ပြည်ပရောက် ရွှေမြန်မာများနှင့် အမိမြေမှ မိဘပြည်သူများ သိစေရန် အသိပေး တင်ပြခြင်း၊
Author: lubo601 | 10:59 AM | No မှတ်ချက် |
Ko Popa
မလေးရှားနိုင်ငံ၊ ကူးလင်းမြို့တွင် ၄-၈-၂၀၁၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြန်မာပြည်သားများ လုပ်ကိုင်နေသည့် စက်ရုံ တွင်ပေါက်ကွဲးမူ့ တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စက်ရုံ မ
ှာ (ဂတ်စ်)ဖြည့် သည့် လုပ်ငန်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်တွင် မြန်မာပြည်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူများမှာ ဇော်မျိုးခိုင်-မကွေးတိုင်၊ရေစကြိုမြို့နယ်၊အောင်သာရွာ မှဖြစ်ပြီး ကိုဇော်လင်း မှာ ပုဂံညောင်ဦးခရိုင်၊ ငါးသရောက်မြို့ နယ်၊ ထန်းငယ်တောရွာ ကလိုသိရပါတယ်။ ကိုကရင်၊မိုးလွင်၊ကိုထွန်း ဆိုသူ ၃ ဦးမှာ ဘယ်နယ်ကဆိုတာ ဆုံစမ်းနေတုန်းပါ။ ကိုဇော်လင်း ဆိုသူမှာ ၈-၈-၂၀၁၂ ရက်နေ့တွင် ပီနန်း ဆေးရုံးကြီး တွင် သေဆုံးသွား ပါတယ်။ ၁၁-၈-၂၀၁၂ ရက်နေ့တွင် ဇော်မျိုးခိုင် ဆိုသူမှာလဲ အလော့စတား ဆေးရုံ တွင် သေဆုံးသွားပြန် ပါတယ်။ ဒီနေ့ ၁၂-၈-၂၀၁၂ ရက်နေ့တွင် ကူးလင်းဆေးရုံ တင် ကိုကရင် နှင့် မိုးလွင် တို ထက်မှန်သေဆုံး သွားပြန်ပါတယ်။ သေဆုံးသွားသူ(၄) ဦးအား နာရေးကူညီမူ့အသင်း(ပီနန်း-မလေးရှား)မှ တာဝန်ယူဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။ ကျန် (၃)ဦး ကို ဘယ်နယ်က ဆိုတာ သူငယ်ချင်းများ ခင်မင်ရင်နှီးသိရှိပါက အမြန်ဆုံး ဆက်သွယ်ပေးကြပါ ခင်ဗျာ။
ဆက်သွယ်ရန် ကိုပုပ္ပါး (ခ) ကိုဝင်းသန်းထွန်း (နာရေးကူညီမူ့အသင်း၊ ရုံးတာဝန်ခံ) ဖုန်း-၀၁၂-၄၉၉၉၅၆၁----၀၁၀-၃၉၂၉၅၈၀ သို့ ဆက်သွယ်ပေးကြပါ ခင်ဗျာ။
မိတ်ဆွေ သူငယ်ချင်း အပေါင်းမှလည်း အများသိစေရန် share ပေးကြပါ ခင်ဗျာ။
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment