Tuesday, January 31, 2012

နေရာလွဲမှား သားအိမ်အတွင်းသား ရောဂါ (Endometriosis)

by သက်တန့်ချို on Monday, January 30, 2012 at 3:41pm
 

 
၂၁ ရာစုခေတ်ကြီးမှာ ရောဂါတွေကလည်း အသစ်အဆန်းတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လို့လာနေပါတယ် ။ အထူး သဖြင့် အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ရော ဟော်မုန်းတွေနဲ့ သွေးသား အ ရရော ယောင်္ကျားလေးတွေထက် ဖြစ်နိုင်တဲ့ရောဂါတွေ ပိုများပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ အမျိုးသ မီးတိုင်းသိသင့်တဲ့ နေရာ လွှဲမှား သားအိမ်အတွင်းသား ဆိုတဲ့ Endometriosis ဆိုတဲ့ရော ဂါအကြောင်း ဖြစ်ပါတယ် ။ ဟိုးယခင်တုန်းကဆိုရင် ရောဂါတစ်ခု ကိုနာမည်တပ်နိုင်ဖို့ ခက်ခဲစွာ စမ်းသပ်ခဲ့ကြရတယ် ။
အခုအခါ မှာတော့ခေတ်မှီတဲ့စက်ကိရိယာတွေ ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် အချိန်အနည်း ငယ်အတွင်းမှာ ပဲ ရောဂါ တွေကို အမည်သတ်မှတ် diagnosis လုပ်နိုင်ပြီး ကုသမှုတွေပေးနိုင်ပြီဖြစ်ပါတယ် ။

Endometrium အကြောင်း

အရင်ဦးဆုံးသားအိမ်အကြောင်းကိုစပြီးလေ့လာကြည့်ရအောင် ။ သားအိမ်မှာ လက်မ၀က်ခန့်ထူတဲ့ အသား နံရံများ ရဲ့ အတွင်းသား (အတွင်းလွှာ ) Endometrium တစ်လွှာရှိပါတယ် ။ အဲဒီအတွင်းလွှာဟာ အရွယ်ရောက် လို့ ဟော် မုန်းတွေရဲ့ လှုံ့ဆော်မှုကြောင့် ပျမ်းမျှ အချိန် တစ်လ (လေးပတ်) အတွင်းမှာ တဖြည်းဖြည်း ထူလာပါတယ် ။ တစ်လပြည့်လို့ နောက်ထပ် ဟော်မုန်းတွေ ဆက်မထုတ်တော့ပဲ နည်းသွားတဲ့ အချိန်ရောက် တဲ့အခါ အဲဒီထူနေတဲ့အတွင်းနံရံ လွှာဟာ ကြွေကျ ကွာကျရပါတယ် ။ အဲဒါကိုတော့ လစဉ် မီးယပ်သွေးပေါ် တယ်လို့ ခေါ်ကြပါတယ် ။ ကိုယ်ဝန်ရှိပြီး သန္ဓေတည်ခြင်းမရှိသရွေ့ အဲဒီ ဖြစ်စဉ်ဟာ သွေးဆုံးတဲ့အထိ ဆက် လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ် ။

Endometriosis ဆိုတာ ဘာလဲ ?


မူလမွေးဖွားစဉ်အခါတုန်းက ပါလာတဲ့ သန္ဓေသား ကလာပ်စည်းများကြောင့်ဖြစ်စေ ၊ အရွယ်ရောက်ပြီးလို့ မီး ယပ်သွေးပေါ်ကြွေကျတဲ့ သားအိမ်အတွင်းလွှာ ကလာပ်စည်းများကေ သူရောက်သွားတဲ့နေရာတိုင်းမှာ ရွက်ကျ ပင်လိုမျိုး သားအိမ်အတွင်းလွှာအတိုင်း အမျိုးသမီးတွေရဲ့ သွေးထဲမှာ ရှိတဲ့ဟော်မုန်း ဓါတ်တွေကြောင့် ဆက် လက် ရှင်သန် ပွားများလာတာကို Endometriosis လို့ခေါ်ပါတယ် ။ အဲဒီလို ပျံ့နှံခြင်းမှာ သွေးပြန်ကြောများမှ လည်းကောင်း ၊ lymph ( လင့်သားနံရည်ကြော ) များမှ လည်းကောင်း တိုက်ရိုက်တွယ်ကပ် ခြင်းကြောင့် လည်းကြောင်းဖြစ်ရပါတယ် ။

ဘယ်နှစ်မျိုးရှိသလဲ ?

အဓိကအားဖြင့် ၂ မျိုးရှိပါတယ် ။ ပထမ တစ်မျိုးကတော့ အတွင်းလွှာမှာ တွယ်ကပ်နေတဲ့ သားအိမ်နံရံအတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ဆက်လက်ပွားများနေခြင်းဖြစ်ပါတယ် ။ အတွင်းနေရာလွဲမှားတဲ့ရောဂါ Internal Endometriosis လို့ ခေါ်ပါတယ် ။ ဖြစ်ပွားတဲ့သားအိမ်မှာ ညီညီညာညာလေး ကြီးထွားလာပါတယ် ။ သီးသန့် အလုံးရယ်လို့ မဖြစ်ပါဘူး ။ ရောဂါလက္ခဏာများပြမှ သိရပါတယ် ။

ဒုတိယ အမျိုးအစားကတော့ မူလသားအိမ်ကလွဲပြီး အခြားနေရာတွေမှာ အကျိတ်အဖု ၊ အလုံးအနေနဲ့ ဖြစ်စေ မျိုးပွာ အဂါင်္ များမှာရှိတဲ့ အရိုးကွင်းထဲမှာ သားဥများ ၊ သားဥပြွန်များ ၊ သားအိမ်အရွတ်ကြောများ ၊ သားအိမ်နောက် ပိုင်း ချိုင့်ဝှမ်း ( POD ) စသည်တို့မှာ အဖြစ်များပါတယ် ။ အဲဒီအထဲမှာ သားဥ (ovary) က အဖြစ်များ ပါတယ် ။ သံပုရာသီး ၊ ရှောက်ဦး ကျွဲကောသီး အရွယ်ကနေပြီးတော့ ၀မ်းဗိုက်အောက် ပိုင်းပြည့် တဲ့အထိ ကြီးထွားတတ်ပါတယ် ။ ချောကလက်ရောင် ( ပုန်းရည်ကြီးရောင် ) အရည်ပျစ်နှစ်များ သားဥထဲမှာ စုနေပြီး အလုံးဖြစ်လာပါတယ် ။ Ovarian Endometriosis or Chocolate Cyst လို့ခေါ်ပါတယ် ။ စိတ်ဝင်စား ဖို့ကောင်းတဲ့အချက်က အရိုးကွင်းအပြင်ဖက်မှာရှိတဲ့ အဆုတ်အမြှေးပါး ၊ ချက် ၊ ၀မ်းဗိုက်ခွဲကြောင်း ၊ ပေါင်ခြံ အရွတ်ကြော ၊ သားဖွားစဉ်က ချုပ်သော ချုပ်ရိုးစတဲ့ သားအိမ်နဲ့ ဝေးတဲ့နေရာတွေမှာလည်း လိုက်ပြီး ဖြစ်တတ် ပါတယ် ။

ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ ?

အပျိုဖော်ဝင်ပြီးတဲ့အချိန်ကနေသွေးဆုံးတဲ့အရွယ်အတွင်းဖြစ်နိုင်ပါတယ် ။ အပျိုကြီးတွေ ၊ အိမ်ထောင် ရှိပြီးသား သမီး မရတဲ့သူတွေ သားသမီးမမွေးတဲ့ နှစ်ကြာရှည်နေသူတွေမှာဖြစ်နိုင်ပါတယ် ။

ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ ?

သွေးပေါ်နေစဉ်မှာ အလွန်အမင်းကိုက်ခဲခြင်းဟာ အဲဒီရောဂါရဲ့ မူမှန်လက္ခဏာဖြစ်ပါတယ် ။ ဆေး ထိုး ဆေးသောက် ဖို လိုခြင်း ၊ ကျောင်းတွေရုံးတွေကနေ ခွင့်ယူရခြင်း ၊ အိမ်ရှင်မတွေ အိမ်မှု ကိစ္စမ လုပ်နိုင်လောက်အောင် ဖြစ်တတ်ပါတယ် ။ အလုံးအကျိတ် ၊ အဖုတွေ စမ်းသပ်မိနိုင်ပါတယ် ။ မျိုးပွားအဂါင်္ မဟုတ်ပဲ အခြားနေ ရာတွေမှာ ဖြစ်နေပါက အဲဒီအဖုအလုံးတွေဟာ မီးယပ်သွေးပေါ်ချိန်မှာ အနည်းငယ် ကြီးလာပြီး နာ တတ်ပါတယ် ။ အဆုတ်အမြှေးပါးတွင်ဖြစ်ပါကလည်း မီးယပ်သွေးပေါ်ချိန်မှာ ချောင်းဆိုးတတ်ပြီး သလိပ် မှာ သွေးပါတတ်ပါတယ် ။ အိမ်ထောင်ရှင်တွေမှာလည်း ကိုယ်ဝန်မရဖြစ်နေတတ်ပြီး အိမ်ထောင်ဖက်နဲ့ အတူနေတဲ့အခါ အတွင်းမှနာခြင်း ၊ အောင့်ခြင်းများခံစားရတတ်ပါတယ် ။ စမ်းသပ်ခြင်း ၊ အတွင်းကို စမ်းသပ်ခြင်း (Vaginal Examination - VE) ၊ အာထရာဆောင်းရိုက်ခြင်း ၊ ၀မ်းဗိုက်အတွင်းမှာ မှန်ပြောင်းကြည့်ခြင်း Laproscopy စတဲ့နည်းတွေနဲ့ ရောဂါ ကိုသိရှိနိုင်ပါတယ် ။

ဘယ်လိုကုသလဲ ?

စားဆေး ၊ ထိုးဆေး တွေနဲ့ ကုသခြင်း ၊ အလုံးကြီးများရှိနေရင် ခွဲစိတ်ကုသခြင်း ၊ အသေးစား အဖုလေးတွေ ရှိနေရင် ၀မ်းဗိုက်အပေါက်ငယ်မှတဆင့် မှန်ပြောင်းဖြင့်ကြည့်ကာ လျှပ်စစ်မီးလေ ဆာရောင်ခြည် နဲ့ ချေဖျက်နိုင် ပါတယ် ။ ခွဲစိတ်ခြင်း ၊ ဆေးပေးခြင်း ပေါင်းစပ်၍လည်းကုသနိုင်ပါတယ် ။ လူနာအများစုကတော့ ခွဲစိတ်ဖို့ လို အပ်လေ့ ရှိပါတယ် ။ မခွဲစိတ်ခင်နဲ့ခွဲစိတ်ပြီး နောက်ဆက်တွဲကုဖို့ ခေတ်မီဆေးတွေပေါ်ထွက်လာပြီ ဖြစ်ပါတယ် ။ နောက် ဆက်တွဲ ကြည့်ရှူ ကုသမှု ရှိနေမှလည်း ပြန်လည်ဖြစ်ပွားခြင်း ရှိမရှိ သိနိုင်မှာဖြစ်ပါတယ် ။ အမျိုးသ မီးတွေ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ဗဟုသုတအနေနဲ့ အမျိုးသမီး များအားလုံး သိထား သင့် တဲ့ရောဂါတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

Ref : Health Education on Reproductive Health ( Prof Myint Mg Mg )

သက်တန့်ချို
10 August 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...