Silence or Noiselessness !
ဘာဝနာဟာ ဆိတ်ငြိမ်သွားခြင်းပဲလို့ ပြောတဲ့ အခါ - အများစုက -
"တိတ်ဆိတ် ငြိမ်သက်သွားတဲ့ အခြား ရုပ်ပိုင်း ဆိုင်ရာ အခြေအနေတွေ" နဲ့ ရောထွေး နားလည် လိုက်ပါတယ်။
ဆိတ်ငြိမ်သွားခြင်း ( Silence ) ဟာ အသံအားလုံး တိတ်ဆိတ်နေခြင်း ( Noiselessness ) မဟုတ်ပါဘူး။ အသံတွေ တိတ်ဆိတ် နေမှ ဆိတ်ငြိမ်မှု ကို ရရှိမှာ မဟုတ်ဘူး။ ဆိတ်ငြိမ်မှုဟာ ရုပ်ပိုင်းဆိုင်ရာ အသံနဲ့ ဘယ်လိုမှ မသက်ဆိုင် ပါဘူး။
ဘာဝနာရဲ့ စစ်မှန်တဲ့ ဆိတ်ငြိမ်မှု ဆိုရင် -
ဆူညံနေရာ ပတ်ဝန်းကျင် အတွင်း ခင်ဗျား ရောက်နေရင်လည်း လုံးဝ အေးချမ်း တိတ်ဆိတ်နေနိုင်သွားပါတယ်။
အထီး တည်း ဖြစ်နေတယ်။
မိမိ အတွင်းသန္တာန် အားလုံး ငြိမ်ဝပ် ရှင်းလင်းနေတယ်။
အတွေးအကြံ ၊ လှုပ်ခတ်မှု မှန်သမျှ ပြိုကျသွားတယ်။
လေဒဏ် ရေဒဏ် အပြည့်အဝ ကာရံထားပြီးသား ဆီမီးတိုင် တစ်ခုလို - လှုပ်ခတ်မှု မရှိ၊ ယိမ်းယိုင်မှု မရှိ - ပကတိ ထွန်းတောက် နေတယ်။ ဟာရီကိန်း မုန်တိုင်း တစ်ခု ရဲ့ အလယ်ဗဟို ချက်မ နဲ့လည်း တူပါတယ်။ ဘေးပတ်လည် ဆူညံပွက်လော ရိုက်နေပေမယ့် - မိမိရဲ့ပင်မ ဗဟိုချက် ဟာ ပြည့်ဝ ငြိမ်သက်နေနိုင် တယ်။
အနှစ်ချုပ် အားဖြင့် ဘာဝနာဟာ တိတ်ဆိတ်နေတဲ့ အသံ မဟုတ်ဘူး။ ဆိတ်ငြိမ်သွားခြင်း သက်သက် ဖြစ်ပါတယ်။
.................
အမေးတစ်ခု အတွက် တိုတိုပဲ ရေးလိုက်ပါတယ် ။ မပြည့်စုံရင် သည်းခံပါ။
..................

0 comments:
Post a Comment