Saturday, January 21, 2012

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး

by ဆေးလောက on Saturday, January 21, 2012 at 7:34pm
Jan 10, 2011 at 8:20 PM

ကျွန်မက မြန်မာပြည်ပြန်ပြီး မွေးချင်လို့ ကိုယ်ဝန်နဲ့ ဘယ်အချိန် လေယာဉ်စီးလို့ စိတ်အချရဆုံးလဲ သိချင်လို့ပါ။ လေယာဉ် ခရီးစဉ်က နှစ်ဆင့်ကို စုစုပေါင်း ၁၅ နာရီလောက် စီးရမှာမို့လို့ပါ တချို့တွေက ၆လ နဲ့ ၇ လကြားပဲ ကောင်းတယ်။ တချို့က နုတုန်းပဲ ကောင်းတယ် အမျိုးမျိုး ပြောကြလို့ပါရှင့်။
ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်ဆုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ ဘယ်လောက်အထိ ပြောကြသလဲ ဆိုရင် “လေယာဉ်ပေါ်မှာ Bathrooms ဘယ်နား ရှိမှန်း သိရင် တော်ပြီ” တဲ့။


သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပဌမ ၃ လအတွင်း ကိုယ်ဝန် ပျက်တာ နဲနဲပိုများတာက လွဲရင် မထူးတာ တွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာ နာရီတွေ အများကြီး (၁ လမှာ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေ ဖြစ်နေတယ်။

သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။
• ကိုယ်ဝန် ၃၆ ပါတ်ကျော်ရင် Airlines အတော်များများက မတင်ခြင်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွါးရင် သူတို့ အလုပ်ရှုတ်မှာ စိုးလို့သာပါ။
• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်းသွားတာ ဘာမှ မဖြစ်ပါ။
• သက်တောင့်သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ နေရထိုင်ခင်း ကျယ်တာ စသဖြင့်။
• Aisles မှာ လမ်းလျှောက်ပါ၊ ရေများများသောက်ပါ။ သွားရည်စာ စားပါ။ ခြေ-လက် မကြာမကြာ ဆန့်ပါ။
• ဟိုရောက်ရင် Immunization ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကို သွားတာ ရှောင်ပါ။
• ကိုယ်ဝန်ဆောင်-မှတ်တမ်း လက်တကမ်းမှာ ထားပါ။
• ဘာတွေ ဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ် ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ စသဖြင့်။
• အဝတ်အစားရွေး ဝတ်သွားပါ။ အပူး-အအေး၊ အကြပ်-အချောင်။

လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာ မတူကြပါ။
• British Ariways ကိုယ်ဝန် ၃၆ ပါတ်ကျော်သူတွေ ကို ကန့်သတ်မှု လုပ်ထားတယ်။
• American Airlines မမွေးခင် ၄ ပါတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ Medical certificate ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာမရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုတယ်။) မမွေးမီ နဲ့ မွေးပြီး ၇ ရက် အတွင်း ရှိသူများ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ၅ နာရီထက် နည်းတဲ့ လေယာဉ်ခရီး စီးခွင့်မပြု။ American Airlines' Special Assistance Coordinator ထံက လက်မှတ်ပါရင်တော့ ရတယ်။ ရေပြင်ကို အကြာကြီး ဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တလအတွင်း ခရီးမသွားဘို့ အကြံပြုတယ်။ ဒါပေမဲ့ လေယာဉ် မတွက်ခင် ၄၈ နာရီအတွင်း ရထားတဲ့ သင့်တော်ကြောင်း ဆေးလက်မှတ် ပါရင် လာခြင်လာခဲ့ပါ။ မွေးရက်ထက် ၁ဝ ရက်စောပြီး နဲ့ မွေးပြီး ၇ ရက်အတွင်းရှိသူတွေ American Airlines' Special Assistance Coordinator ဆီက စာလိုတယ်။
• Southwest Airlines ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် Medical professional တဦးဦးဆီက အကြံဥာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှ ပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီခြင်း မပြုဘို့ Recommend လုပ်ပါတယ်။
• Delta Airlines အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ Medical professional ရဲ့ ခွင့်ပြုချက် ရဘို့ Suggest လုပ်ပါတယ်။

Mid-air drama လေထဲမှာ စိတ်လှုတ်ရှားစရာ
၂ဝဝ၆ စက်တင်္ဘာ ၂၄ ရက်၊ ဗြိတိသျှလေယာဉ် BA 215 ဟာ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စု (ဘော်စတွန်)ကို ပျံသန်းနေတယ်။ ခရီးသည်ထဲက ကိုယ်ဝန်ဆောင်တဦး အတ္တလန်တိတ် သမုဒ္ဒရာပေါ် ပျံနေရင်း ကလေး မွေးတော့တယ်။ ခရီးသည်တွေထဲက ဆရာဝန်တဦး၊ သူနာပြု ၂ ဦး၊ ပင်စင်စား သားဖွါးဆရာမတဦး၊ ဆေးကျောင်းသားတဦးနဲ့ အမျိုးသမီး လေယာဉ်မယ်တွေကနေ အောင်မြင်စွာ မွေးပေးလိုက်ပါတယ်။ ကိုယ်ဝန်သည် ဗိုက်နာတာနဲ့ လေယာဉ်မှူးက အနီးဆုံး လေယာဉ်ကွင်း Nova Scotia ကို ဆင်းသက်ဘို့ လုပ်နေတုံး မွေးလိုက်တာပါ။ ကလေးက လမစေ့ (၆ ပါတ်စော)၊ ပေါင် မပြည့်လို့ ဆေးရုံတင်လိုက်ရတယ်။

မေးခွန်းကြီး တခုကတော့ မွေးလာတဲ့ သမီးလေး Nadine အတွက် နိုင်ငံသားဖြစ်ဘို့ Place of Birth ဘာလဲ။ မအေက အီဂျစ်သူ၊ ကိုင်ထားတာက အမေရိကန် (ပတ်စ်ပို့တ်)။ လေယာဉ်က ဗြိတိန်ကနေထွက်၊ သွားတာနေက အမေရိကန်ကို၊ မွေးတာက လေထဲမှာ။ မွေးမွေးချင်း ဆေးရုံတက်ရတာက ကနေဒါ။

ဘယ်လ်ဂျီယမ် လေထဲမွေးရင် မိဘ တဦးဦးက ဘယ်လ်ဂျီယမ် ဖြစ်မှ နိုင်ငံသားရတယ်။ အမေရိကန်မှာတော့ သူ့ပိုင်နက် US territories ထဲမွေးတဲ့ကလေးဟာ အမေ-အဖေတွေက ဘယ်နိုင်ငံသားတွေ ဖြစ်နေနေ US citizens နဲ့ Dual citizenship ဖြစ်သွားတယ်။

မှတ်တမ်းတွေမှာ အစောဆုံး ပြောနိုင်တဲ့ လေယာဉ်ထဲ မွေးတဲ့ ကလေးကို ၂၉-၃-၁၉၃၁ မှာ Mrs. Alex Miller ကနေ
Royal Canadian Air Force ပိုင်လေယာဉ်ထဲ ပေ ၄ဝဝဝ အမြင့်မယ် မွေးခဲ့တယ်။ နာမယ်ပေးတော့ Lindbergh Wright Cook Miller တဲ့။ ဘာလို့လဲဆိုတော့ ၁၉၂၇ တုံးက တယောက်ထဲနဲ့ Atlantic သမုဒ္ဒရာ ဖြတ်သန်း ပျံသန်းသူနဲ့ လေယာဉ် တီထွင်သူတွေကို ဂုဏ်ပြုတာပါ။

၁၆-၁၁-၂ဝ၁ဝ နေ့က ကနေဒါနိုင်ငံသူ ၁၈ နှစ်အရွယ် Louisa Pilurtuut ဆိုသူကနေ တလစော မွေးတဲ့ Baby William ဟာ Free pass for life, aboard Air Inuit တသက်လုံး လေယာဉ် အခမဲ့ စီးခွင့် ရသွားခဲ့တယ်။ ကနေဒါသားလို ကံမကောင်းသူကတော့ ၈-၇-၂ဝ၁ဝ မှာ Turkmenistan ကနေ အိန္ဒိယကို ပြန်လာတဲ့ အိမ်ထောင် မပြုရသေးတဲ့ ၂၅ နှစ်အရွယ် မကုလားမဟာ ကလေးကို လေယာဉ်ထဲ မွေးပြီး၊ Washroom ထဲ စွန့်ပြစ်ထားခဲ့လို့ Amritsar လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်။

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...