Thursday, August 9, 2012

09.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, August 8, 2012 at 4:02pm ·

၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို အခမ်းအနားများ
NLD နာယက ဦးတင်ဦးနဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်တို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအုံကြွမှု ၂၄ နှစ်မြောက် အခမ်းအနား တွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနား ကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်တို့ တက်ရောက် မိန့်ခွန်းပြောကြား ခဲ့ကြပါတယ်။
တပါတီ အာဏာရှင် စနစ်ကို ပြည်သူလူထု ကနေ အုံကြွတော်လှန် ခဲ့တာ ၂၄ နှစ်ကြာတဲ့ ဒီကနေ့ အချိန်မှာ၊ ပြောင်းလဲမှု အရိပ်အယောင်ကို တွေ့ရကြောင်း၊ အနှစ်သာရ အရ ပြောင်းလဲမှု ကတော့ မရှိသေးကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ မပြီးပြတ် သေးကြောင်းနဲ့ ဆုံးခန်းတိုင် မရောက်သေးကြောင်း ဦးဝင်းတင်က ဆက်ပြော ပါတယ်။
ဒီအခမ်းအနားကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေး အကျဉ်သားဟောင်းတွေ၊ စာပေသမားတွေနဲ့ အများပြည်သူ စုစုပေါင်း လူတထောင်ကျော်လောက် တက်ရောက် ခဲ့ကြပါတယ်။
မန္တလေးမြို့ အခမ်းအနား
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ဦးဆောင်ကျင်းပတဲ့ မန္တလေးမြို့ ရှစ်လေးလုံး ၂၄ နှစ်မြောက် အခမ်းအနားကိုတော့ ဘုရားကြီး အလယ်တိုက်ဖြစ်တဲ့ ဒက္ခိဏသာရ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားတွေအပါအဝင် လူတထောင်ကျော် တက်ရောက်ခဲ့ ကြပါတယ်။
နောက်ပြီး မန္တလေးမြို့ အနုပညာရှင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးနဲ့ ကျောင်းသားလူငယ် အဖွဲ့တွေလည်း တက်ရောက်ကြပြီး၊ ရန်ကုန်မြို့ ကနေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့လည်း လာရောက်ကာ၊ ကိုရဲလွင်တို့ရဲ့ မဇ္ဈိမလှိုင်း အဖွဲ့ အပြင် တခြားနိုင်ငံရေး အင်အားစုတွေပါ တွေ့ရပါတယ်။
မန္တလေးမြို့ အခမ်းအနားကနေ ကြေညာချက်တစောင် ထုတ်ပြန်သွားရာမှာ ကျန်ရှိနေသေးတဲ့ အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေး အတွက် အလေးနက်ထား ဆောင်ရွက်ဖို့နဲ့၊ သက်ဆိုင်တဲ့ သူတွေကနေ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုက ဘီဘီစီကိုပြောရာမှာ၊ အပြောင်းအလဲဟာ နောက်ပြန် ပြန်လှည့်လို့ မရတော့ဘူးဆိုတဲ့ လက္ခဏာတွေကို တွေ့နေရ ပြီဖြစ် ကြောင်း၊ ဒီအတွက် ပြုပြင်ပြောင်းလဲလိုသူ ဘယ်သူနဲ့ မဆို ပူးပေါင်းဆောင်ရွက်ဖို့ မူဝါဒ ချမှတ်ထားပြီး ဖြစ်တယ်လို ပြောပါတယ်။
မနေ့ကတော့ အဲဒီ အခမ်းအနား ပြင်ဆင်ရာကို မီးရထား ဝန်ကြီး ဦးအောင်မင်း နဲ့ စက်မှု ဝန်ကြီး ဦးစိုးသိန်း တို့လာရောက်ခဲ့ကြပြီး၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို တွေ့ဆုံ အားပေးကာ အလှူငွေပါ ထည့်ဝင် သွား ခဲ့ပါတယ်။
ဝန်ကြီးနှစ်ပါးက ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ အရင်တုန်းက အဆိုးမြင်တဲ့ အမြင်တွေကို ချေဖျက်ဖို့ ပြောကြား သွားတယ်လို့ သိရပါတယ်။
ပျဉ်းမနား နေပြည်တော်
နေပြည်တော်မှာ ကျင်းပနေတဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး တခြား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အမျိုးသမီး အမတ်တွေဟာ လုံခြည် အနက်ရောင် ဝတ်ဆင်ကာ၊ ပဝါ အနက်ရောင်ခြုံပြီး တက်ရောက်ကြ ပါတယ်။
ပျဉ်းမနားမြို့မှာလည်း နိုင်ငံရေး တက်ကြွသူတွေက ရှစ်လေးလုံး ၂၄ နှစ်မြောက်အခမ်းအနား ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ကျောက်တော်ရဲ့ နောက်ဆုံးအခြေအနေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမ်ဘာရီရွာ အင်္ဂါနေ့ မနက်က မီးရှို့ခံရတာဖြစ်ပြီး အနီးအနားက ရွာသားတွေပြောပြချက်အရ အိမ်ခြေ ၃ဝဝ ကျော်လောက် လောင်ကျွမ်းတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ အိမ် ၁ဝဝ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။
မောင်းတောမှာ ဗုံးခွဲမှာကို စိုးရိမ်တဲ့ အတွက် လုံခြုံရေးတွေ ပိုချထားတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း နဲ့ ဘတ်စ်ကားလိုင်းတွေလည်း ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်ဒေသခံတွေနဲ့ မွတ်ဆလင်မ်တွေ အခင်းဖြစ်ပွားနေတာက တော်ရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်သေးတဲ့အတွက် နိုင်ငံတကာ စိုးရိမ်မှုအသံတွေလည်း ထွက်နေပါတယ်။
တူရကီနိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်က အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်နေပြီးလို့သိရပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင် ပစ်ဆူဝမ်ကလည်း အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ စဉ်းစားနေတယ်လို့ပြောပါတယ်။

ပြန်ပေးဆွဲခံရသူတချို့ IRG အဖွဲ့ဝင်ဖြစ်
ဆီးရီးယားသူပုန်တွေ ဖမ်းထားတဲ့ အီရန်နိုင်ငံသားများ
ဆီးရီးယားမှာ ပြန်ပေးဆွဲ ခံထားရတဲ့ အီရန်နိုင်ငံသား ၄၈ဦး ပါအဖွဲ့ထဲမှာ IRG (Iran's Revolutionary Guards) အီရန်တော်လှန်ရေး တပ်ဦးက အဖွဲ့ဝင်တချို့ပါဝင်တယ်လို့ အီရန်ဖက်က ပထဦးဆုံးအကြိမ်အဖြစ် အတည်ပြုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အချိန်တွေတုန်းကတော့ ဒီအဖွဲ့ဟာ ဆီးရီးယားကို ဘုရားဖူးသွားတဲ့ အဖွဲ့လို့ အီရန်ဘက် က ပြောခဲ့တာပါ။
ဒီအဖွဲ့ဟာ ဆီးရီးယား စစ်တပ်အတွက် ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာလို့ ဒီအဖွဲ့ကို ဖမ်းထားတဲ့ ဆီးရီးယား သူပုန်တွေက စွပ်စွဲပြောကြားခဲ့ပါတယ်။
ဒီအဖွဲ့ ပြန်လည် လွတ်မြောက်လာဖို့အတွက် ကုလသမ္မဂ ကကူညီဖို့ အီရန်က တောင်းဆိုခဲ့ပါတယ်။

စစ်ကြောင့် သေဆုံးမှုရာနှုန်း အာဖဂ္ဂန်မှာ ကျဆင်း
လမ်းဘေးထောင်ဗုံးတွေကြောင့် ပြည်သူအများအပြားသေဆုံးရပါတယ်
အာဖဂ္ဂနစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုနဲ့ ဒဏ်ရာရတဲ့ အရပ်သားပြည်သူ အရေအတွက်ဟာ ငါးနှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံး ဖော်ပြချက်မှာ ပါရှိပါတယ်။
၂၀၁၂ ရဲ့ ပထမ ၆လပတ် မှာ သေဆုံးသူ စုစုပေါင်း ၁၁၄၅ ဦးရှိသွားပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ၁၅% ကျဆင်းသွားတာ ဖြစ်ပါတယ်။
သေဆုံးမှုအများအပြားရဲ့ အဓိက အကြောင်းရင်းကတော့ စစ်သွေးကြွတွေရဲ့ လမ်းဘေးထောင်ဗုံးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် နေတိုးဦးဆောင်တဲ့ စစ်ဆင်ရေးတွေကြောင့် ၁၀% နီးပါး သေဆုံးရပါတယ်။

ဆီးရီးယားအီရန် မဟာမိတ် အပျက်မခံလို့ အီရန်ပြော
ဆီးရီးယား နိုင်ငံဟာ အီရန် အတွက် အသက် သွေးကြောပမာ အရေးကြီးတဲ့ မဟာမိတ် နိုင်ငံ ဖြစ်ပြီး ဒီ ဒေသတွင်း မဟာမိတ် အဖွဲ့ကို အပျက် မခံနိုင်ဘူးလို့ အီရန် လုံခြုံရေး အကြီးအကဲက ပြောလိုက်ပါတယ်။
ဆီးရီးယား ဝန်ကြီးချုပ် သူပုန်ဘက် ထွက်ပြေးလာပြီး နောက်တရက်မှာ အီရန်က ဆီးရီးယား အစိုးရဘက်က ရပ်ပြလိုက်တာ ဖြစ်ပါတယ်။
အီရန် လုံခြုံရေး အကြီးအကဲ ဆာရိ ဂျလီးလီ ဆီးရီးယားမှာ ရောက်ရှိနေပြီး သမ္မတ အာဆတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
သီတင်း နှစ်ပတ်တာ ကာလ အတွင်းမှာ ဆီးရီးယား သမ္မတ အာဆတ်ကို ပထမဆုံး ပြန်တွေ့ကြရတာလည်း ဖြစ်ပါတယ်။
အီရန် လုံခြုံရေး အကြီးအကဲက ခုခံတွန်းလှန်ရေး ဝင်ရိုးတန်း မဟာမိတ် အဖွဲ့မှာ ဆီးရီးယားဟာ အရေးကြီးတဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒီဝင်ရိုးတန်း မဟာမိတ် အဖွဲ့ဆိုတာ လူသိရှင်ကြား တရားဝင် ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ မဟုတ်ဘဲ သတင်းထောက်တွေကတော့ အီရန် လုံခြုံရေး အကြီးအကဲ ဆိုလိုတဲ့ မဟာမိတ်တွေထဲမှာ အီရန်၊ ဆီးရီးယား၊ လက်ဘနွန် နိုင်ငံထဲက ဟစ်ဇဘိုလာ ပြောက်ကြားတွေနဲ့ ပါလက်စတိုင်းက ဟားမားစတို့ ပါဝင်တယ်လို့ မှတ်ချက် ပေးကြပါတယ်။
ဆီးရီးယားဟာ အရှေ့ အလယ်ပိုင်းမှာ အီရန်ကို လိုလားတဲ့ အီရန်ရဲ့ အရေးကြီးဆုံး မဟာမိတ် နိုင်ငံတွေထဲ တခု အပါအဝင် ဖြစ်ပါတယ်။
အီရန်ကနေ လက်ဘနွန်နဲ့ ပါလက်စတိုင်းကို ဆက်သွယ်ရာမှာ ဆီးရီးယားဟာ အချက်အခြာကျ
ပထဝီ အနေအထားအရ အီရန်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာ ပြောက်ကြားတွေ၊ နောက် ပါလက် စတိုင်းက ဟားမားစတို့နဲ့ အဆက်အသွယ် လုပ်ဖို့ ဆီးရီးယားဟာ ကြားခံ နိုင်ငံ ဖြစ်ပါတယ်။
နောက်တခါ ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့ကြား ဆက်ဆံရေးသစ် ထူထောင်လာနေမှုနဲ့ နိုင်ငံတကာ အရေးအခင်းတွေမှာ အီရန်က သူ့ ပြိုင်ဘက် အဖြစ် မြင်တဲ့ တူရကီရဲ့ အခန်းကဏ္ဍ ပိုကျယ်ပြန့်လာမှု တွေဟာ အီရန် အတွက် စိတ်ပူစရာတွေ ဖြစ်ပါတယ်။
ဆီးရီးယားမှာ အီရန် ဆန့်ကျင်တဲ့ အစိုးရ တက်လာခဲ့ရင် အီရန်ဟာ တနိုင်ငံထဲ အထီးကျန်ပြီး အဝိုင်းခံရတဲ့ အနေအထား ရောက်သွားမှာ ဖြစ်ပါတယ်။
ဒီအချက်တွေကြောင့် အီရန်ဟာ ဆီးရီးယားက အာဆတ် အစိုးရကို ကျားကန် ပေးရေးဟာ သူ့အကျိုးစီးပွား အတွက် အင်မတန်မှ အရေးကြီးနေပါတယ်။
အခုနောက်ဆုံး ဆီးရီးယားမှာ သူပုန်တွေက အီရန် နိုင်ငံသား လေးဆယ့်ရှစ် ယောက်ကို ဖမ်းဆီး ရမိလိုက်တယ်ဆိုတဲ့ သတင်းတွေကို ကြည့်ရင် အီရန် တော် လှန်ရေး ကာကွယ်စောင့်ရှောက်ရေး တပ်တွေ ဆီးရီးယားမှာ လှုပ်ရှားကောင်း လှုပ်ရှား နေနိုင်တာကို ပြနေပါတယ်။
အီရန်ကတော့ အခု ဆီးရီးယား သူပုန်တွေဖမ်းထားတဲ့ သူ့နိုင်ငံသားတွေဟာ ဘုရား ဖူးတွေလို့ ပြောပေမယ့် သူပုန်တွေကတော့ ဒီလူတွေဟာ အီရန် တော်လှန်ရေး ကာကွယ် စောင့်ရှောက်ရေးတပ်ကလို့ ပြောပါတယ်။
ဘယ်သူပြောတာ မှန်သလဲဆိုတာ အခု အချိန်မှာ ဘယ်လိုမှ သိနိုင်စရာ မရှိပေမယ့် အဖမ်းခံထားရသူတွေရဲ့ လုံခြုံရေးကို စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

“၈၈၈၈ အပေါ် သစ္စာရှိမရှိဆိုတာ အရေးကြီးတဲ့ စံတခုဖြစ်တယ်”
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်

 ရဲဘော်ဖိုးသံချောင်း(ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)

နယူးဒေလီ (မဇ္ဈိမ) ။       ။ ၈၈၈၈ ခေါ် ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာချိန်သည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၏ တပါတီ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်အား အုပ်ချုပ်နေချိန် ဖြစ်သည်။

တနိုင်ငံလုံး ဒီမိုကရေစီတောင်းဆို အုံကြွကြသည့် ယင်းကာလ မတိုင်မီ နိုင်ငံရေးပါတီဟူ၍ မြို့ပေါ်တွင် မဆလ၊တောထဲတွင် ဗကပ ဟူ၍သာ ရှိခဲ့သည်။
ပြည်သူလူထုကြီး၏ ထိုအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး အာဏာသိမ်းလိုက်သည်။ အာဏာသိမ်း နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က ၎င်းတို့၏ အကြိမ်ပေါင်း ရာနှင့်ချီ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင် ထို ၈၈၈၈ အရေးတော်ပုံကြီးအား ဗကပ များ သွေးထိုးမြှောက်ပင့်၍ ဖြစ်လာရပြီး ဗကပ များ၏ နိုင်ငံတော်အာဏာ သိမ်းပိုက်ရေး အကြံအစည်အဖြစ် ပုံဖော်ကာ စာအုပ်စာတမ်းများ ရောင်စုံထုတ်ဝေ ဖြန့်ချိခဲ့ကြသည်။

ထို့ကြောင့် ထို ၈၈၈၈ အရေးတော်ပုံကာလ ဗကပ ၏ အခန်းကဏ္ဍ၊ ၂၄ နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအပေါ် သုံးသပ်ချက်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံနှင့် နှိုင်းယှဉ်ချက်တို့ကို သိရှိနိုင်ရန်အတွက် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်း အား မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။


၈၈၈၈ အရေးအခင်းကို ဗကပ တွေ သွေးထိုးတာလို့ အာဏာသိမ်းအစိုးရက ပြောကြ၊ သတင်းစာရှင်းကြ၊ မှတ်တမ်းစာအုပ်တွေ ထုတ်ကြပါတယ်။ ဒီလိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဗကပ အနေနဲ့ ဘယ်လို တုန့်ပြန်လိုပါသလဲ။

ဖြေ။   ။ ၈၈၈၈ အရေးတော်ပုံကြီးဟာ ပြည်သူတရပ်လုံးရဲ့၁၃၀၀ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့ တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေး ပါဘူး။ အရေးတော်ပုံကြီးပါ။ ပြည်သူလူထုကြီးရဲ့ လိုလားချက်တွေ ကို ပြည်သူလူထုကြီးက တောင်းဆို တိုက်ပွဲဝင်ကြတာပါ။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ် တဦးတယောက်ကမှ ဒါငါတို့ လုပ်တာ၊ ငါတို့ လက်ရာလို့ အမှတ်မယူနိုင်ပါဘူး။နောက်ပြီး ဒီအရေးတော်ပုံကြီးဟာ သူ့ရှေ့က ပေါ်ခဲ့တဲ့၇ ရက် ဇူလိုင် အစချီတဲ့ တိုက်ပွဲတွေနဲ့လည်း ဆက်နေပါတယ်။ ခွဲလို့ မရပါဘူး။ ဒီအရေးတော်ပုံကြီးမှာ ဗကပ ဟာ သူတတ်နိုင် တဲ့ အခန်းက အစွမ်းကုန် ပါဝင်ခဲ့ပါတယ်။ ပေးဆပ်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။ ဗကပ သမိုင်းမှာ ဘယ်သူ့ကိုမှ သွေးမထိုးခဲ့ပါဘူး။ ကိုယ့်သဘောထားကို ရှင်းပြခဲ့တာပဲ ရှိပါတယ်။ သွေးထိုးတယ် ဆိုတာက ၈၈၈၈ အရေးတော်ပုံတုန်း က ဆန္ဒပြကြသူတွေအကြား ရှုပ်ထွေးအောင် ထောက်လှမ်းရေးကလုပ်တဲ့ မြှောက်ပေးနည်းမျိုး ကိုသာ ပြောနိုင်ပါတယ်။ ဒီပဲယင်း အရေးတော်ပုံ တုန်းကလည်း အရက် ကိုးမောင်းတိုက် သွေးထိုးခဲ့ပါတယ်။

၈၈၈၈ အရေးတော်ပုံကို ၁၃၅၀ ပြည့် အရေးတော်ပုံလို့လည်း ခေါ်ကြပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ဒီ ၁၃၅၀ ပြည့် အရေးတော်ပုံ နှစ်ခု တူညီချက်တွေနဲ့ ထူးခြားချက်တွေ နှိုင်းယှဉ်ပြပေးပါ။

ဖြေ။  ။ ဗကပ အနေနဲ့ ၁၉၈ဝ စုနှစ်များ အစပိုင်းကစပြီး ၁၃ဝဝ ပြည့်နှစ် စိတ်ဓာတ်ကို ပြန်ဖော်ထုတ်ဖို့ လှုံ့ဆော်ခဲ့ပါ တယ်။ မြေအောက်ပုံစံနဲ့ပါ။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူတွေနဲ့ နိုင်ငံရေးသမားဟောင်းကြီးတွေအပြင် စာပေအနု ပညာသည်တွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေဆီကို လှမ်းဆက်သွယ်ပြီး ၁၃၀၀ ပြည့်နှစ် တုန်းကလိုပဲ တပြည်လုံး သွေးစည်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြဖို့ တင်ပြခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံနဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံတို့ရဲ့တူညီချက်နဲ့ မတူညီတဲ့ အချက်တွေကို ပြောရရင် တချက်က ၁၃ဝဝ ပြည့် အရေးတော်ပုံဟာ ဖြစ်ပေါ်ပြီး ကိုးနှစ် အကြာမှာ တိုက်ပွဲအသီးအပွင့်တွေ ခံစားရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံကတော့ ၂၄ နှစ် ကျော်လွန်ခဲ့တာတောင်မှ အသီးအပွင့်တွေကို မမြင်ရသေးပါဘူး။

ငွေရတု ပြည့်လုလု ၂၄ နှစ်အကြာမှာ ဒီ ၈၈၈၈ အရေးတော်ပုံအပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ ရည်မှန်းချက်ကို ဘာ့ကြောင့် မရောက်နိုင်သေးရသလဲ။

ဖြေ။   ။၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလတုန်းက နိုင်ငံကြီး ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာလို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါ တယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာမှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။တွေဟာဒုတိယကမ္ဘာစစ်နဲ့ အကုန် အလုပ်များနေကြ တာပါ။ သူများနိုင်ငံ အရေးကို ဝင်မရှုပ်နိုင်ကြပါဘူး။ ဒီတော့ ဗမာပြည်သူတွေဟာ အင်္ဂလိပ်အခက်-ဗမာ့အချက် ဆိုတဲ့ ကြွေးကြော်သံကို တင်ပြီး ကိုယ့် လွတ်လပ်ရေးအတွက် ကိုယ်လုပ် ခဲ့နိုင်ကြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံ ပြီးတဲ့အခါနဲ့ ဆိုဗီယက်အုပ် စုပြိုကွဲတာ၊ စစ်အေးစစ်ပွဲ ပြီးဆုံးတာနဲ့ သွားတိုက်ဆိုင်နေပါတယ်။ ဒီတော့ နိုင်ငံကြီးတွေ သြဇာခံနယ်ပယ် အလုအယက် စည်းရုံးတိုးချဲ့နေတာနဲ့ ကြုံရပါတယ်။ ဒီအထဲမှာ ဗမာပြည်ဟာလည်း သီးခြားကင်းလွတ်နေတာ မဟုတ်ပါဘူး။

နောက်တချက် ပြောသင့်တာက ၁၃ဝဝ ပြည့် အရေးတော်ပုံတုန်းက တိုက်ပွဲဝင်သူတွေ အကြားမှာ တူညီတဲ့ ဘုံလမ်းစဉ် ရှိခဲ့ပါတယ်။ နောက်ပြီး အမျိုးသား ညီညွတ်ရေးလည်း ရှိခဲ့ပါတယ်။ အဲဒါနဲ့ ပြောင်းပြန် ရှစ်လေးလုံး နောက်ပိုင်းမှာ တိကျ တဲ့ ဘုံလုပ်ငန်းစဉ် မရှိဘဲ သူတလူ ငါတမျိုး ဖြစ်နေခဲ့ပါတယ်။ တဆက်ထဲ အမျိုးသားညီညွတ်ရေးလည်း လျော့ရဲခဲ့ပါ တယ်။

၈၈၈၈ နှစ်ပတ်လည်မှာ ဖြည့်စွက်ပြောလိုတာများရှိရင် ပြောပါ။

ဖြေ။   ။ အထက်မှာ ပြောခဲ့သလိုပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အောင်ပွဲ မရသေးပါဘူး။ ဒါပေမယ့် ဒီလိုပြောတဲ့ အတွက် ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ရှုံးနိမ့်သွားပြီလို့ မဆိုနိုင်ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့တောင်းဆိုချက်တွေဟာ ဒီနေ့အခါမှာလည်း တောင်းဆိုတိုက်ပွဲဝင်ရမယ့် တောင်းဆိုချက်တွေ ဖြစ်မြဲ ဖြစ်နေပါသေး တယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပေါ် သစ္စာရှိမရှိဆိုတာ ဒီနေ့ နိုင်ငံရေး လုပ်သူတွေကို တိုင်းတာမယ့် အရေးကြီးတဲ့ စံတခု ဖြစ်ပါတယ်။ ဒီနေ့အခါမှာ ဦးသိန်းစိန် အစိုးရဟာ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားကို ငွေလှူတာ လို အပေါ်ယံ ဟန်ဆောင်လုပ်ငန်းတွေ လုပ်ပြနေပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် ရှစ်လေးလုံး အလံကိုတောင် အပိုင်စီးတာ လုပ်သွားနိုင်ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံရဲ့ အဓိက အကျဆုံး စိတ်ဓာတ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဆိုတာ မှေးမှိန်သွား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲက ဒီမိုကရေစီဆိုတာဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးက တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပဲ ဖြစ်သယောင်ယောင် လုပ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် ကျောင်းသား လူငယ်တွေရော၊ ရှစ်လေးလုံးတုန်းက ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ အများရော အခုအခါမှာ ရှစ်လေးလုံး အလံကို မြင့်မြင့်မားမား လွှင့်ထူပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရေးတော်ကို ဆက်လက် အကောင်အထည် ဖော်ရပါမယ်။ တဆက်ထဲမှာလည်း ရှစ်လေးလုံးအလံကို ဘယ်သူ တဦးတယောက်၊ တဖွဲ့တပါတီကမှ လက်ဝါးကြီးအုပ် အမြတ်မထုတ်နိုင်အောင်လည်း သတိပြုရပါမယ်။

ရှစ်လေးလုံး အရေးတော်ပုံ ကြီးမြတ်တာဟာ လူထုကြီး တခဲနက်ပါဝင်ခဲ့လို့ပါ။ ဒီနေ့ ဗမာပြည်မှာ လိုအပ်နေတာကလည်း ဒီလိုပဲ လူထုကြီး တခဲနက်ပါဝင်တဲ့ တိုက်ပွဲတွေ ဖော်ထုတ်ဖို့ပါ။   ။

သံလို သွေးလို မာကြော ရဲရင့်ကြရလိမ့်မယ်
တူမောင်ညို။ သြဂုတ် ၈၊ ၂၀၁၂
            ပြည်သူ့လွှတ်တော်က ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကို “တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ” အဖြစ် ခန့်အပ်လိုက်တာနဲ့ “၈၈ မျိုးဆက်များ”ထံ ဝန် ၂ ပါး က “ကျပ်ငွေ ၁၀ သိန်း” ပေးသွားတဲ့ ဖြစ်ရပ်ဟာ သဘောရိုးမဟုတ်ပါ။ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။
            ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေးလုံးလှုပ်ရှားမှုကြီး)နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံက တညီတညွတ်တည်းရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီခေါင်းဆောင်ကို အသရေဖျက်လိုက်တာပါ။ နတ်သုဒ္ဓါထဲ မစင်တစ်ပဲ ရောထည့်လိုက်တာပါ။

“တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ နဲ့ ဥက္ကဋ္ဌ”
            ကော်မတီရဲ့တာဝန်က …
“ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့်နည်းဥပဒေ ၊ စည်းမျဉ်း၊ စည်း ကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး၊ ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်” တဲ့။
            အင်္ဂလိပ်ကိုလိုနီအစိုးရက သူတို့ စိုးမိုးမှုကို တွန်းလှန်သူတွေကို နှိမ်နင်းရာမှာ ပြတ်သားတဲ့ ခေါင်းဆောင်တွေနဲ့ နောက်လိုက် ငယ်သားတွေကို တိုက်ပွဲတွင်းမှာဆို အသေပစ်သတ်ပြီး၊ အားမတန်လို့ အဖမ်းခံကြရသူတွေဆိုရင် သေဒဏ်ပေးခဲ့ကြတယ်။ ဥပမာ တောင်သူလယ်သမားခေါင်းဆောင်ဆရာစံ။
            လက်နက်ချ၊ အညံ့ခံဒူးထောက်သူများကိုတော့ တွန်းလှန်မှုတွေနှိမ်နင်းရာမှာ လမ်းပြအဖြစ်အသုံးချတယ်။ ဓါးပြလူဆိုး သူခိုးတွေကိုလည်း ဓါးပြသူခိုး ဖမ်းဆီးရေးမှာ ပုလိပ်သတင်းပေးအဖြစ် ပြန်အသုံးချလေ့ရှိတယ်။ အဲဒီလိုနည်းလမ်းတွေကို ဒီကနေ့ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအထိ အဆက်ဆက်သော အုပ်စိုးသူများကလည်း ကျင့်သုံးခဲ့ကြတယ်။
            ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးနောက် ပြန်လည်ဝင်ရောက်လာတဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရကလည်း (ဖဆပလ) နဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပေးခဲ့ဖူးတယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းရတဲ့ကိန်းဆိုက်ခဲ့ရတယ်။ “စက်တင်ဘာအုံကြွမှု” ကို  နှိမ်နင်းခဲ့ရတယ်။
            အခုလည်း ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ဒီနည်းကိုအသုံးချလိုက်တာပါ။
            “တရားဥပဒေစိုးမိုးရေး” လို့ဆိုရာမှာ ဘယ်လိုအမျိုးအစားတရားဥပဒေကို စိုးမိုးစေမှာလဲ ဆိုတာက အခရာကျပါတယ်။ ပြည်သူ တွေကို မတရားသဖြင့်ဖိနှိပ်ထားတဲ့ ဥပဒေတွေ စိုးမိုးရေးတော့လုပ်ဖို့မသင့်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဥပဒေအားလုံးရဲ့ ပင်မ အခြေခံဥပဒေဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟာ အတင်းအဓမ္မအတည်ပြုခဲ့တဲ့ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖိနှိပ်ရေးဥပဒေများကလည်း (မပယ်ဖျက်သမျှ/လက်ရှိအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ) တည်ဆဲဥပဒေများ အဖြစ်တည်ရှိနေပါတယ်။
            (NLD)နဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြင်ဆင်ရေးကို မဆောင်ရွက်နိုင်ခင်မှာ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေများ “စိုးမိုးရေးနဲ့တည်ငြိမ်ရေး” လုပ်ရတော့မယ့် ကိန်းဆိုက်သွားပါပြီ။
 ဦးသိန်းညွန့်ကတော့ လွှတ်တော်ထဲမှာ “အရေးပေါ်စီမံမှုအက်ဥပဒေ”၊ “မတရားသင်းများအက်ဥပဒေ” တို့ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေပါတယ်။
            ဒါ့အပြင် ဆက်တိုက်ဆိုသလို ပေါ်ပေါက်ဖြစ်ပွားနေတဲ့ လယ်ယာမြေ မတရားအသိမ်းခံနေရတဲ့ လယ်သမားတွေ၊ အလုပ်ခွင်နဲ့ လုပ်ခ၊လစာအခွင့်အရေးဆိုးရွားနိမ့်ကျနေရတဲ့ အလုပ်သမားတွေ၊ လွတ်လပ်စွာရေးသားဖေါ်ပြခွင့်ပိတ်ပင်ကန့်သတ်ခံရတဲ့ မီဒီယာသမား တွေ၊ လျှပ်စစ်မီးနဲ့ ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်ကိုလက်တွေ့ ခံစားနေရတဲ့ မြို့နေဝန်ထမ်းနဲ့ဆင်းရဲသားတွေ၊ ကျောင်းသားသမဂ္ဂဖွဲ့ စည်းရေးအတွက်လှုပ်ရှားနေကြတဲ့ကျောင်းသားကျောင်းသူတွေ စတဲ့ လူတန်းစားလူ့အလွှာအသီးသီးရဲ့ တောင်းဆိုဆန္ဒပြမှုတွေနဲ့ “တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ”ကို ထိပ်တိုက် တွေ့ပေးလိုက်တာပဲမဟုတ်လား။
 ကြောင်လက်နဲ့ ပြာပူ ယက်ခိုင်းလိုက်တာမဟုတ်ပါလား။
            ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သင်ခန်းစာတွေတစ်ခုပြီးတစ်ခုပေးနေပါတယ်။
            ကျမ်းသစ္စာကျိန်ဆိုရေးက ပထမသင်ခန်းစာဖြစ်ပြီး၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့ပေးတာက  ဒုတိယသင်ခန်းစာဖြစ်ပါတယ်။ “တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ” လို့ ခန့်အပ်လိုက် တာကတော့ တတိယမြောက်သင်ခန်းစာ လို့ပြောရမှာပါ။ တာဝန်ပေးအပ်လိုက်ပြီဆိုတော့ တာဝန်ခံမှုနဲ့တာဝန်ယူမှုရှိရပါတော့မယ်။
            အရင်က “မတရားအမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီးလှုပ်ရှားခဲ့ကြရတာပါ။
            အခုတော့အရင်နဲ့မတူ “တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေး တာဝန်အရ” ဆောင်ရွက်ရပါတော့မယ်။
            လူထုခေါင်းဆောင်ကို လူထုဆန္ဒပြမှု၊ လှုပ်ရှားမှုတွေနဲ့ ခေါင်းချင်းဆိုင်ပေးလိုက်ပါပြီ။

“ဝန် ၂ ပါးနဲ့ ကျပ်ငွေ ၁၀ သိန်းကိစ္စ”

ဓါးပြတိုက်၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို့ စတဲ့ ရက်စက်ယုတ်မာမှုမျိုးစုံကို ကမ်းကုန်အောင်လုပ်ခဲ့သူက တစ်နေ့တစ်မနက်မှာ ခေါင်းတုံးရိတ်၊ သင်္ကန်းဝတ်ပြီး ရွာထဲဆွမ်းခံလာတဲ့ အချိုးမျိုးပါပဲ။ (ရွာသားတွေ စိတ်ထဲမှာတော့ ခေါင်းရိုက်ခွဲပစ်ချင်စိတ်တွေက တားမရ ဆီးမရပါပဲ )
            ၁၉၈၈ခုနှစ်၊ဒီမိုကရေစီအရေးတော်ပုံကြီး(ရှစ်လေးလုံးလှုပ်ရှားမှုကြီး) ကို (နဝတ-နအဖ) စစ်အစိုးရက အသိအမှတ်မပြုခဲ့သလို၊ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကလည်း အသိအမှတ်မပြုပါဘူး။ “တိုင်းဆူပြည်ဖျက်၊ မင်းမဲ့စရိုက်ဆူပူသောင်းကျန်းမှု”လို့သာ တစ်သမတ်တည်း သရုပ်ဖျက် ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးမှာပါဝင်ခဲ့ကြသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။
             မကြာသေးခင်ကပဲ ပြည်သူ့လွှတ်တော်ထဲမှာ ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး (ရှစ်လေးလုံးလှုပ်ရှားမှုကြီး) ကိုရည်ညွန်း သုံးစွဲ ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တားမြစ်ခဲ့သေးတယ်မဟုတ်ပါလား။
            သူတို့ဟာ ပြီးခဲ့တဲ့ “၇ ရက်ဇူလိုင်”  နှစ် ၅၀ ပြည့် အခမ်းအနားလှုပ်ရှားမှုကို သင်ခန်းစာယူခဲ့ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဝန် ၂ ပါး ငွေ ၁၀ သိန်း နဲ့ ကြိုတင်အချိုသပ်တာပါ။ ကြိုတင်ထိန်းချုပ်တဲ့သဘော ဖြစ်ပါတယ်။  
             မတရားတဲ့အမိန့်ဥပဒေတွေ စိုးမိုးနေသမျှတော့ ခေါင်းတုံးရိတ်၊ သင်္ကန်းဝတ်လာတဲ့ လူဆိုးလူမိုက်ကို (စိတ်ထဲကမပါတောင်) မတ်တပ်ရပ်ပြီးလက်အုပ်ချီနေကြရပါလိမ့်ဦးမယ်။
            ကျနော်တို့ရဲ့စိတ်ဓါတ်တွေဟာ ပျော့ညံ့ အညှာလွယ်နေလို့မဖြစ်ဘူး၊ သံလို သွေးလို မာကြောရဲရင့်ကြရလိမ့်မယ်။
            ရှစ်လေးလုံးစိတ်ဓါတ်ဆိုတာ သံလိုသွေးလိုမာကြောရဲရင့်တဲ့ အရေးတော်ပုံစိတ်ဓါတ်ဖြစ်တယ်။

ညွန်း
- မြန်မာ့အလင်းသတင်းစာ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်) 

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု အဆိုရှင် ပုသိမ် လွှတ်တော်အမတ် ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်၏ အဆိုကို ထောက်ခံမဲ ၆၈ မဲနှင့် ကြားနေမဲ ၁၅ မဲ ရရှိပြီး ကန့်ကွက်မဲ ၂၇၁ မဲဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ အစောပိုင်း အစီအစဉ်အရ ၎င်းအဆိုကို ဆွေးနွေးမည့်သူ  ဦးစိန်ဝင်း (မအူပင်)၊ ဦးကျော်မင်း (လက်ပံတန်း)၊ ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)၊ ဦးကျော်မြင့် (မြန်အောင်)၊ ဦးရဲထွန်း (သီပေါ)၊ ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ)၊ ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း)၊ ဒေါက်တာမျိုးအောင် (ဒဂုံ ဆိပ်ကမ်း)တို့ ရှစ်ဦးကဆွေးနွေးရန် ရှိခဲ့သည်။
အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ် (ဓါတ်ပုံ မဇ္ဈိမ)

သို့သော် လွှတ်တော်စတင်ပြီးနောက် ဦးဝင်းမြင့်၏ အဆိုကို ဆွေးနွေးလိုသူ ငါးဦး ထပ်မံ ပေါ်ပေါက်လာပြီး တပ်မတော်သား လွှတ်တော်အမတ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးခဲ့သည်ဟု ဦးဝင်းမြင့် က ပြောသည်။

တပ်မတော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အခြေခံဥပဒေ ပုဒ်မ ၆၈ နှင့် မညီကြောင်း အဆိုကို ကန့်ကွက်ဆွေးနွေးသွားကြသည်ဟု ဦးဝင်းမြင့် က ပြန်ပြောပြသည်။

အဆိုပါ ပုဒ်မ ၆၈ တွင် “နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားတည်းသောဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။

“ဟိုက (ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈) သမ္မတနဲ့ ဒုသမ္မတ ကိစ္စ နှစ်ခုပဲပြောတာကိုး ကျနော်တင်တာကပြည်ထောင်စု အစိုးရအဖွဲ့ကော ပြည်နယ်တိုင်း အစိုးရ အဖွဲ့ကိုကော ပြောတာ။ ကျနော့်အမြင်ကတော့ ညီပါတယ်။ ဘာမှ ဆန့်ကျင်တာ မရှိဘူး။” ဟု ဦးဝင်းမြင့် က ဆိုသည်။

ဦးဝင်းမြင့်၏ အဆိုတွင် “Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များအား၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်” ဟု ပါရှိသည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို စာရင်းပြုစု၍ ယခုလ ၁ ရက်နေ့တွင် သမ္မတထံ တင်ပြရန်လည်း ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတရုံးမှ ညွှန်ကြားထားသည်။ အစိုးရ အဖွဲ့ဝင်အချို့၏ ပိုင်ဆိုင်မှုစာရင်းများ သမ္မတရုံးသို့ လာရောက် စာရင်းပေးပို့နေကြပြီ ဟုလည်း သမ္မတရုံး အကြီးတန်းအရာရှိတဦးက မဇ္ဈိမကိုပြောသည်။ မည်သူများ စာရင်းပေးအပ် သည်ကိုမူ ၎င်းအရာရှိက ဖြေကြားခြင်းမရှိပါ။

သမ္မတရုံး၏ အဆိုပါ ညွှန်ကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီးချုပ်များ တရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး တို့၏ ပိုင်ဆိုင်မှုစာရင်းများ ပြုစုတင်ပြရန် ညွှန်ကြားထားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...