Wednesday, January 25, 2012

အမျိုးသမီး မျိုးပွားအဂါင်္တွင် ဗက်တီးရီးယား ပိုးဝင်ရောဂါ

by သက်တန့်ချို on Wednesday, January 25, 2012 at 3:36pm


ဗက်တီးရီးယား ပိုးဝင်ရောဂါဆိုတာ ဘာလဲ ?

အမျိုးသမီးမျိုးပွားအဂါင်္တွင် ဗက်တီးရီးယား ကူးစက်ဝင်ရောက်ခံရသည့်ရောဂါဖြစ်သည် ။ သာမန်အားဖြင့် အမျိုး သ မီး မျိုးပွားအဂါင်္အတွင်းတွင် ဗက်တီးရီးယားပိုးအမျိုးအစားများစွာ တွေ့ရလေ့ရှိသည် ။ ၄င်းဗက်တီး ရီးယားပိုး များ၏ အချိုး အစားမညီမျှသောအခါ တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော အခြားဗက်တီး ရီးယားပိုးများ အလွန် လျှင်မြန်စွာ ပေါက်ပွားလာသည် ။ ဤကဲ့သို့ ဖြစ်ပွားသောအခါ အမျိုးသမီး မျိုးပွားအဂါင်္ အတွင်း ဗက်တီးရီးယားပိုးဝင်ရောဂါ ခံစားရပါသည် ။


မည်သူတွေဖြစ်လေ့ရှိသလဲ ?

မည်သည့် အမျိုးသမီးမဆိုဖြစ်နိုင်သည် ။ အဖြစ်အများဆုံးသော အမျိုးသမီး မျိုးပွားအဂါင်္ကူး စက်ဝင်ရော ဂါဖြစ် သည် ။ သင်သည်လည်း အောက်ပါအခြေအနေများတွင်ဖြစ်ပွားနိုင်သည် ။

- သင်သည် အသက် ၁၄ နှစ်မှ ၄၅ နှစ်အတွင်းဖြစ်လျှင်
- သင့်တွင် လိင်ဆက်ဆံဖော်များပြားပြီး မကြာခဏ လိင်ဆက်ဆံတတ်သူ ၊ ဆက်ဆံဖော် အသစ်နှင့်ဆက်ဆံသူ
- သင့်တွင် သားဆက်ခြားရန်အတွက် သားအိမ်အတွင်းထည့်ရသည့် ပစ္စည်းကို ထည့်ထားသူဖြစ်လျှင်

သင့်ကို မည်ကဲ့သို့ ထိခိုက်စေသလဲ ?

ဗက်တီးရီးယား ပိုးဝင်ရောဂါကို မကုသခဲ့ပါက ဆိုးရွားသော ပြဿနာများ ခံစားရနိုင်သည် ။

- ဆီးလမ်းကြောင်းပိုးဝင်ရောဂါခံစားရခြင်း
- တင်ပါးဆုံရိုးကွင်း အတွင်းနာကျင်ခြင်း
- ကိုယ်ဝန်ရရန်ခက်ခဲခြင်း
- သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
- သန္ဓေသား၏ ပတ်လည်တွင်ရှိသော ရေမွှာအိတ်ရောင်ရမ်းခြင်း
- ၄၂ ပတ်မပြည့်မီ စော၍ ကလေးမွေးခြင်း ( လမစေ့ပဲ မွေးလျှင် ထိုကလေးသည် ကိုယ်အလေး ချိန် လျော့ နည်းပြီး အသက်ရှုလမ်းကြောင်းပြဿနာများ ခံစားရတတ်သည် ။ ကြီးထွားဖွံ့ဖြိုးမှု နှေးသည် )
- ကလေးမွေးဖွားပြီးနောက် သားအိမ်နံရံများ ရောင်ရမ်းတတ်သည် ။

သင်သည် သားသမီး ယူရန် စိတ်ကူးရှိလျှင်သင့်မှာ ဗက်တီးရီးယားပိုးဝင်ရောဂါ ရှိ ၊ မရှိ ပထမဦးစွာ စမ်းသပ်ဖို့ ဆရာဝန်အားပြောပါ ။ သို့မှသာ သင်နှင့်သင့်ကလေးအား ကာကွယ်နိုင်မှာ ဖြစ်ပါသည် ။

အမျိုးသမီးမျိုးပွားအဂါင်္၏ ကောင်းသော ကျန်းမာရေး

အမျိုးသမီး မျိုးပွားအဂါင်္အတွင်းကူးစက်ပိုးဝင်ရောက်မှုကို ကာကွယ်ရန် သင်လုပ်နိုင်သော အချက်များမှာ

- ကြမ်းတမ်းသော ဆပ်ပြာများ ၊ အမျိုးသမီးမျိုးပွားအဂါင်္အတွင်း ဖျန်းသည့်ဆေးများ ( Douches ) သုံးစွဲခြင်း များကို ရှောင်ပါ ။ ၄င်းတို့ကို သုံးလျှင် ပုံမှန်အတိုင်းရှိနေသော အချိုးအစားကို ပျက်ဆီးစေသည် ။
- သင် ၏ အစာဟောင်းအိမ် (စအို) အတွင်းမှ ဗက်တီးရီးယားပိုးများကို အမျိုးသမီး မျိုးပွားအဂါင်္အတွင်း သို့ ကူးစက် ပျံ့နှံ့မှုမဖြစ်ပါစေနှင့် ။ ဆေးကြောသန့်စင်ပါက ရှေ့မှနောက်သို့ သန့်စင်ပါ ။ အမျိုးသမီးမျိုးပွားအဂါင်္ မှ ဝေးရာသို့ သန့်စင်ပါ ။
- တင်း ကျပ် လွန်းသော အ၀တ်အစား သို့မဟုတ် ဂျင်းဘောင်းဘီ ၊ အ၀တ်အစားများကို ချည်ထည်မခံပဲ မ၀တ် ပါနှင့် ။ ဂျင်းအသားက ရေငွေ့ဓါတ်ကို စုပ်ယူပြီး ကူးစက်ပိုးများ ပွားများစေပါသည် ။

အဖြစ်များသော အမျိုးသမီးမျိုးပွားအဂါင်္ ပိုးဝင်ရောဂါများ

အောက်ဖက်မှာ အမျိုးသမီးမျိုးပွားအဂါင်္ဗက်တီးရီးယားပိုးဝင်ရောဂါ ( Bacterial Vaginosis) နှင့် ထရိုင်ကိုမိုးနပ်စ် ပိုးဝင်ရော ဂါ ( Trichomoniasis ) များဖြစ်ရခြင်းအကြောင်းအရင်း ၊ ခံစားရသော ဝေဒနာများနှင့် လက္ခဏာ များကို ဖော်ပြထားပါသည် ။

ဗက်တီးရီးယားပိုးဝင်ရောဂါ

ဖြစ်ရသောအကြောင်းအရင်း - အမျိုးသမီး မျိုးပွားအဂါင်္အတွင်း ဗက်တီးရီးယားပိုးများ အလွန်အ ကျွံပေါက်ဖွား မှုကြောင့်

ခံစားရသောဝေဒနာများ ( အကယ်၍ ဤဝေဒနာများအနက်မှ တစ်ခုခုခံစားရလျှင် သင်၏ ဆရာဝန်ကိုပြောပြပါ ။ ဆရာဝန် က မည်သည့်ရောဂါပိုးအမျိုးအစားဖြစ်ကြောင်း သေချာစွာ သိရန် ၊ ဓါတ်ခွဲစမ်းသပ်မှုများ လုပ်ရန် လိုကောင်း လိုပါလိမ့်မည် ။ )

- တစ်ခါတစ်ရံ မည်သည့်ဝေဒနာမျှ မခံစားရပါ ။ ။
- ခပ်ကျဲကျဲ နွားနို့အရောင် သို့မဟုတ် အရောင်မွဲမွဲ အရည်များ မိန်းမကိုယ်မှ ဆင်းမှုများလာသည် ။
- လိင်ဆက်ဆံပြီးနောက် ပို၍ အနံ့ပြင်းလာသော ငါးညှီနံ့ ရတတ်သည် ။

ထရိုင်ကိုမိုးနပ်စ် ပိုးဝင်ရောဂါ

ဖြစ်ရသောအကြောင်းအရင်း - ကပ်ပါးပိုးတစ်မျိုး အမျိုးသမီး မျိုးပွားအဂါင်္အတွင်းတွေ့ရှိရညခင်း (လိင်ဆက် ဆံခြင်း မှ တဆင့်ကူးစက်လေ့ရှိသည် ။ )

ခံစားရသောဝေဒနာများ ( အကယ်၍ ဤဝေဒနာများအနက်မှ တစ်ခုခုခံစားရလျှင် သင်၏ ဆရာဝန်ကိုပြောပြပါ ။ ဆရာ ၀န်က မည်သည့်ရောဂါပိုးအမျိုးအစားဖြစ်ကြောင်း သေချာစွာ သိရန် ၊ ဓါတ်ခွဲစမ်းသပ်မှုများ လုပ်ရန် လိုကောင်း လိုပါလိမ့်မည် ။ )

- စေးကပ်၍ ၀ါသလိုလို ၊ စိမ်းသလိုလို ခပ်မွဲမွဲ အရောင်ရှိသော အရည်များ ဆင်းတတ်သည် ။
- ဆိုးသော အနံ့ သို့မဟုတ် ငါးညှီနံ့ ရတတ်သည် ။
- ဆီးသွားစဉ် နာကျင်တတ်သည် ။
- မိန်းမကိုယ် ယားယံတတ်သည် ။

ဗက်တီးရီးယားပိုးဝင် ရောဂါ ကုသမှုအတွက် သင်၏ ဆရာဝန်အားပြောပြပါ ။ မည်သည့်ဆေးဝါးများက သင့်အတွက် သင့်တော်သလဲဆိုတာ မေးပါ ။

( အမျိုးသမီးမျိုးပွားအဂါင်္ ဗက်တီးရီးယားပိုးဝင်ခြင်းရောဂါသည် ။ လိင်ဆက်ဆံမှု များပြားသော အမျိုးသမီးများတွင် ဖြစ်တတ်သည် ။ )

Ref : Health Education of Vaginal Infection

သက်တန့်ချို
27 August 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...