Tuesday, January 31, 2012

ငြင်သာတိုးတိတ် အိပ်စက်ခဲ့ပေါ့

ဘဝဆိုတာ ခပ်ပါးပါးပေမယ့်
ခေတ်ကပြဌာန်းတော့
သံတိုင်တွေနောက်
တောင်တန်းတွေပေါ်
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပစ်တင်ခဲ့သူ
ငြင်သာတိုးတိတ် အိပ်စက်ခဲ့ပေါ့။


ငါတို့ကိုယ်ပိုင်လမ်းမှာ
တစုံတယောက်ကို ဆုံးရှုံးရလေ
တရားကို ခင်တွယ်စိတ်ဟာ ပိုနက်ရှိုင်းလေ
ဦးခေါင်းကို အလေးအနက် ညွှတ်ခဲ့
ဒါဟာလည်း
သူ့ဝန်ကို မျှဝေယူခဲ့တာပါ။
တခါတလေ ပြုံးမိတယ်
ဗိုလ်ဆန်ဆန်
စကားလုံးနဲ့ ချီးမွမ်းမှုတွေကြောင့်
ကျွန်တော်ကတော့
ပွယောင်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ရင်း
ယိုင်နဲ့နဲ့ကွပ်ပျစ်လေးအကြောင်းပဲ တွေးနေမိတယ်

ဧကရီ (သီပေါ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...