ ရောက်နီးပါး ရောက်တယ်။ မောင်တော အကွက် (၁) မူလတန်းကျောင်းမှာ ၄ တန်းက ကျောင်းသား နည်းနည်း ရောက်တယ်။ ၂ တန်းက ကျောင်းသား ၆ ယောက်ရောက်တယ်။ အတန်းငယ်က လေးတွေက တယောက်မှ မရောက်ဘူး။ နေ့လည် ၁ နာရီကျော်တာနဲ့ ကျောင်းလွှတ်လိုက်တယ်။ အလယ်တန်း ကျောင်းကတော့ မဖွင့်ဖြစ်ဘူး။” မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရအောင် နံနက်ပိုင်းတွင် ရခိုင် ကျောင်းသား ကျောင်းသူ များကို သင်ကြားပြီး ညနေပိုင်းတွင် ဘင်္ဂလီ ကျောင်းသားများကို သင်ကြားရန် စီစဉ် ခဲ့သော်လည်း ဘင်္ဂလီကျောင်းသား တဦးတယောက်မှလည်း ကျောင်းလာခြင်း မရှိကြောင်း မောင် တောမြို့မှ အဆိုပါ ကျောင်းဆရာက ပြောသည်။ မောင်တောခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၁၆၀ ကျော်ရှိပြီး အများစုမှာ လုံခြုံရေးအရ မဖွင့်လှစ်နိုင် သေးကြောင်း မောင်တောမြို့မှ ပညာရေးဝန်ထမ်းက ဆက်ပြောသည်။ မောင်တောမြို့ရှိ အထက်တန်းကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များချထားေ အလားတူ မောင်တောမြို့နယ် နယ်မြေ ၃ နံသာတောင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ၇၀ ခန့် အပါအ၀င် တခြားကျေးရွာများမှ ကလေးများမှာလည်း ကျောင်းမတက်နိုင်သေးကြောင်း ကျေးရွာ သားတဦးကပြောသည်။ “ ကလေးတွေက ပြဿနာဖြစ်ကတည်းက ကျောင်းမတက်ရဘူး။ ဒီဘက်ပိုင်းက ရွာတွေမှာ တရွာမှ ကျောင်းမဖွင့်သေးဘူး။ ကျောင်းဖွင့်ရင်လည်း ပြမဲ့ ဆရာဆရာမတွေ မရှိဘူး။ ဆရာ ဆရာမတွေလည်း ဒီမှာ မနေ ရဲလို့ အားလုံးပြန် သွားကြတယ်။” သြဂတ်စ်လ ၈ ရက်နေ့ကတည်းက မောင်တောမြို့တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့ သော်လည်း မောင်တောမြို့တွင် ဗုံးပေါက်ကွဲမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် သြဂတ်စ် ၁၃ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မောင်အေး - နိရဉ္စရာ သတင်းဌာန | ||
Posted: 14 Aug 2012 01:30 AM PDT
ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည် ရန်ကုန်၊ သြဂုတ် ၁၄ လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (သြဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခမ်းအနားအစီအစဉ်တွင် ဖော်ပြထားချက်အရသိရသည်။ ယင်းနေ့တွင်ပင် အမည်စာရင်းတင်သွင်းခံရသော ပုဂ္ဂိုလ်က ဒုတိယသမ္မတ အဖြစ် ကတိသစ္စာပြုမည်ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) ဆင်း ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေပြီး The Voice Weekly ကအတည်ပြုနိုင်ရေးကြိုးစားနေသည်။ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။ | ||
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အခြေခံဥပဒေဆိုင်ရာခုံရုံးကိစ္စနှ
Posted: 14 Aug 2012 01:32 AM PDT
ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များ ခင်ဗျား
ကျွန်တော် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ပေါင်း ၃၀၁ ဦးက လက်မှတ်ရေး ထိုးပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂) ပါပြဋ္ဌာန်းချက်အား ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅)အရ ဥပဒေအ ရပေးအပ်ေသာ တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို၂၀၁၂ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့တွင် လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် ဒုတိယ အကြိမ်အဖြစ် ထပ်မံတင်ပြ လာကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက တရားနည်းလမ်းကျစွာ တင်ပြ တောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်ပေးရမည်ကို မိမိနားလည် သဘောပေါက်ပါတယ်။ သို့ရာတွင် ဤလို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းကိ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံပေးပို့အကြောင်းကြားပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏ ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သောအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက်စေရေးတို့အတွက် ဆက်လက်ဆောင်ရွက်ခွင့် ပြုစေလိုပါတယ်။ မိမိဆောင်ရွက်လို သည်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွင်း ဖြစ်ပေါ်နေသောဆန္ဒနှင့် သဘောထားများကို နိုင်ငံတော် သမ္မတသိရှိစေပြီး ကောင်းမွန်မှန်ကန်စွာ ဆုံွးဖတ်ဆောင်ရွက်နိုင်စေရေးအတွ ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ၊ နာစရာရှိရင် လွမ်းစရာနှင့်ဖြေ ဆိုသည့်စကားများအတိုင်း စာနာထောက်ထား ငဲ့ညှာမှုများနှင့် ဆက်လက် ပြုမူဆောင်ရွက်သွားစေလိုပါတယ်။ ယခုကိစ္စရပ်ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာ အပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ၃-၂-၂၀၁၂ ရက်နေ့ တွင် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်မှ အခွင့်အာဏာလွှဲအပ်ခြင်းခံရသူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ၁၇-၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ၂၀၁၂ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦး က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အရေးကြီးအဆိုတင်သွင်း မည်ဖြစ်ကြောင်း လွှတ်တော်အခွင့်အရေးကော်မတီမှတစ် ၎င်းကိစ္စအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် ခေတ္တဆိုင်းငံ့ထားပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ခြင်းမရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော်ရေးရာကိစ္စရပ်များဆောင်ရ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနြေ The Voice Weekly | ||
Posted: 14 Aug 2012 01:17 AM PDT
သြဂုတ် ၁၅ ရက် (မနက်ဖြန်)တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်
အဋ္ဌမမြောက်နေ့ အစည်းအဝေး၌ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် အစုအဖွဲ့က ရွေးချယ် တင်မြှောက်သည့် ဒုတိယသမ္မတ အမည် စာရင်းကို ကြေညာပြီး ဒုတိယသမ္မတက ပြည်ထောင်စုလွှတ်တော် နာယကရှေ့ မှောက်တွင် ကျမ်းသစ္စာကျိန် ဆိုမည်ဖြစ်ကြောင်း အစည်း အဝေးအစီအစဉ် လျာထားချက်တွင် ဖော်ပြပါရှိသည်။ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ by 7Day News Journal | ||
Posted: 14 Aug 2012 01:02 AM PDT
လော့စ်အိန်ဂျလိစ်၊ သြဂုတ် - ၁၄
ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ရုပ်ရှင်ကုမ္ပဏီ 20th Century Fox သည် မြန်မာနိုင်ငံတွင်း၌ ၄င်းတို့၏ တိုက်တန်းနစ်(သရီးဒီ) ရုပ်ရှင်ကားကို ပြသပေးသွားရန် သဘောတူညီခဲ့သည်။ သြဂုတ် ၁၃ရက် (တနင်္လာနေ့)က Fox ကုမ္ပဏီသည် ၄င်းတို့၏ဇာတ်ကားကို မြန်မာနိုင်ငံတွင်း ပြသခွင့်အား မင်္ဂလာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပေးအပ်ခဲ့ကြောင် မြန်မာနိုင်ငံတွင်း၌ နောက်ဆုံးရုံတင်ပြသခဲ့ဖူးသော အမေရိကန်ရုပ်ရှင်မှာ မည်သည့်ရုပ်ရှင်ကားမှန်း သေချာမသိရသော်လည်း Fox ၏ ထုတ်ပြန်ချက်၌ ၄င်းတို့သည် မြန်မာနိုင်ငံ၌ အမေရိကန်ရုပ်ရှင်ကား ရုံတင်ပြသရန် ဆယ်စုနှစ်များစွာချီ၍ စောင့်ဆိုင်းခဲ့ကြောင်း ဖော်ပြထားသည်။ ကြေညာချက်၌ Fox စတူဒီယို၏ နိုင်ငံတကာပူးတွဲဥက္ကဋ္ဌ သောမတ်စ်ဂျက်ဂီးယပ်စ်နှင့် ပေါ့လ်ဟန်နန်မန်တို့က "20th Century Fox International ဟာ ပေါ်ထွန်းစ ဈေးကွက်သစ်တွေမှာ စွန့်ဦးတီထွင်သူအဖြစ် ၀င်ရောက်ရတာ၊ ဒေသခံလုပ်ငန်းတွေနဲ့အတူ လက်တွဲလုပ်ပြီး ဒီရှာဖွေမှုတွေကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ရတာတွေကို ဂုဏ်ယူမိပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကျွန်တော်တို့ အများကြီး စိတ်ဝင်စားပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ အာရှကို ကျွန်တော်တို့ ခရီးထွက်တဲ့အခါ ကျွန်တော်တို့ရဲ့ အသစ်လွင်ဆုံး နယ်နိမိတ်(မြန်မာနိုင်ငံ)ကို သွားလည်ဖို့ရှိပါတယ်"ဟုပြောသည်။ Fox ကုမ္ပဏီသည် ယခု သရီးဒီဖြင့် ပြသမည့် တိုက်တန်းနစ်ကားကို ပါရာမောင့်ရုပ်ရှင်ကုမ္ပဏီနှင့် ပူးတွဲထုတ်လုပ်ထားပြီး၊ နိုင်ငံရပ်ခြားးဖြန့်ချိရေးကဏ္ဍ၌ တာဝန်ယူကိုင်တွယ်ထားသည်။ ကိုးကား- Chicago Tribune/ Los Angeles Time by 7Day News Journal | ||
Posted: 14 Aug 2012 12:59 AM PDT
ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေး လုပ်ငန်း များ၊ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမယ်လို့ နိုင်ငံတော် သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက် ဖြန်ကျွန်တော်အရေးယူမယ်။ ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန် ထို့အပြင် ပြည်ထောင်စုဝန် ကြီး ဦစိုးသိန်းက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်း ၊၊ပြည်ထောင်စုဝန် ကြီး ဦးခင်ရီတို့ကလည်း မိမိတို လာဘ်စားမိပါက မိမိတို့ကိုယ်တို င်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ် ခြိုက်ခဲ့ကြောင်းလည်းသိရသည်။ K.T Hot News Weekly | ||
Posted: 14 Aug 2012 02:13 AM PDT
၈.၈.၂၀၁၂ ဗုဒ္ခဟူးနေ့ နံနက် ၁၀နာရီ လောက်တွင် သုံးခွမြို့ လယ်ခေါင် ရှစ်မျက်နှာ
စေတီဝင်းအတွင်း အောင်မြေနေရာ၌ ဘုရားငါးပါး သီလခံ ယူဆောက်တည်၍ ကွယ်လွန်သွား ရှာပြီဖြစ်သော ဆရာဖြစ်သူ ရန်ကြီးအောင် ဦးစိန်ဝင်းနှင့် ဦးစိုးသိန်းတို့  အား ရည်စူး၍ ဆီမီးနံသာတိုင်များဖြင့် မြတ်ဘုရားထံ ပူဇော်ကန်တော့ခဲ့ပြီး သာဓုအန မောဒနာ ခေါ်ဆိုနိုင်ခဲ့ကြပါသည်။ ဆရာ(ရန်ကြီးအောင်)စိန်ဝင်းမှာ ၁၉၆၂-ခုနှစ်၊ တက္ကသိုလ် တကသ သမ္မက၏ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး အစာငတ်ခံဆန္ဒပြရာ(၁၀)ဦးတွင် နောက်ဆုံး အသက်ရှင်ကျန် ရစ်သူတစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံတွင် ကျွန်းစနစ်ကိုဖျက်သိန်းရာတွင်တိ တစ်ဦးဖြစ်ပါသည်။ ကွယ်လွန်သွားရှာ ပြီဖြစ်သော စာရေး ဆရာကြီး လူထုဦးစိန်ဝင်းကဲ့သို့ ကိုးကိုးကျွန်းပြန် တစ်ဦးအဖြစ် မှော်ဝန်းမြေတွင် ထင်ရှားသော နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်ပါသည်။ ၁၉၈၈ခုနှစ် အရေးအခင်း ကာလတွင် ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး ပြစ်ဒဏ်ကျရဆဲ ကာလတွင် အင်းစိန်သီးသန့် အကျဉ်းထောင်တွင် ၀မ်းကိုက်ပိုး အသဲဖေါက်သဖြင့် နောက်ဆုံး ကွယ်လွန်ခဲ့ရသည်။ ဦးစိုးသိန်း မှာလည်း အရေးအခင်း ကာလတွင် ပြစ်ဒဏ်ကျခံခဲ့ရပြီး နောက်ဆုံး ကွယ်လွန်ခဲ့ရသည်။ ဆရာ(ရန်ကြီးအောင်)ဦးစိန်ဝင်း၏ တပည့် လက်ရင်းထိုးနှစ်ဦး ဘ၀ကွာခြား ချက်ကြ်ီးမားနေ အခြေခံပညာ အထက်တန်း အဆင့်တွင် ဆရာရန်ကြီး အောင် ဦးစိန်ဝင်းထံတွင် အခြေခံပညာ အထက်တန်း အဆင့် အင်္ဂလိပ်စာ သင်ယူခဲ့ပြီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော်လည်း ၁၉၈၈ အရေးအခင်းကာလ အကျိုး ဆက် များကြောင့် လမ်းဘေးတွင် နေ့စဉ်ထုတ် သတင်းဂျာနယ်များ ရောင်းစား နေရ သော်လည်း သတ္တိရှိရှိနှင့် ဘ၀ကို အရှံး မပေး တည်ကြည်သော စိတ်ဓာတ်ကြီးမား သော ရည်မှန်းချက် များကြောင့် D.V.B ဒီမိုဒီကရက် တစ်မြန်မာပိုင်း အစီအစဉ်တွင် သတင်းတင်ဆက်နေသူ ကျွန်တော် မောင်ထူးကတော့ ခေတ်စကားအရ လန်းနေဆဲပါ။ မှော်ဝန်းသားများကိုယ်စား လွမ်းဆွတ်နေရ ဆဲပါ ကိုတူး- ရှစ်မျက်နှာ ဘုရားမှသည် အနောက်ဘက်ကမ်း ရွှေပုဇွန်ကွေ့ Heart to Heart လ္ဘက်ရည်ဆိုင်ဆီသို့ ကျွန်တော်အပါအ၀င် အမှုတွဲ(၅)ယောက် ဘုရားမှာ ဆုတောင်းပြီး ပြန်ထွက်လာ သောအခါ မွန်းလွဲ၁နာရီ ကျော်နေသဖြင့် မုန့်ဟင်းခါး- အုန်းနို့ခေါက်ဆွဲ- မြန်မာထမင်းဟင်း -လ္ဘက်ရည် -နွားနို့ -စားသောက်ဖွယ်ရာ စုံလင်သော heart to heart လ္တက်ရည်ဆိုင် ဆီသို့ ဦးတည် လျောက်လှမ်းခဲ့ရာ သုံးခွမှန်လုံ ကားဂိတ်အနီး ရောက် သောအခါ ယာဉ်နှစ်ထပ်ရပ်၍ ခရီးသည်တင်နေ သည်ကိုတွေ့ရပြီး ဆိုင်ကယ်- များ လမ်းမပေါ်တွင် ပြောင်းပြန်ရော အတည့်ရော ရပ်ထားသဖြင့် မည်သည့် နေရာက သွားရမှန်း မသိလောက် အောင်ရှုပ်ထွေး နေပြီး ဆိုက်ကားသမားများ ကလည်း ပေ ၄၁ လောက်ရှိနေသည့် နေရာတွင် လက်းတ၀က်နီးပါး မျှနေရာယူ ထားသည် ကိုတွေ့ရှိရပါသည်။ ပလက်ဖောင်းပေါ်မှ သွားသော်လည်း ဈေးဆိုင်များ နေရောင်ကာ အဖြစ် တုတ်ထောက် ၍မိုးအကာဖြင့် ပြုလုပ်ထား သောအစီအမံမှာ လမ်းလျောက်၍ မရလောက်ပင် ရှိနေပြီး ဟိုတိုးဒီတိုးဟို ရှောင်ဒီ ရှောင်ဖြင့် ဆက်၍ လျောက်လာခဲ့ရာ သုံးခွ - ရန်ကုန်အမြန် ယာဉ်လိုင်းဟု ဆိုင်းဘုတ် တင်ထားပြီး တက္တစီကား(၁၀)စီးခန့် ရက်နားထားသည် ကိုတွေ့ရှိရပါသည်။ ဆက်၍လျောက် လှမ်းလာသော အခါဒေါ်မိန်းခလေး ပြည်သူ့စာကြည့် တိုက်ကို တွေ့ရှိရပါသည်။ ထိုဒေါ်မိန်းခလေး စာကြည့်တိုက်ရှေ့ တည့်တည့်တွင် မှန်လုံကား ၃စီး၊ လိုက်ထရပ်ကား ၂စီး ရပ်ထားသည်ကို တွေ့ရှိပြီး ထိုကားများကို အကာအကွယ် ပြုလျက် နေ့ခင်းကြောင်တောင် လူနှစ်ယောက် ဆိုင်ကယ်ဦးထုတ် ဆောင်းလျှက် ဒေါ်မိန်းခလေးစာ ကြည့်တိုက်ကို မျက်နှာရှေ့ တည့်တည့်ထားလျှက် ရှူးရှူးပေါက်နေ သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရှိ စာပေပညာရှင်များ၊ စာပေလောက သမားများသည် ဒေါ်မိန်းခလေး ပြည်သူ့စာကြည့် တိုက်က မသိသူမရှိပါ။ အဘယ်ကြောင့်နည်း…..? ဒေါ်မိန်းခလေး ပြည့်သူ့စာကြည့် တိုက်၏ သမိုင်းအကျဉ်း ဒေါ်မိန်းခလေးကို ၁၂၃၂ခုနှစ်တွင် သုံးခွမြို့နယ်၊ တကောကျေးရွာတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကဆင်းရဲ နွမ်းပါး၍ စာမသင်ခဲ့ရပါ။ ၁၂၅၀ခုနှစ်တွင် ဦးသာစီုးနှင့် အကြောင်းပါ ကာ သားသမီး(၆)ယောက် ထွန်းကားခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် အတူ သုံးခွမြို့နယ်၊ တောစွန်းကျေးရွာတွင် လယ်မြေ(၃) ဧကခန့်မှစ၍ တောရှင်းလုပ်ကိုင်ခဲ့ရာ လယ်ဧက (၂၀၀)ကျော်အထိ ပိုင်ဆိုင်ခဲ့ပြီး ချမ်းသာကြွယ်ဝ လာခဲ့ကြပါသည်။ ၁၃၀၂ခုနှစ်တွင် ငယ်စဉ်က အလုပ်ကြမ်း ဒဏ်များကြောင့် ဒေါ်မိန်းခလေး မျက်စေ့ကွယ်ခဲ့ ရရှာပါသည်။ ထိုသို့မျက်စေ့ ကွယ်ခဲ့ရခြင်း၊ ငယ်စဉ်အခါက စာမသင်ခဲ့ ရခြင်းများကြောင့် နောင် သံသရာတွင် ထိုသို့မဖြစ်ရစေရန် စာပေနှင့်ပတ်သတ်သော ကုသိုလ်ဒါန တစ်ခုခုပြု လိုစိတ်ဖြင့် စာကြည့်တိုက်ကို (၁၃၀၂) နှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ဒေါ်မိန်းခလေး စာကြည့်တိုက်၏ အကျယ်အ၀န်းမှာ ဧက၀က် ခန့်ကျယ်ဝန်းပြီး နှစ်ထပ်အုပ်ခံ ရှေးဟောင်း အဆောက်အဦး ဖြစ်သော်လည်း ကောင်းမွန်ခိုင်ခံနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။ အိမ်သာမှ ဧည့်လာမည် ဒေါ်မိန်းခလေး ပြည်သူ့စာကြည့်တိုက် ပရ၀ဏ်းအတွင်း အဆောက်အဦး မျိုးစုံ ဆောက်လုပ်၍ အခကြေး ငွေများ ရရှိနေသော်လည်း တကယ်တမ်း လက်တွေ့တွင် စာကြည့်တိုက် ရန်ပုံငွေ(သို့မဟုတ်) တန်ဖိုးရှိစာအုပ်များ ၀ယ်ယူနိုင်သည်က မတွေ့ရှိချေ။ စာကြည့်တိုက် ပတ်ဝန်းကျင်ရှိ လမ်းများနှင့် အနီးတ၀ိုက်တွင် ရွှံ့ဗွက်များ၊ ရေအိုင်များ၊ ကားများနေ့ ညမပြတ် ရပ်နား ထားခြင်းများသည် စာကြည့် တိုက်လာရာလမ်း၊ သွားရာလမ်းများမှာ စာဖတ်ပရိသတ် အပေါင်းအား ဒုက္ခလှလှ ပေးနေသဖြင့်  စာဖတ်မှ စာတတ်မည် ဟူသော ဆောင်ပုဒ်သည် ၎င်းမျက်မမြင် အလှူရှင် ဒေါ်မိန်းခလေး၏ ကြီးမားသော ရည်ရွယ်ချက်ဖြင့် စာပေ အလှူများသည် သဲထဲ ရေသွန်သကဲ့သို့ ဖြစ်နေပါ တော့သည်။ ထိုသို့ ဆက်လျောက် လှမ်းခဲ့ရာ ဟိုင်းလဒ်ကား (၅)စီး၊ (၆)စီးခန့် ဂိတ်ထိုးထား သည်ကို တွေ့ရှိရပြီး အမှုတွဲ ၅ယောက်နှင့်  အတူ မိမိကား ရပ်ထားသောနေရာသို့ ရောက်အောင် လာခဲ့ကြသော် လည်း အိမ်ရှေ့တွင် မှန်လုံကားကြီး (၃)စီးမှာ ပိတ်ထားသည့် အပြင် ကား(၁)စီးမှာလည်း ကွေ့ကြောတွင် ရပ်ထားသဖြင့် ကုန်တင် ကားကြီးတစ်စီးနှင့် မတိမ်းသာမ ရှောင်သာဖြစ် နေပါသည်။ ထိုအခါ ကားမယူတော့ဘဲ ဗိုက်ဆာဆာနှင့် ခြေလျင်ဆက် လျောက်ခဲ့ရာ လင်းရောင်ခြည် စိုက်ပျိုးရေး ဆေးဆိုင်ရှေ့ အရောက်တွင် လမ်းဘေးဝဲ၊ယာတွင် မှန်လုံကားကြီးများ နှင့် ကုန်တင်ကားများ (၆)စီး ဆက်တိုက် ပိတ်ရပ်ထားပြီး ကားထဲရှိ အမှိုက်သရိုက် များကို လှည်းကြောနေပြီး တချို့ကားများမှာ ရေဆေးနေသည်ကို တွေ့ရှိရပါသည်။ ထိုကားများမှာ ပိုင်ရှင်တစ်ဦးတည်းဟု သိရပြီး အနောက်ဘက်ကမ်း တံတားအဆင်း မှ မြန်မာ့စီးပွားရေး ဘဏ်ရုံး အထိလမ်းဘေးဝဲ၊ ယာတို့ ရပ်နားထားပြီး ခရီးအများ ပြည်သူတို့  အတွက် ယာဉ်အန္တရယ်ဇုံ အဖြစ်ဆိုးရွားစွာ တည်ရှိနေပြီး ဆိုင်ကယ် များ မကြာခဏ တိုက်မိပြီး အများ ပြည်သူတို့ ၏ အသက်အန္တရယ်ကို ခြိမ်းချောက် လျှက်ရှိပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင် မော်တင်ယာဉ် သယ်ယူပို့ဆောင်ရေး ဌာနခွဲအမှတ်(၄)၊ နေ့စဉ် ၀င်ငွေကျပ်(၁)သိန်းရရှိနေ သုံးခွမြို့မှ ရန်ကုန်မြို့ အေဘီစီ ကားဂိတ်အထိ ပြေးဆွဲနေသော မှန်လုံကားကြီးထံမှ နေ့စဉ် ကောက်ခံရရှိမှု ၀င်ငွေနှင့် သုံးခွ- သန်လျင် ပြေးဆွဲနေသော ဟိုင်းလက်ကားများ၏ နေ့စဉ်ဝင်ငွေ စုစုပေါင်း တစ်သိန်း ရှိနေသည့် အပြင် ကားဝင်ကြေးများနှင့် ပေါင်းလိုက် မည်ဆိုပါက ကျပ်သိန်းထောင် ပေါင်း များစွာ ရှိသော်လည်း သက်သက်မတ်မတ် ကားဂိတ်မရှိပါ။ တစ်နည်းအားဖြင့် မိမိတို့ ပိုင်ငွေကြေးဖြင့် တည်ဆောက်ပြီး စနစ်တကျ၊ စည်းကမ်း တကျ ခရီးသည် ရပ်နားစခန်းများ၊ စားသောက်ဆိုင်များဖြင့် တည်ဆောက်သင့် ပါသည်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ယာဉ်ရပ်နားစခန်း ဆောက်လုပ်ပေးမည်ဟု အမည်တပ်ခြင်း သုံးခွမြို့၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ တောကားဂိတ်ဘေးရှိ အရှည်(၁၀) ဧကခန့်ရှိပြီး အနံပေ (၂၀၀)ခန့်ရှိသော ကားလမ်း ဘေးကွက်လပ်အား ကန်ထရိုက်တိုက် ဆောက်လုပ်ခဲ့ပြီး (၁)ဧကခန့်ချန်လှပ်ကာ မ.ထ.သ အဝေးပြေး ကားဂိတ်စခန်းဆောက် လုပ်မည်ဟု အနီးနေ ပတ်ဝန်းကျင် ပြည်သူများအား အသိပေးကြေငြာပြီး ဆောက်လုပ် ခဲ့သော်လည်း တကယ်တမ်း လက်တွေ့တွင် ကန်ထရိုက်တာများနှင့် အေးချမ်းဖြိုး ကောင်စီ ဥက္ကဋ္ဌ ဦးစန်းလှိုင်တို့ ပူးပေါင်းပြီး ကျန်ရှိသည့်(၁) ဧကခန့်အား ဆက်လက် ဆောက်လုပ် ခဲ့သဖြင့် ရပ်ကွက်နေ ပြည်သူများမှ ဆန့်ကျင် ကန့်ကွက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပါချေ။ သီဟရာဇာ မော်တော်ယာဉ် လိုင်းမှာ တိုက်ခန်းဝယ်ထား သော်လည်း ကားဂိတ်အဖြစ် သတ်မှတ်ခဲ့ခြင်းမရှိဘဲ ယနေ့တိုင် သုံးခွမြို့မဈေး ပတ်ချာလည်နှင့် သုံးခွမြို့ အနောက်ဘက် ကမ်းတံတားအထိ ဆိုင်ကယ် ကယ်ရီဂိတ်များ၊ ဆိုက္ကားဂိတ်များ၊ TAXI ကားဂိတ်များ၊ မှန်လုံယာဉ်ကြီး များနှင့် ရှုပ်ထွေးလျှက်ရှိနေစဉ် ကျောင်းသွား ကျောင်းပြန် မကြာခဏ ယာဉ်ကြောပိတ်ဆို့ လျှက်ရှိနေကြောင်း တွေ့ရှိ ရပါသည်။ အရှည်ပေ(၁၀၀၀၀)ကျော်ခန့်၊ အနံပေ(၅၀၀)ခန့် ကျယ်ဝန်းသော သုံးခွမြို့နယ်ခေါင် ဈေးကန်သည် သောက်ရေကန်အဖြစ်မှ သုံးရေကန် အဖြစ်ပြောင်းလဲသွား ကျွန်တော်တို့ သုံးခွမြို့သူ မြို့သားများသည် မြေသားဖြင့် တည်ဆောက်ထားသော ကန်ရေများ ကိုသာ သောက်သုံးနေကြရပါသည်။ ပြီးခဲ့သည့်နွေရာသီတွင် အပူချိန်လွန်ကဲမှုကြောင့် သောက်ရေပြဿနာ ကြုံတွေ့ခဲ့ရ ပါသည်။ လွန်ခဲ့သော(၈)နှစ်ခန့်မှစ ၍ မှန်လုံကားကြီးများ ကားဂိတ်အဖြစ် ရောက်ရှိလာချိန်မှ စပြီး ယနေ့တိုင် သွပ်ဆူး ကြိုးများ ခတ်ထားသော်လည်း ကားများမှာ ရေဆေးခြင်း၊ ခရီးသည်များမှာလည်း မဆင်မခြင် အညစ်အကြေးများ စွန့်ပစ်ခြင်းတို့ကြောင့် ကန်ရေမှာ ညစ်ပတ်သွားခဲ့ပြီး သုံးရေအဖြစ်သာ ရပ်တည်ခွင့်ရရှိခဲ့ပါသည်။ မှန်လုံကားကြီးများ၊ ဟိုင်းလတ်ကားများ၊ TAXI ကားများ၊ လိုက်ထရပ်ကားများ၊ ဆိုက္ကား ဂိတ်များ၊ ဆိုင်ကယ်ကယ်ရီ ဂိတ်များအဖြစ် ကန်ပတ်ချာလည်တွင် ထားရှိသော်လည်း သန့်စင်ခန်း လုံးဝမရှိကြောင်း တွေ့ရှိရပါသည်။ အများပြည်သူသုံး သန့်စင်ခန်း လုံးဝမရှိတဲ့ မြို့သုံးခွ လွန်ခဲ့သော (၁၀)နှစ်ခန့်တွင် သုံးခွမြို့၊ ရေချိုပိုင်းဆိပ်ကမ်းတွင် အများပြည်သူသုံး ကျား/မ သန့်စင်ခန်း တည်ရှိသော်လည်း ယခုအခါ အညစ်အကြေးများ ချောင်းထဲသို့စွန့်ပစ်ပါက ကျန်းမာရေးနှင့် မသင့်လျော်သည်ဟု ဆိုကာ စည်ပင်သာယာနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းလျှက် ဖျက်သိမ်းခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ယခုအခါတွင် ခရီးသွား ရပ်နီးရပ်ဝေးပြည်သူများ ဒုက္ခနှင့်ကြုံတွေ့နေရကြောင်း မြင်တွေ့ခဲ့ရပါသည်။ သုံးခွမြို့၊ အနောက်ဘက်ကမ်း၊ ရွှေပုဇွန်ကွေ့အနီးရှိ Heat to Heat လ္ဘက်ရည်ဆိုင်သို့ ရောက်ရှိသွားခြင်း ကျွန်တော်တစ်ဦးတည်းသာ လ္ဘက်ရည်မှာသောက်ခဲ့ပြီး ကျန်(၄)ဦးမှာ မုန့်ဟင်းခါး စားသောက်ကာ သုံးခွမြို့တွင် ဖြစ်ပေါ်နေသော စီပွားရေး အခြေအနေနှင့် ပညာရေး၊ ကျန်းမာရေး၊ မြို့ပြလူနေမှုစနစ် အဆင့်အတန်း များကို ဆွေးနွေးကြရာတွင် ၁၉၈၈-ခုနှစ်၊ အရေးအခင်းကာလတွင် ပါဝင်ပတ်သက် မှုကြောင့် အင်းစိန်အကျဉ်း ထောင်ရှိ ငါးတိုက်တွင် အနေကြာမြင့်ခဲ့ပြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမင်းသင်္ခ၊ ဆရာစံဇာဏီဘို၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုသူရ(ခ)ဇာဂနာတို့နှင့် တစ်တိုက်ထဲ အတူနေခဲ့သော ၀ါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးတင်ဝင်းမှ မင်းက ငါတို့ထက် ထောင်ကထွက်တာ အရင်စောတယ်။ ငါ စုစုပေါင်း (၂၃)နှစ်(၄)လကြာခဲ့တယ်။ မင်းစဆွေးနွေးဟု ပြောကြားခဲ့ရာတွင် ဦးလေးတို့မြင်တဲ့အတိုင်းဘဲ ပေ (၅၀)လောက်ကျယ်ဝန်းတဲ့ အများပြည်သူပိုင် ကတ္တရာလမ်း ပေါ်မှာ အနှေးယာဉ်၊ အမြန်ယာဉ်ဂိတ်တွေ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ကားများမှာလည်း မဆင်မခြင် တစ်နာရီ မြို့တွင် မိုင်(၂၀)လောက် ဟွန်းတီးကာ မြန်နှုန်းမြင့် မောင်းနှင်ခြင်း၊ ဆိုင်ကယ်သမားများကလည်း အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ခြင်း၊ မောင်းသူရော ယာဉ်ပါ လိုင်စင်မဲ့ထော်လာဂျီများကတစ်ဖံ ဥပဒေဆိုသည်မှာ စာအုပ်ထဲမှာသာ သတ်မှတ်ခြင်းလို့ ဆိုရမလောက်ဖြစ်နေကြောင်းနှင့် မြို့တွင်း၌ ရေမြောင်းများပိတ်ဆို့နေသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နောက်ဆုံး မြို့သူမြို့သားများ သွားရလာရခက်ခဲ့စေပြီး လမ်းများပျက်စီးကာ ရေဆိုးများကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါများ |
0 comments:
Post a Comment