Friday, January 27, 2012

စည်းကမ်းနှင့်အညီ နေမှသာ

     
          စည်းကမ်း Discipline ဆိုတာ လူတိုင်းနှစ်သက်တဲ့ စကားလုံးတော့မဟုတ်ပါဘူး။ မိမိဘာသာ စည်းကမ်းကျနခြင်းက အားလုံးနဲ့ ကွဲပြားခြားနားသွားစေပါတယ်။ ဘဝဆိုတာ ခဏတာရရှိတဲ့ ပျော်ရွှင်မှုနဲ့ 
ရေရှည်အကျိုးသက်ရောက်မှုကြားက အလဲအလှယ်တစ်ခု ဖြစ်မယ်ထင်ပါတယ်။
သင်မနှစ်သက်တဲ့ ကိစ္စလေးတွေ ( ဥပမာ-ညအိပ်ခါနီးသွားမတိုက်ချင်တာ ညဝတ်အင်္ကျီမလဲဘဲ တစ်နေ့ လုံးဝတ်ထားတဲ့ အင်္ကျီနဲ့ အိပ်ချင်တာ ) ကိုလုပ်ဖြစ်အောင်စည်းကမ်း ထားကြည့်ပါ။ ဒါမှသာ သင်ကြိုက်နှစ်သက်တဲ့ ကြီးမားတဲ့အရာတွေကို ဘဝတစ်သက်တာလုံး၊ လုပ်သွားနိုင်ပါလိမ့်မယ်။ ( ဥပမာ- ကတိတည်ခြင်း၊ နောက်မကျခြင်း) မျိုးပေါ့။

           အသေးအဖွဲ့ကိစ္စလေးတွေမှာ မိမိဘာသာ စည်းကမ်းထားရှိသင့်ပါတယ်။ တီဗွီကြည့်
မယ့်အစား စာကျက်ခြင်း၊ အားကစား လေ့ကျင့်ဖို့အချိန်သတ်မှတ်ခြင်း၊ သရေစာတွေစားမယ့်

အစား တစ်နေ့ကို ကျပ်ငါးရာစုခြင်း၊ ဒါတွေအားလုံးက ကြီးမားတဲ့အရာတစ်ခုဆီကို  ဦးတည်
သွားပါတယ်။ စာတော်လာမယ်၊ ကျန်းမာလာမယ်၊ ပစ္စည်းတစ်ခုခု ဝယ်နိုင်ပါမယ်။
           စည်းကမ်းကျနခြင်းရဲ့  အဓိကအချက်က တစ်စုံတစ်ခုကို ဘာကြောင့် လိုချင်တာလဲ
ဆိုတာကို သိခြင်းပါပဲ။ နောက်တစ်ခုက မိမိဘာသာ စည်းကမ်းတကျ နေတတ်တဲ့အခါမှာ တခြား
ကနေ စည်းကမ်းကို ရှာကြည့်စရာ မလိုပါဘူး။ မိမိဘဝကို မိမိ ကွယ်ကဲစီမံသွားနိုင်ပါတယ်။ တ
ခြားသူတွေက ဘယ်လိုနေထိုက်ရမယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ မိမိကိုယ်ကိုမိမိ ကိုယ်
ပိုင်စည်းကမ်းနဲ့ မထိန်းသိမ်းနိုင်တဲ့အခါ သူများဆီက အမိန့်ကို နာခံရတဲ့အလုပ်တွေထဲကို ရောက်သွား မှာပါပဲ။ လုံးဝစည်းကမ်းမရှိတဲ့ သူတွေကတော့ သူတို့ကိုယ်သူတို့ ပိတ်လှောင်တာ
ကို ခံကြရတော့မှာ ဖြစ်ပါတယ်။
          ကြားဖူးထားတဲ့ ဖားနိယာမအကြောင်းလေး ပြောပါရစေ။ ဖားတစ်ကောင်နဲ့ ရေပုံးတစ်
ပုံး ပုံပြင်တစ်ခုပါပဲ။ ပျက်ယွင်းခြင်း နိယာမကို ပုံဆောင်ပါတယ်။
ဥာဏ်အတော်အသင့်ရှိတဲ့ ဖားတစ်ကောင်ကို ရေတွေပွက်ပွက်ဆူနေတဲ့ ပုံးထဲကို ထည့်လိုက်မယ်ဆိုရင် ဖားက ဘာလုပ်မှာပါလဲ။ ခုန်ထွက်သွားပါလိမ့်မယ်။ ချက်ချင်းပဲ ဖားက ဒီလို ဆုံးဖြစ်ပါလိမ့်မယ်။
     “ ဒါဟာ မဟန်ဘူးဟေ့ ။ ငါတော့ ပြေးပြီ ”
           ဒါပေမယ့် အဲဒီဖားကိုပဲဖြစ်စေ၊ တခြားဖားတစ်ကောင်ကိုပဲဖြစ်စေရေအေးတွေရှိနေ
တဲ့ ပုံးထဲကို ထည့်လိုက်ပါ။ ပြီးတော့ဘာဖြစ်လာမလဲ။ ပြီးတော့ အဲဒီပုံးကိုမီးဖိုပေါ်တင်လိုက်ပြီး
အပူပေးလိုက်ပါ။ ဘာဖြစ်လာမလဲ။ ဖားက အေးအေးဆေးဆေးပါပဲ။ မိနစ်အနည်းငယ်ကြာတော့
“ ဒီအထဲမှာ နွေးနွေးထွေးထွေး ရှိသလိုပဲ ” တွေးမယ်။ မကြာခင်မှာ ရေတွေပွက်ပွက်ဆူလာပြီး
ပြုတ်ပြီးသားဖား ဖြစ်သွားပါတော့တယ်။ အဲဒီပုံပြင်ရဲ့ သင်ခန်းစာက ဘာပါလဲ။
အပြောင်းအလဲက တဖြည်းဖြည်းဖြစ်တဲ့အခါ ဖားကနောက်ကျပြီးမှ ဘာဖြစ်နေတယ်ဆိုတာကို ဖားကသတိထားမိတယ်။ ဖားလိုပဲ လူတွေလည်း အလှည့်စားခံရတတ်ပါတယ်။ ပြီးတော့မှ သိပ်နောက်ကျသွားပြီဆိုတာကို သိလိုက်ရတယ်။
          သင်က တစ်မနက် အိပ်ရာကနိုးတော့ ကိုယ်အလေးချိန်ကိုပေါင်ချိန်စက်မှာ ချိန်ကြည့်
တော့ ကီလို ၂၀ ပိုဝနေတာ တွေ့ရတယ်။ စိတ်ပူသွားမလား။ သေချာပါတယ်။ မိသားစုဆရာဝန်
ဆီ ဖုန်းဆက်ပြီး “ ဆရာ ကယ်ပါဦး၊ ကျွန်တော် ဝနေလို့ ပါ ” လို့ပြောမှာလား။ အရာရာဟာ တ
ဖြည်းဖြည်း ပြောင်းလဲနေတာပါပဲ။ အစားအသောက် အနေအထိုင် စည်းကမ်းမရှိတော့
တစ်လ တစ်ကီလို ၊ နောက်တစ်လကို တစ်ကီလို ပိုလာမယ်။ ဒီအတိုင်းလွှတ်ထားမယ်ဆိုရင် ရုတ်တ
ရက်ကြီး သတိထားမိပြီး “ ငါ ဝလာပါလား ” လို့ တုန်လှုပ်သွားမှာပါပဲ။
        မွဲသွားတဲ့သူတွေ၊ ဝလာတဲ့သူတွေ၊ စာမေးပွဲမအောင်တဲ့သူတွေကရုတ်တရက် ကြုံတွေ့ 
လိုက်ရတဲ့ ဒုက္ခတွေ မဟုတ်ပါဘူး။ ငွေမစုတဲ့သူတွေ၊ စားမကြိုးစားတဲ့သူတွေ၊ခန္ဓာကိုယ်ကို ဂရု
မစိုက်တဲ့သူတွေ တစ်နေ့ နည်းနည်း၊ နောက်တစ်နေ့  နည်းနည်းနဲ့ စုပုံလာလိုက်တာ တစ်နေ့ မှာ
တော့ ဒုက္ခက ဒိုင်းခနဲ ရောက်လာတော့တယ်။ “ ဘာဖြစ်သွားတာပါလိမ့် ” လို
့ပြောကြလိမ့်မယ်။
        အသေးအမွှားလေးတွေက တဖြည်းဖြည်း ကြီးမားတဲ့အရာတွေ ဖြစ်လာတယ်။ ရေပေါက်
တွေကျပါများတော့ ကျောက်ဆောင်ကြီးကို တိုက်စားသွားသလိုပါပဲ။ ဖားနိယာမက ဖြစ်ပျက်မယ့်
အလားအလာတွေကို ပြောနေပါတယ်။ နေ့ စဉ်ပဲ ကိုယ့်ကိုယ်ကိုယ် “ ငါ ဘယ်ကိုဦးတည်နေသ
လဲ၊ ငါ စိတ်ဓာတ်ကြံ့ခိုင်ရဲ့လား၊ ကျန်းမာရေးနဲ့  ညီညွတ်ရဲ့လား၊
ပျော်ရဲ့လား၊ အရင်နှစ်ကထက်ပိုပြီး တိုးတက်ဖြစ်ထွန်းရဲ့လား ” လို့ မေးကြည့်ပါ။ ဒီလိုအရာတွေ
ဖြစ်မလာဘူးဆိုရင် မိမိတို့ အခု လုပ်ဆောင်နေတာတွေကို စည်းကမ်းတကျ ပြောင်းးလဲပစ်ဖို့ လိုအပ်နေပါပြီ။

      Lack of discipline leads to frustration and self- loathing.
                                                                (Marie Chapion)

 “ စည်းကမ်းမင်းမဲ့မှုက အားမလိုအားမရ ဖြစ်ခြင်းနဲ့ မိမိကိုယ်ကို မိမိ
စက်ဆုပ်ခြင်းဆီကိုဦးတည်နေတယ် ”
ခင်စောတင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...