Tuesday, January 31, 2012

ဘာသာပြန်ဆရာဆရာမများ

by San Yu on Tuesday, January 31, 2012 at 4:21pm
 
မြန်မာနိုင်ငံလည်း.ဘယ်သူတွေဘယ်လိုသံသယရှိပါစေ. ပြောင်းလဲလာပြီ။
နောက်ကြောင်းပြန်မလှည့်ဘူးလို့ လည်းယုံကြည်မိပါသည်။အဲလိုဆိုနိုင်ငံတကာကအရင်ူအနှီးတွေ။
ပညာတွေတဖြည်းဖြည်းခြင်းဝင်လာမှာအသေအချာပါ။တဆက်တည်းကျွန်တော်တို့ နိုင်ငံလည်း. Stable stage ကို အမြန်ရောက်လာမည်မှာမလွဲ။( စာကြွင်း. -Stable stage. ကိုရောက်ဖို့ ဆို. FDI. များများ ရတဲ့နည်းဘဲရှိတယ်ထင်မိပါသည်)
ပြောရင်း ဘေးရောက် ရောက်သွားတယ် အဲလိုတိုးတက်လာတဲ့အခြေအနေမှာဆို. ကျွန်တော်တို့ University တွေကဆရာ။ဆရာမတွေ ကိုအင်ဂလိပ်. လို စာကို. အင်ဂလိပ်. လို ပြန်သင်ရရင်ဘယ်လိုဘာသာပြန်မလဲစဉ်းစားနေမိတယ်။ ဘယ်သူကိုမှအပြစ်ပြောဆော်ကား လိုရင်းမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်. ဆရာအဖြစ်ရန်ကုန်စီးပွားရေးတကသိုလ်မှာ ၅နှစ်နီးပါးတာဝန်ထမ်းဆောင်ဖူးခဲ့ပါသည်။
. အများစုက ဘာသာပြန် ဖို့ ဘဲအာရုံစိုက်သလို. ။အချို့ဆိုဘာသာပြန်ဖို.့ ပင် အခက်တွေ.့ ခဲ့ကြပါသည်။. အခြားဘာသာရပ်တကသိုလ်များလည်း. ထိုနည်းလည်းကောင်းအတူတူပါဘဲ။ အငယ်နှင့် အလတ်. အုပ်စုကိုရည်းညွှန်းခြင်းဖြစ် သော်လည်းအချို့ ဆရာမကြီးများလည်း. ဘာသာပင် ပြန်နေခဲ့ကြပါသည်။ အဲတော့ စန်းယု မင်းကရော. မေးလာရင် အဖြေရှိပါသည်။. ဘယ်တုန်းကမှဘာသာပြန်. အဆင့် မကြိုးစားခဲ့ဘဲကျောင်းသားတွေကို ပြောပြရန်. အပြင်စာတွေ။ current issue တွေဖတ်ပြီး. တတ်နိုင်သလောက်ကြိုးစားသင်ပြခဲ့ပါသည်။ အဲတော့ထုံးစံအတိုင်း ကိုရွှေကျောင်းသား/သူများမကြိုက်ကြပါ။အထင်လည်းမကြီးပါ။ကျွန်တော်ကသိပ်တော်နေလို့ တတ်နေလို့ လားအဲလိုမဟုတ်ပါဘူး။ကျွန်တော်ထက်ပြန်နေအောင်တတ်နေသူတွေဒုနဲ့ ဒေးပါ။ဒါပေမယ့်ကျွန်တော် ကသင့်ဘဝ. မဂဇင်း။့ဓန။ဆရာအောင်သင်း။တင်မောင်သန်း။ကျော်ဝင်းစသူတို့ ရဲ့ စာအုပ်တွေနဲ့ ကြီးပြင်းလာသူဆိုတော့ ခံယူချက် ကရှိနေတာပါ။ ဒါဟာဆရာတွေရော။ကျောင်းသားတွေရော ကိုထိုင်ပြီးအပြစ်ပြောနေလို.့ မပြီးပါ။အစိုးရကိုလည်း. လွှဲချနေလို့  အောင်မြင်လာမည်မထင်ပါ။
ကျွန်တော်အမြင်အရတော့. တကသိုလ်တွေမှာ. Staff development program(ယခင်ကရန်ကုန်စီးပွားရေးတကသိုလ်တွင်ဆရာဦးကံဇော် ကြိုးစားပေးခဲ့ဖူးပါသည်) တွေကို. ဝန်မပိစေဘဲ. ထိထိရောက်ရောက်. တနိုင်တပိုင်။ဥပမာနိုင်ငံခြားပြန်တွေ. ကဦးဆောင်ပြီး. (သို့ ) စွမ်းဆောင်ရည်ရှိသူများကဦးဆောင်ပြီးအနည်းဆုံးဌာနတွင်းမှာစည်းရုံးပြီး(အတင်းအကျပ်မဟုတ်ဘဲ) ကြိုးစားကြည့်ရင်လည်းအနည်းဆုံးတဦး။တယောက်။တစ်ဌာနလောက်တော့တိုးတက်လာမလားဘဲ။လစဉ်ပိုက်ဆံအနည်းငယ်စီပိုက်ဆံကောက်ပြီး. Current issue တွေဖတ်နိုင်အောင်ထားပေးရင်လည်းအနည်းငယ်တိုးတက်လာမလားဘဲ။လက်ရှိနိုင်ငံရေး။စီးပွားရေး အခြေအနေတွေလည်းအရင်ကထက်ပိုမိုပွင့်လင်းစွာပြောခွင့်ရလာလို.့ စာသင်တဲ့အခါ သုံးသပ်ပြပေးခြင်းဖြင့်. ကျွန်တော်တို့ ကလေးတွေ နည်းနည်းချင်းစီတိုးတက်လာမလားဘဲ။
ကျွန်တော်ကိုယ်တိုင်လည်းဘွဲ့ ရပြီးတဲ့နောက်ကျောင်းဆရာပြန်လုပ်အုံးမှာပါ။ ကျွန်တော့်ရဲ.့ Capacity ရှိသလောက်က တယောက်ဘဲဖြသ်ဖြစ်. ၁၀ယောက်ဘဲဖြစ်ဖြစ်. တတ်နိုင်သလောက်. မျှဝေသင်ကြားပေးဖို့ ရည်ရွယ်ထားမိတယ်။.
ဘယ်သူကို့  မှဘာအကြောင်းနဲ့ မှအပြစ်တင်မနေဘဲကို. တတ်နိုင်သလောက်တစ်ဦးချင်းစီကြိုးစားကြည့်ရအောင်ဗျာ။.
နှမ်း. တစ်လုံးကနေ. နှစ်လုံး နောက်. ၁၀ လုံး. နောက်ဆုံး. တစ်တောင်း. များလာလို.့ ကြိတ်လိုက်တဲ့အခါ ဆီဖြစ်လာမှာအသေအချာပါဗျာ။
အရေးကြီးတာက နှမ်းဖြစ်နေဖို့ ပါဘဲ။. ဘာလို့ လဲဆိုတော့  သဲတစ်တောင်းရှိလို.့ ကြိတ်လည်း ဆီဖြစ်မလာနိုင်ဘူးလေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...