လရောင် ~ လေပြေ ~ ဆိုနာတာ
ခြေရာဖျောက်သော
ညသည် မမောမပန်း တေးသွားဆိုနေသည်။ ထိုအသံကို ခင်ဗျားကော ၊ ကျနော်ကော
ကြားနိုင်ပါလိမ့်မည်။ သဲလွန်စ မကျန်သော အမှုအခင်း တစ်ရပ်ကဲ့သို့
ရှင်းလင်းသော ( အလားတူ ) ရှုပ်ထွေးသော ညတစ်ည လည်း ဖြစ်နိုင်သည်။
ဤကဲ့သို့သော ညမျိုးမှာ ခင်ဗျား ဘာလုပ်မည်လဲ။ ကျနော် သိလိုပါသည်။ တစ်ယောက် တည်း ထိုင်၍ အတွေး နယ်ချဲ့ပစ် မည်လား။ အဖော်ကောင်း ရှာ၍ စကားစမြည် ပြောကြ မည်လား ။
သွေးယိုစီးသံ ပါသော ကဗျာတစ်ပုဒ် ဖြစ်စေ၊ ခပ်နွေးနွေးရှိသော တေးသွား တစ်ပုဒ် ဖြစ်စေ တီးတိုး ညည်းတွား မိမည်လား ။ ခင်ဗျား မည်သည့် အရာ ကို ပြုသည် ဖြစ်စေ ကျနော် သိခွင့် ရချင်သည်။
အဘယ်ကြောင့် ဆိုသော် ဤညသည် သာမာန်ညများ ကဲ့သို့ လူသံသူသံကင်းမဲ့သော ညတစ်ည ဖြစ်သည်။ ခင်ဗျားနှင့် ကျနော် ဤနှစ်ဦး သာ ရှိသည်။ ခင်ဗျား အသက်ရှူသံ ကို ဖြစ်စေ၊ ခင်ဗျား၏ နှလုံးခုန်သံ ကို ဖြစ်စေ၊ ခင်ဗျား မျက်တောင် ဘယ်နှစ်ချက်ခတ်မိသည် ဆိုခြင်းကို ဖြစ်စေ ကျနော် သိခွင့် ရသင့်သည်။ အမှတ်တမဲ့ ငေးမောရင်း ငြိမ်သက် သွားသော ခင်ဗျား၏ မျက်ဝန်းတွင် ကျနော် မသိလိုက် မိသော အရာများ ရှိနိုင်သည်။ ဤသည် ကိုက ခင်ဗျား၏ လိုအပ်ချက်ဖြစ်သည်။ ခင်ဗျားနောက်က တစ်ကောက်ကောက် အရိပ် တကြည့်ကြည့် ရှိနေသော ကျနော့ကို တခဏမျှတော့ ငဲ့ကြည့်သင့်ပါသည်။( သို့ ) ခင်ဗျား ငဲ့မကြည့်လျှင်လည်း အဆင်ပြေပါသည်။ ကိစ္စမရှိ။
တရားရုံးတော်မှ ချမှတ်သည့် ပြတ်သားသော အစီရင်ခံစာ တစ်စောင် ကိုမူ ခင်ဗျား တခုတ်တရ ဖတ်ရှုထား သင့်သည်။
ဆိုလိုသည်မှာ –
ခင်ဗျားသည်လည်း နူးညံ့သော လေပြေ၊ ကျနော်သည်လည်း ကြည်လင်သော လရောင် ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့သော ညမျိုးတွင် ခင်ဗျား ဘာလုပ်မည်လဲ ကျနော် သိခွင့်ရှိသည်။ ခင်ဗျား တီးတိုး ဆိုညည်းသော တေးသွားအတိုင်း ကျနော် ရင်ခုန်ခွင့်ရှိသည်။ ခင်ဗျား ၏ နူးညံ့သော အကြည့်အောက်တွင် ကျနော် အိပ်စက်ခွင့် ရှိသည်
တနည်း ဆိုရလျင် ခင်ဗျား သုတ်ဖြူးသမျှ နေရာတိုင်းတွင် ကျနော် ထွန်းလင်းခွင့်ရသင့်သည် ( ထင်ပါသည် )။
..............................
December 19, 2010
.............................
ပြင်ဦးလွင် ၊ ပြင်စာ၊
လရောင် လွမ်းသော
အေးတိအေးစက် ညချမ်းတစ်ခု အကြောင်း

- မိုင်ပေါင်းမည်မျှ ကွာဝေး သည် ဖြစ်စေ ကျနော်နှင့် ခင်ဗျား မခွဲခွာသွားသင့်ကြောင်း၊
- တစ်ဦးနှင့် တစ်ဦး မချည်နှောင်ထားသော်လည်း ခိုင်မာနေသည့် ကြိုးများ သည့်ထက်ပို၍ မပြေလျော့သွားသင့်ကြောင်း ၊
- နူးညံသော အမှောင်ညတစ်ညတွင် ခင်ဗျားနှင့် ကျနော် အတူ ရှိနေသင့်ကြောင်းများ
ဆိုလိုသည်မှာ –
ခင်ဗျားသည်လည်း နူးညံ့သော လေပြေ၊ ကျနော်သည်လည်း ကြည်လင်သော လရောင် ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့သော ညမျိုးတွင် ခင်ဗျား ဘာလုပ်မည်လဲ ကျနော် သိခွင့်ရှိသည်။ ခင်ဗျား တီးတိုး ဆိုညည်းသော တေးသွားအတိုင်း ကျနော် ရင်ခုန်ခွင့်ရှိသည်။ ခင်ဗျား ၏ နူးညံ့သော အကြည့်အောက်တွင် ကျနော် အိပ်စက်ခွင့် ရှိသည်
တနည်း ဆိုရလျင် ခင်ဗျား သုတ်ဖြူးသမျှ နေရာတိုင်းတွင် ကျနော် ထွန်းလင်းခွင့်ရသင့်သည် ( ထင်ပါသည် )။
..............................
December 19, 2010
.............................
ပြင်ဦးလွင် ၊ ပြင်စာ၊
လရောင် လွမ်းသော
အေးတိအေးစက် ညချမ်းတစ်ခု အကြောင်း
..............................
0 comments:
Post a Comment