တင်ပဏ္ဏာ နောင်အရှည်ကောင်းကြစေ ( ၃ ) - ဇာဂနာ
သွားဘက်ဆိုင်ရာ
ဆေးတက္ကသိုလ်ကို တတိယနှစ်ကျောင်းသားအဖြစ်နဲ့ ၁၉၈ဝ မှာ
ကျွန်တော်ရောက်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင် ဆိုင်ပဲ၊ အဲသည်နှစ်မှာ သွားဘက်
ဆိုင် ရာဆေး တက္ကသိုလ်ရဲ့ တတိယအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့
တည့်တည့်တိုးတော့တာပါပဲ။ အရင်ကဆိုရင် ကျွန်တော်တို့တက္ကသိုလ်ရဲ့ ဘွဲ့
နှင်းသဘင် အခမ်း အနားဟာ ဆေးတက္ကသိုလ် (၁) နဲ့တွဲပြီးလုပ်ခဲ့ရတာပါ။
တသီးတခြားဖြစ် လာခဲ့တာ သုံးကြိမ်ပဲရှိသေးတာပေါ့။ ဒီတော့ ကျွန်တော်တို့
တက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဦးအောင်သန်းကရော ဌာနမှူး ဆရာဦး
မြင့်နိုင်တို့ကပါ ကျောင်းသူကျောင်းသားတွေ ရဲ့ ပဒေသာကပွဲကိုထည့်ချင်ကြတယ်။
ဒီဘွဲ့ ပေးတဲ့ အခမ်းအနားပြီးရင် ညဘက်မှာ ညစာ စားပွဲလုပ်လေ့ရှိတာကိုး။ အရင်ကတော့ ညစာစားပွဲမှာ တီးဝိုင်းတစ်ခုငှား၊ အဆိုတော် တွေဆိုကြပေါ့။ သည်နှစ်မှာတော့ ကိုယ့် ကျောင်းက ကျောင်း သား တွေရဲ့ ပဒေသာ ကပွဲကို စမ်းသပ်ချင်လာတဲ့သဘောပါ။ ငွေ ကုန်ကြေးကျလည်း သက်သာသွားမယ်။ ကျောင်းရဲ့လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သွား မယ်။ (ဆေးတက္ကသိုလ် ၁ ကို ကြွားချင်တာ လည်းပါပါလိမ့်မယ်)။ ဒီတော့ကာ သွားဘက် ဆိုင်ရာ ဆေးတက္ကသိုလ်မှာ အရင်က အငြိမ့် ကခဲ့ဖူးတဲ့ ကိုသန်းထွတ်အေးတို့၊ မခင်ထားရီ (ဆုမုတြာ) တို့ရှိ တယ်။ ဒါပေမဲ့ အခုသူတို့က သည်နှစ်ဘွဲ့ယူကြမှာ။ မနက်ဘွဲ့ယူ ညစင်ပေါ် တက်က၊အဲသလိုမျိုးတော့ မသင့်တော်ဘူးဆို ပြီး ဆရာတွေကလက်မခံ။ (ကျွန်တော်ဘွဲ့ယူ တဲ့နေ့တုန်းကတော့ သင့်တော်တယ်ထင်ပါရဲ့၊ အငြိမ့်ကခဲ့ရပါတယ်)။ တစ်ခါကိုသန်းထွတ် အေးတို့နေရာကို ဆက်ခံမယ့်ကျောင်းသူ ကျောင်းသားတွေကလည်းမရှိ (သူတို့နဲ့ ကျွန် တော်တို့ကြားမှာ ငါးနှစ်ကွာပါတယ်)။
သည် တော့ သည်နှစ်မှကျောင်းကိုရောက်လာတဲ့ မောင်မယ်သစ်လွင်တွေထဲကပဲ ရှာမှဖြစ်မယ် လို့ ဒေါက်တာ ဦးမြင့်နိုင်က တွေးမိသွားတယ် ထင်ပါရဲ့။ ကျွန်တော့်ကိုခေါ်ပြီး ”အငြိမ့်ကနိုင် မလား၊ တို့တက္ကသိုလ်မှာ အရင်တုန်းက ဒေါက်တာသန်းထွတ်အေးတို့ ကဖူးတယ်၊ သူ တို့တုန်းက နာမည်ရတယ်၊ အောင်မြင်တယ်၊ ခုမင်းတို့အလှည့်မှာ အဲသလို လုပ်နိုင်မလား” လို့ မေးပါလေရော။ ”လုပ်နိုင်ပါတယ်” လို့ ကျွန်တော်ဖြေမိလိုက်ပါတယ်။ (ဒီတုန်းက ကျွန်တော်ဘာကြောင့် အလွယ်တကူအဖြေ ပေးလိုက်မိမှန်း မသိခဲ့ပါဘူး။ နောက်တော့မှ တဖြည်းဖြည်းသုံးသပ်လာခဲ့မိတာက ကျွန် တော့်ရင်ထဲမှာ ပုန်းနေတဲ့ စိတ်ကလေးကို သွားပုတ်နှိုးလိုက်သလို ဖြစ်သွားတာကြောင့် ပဲလို့ အဖြေရခဲ့ပါတယ်)။ ဒါနဲ့ပဲ ဆရာဦးမြင့် နိုင်က ”မင်းတို့ကို ဇာတ်တိုက်ရက် တစ်လ ပေးမယ်၊ ငါ့ကို လာကပြ၊ ငါသဘောကျမှ ဆရာကြီးဆီ တင်ပြပေးမယ်”လို့ပြောပြီး ကျွန် တော့်ကို တာဝန်ပေးလိုက်ပါလေရော။ ကျွန်တော်စွတ်ရွတ်ပြီးသာ ခေါင်းညိတ် လာခဲ့တာ။ ကျွန်တော်တို့အတန်းထဲမှာ က တတ်တဲ့လူရှိလား၊မရှိလားလည်းမသိ။ လူပြက် ပိုးပါတာ ဘယ်နှယောက်ရှိမှန်းလည်းမသိ၊ ပြီး တော့ ကျွန်တော်တို့အတန်းထဲမှာ စုစုပေါင်း လူဦးရေ ၆ဝ တည်းရှိတာ။ ယောက်ျားလေးက ၄၈ ယောက်၊ မိန်းကလေးက ၁၂ ယောက်၊ သူများတကာ ကျောင်းတွေမှာလို သောင်းချီ ပြီးရှိနေတာမဟုတ်၊ တစ်ခါ ဆေး တက္ကသိုလ် ရောက်လာတယ် ဆိုကတည်းက စာချိုးတွေ၊ တော်တော်များများက ကျောင်းစာကလွဲရင် ဘာမှသိတာမဟုတ်။ နောက်ပြီး ကျောင်းသူ၊ ကျောင်းသား အများ စုက အဆောင်ကျောင်း သားတွေ၊ ကျွန်တော်က နေ့ကျောင်းသား။ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့က မလွယ်၊ ခုတောင် လူ ၆ဝ ရဲ့ နာမည်ကို အလွတ်ရသေး တာမဟုတ်၊ မခက်ဘူးလား။
လူကြံတော့လည်း ထရံမှာ အကြေွး မှတ်လို့ရတယ်ဆိုတာလို ကျွန်တော် ပထမဆုံး တီးခေါက်မိတာက အဆောင်ကျောင်းသား တွေပါ။ သူတို့ က နေ့ကျောင်းသားတွေထက် ပိုပြီးစည်းလုံးတယ်၊ ရိုင်းပင်းတယ်၊ ဘော်ဒါ စိတ်ပေါ့လေ။ ကျွန်တော်ကံကောင်းသွားခဲ့ပါ တယ်။ မအူပင်က လင်းထွတ်ကို သွားမေးမိ တော့ သူကပိုးကိုး၊ ရွှေမန်းတင်မောင်လို ဟဲ ရမလား၊ ခင်မောင်ရင်လို ဟစ်ရမလား၊ ဗက ဘိုးဘိုးကြီးလို ရွတ်ရမလား အားလုံးအရည် ကျိုသောက်ထား တဲ့ကောင်။ နှစ်ခါ မခေါ် ရဘူး ဘယ်နေ့လဲဆိုတာမျိုး။ လင်းထွတ်ကမှ တစ် ဆင့် သနပ်ပင်သား အော်စကာ(ခ) သိန်း ငွေသော်၊ ရမည်းသင်းသား ကျော်မြင့်စိုး၊ ရေ နံချောင်းသား အောင်ကျော့ ဖုန်းတို့နဲ့ပါ ပူး ပေါင်းမိခဲ့ကြပါတယ်။ တိုတိုပြောရရင် လူရွှင် တော်တွေရပြီပေါ့။(အောင်ကျော့ဖုန်းက တစ် ပတ်လောက်အကြာမှာ စိတ်ညစ်ပြီးထွက် သွားခဲ့ပါတယ်)။ မင်းသမီးကိစ္စ ကျွန်တော်နဲ့ လင်းထွတ်တို့တိုင်ပင်ပြီး ယုဝတီဆောင်မှာ နေတဲ့ မသက်စိန်(မော်လမြိုင်)ကိုသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ အဲသည်မှာ တစ်ခါတည်း ကို ခွတွေကျကုန်တော့တာပါပဲ။ အဲသည် မသက်စိန်က တော်တော် ကတတ် တဲ့မိန်းကလေးဖြစ်နေပါလေရော။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကိုခေါ်လို့မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ဇာတ်ခုံပြိုကျနိုင်လောက် အောင် သူဟာ ဖွံ့ဖြိုးနေလို့ပါပဲ။ အားလည်း နာတယ် ခင်းလည်းခင်ပါတယ်ဆိုပြီး သူ့ကို ချော့မော့လို့ နည်းနည်းပါးပါး ကတတ်တဲ့ မိန်း ကလေးတစ်ယောက် ရှာခိုင်းရပါတော့တယ်။ အဲဒီမှာ နည်းနည်းပါးပါးကတတ်ပြီး အခြေခံ လောက်သင်ဖူးတဲ့ စစ်ကိုင်းက တင်မိုးသန်းကို တွေ့ပါလေ ရော။ ဒါနဲ့ပဲ မသက်စိန်ကို အကူ အညီတောင်းပြီး တင်မိုးသန်းကို တစ်ပွဲတိုးက နိုင်ဖို့ ကက်ဆက်သီချင်းနဲ့ အက ကျင့်ခိုင်းခဲ့ ရပါတော့တယ်။ မင်းသမီးကိစ္စ ပြီးသွားပြန် တော့ လူရွှင် တော်တွေဘက် လှည့်ရပြန်ပါတယ်။ ဘာတွေ ပြောပြီး ဘာတွေပြက်ကြမလဲ။ မိုးကျော်၊ ဆိုနီ ပြက်တာက ဘယ်လို၊ ဈေးသည်ကြီးဆန်နီက ဘယ်လို၊ ဦးသိန်းဆု၊ ဦးကြယ်နီ၊ ဦးဟန်ညွန့် က ဘယ့်နှယ် အဲသလိုတွေ လျှောက်ပြော တာပဲရှိတယ်။ ပြက်လုံးတစ်လုံးကို ဘယ်လို ပြက်ရမယ်မှန်းမသိကြဘူး။ ငယ်ငယ်က ဇာတ်ခုံပေါ် တက်ခဲ့ဖူးတာ၊ ကျောင်းကပွဲ တွေမှာ ကခဲ့ဖူးတာတွေဟာ အသုံးမဝင်မှန်း အဲဒီကျမှ သိလာရပါတော့တယ်။
အမှန်အတိုင်းပြောရရင် ကျွန်တော်ဟာအဲသည် အချိန်တုန်းက တော်တော် ပွဲတိုးဖူးနေတဲ့ လူတစ် ယောက်ဖြစ်နေပါပြီ။ စာပေ ဟောပြောပွဲတွေမှာ ကလေးအသံတု မောင်သူရဆိုပြီး ခြောက်နှစ်လောက် မြန်မာ ပြည် အနှံ့လှည့်လည်ခဲ့ဖူးပါပြီ။ အငြိမ့်နဲ့ ပတ်သက်လို့ကတော့ နှစ်ခါပဲစင်ပေါ်တက် ဖူးပါသေးတယ်။ တစ်ခါကရှစ်တန်း ကျောင်း သားဘဝ၊ တစ်ခါကဆယ်တန်းကျောင်းသား ဘဝမှာပါ။ ဆယ်တန်းကျောင်းသားဘဝက အဖြစ်အပျက်ဟာ ယနေ့တိုင်မမေ့နိုင်ဆို တာလိုပါပဲ။ ဇာဂနာကို လူပြက် ဖြစ်အောင် မောင်းနှင်တဲ့အားတွေထဲမှာ ထိပ်ဆုံးကပါခဲ့ ပါတယ်။ အဲသည်အချိန်တုန်းက ကျွန်တော် ဟာ စင်မြင့်နဲ့တော်တော်နီးစပ်နေပါပြီ။ လက်ခုပ်သံရဲ့အရသာကို တော်တော်သိနေ ပါပြီ။ ၁၉၇၆ ခုနှစ် နိုဝင်ဘာမှာ ကျွန်တော့် အမေရဲ့ ဇာတိတောင်စွန်းမြို့မှာ စာဆိုတော် ဟောပြောပွဲတစ်ခု လုပ်ခဲ့ပါတယ်။ မေမေ ရယ်၊ ဒေါ်ခင်ဆွေဦးရယ်၊ လေးလေးရယ်၊ ဆရာကြီးဦးရန်အောင်ရယ်၊ ကျွန်တော် ရယ် သွားရောက်ခဲ့ကြပါတယ်။ စာပေဟော ပြောပွဲစင်မြင့်ပေါ်မှာ အသံတုလုပ်ပြီး၊ ရယ် စရာနည်းနည်းပါးပါးပြောပြ၊ ပရိသတ်တွေက သဘောကျဆိုတော့ ကိုယ့်ကိုယ် ကိုယ် ထင်မိ သွားပုံရပါရဲ့။ ကျွန်တော့်ဝမ်းကွဲ ညီမလေးနဲ့ အတူ အငြိမ့်ခုံပေါ်တက်ကဖို့ လွယ်လွယ်ပဲ ဆုံးဖြတ်မိခဲ့ပါတော့တယ်။ သူတို့ရပ် သူတို့ရွာ မှာက မြို့ပေါ်က မင်းသမီးတွေနဲ့ ရွာကလူ တွေပေါင်းပြီး ပြဇာတ်ကတာတို့၊ မြို့က လူ ရွှင်တော်တွေနဲ့ နယ်ခံကျောင်းသူ၊ အရပ်သူ တွေပေါင်းပြီး အငြိမ့်ကတာတို့ ဆိုတဲ့ဓလေ့ တွေက ရှိနေတာကိုး။ သည်တော့ ကျွန်တော့် ညီမနဲ့အတူတူကဖို့ မော်လမြိုင်က လူရွှင် တော်နှစ်ယောက်ကို ငှားထားပါတယ်။ တိုတို ပြောရင် အဲသည်လူရွှင်တော်နှစ်ယောက်နဲ့ တွဲပြီး ကျွန်တော်ဟာ လူပြက်အဖြစ်နဲ့ စင် ပေါ်တက်ခဲ့ရပါတော့တယ်။
ပွဲမကခင်တုန်းက အဲသည်လူရွှင်တော်နှစ်ဦးနဲ့ ကျွန်တော်ဇာတ် တိုက်ခဲ့ပါသေးတယ်။ တောင်ပေါ် ကရှမ်းကြီး တစ်ယောက် မွန်ပြည်နယ်ကိုလာလည်တဲ့ ပြက်လုံး၊ ပဟေဠိပြက်လုံး၊ ရုပ်ရှင်နာမည်ဖွက် တဲ့ ပြက်လုံးတို့ဖြစ်ပါတယ်။ တကယ်လည်း စင်ပေါ်ကိုရောက်ရော သူတို့တွေဟာ အဲ သည်ပြက်လုံးတွေ တစ်လုံးမှ မပြက်တော့ပါ ဘူး။ သူတို့ဘာသာ ပြက်ချင်တဲ့ဟာတွေ လျှောက်ပြက်၊ ကျွန်တော်ကတော့ ‘ဟုတ်ပါ့’ ကလွဲလို့ ဘာမှပြန် မပြောတတ်ဘဲ နောက် တစ်နေ့ မြို့ထဲမထွက်ရဲလောက်အောင် အရှက်တွေအကြီးကြီးကွဲခဲ့ပါတော့တယ်။ ဒီနေရာမှာ သင်ခန်းစာ တော်တော်ကြီး ကြီးမားမားရ လိုက်တာ ကတော့ ‘ကိုယ့်မှာ ဝမ်း စာမရှိဘဲနဲ့ ဘယ်တော့မှ လူရှေ့မထွက်နဲ့’ဆို တာပါပဲ။ (အဲဒီလူရွှင်တော်နှစ်ယောက်နဲ့ နောက် ၁၂ နှစ်အကြာမှာ ပြန်လည်ဆုံတွေ့ ခဲ့ပါတယ်။ အဲဒီအကြောင်းကို နောင်တော့ ထည့်ရေးသွားပါ့မယ်။) အထက်က စကားပြန်ဆက်ရရင် လူရွှင် တော်ပြက်လုံးနဲ့ပတ်သက်တဲ့ အတွေ့အကြုံ ကျွန်တော်တို့မှာ လုံးဝ မရှိ တာပါဘဲ။ သည် တော့ ဘာလုပ်ကြမလဲ။ ငါးပိဖုတ်တာတောင် ဆရာမပြ နည်းမကျလို့ဆိုတာကိုး။ တောင် ရှည်တောင် မဝတ်တတ်တဲ့ကောင်တွေ ကများ ရာရာသသဆိုတဲ့ အသံတွေတောင် ကြား သလိုလိုဖြစ်လာပါတယ်။ အနည်းဆုံးကို တွေး ကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြေးမြင်ပါတော့တယ်။ ကျောင်းသားချင်း ရိုင်း ပင်းမှာပဲဆိုတဲ့စိတ်နဲ့ အားကိုးတကြီးရောက် သွားခဲ့တာ ကျွန်တော့်အမှားပဲ။ ဟိုနေ့ရွှေ့ သည်နေ့ရွှေ့ အနုပညာအသင်းခန်းထဲ ထိုင် ခိုင်းထား။ သူတို့ကတော့ စစ်တုရင် ကစားနေ၊ ညနေလောက်ကျမှ ညီလေးတို့ရေ နက်ဖြန်မှ တစ်ခေါက်ပြန်လာခဲ့ဆိုတာတွေ များလာ တော့ လင်းထွတ်က ကျွန်တော့်ကို မင်းတို့ ရန်ကုန်သားတွေ သည်လို ပဲလားလို့ တဖျစ် တောက်တောက်ပြော၊တော်ပါပြီကွာ၊ နောက် နေ့ကစလို့ငါမလိုက်တော့ပါဘူးလို့လင်းထွတ် ကထုတ်ပြောတဲ့ အထိ သူ့ခမျာ စိတ်ပျက် (ကျွန်တော့်မှ ကျိတ်ရှက်)နေပေမယ့် နောက်တစ်နေ့ မှာရန်ကုန်တက္ကသိုလ် အနုပညာအသင်းခန်း ကိုကျွန်တော်ရောက်ခဲ့ရပြန်ပါတယ်။
အဲသည် မှာမည်သည့် အရပ်ကစေ လွှတ်လိုက် သည် မှန်းမသိတဲ့ လူသူတော်ကောင်းကြီးနဲ့ တွေ့ လိုက်ရပါတော့တယ်။သူ့အမည်က ကိုအောင် ကိုကို၊သင်္ကြန်မှာမပြောတော့ဘူးဆိုတဲ့အသင်း ကို ကမကထလုပ်နေသူ။ ရန်ကုန်တက္ကသိုလ်ရဲ့ လူရွှင် တော်ဟောင်း ကိုလံဘား။ အခုလုပ်ငန်းခွင်ဝင်နေပေမယ့် အနုပညာအသင်းကိုသံယောဇဉ် ရှိသူပီပီ တစ်ပတ်တစ်ရက် လောက်အလည် လာလေ့ရှိသူ ဖြစ်ပါတယ်။ သူကပဲတောင် ရှည်ဝတ်ပုံ၊ ခေါင်းပေါင်းပေါင်း ပုံတွေကိုပြခဲ့သလိုပြက်လုံးတချို့ ကိုလည်းပြောပြခဲ့ပါတယ်။ သူ့ပြက်လုံးတွေ ကခါးအောက်ပိုင်း ပြက်လုံးတွေ များနေတဲ့အတွက်ကျွန်တော့်စိတ်နဲ့ သိပ်မ တွေ့လှပေမယ့်ကျွန်တော့်အတွက်ကျေးဇူးတင် ရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကထားပါတယ်။
သည်တော့ရင် ပြက်လုံးကိစ္စ ဘယ်လို လုပ်ကြမလဲ။ ကျွန်တော်တော်တော် ခေါင်းခဲ သွားပါတယ်။ ကျွန်တော်တို့မှာ ကူကယ်ရာမဲ့ ဖြစ်နေပါပြီ။ ကျွန်တော်ကြည့်ဖူး၊ ကြားဖူးတဲ့ ပြက်လုံး တွေရေးချ၊ လင်းထွတ်ကြည့်ဖူးကြား ဖူးတဲ့ ပြက်လုံးတွေရေးချ၊ ကောင်းမယ်ထင် တာတွေရွေးပြီး ဇာတ်တိုက်ကြည့် တော်တော် အဆင်မပြေပါဘူး။ ဘာလိုနေမှန်း မသိအောင် ကို အဆင်မပြေလှပါဘူး။ သည်လိုနဲ့ လွယ် အိတ်ထဲ ကျောင်းစာအုပ်မဟုတ်တဲ့ ဗလာစာ အုပ်တွေကိုထည့်၊ လမ်းမတော်တစ်ဝိုက်က အငြိမ့်ပွဲ လက်ခံတဲ့ ဌာနတွေကို သွား၊ ဘယ်နေ့ မှာ ဘယ်အငြိမ့် ဘယ်နေရာမှာကသလဲဆို တာကို လိုက်စုံစမ်းတော့တာပါပဲ။ နေ့ဘက် မှာ လူထုဒေါ်အမာရဲ့ အငြိမ့်တို့၊ ပြည်သူချစ် သော အနုပညာသည်များတို့၊ ဆရာကြီးမင်း သုဝဏ်ညွှန်ပြခဲ့တဲ့ ကဗျာ့ဘဏ်တိုက်တို့၊ ဆရာသခင်တင်ဦး (ဗိုလ်သခင်ဆရာ) ပြော ပြတဲ့ ပြက်လုံးတို့၊ ဓာတ်ဆီဓာတ် ဆံပြက်လုံး တို့ဆိုတာတွေကို ဖတ်မှတ်၊ ညဘက်ကျတော့ အငြိမ့်တွေလျှောက်ကြည့်၊ သဘောကျတဲ့ ပြက်လုံးတွေမှတ်လိုက်နဲ့ ရက်ပေါင်း ၂ဝ လောက်၊ တောက်လျှောက် လုပ်လာ လိုက်တာ အဲသည်အပတ် လစဉ်စာမေးပွဲမှာ ကျွန်တော်ဟာ ဘာသာစုံ ကျရှုံးဖြစ်သွားပါတော့တယ်။
via:popularmyanmarnews.com

0 comments:
Post a Comment