“မျှဝေခြင်း သင်ခန်းစာ”
လွန်ခဲ့တဲ့ရက်က စာသင်ခန်းထဲမှာ ဆရာမက လူတစ်ယောက်ရဲ့ ဘ၀ကို အင်တာဗျူးလုပ်ထားတဲ့ VDO လေးပြပြီး မင်းတို့အနေနဲ့ သူ့အပေါ် ဘယ်လိုမြင်လဲဆိုတာ ချရေးကြည့်ပါလို့ခိုင်းတယ်.
“ကဲ.. မင်းတို့ရေးပီးပီနော်.. ဒါဆို ၄ ယောက်တဖွဲ့ဖွဲ့ပါ” ဆိုပြီး နံပါတ်စဉ်တွေရေခိုင်းတယ်...
မက
“မင်းတို့ရေးထားတဲ့အမြင်တွေ ကို တယောက်နဲ့တယောက်ပြောပြကြပါ. . ဘာတွေတူလဲ ဘာတွေမတူဘူးလဲ ဆိုတာ ဆွေးနွေးပါ.. ပြီးရင် မင်းတို့ ဘာသင်ခန်းစာရလဲဆိုတာ တခြားအဖွဲ့တွေကိုပြောပြပါ” တဲ့
ညိုနဲ့ ထိုင်းလူမျိုးသူငယ်ချင်း ၂ယောက် ထိုင်ဝမ်တရုတ်သူငယ်ချင်း တယောက်လဲ ကိုယ့်အမြင်ပြောပြ သူ့အမြင်နားထောင်ပေါ့လေ.... VDO ထဲက အမျိုးသမီးရဲ့ဘ၀အပေါ်မှာ မြင်တဲ့ရှုထောင့်တွေ မတူကြသလို.. သူ့အပေါ်သုံးသပ်ဝေဖန်ခြင်းမှာလဲ ကွဲပြားကြပါတယ်... သူတို့ ၃ ယောက်ရဲ့ အမြင်တွေကိုကြားနာပြီး ဘာကြောင့်သူတို့ဒီလိုတွေးခေါ်ယူဆလဲဆိုတဲ့ အခြေခံအကြောင်းရင်းတွေကို လေ့လာဖြစ်ခဲ့တယ်....သင်ခန်း စာယူစရာတွေ ဆွဲထုတ်နိုင်ခဲ့တယ်လေ...
နောက်ဆုံးအနေနဲ့ အဖွဲ့ဝင်အချင်းချင်း ဘာတွေသင်ယူခဲ့ရလဲ ဆိုတဲ့ မေးခွန်းကိုဖြေဖို့စဉ်းစားေ တာ့ ညိုတစ်ခုသွားစဉ်းစားမိတယ်.. . အဲဒါက “အသိပညာဖလှယ်ခြင်း” ပါပဲ...
ဒီလိုလေ... ညို့ဆီမှာ ငွေ ၁ ကျပ်ရှိတယ်ဆိုပါစို့.. ညို့သူငယ်ချင်းကို အဲ့ငွေ ၁ ကျပ်ပေးလိုက်ရင် ညို့မှာငွေလုံးဝမကျန်တော့ဘူးး အဲ့လိုမဟုတ်ဘဲ ငွေချင်းလဲလှယ်တယ်ဆိုရင်လဲ. ... 1 USD ကို ညိုကပေးလိုက်မယ်... ငွေလဲတဲ့သူက ညို့ကို ၈၆၇ ကျပ် ပြန်ပေးမယ်... သုံးလို့ရတဲ့ ပမာဏကတော့ တူတူပဲလေ.. 1 USD == ၈၆၇ ကျပ် ပဲ....
ဒါပေမယ့် အသိပညာဖလှယ်ခြင်းမှာတော့ ကိုယ်ကပေးလိုက်လို့ သို့မဟုတ် ကိုယ်ကယူလိုက်လို့ တူညီတဲ့ ပမာဏကိုရလိုက်တာ ကုန်သွားတာ။ ဒါမှမဟုတ် ကိုယ့်ဆီကအသိပညာပေးလိုက်လို့  ကိုယ့်မှာဘာမှ မကျန်တော့တာမျိုး မရှိဘဲ... ကိုယ်ပေးလိုက်တဲ့အခါ သူ့မှာ အသိ ၁ခုတိုးသွားတယ်... သူ့မှာရှိတဲ့အသိနဲ့ပေါင်းရင် အသိ ၂ ခုဖြစ်သွားတယ်.. ဒီလိုပဲ သူကပေးလို့ကိုယ်ယူတဲ့အခါမှာ လဲ သူ့ဆီမှာလျော့ပါးသွားခြင်း မရှိဘဲ ကိုယ့်ဆီမှာ သူ့အသိပညာရယ် ကိုယ့်မူလအသိရယ်ပေါင်းပြီး ၂ခု ဖြစ်သွားတယ်.... ဒီကမှတဆင့် ထပ်တွေးချင်သေးရင် ထပ်ပြီးတီထွင်ကြံဆတတ်ရင် တူညီတဲ့ သူ့အမြင်နဲ့ကိုယ့်အမြင် တူတူရာပေါင်းပြီး နောက်ထပ် အသိပညာ ၁ ခု သို့မဟုတ် မတူညီတဲ့ သူ့ရှုထောင့်ကိုယ့်ရှုထောင့်ကို သုံးသပ်ပြီးနောက်ထပ် အသိပညာ ၁ ခု ထပ်ရလာနိုင်သေးတယ်....
ကဲ ကြည့်ပါဦးးး ဘယ်လောက်တောင် အဖိုးတန်တဲ့ မျှဝေခြင်းအနုပညာလဲ ဆိုတာ.... သူငယ်ချင်းတို့ရော... ကိုယ်သိထားတာလေးတွေ သူများကို မျှဝေချင်စိတ်မပေါက်လာဘူးလားးး??? သူသိထားတာလေးတွေဆီကနေရော ကိုယ့်အနေနဲ့ပညာယူချင်စိတ်မ ဖြစ်လာဘူးလားရှင်.....
“မင်းတို့ရေးထားတဲ့အမြင်တွေ
ညိုနဲ့ ထိုင်းလူမျိုးသူငယ်ချင်း ၂ယောက် ထိုင်ဝမ်တရုတ်သူငယ်ချင်း တယောက်လဲ ကိုယ့်အမြင်ပြောပြ သူ့အမြင်နားထောင်ပေါ့လေ....
နောက်ဆုံးအနေနဲ့ အဖွဲ့ဝင်အချင်းချင်း ဘာတွေသင်ယူခဲ့ရလဲ ဆိုတဲ့ မေးခွန်းကိုဖြေဖို့စဉ်းစားေ
ဒီလိုလေ... ညို့ဆီမှာ ငွေ ၁ ကျပ်ရှိတယ်ဆိုပါစို့.. ညို့သူငယ်ချင်းကို အဲ့ငွေ ၁ ကျပ်ပေးလိုက်ရင် ညို့မှာငွေလုံးဝမကျန်တော့ဘူ
ဒါပေမယ့် အသိပညာဖလှယ်ခြင်းမှာတော့ ကိုယ်ကပေးလိုက်လို့ သို့မဟုတ် ကိုယ်ကယူလိုက်လို့ တူညီတဲ့ ပမာဏကိုရလိုက်တာ ကုန်သွားတာ။ ဒါမှမဟုတ် ကိုယ့်ဆီကအသိပညာပေးလိုက်လို
ကဲ ကြည့်ပါဦးးး ဘယ်လောက်တောင် အဖိုးတန်တဲ့ မျှဝေခြင်းအနုပညာလဲ ဆိုတာ.... သူငယ်ချင်းတို့ရော... ကိုယ်သိထားတာလေးတွေ သူများကို မျှဝေချင်စိတ်မပေါက်လာဘူးလာ
—
0 comments:
Post a Comment