- The
political man is a sick man, psychologically sick, spiritually sick.
Physically he may be perfectly okay. Usually politicians are physically
okay, their whole burden falls on their psyche. You can see that. Once a
politician loses his power he starts losing his physical health.
Strange... when he was in power, so burdened with so many anxieties and
tensions, he was physically perfect.
နိုင်ငံရေးသမား ဟာ
မကျန်းမမာဖြစ်နေတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူ၊
ဝိညာဉ်ခန္ဓာမကျန်းမာတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာအရ
ကောင်းမွန်နေတဲ့သူ ဖြစ်နိုင်တယ်။ အများအားဖြင့်လည်း နိုင်ငံရေးသမားတွေဟာ
ရုပ်ခန္ဓာကျန်းမာတယ်။
သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးဟာ စိတ်ပိုင်းဆိုင်ရာပေါ်မှာသာ
တည်ရှိတယ်။ ဒါကို ခင်ဗျားလည်းတွေ့နိုင်ပါလိမ့်မယ်။ တကယ်လို့ သာ
နိုင်ငံရေးသမား တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ အာဏာပါဝါ ဆုံးရှုံးပြီဆိုတာနဲ့
ရုပ်ခန္ဓာကျန်းမာရေး စတင် ဆုတ်ယုတ် လာတော့တာပါပဲ။ ထူးဆန်းတာက တန်ခိုးအာဏာ
ရှိနေချိန် မှာတော့ ရည်ရွယ်ချက်တွေ မျှော်မှန်းချက်တွေနဲ့ ရုပ်ခန္ဓာဟာ
တစ်နင့်တစ်ပိုး ကျန်းမာနေနိုင်တယ်။
- The moment power
is gone, all the anxieties are also gone; now, they will be somebody
else’s business. His psyche is unburdened, but in that unburdening all
his sickness falls on his body. The politician suffers, as far as his
physiology is concerned, only when he loses power; otherwise
politicians tend to live long, physically well. Strange, but the reason
is that their whole sickness is taken by their psyche, and when the
psyche takes on the whole sickness, then the body can live unburdened.
But if the psyche releases all its sickness, where is it going to go?
Lower than the psychic is your physical existence – all sickness falls
on the body. Politicians out of power die very soon. Politicians in
power live very long. It is a known fact, but the cause is not well
known.
ဒါပေမယ့် အာဏာ ဆုံးရှုံးပြီ ဆိုရင်တော့ ရည်ရွယ်ချက်
ရည်မှန်းချက်တွေ အကုန်လုံးပျက်သုန်းသွားတော့တာပဲ။ အဲဒီအချိန်မှာ ဒီလူဟာ
သူတစ်ပါးရဲ့ စီးပွားရေးအသုံးချခံဖြစ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ
ချက်ချင်း လစ်ဟာ သွားတယ်။ အဲဒီလစ်ဟာသွားမှုကြောင့် သူ့ခန္ဓာ ဟာ စပြီး
ဆုပ်ယုတ် လာတော့ တာပဲ။ သူ အာဏာ ဆုံးရှုံးတဲ့ အခါမှသာ အဲဒီဝေဒနာ ကို စတင်
ခံစားလာရတယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေးသမားတွေဟာ ရေရှည် တည်တံ့ဖို့
အမြဲမျှော်လင့် နေတတ် တယ်။ ကျန်းမာကြံ့ခိုင် နေဆဲပဲ ဖြစ်နေဦးမယ်။
ဒီအချက်ဟာ ထူးဆန်း ပါတယ်။ သူတို့ရဲ့ မကျန်းမာမှု တစ်ခုလုံး ဟာ
စိတ်ပိုင်းဆိုင်ရာ ပေါ်မှာသာ တည်ရှိနေတာ တွေ့ရတယ်။ စိတ်ပိုင်း တစ်ခုလုံးမှာ
ဝန်ထုပ်ပိနေတဲ့အတွက် ခန္ဓာဟာ ကောင်းကောင်း ကျန်းမာနေတာ လည်း ဖြစ်နိုင် တယ်။
ဒါပေမယ့် စိတ်ခန္ဓာမှာ ဝန်ထုပ် မရှိတော့တဲ့နောက် ဘာဖြစ်သွားမလဲ။ စိတ်ကနေ
ရုပ်ဆီကို လုံးဝ ကူးပြောင်းသွားပါတယ်။ စိတ်ရဲ့ မကျန်းမာမှုအားလုံးဟာ
ရုပ်ခန္ဓာဆီ ရောက်သွားတယ်။ ဒါကြောင့် အာဏာမဲ့သွား တဲ့ နိုင်ငံရေးသမား
အများစု ဟာ သိပ်မကြာခင်မှာ ကွယ်လွန်သွား တတ်ကြတာ ဖြစ်ပါတယ်။ အာဏာ ရှိတဲ့
နိုင်ငံရေးသမားဟာ အသက်ရှည် တယ်။ ဒါဟာ မြင်သာနေတဲ့ အချက်အလက် တစ်ခုပါ။
ဒါပေမယ့် ဒီအချက်ရဲ့ အကြောင်းရင်းခံ ကိုတော့ လူအများ ကောင်းကောင်း မသိဘူး။
- So
the first thing to be understood is that the political man is
psychologically sick, and psychological sickness tends to become
spiritual sickness when it becomes too much, when the psyche cannot hold
it any more. Now, be careful: if the politician is in power, then his
psychic sickness is bound to spread to his spiritual being, because he
is holding his psychic sickness, so it does not fall downwards. It is
his power, he thinks it is his treasure; he won’t allow it to fall down.
ဒါကြောင့် ပထမဆုံး နားလည် ထားရမယ့် အချက်က နိုင်ငံရေးသမားဟာ
စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့သူ ဖြစ်တယ်။ စိတ်ပိုင်း ဆိုင်ရာ
ချွတ်ခြုံကျမှု ကြောင့် စိတ်နှလုံး အားနည်းမှုဖြစ်လာတယ်။ စိတ်ကြံ့ခိုင်မှု
မရှိရင် မရှိ သလောက် ဒီ ချွတ်ခြုံမှုဟာ ပိုမို အားကောင်းပြီး မြန်ဆန်တယ်။
ဒါကြောင့် သတိထားပါ။ နိုင်ငံရေးသမား အခွင့်အာဏာ ရနေချိန်မှာ
သူ့ရဲ့စိတ်နှလုံး တစ်ခုလုံး ချွတ်ခြုံကျ လျက် ရှိနေပါတယ် ။ စိတ်ဝေဒနာ
ခံစားနေရတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲလို ချွတ်ခြုံကျနေတာ၊ ဝေဒနာ
ခံစားနေရတာ ကိုပဲ လက်ကိုင် ထားတယ်။ မပျောက်မပျက် ရအောင် ထိန်းသိမ်းတယ်။
အဲဒါကိုက သူ့ရဲ့စွမ်းအား ဖြစ်ပါတယ်။ ဒီအရာကို သူ့ရဲ့ တန်ဖိုးအရှိဆုံး
အရာလို့ ထင်တယ်။ ပျောက်ပျက်သွားမှာကို စိုးရိမ်တယ်။
- I am
calling it sickness. To him it is his whole ego trip. He is living for
it; there is no other purpose for him. So when he is in power he holds
his sickness tightly, but he does not know anything about the spiritual
realm, so those doors are open. He cannot close those doors; he has no
idea that there is something more than his mind. When he is in power,
his psychological sickness, if it is too much, after a certain point
overflows his psyche and reaches to his spirituality. If he is out of
power then he tends not to hold all that stupidity. Now he knows what
it was, now he is aware that it was nothing worth holding. And anyway
there is nothing to hold; the power is gone, he is a nobody.
ဒါကြောင့်
ကျနော် - အဲဒါကို ချွတ်ခြုံကျတယ်၊ ဝေဒနာ တစ်ခု ဖြစ်တယ် လို့ ခေါ်ရတာ
ဖြစ်ပါတယ်။ သူ့အတွက် ဒီအရာဟာ အတ္တကို မွေးမြူထားမှု သက်သက် ပဲရယ်။ ဒါနဲ့ သာ
သူအသက်ရှင်တယ်။ သူ့အတွက် တခြား ရည်ရွက်ချက် မရှိဘူး လို့ ဆိုလိုတယ်။
ဒါကြောင့် သူ အာဏာရှိချိန် မှာ အဲဒီစိတ်ကို စွဲစွဲမြဲမြဲ ထိန်းသိမ်း
ထားတယ်။ ဒါပေမယ့် စိတ်နှလုံးရဲ့ လွတ်မြောက်မှုအစစ်အမှန်ဟာ ဘယ်အရာမှန်း
သူကိုယ်တိုင်မသိဘူး။ သူ့ အတွက် တံခါးတွေဟာ ပွင့်နေပါတယ်။ ဒါပေမယ့်
သူမပိတ်နိုင်ဘူး။ သူ့စိတ်ရဲ့ အလွန်မှာ တစ်စုံတစ်ခုရှိကြောင်း သူ ဘယ်လိုမှ
မတွေးနိုင်ဘူး။ အာဏာရရှိချိန်၊ စိတ်ပိုင်း အားနည်းနေချိန် မှာ
ချွတ်ခြုံကျနေတဲ့ သူ့ စိတ်ဝေဒနာ ဟာ သူ့ စိတ်ခန္ဓာတစ်ခုလုံး အပေါ် အနည်းနဲ့
အများ လွမ်းမိုး နေတော့တယ်။ အာဏာပျောက်ကွယ်သွားတာနဲ့။ သူရူးသွပ်ခဲ့သမျှ
လက်မခံနိုင်တော့ဘူး ဖြစ်သွားတယ်။ အဲဒီအရာဟာ ဘာလဲလို့ သူသိသွားတယ်။
ထောက်တည်ရာမဲ့တဲ့ အရာဖြစ်ကြောင်း သူအသိအမှတ် ပြုလိုက်ရတယ်။ ဆိုလိုတာက
အာဏာမရှိရင် သူဟာ ဘာမှ မဟုတ်တဲ့ လူ၊ အလကားလူပဲ ဆိုတာ သိသွားတယ်။
- Out
of desperation, he relaxes – perhaps I should say, relaxation comes to
him automatically. He can sleep now, he can go for a morning walk. He
can gossip, he can play chess, he can do anything. Psychically he finds
himself loosening. The doors that he had kept closed between his
psyche and the body start opening, and his body is bound to suffer now:
he may have a heart attack, he may get any kind of sickness;
everything is possible. His psychic sickness will flow to the weakest
part of his body. But in power it flows upwards, towards his being, of
which he is unaware.
အာဏာ ပြိုကွဲသွားတာနဲ့ လုံးဝ
အနားယူကို ယူရတော့တယ်။ ကျွန်တော်ပြောနိုင်တာက သူကိုယ်တိုင် အလိုအလျှောက်
အနားယူ သွားနိုင်တယ်။ ဒီအချိန် ကျမှသာ ကောင်းကောင်းအိပ်နိုင်တယ်။
နံနက်စောစော လမ်းထလျှောက်နိုင် တယ်။ တောင်တောင်အီအီတွေးနိုင် တယ်။ စစ်တုရင်
ကစားနိုင်တယ်။ သူနှစ်သက်ရာ လုပ်နိုင်သွားတယ်။ စိတ်ပိုင်း ဆိုင်ရာ
လစ်ဟာသွားကြောင်း သူ့ဘာသာ သူ မြင်သွားတယ်။ ရုပ်နဲ့စိတ် အကြား သူ
ပိတ်ထားခဲ့ တဲ့ တံခါးတွေ ပွင့်သွားတယ်။ ဒါကြောင့် သူ့ရဲ့ရုပ်ခန္ဓာဟာ စတင်
မကျန်းမမာဖြစ် လာတယ်။ နှလုံးရောဂါ လိုမျိုး စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ
ဖြစ်သွားနိုင်ပါတယ်။ သူ့ရဲ့စိတ် ညစ်ညမ်း ခဲ့သမျှဟာ သူ့ရုပ်ခန္ဓာရဲ့
အားအနည်းဆုံး အပိုင်းတွေကို စီးဝင်သွားတယ်။ ဒါပေမယ့် အာဏာရရင်
ပြန်တက်လာမှာပဲ။ နဂိုအတိုင်း ပြန်ဖြစ်သွားမှာပဲ။
- And what is the sickness?
ဒါဆို အဲ့ဒီ ချွတ်ခြုံကျမှု၊ ဝေဒနာ ဆိုတာ ဘာလဲ။
- The
sickness is the inferiority complex. Anybody who is interested in
power is suffering from an inferiority complex; deep down he feels
himself worthless, inferior to others. And certainly in many ways
everybody is inferior You are not a Yehudi Menuhin, but there is no
need to feel inferior because you never tried to be, and it is not your
business. Yehudi Menuhin is not you either; so what is the problem? –
where is the conflict? But the political mind suffers from a wound of
inferiority, and the politician goes on scratching the wound.
Intellectually he is not an Albert Einstein – he compares himself with
giants – psychologically he is not a Sigmund Freud.... If you compare
yourself with the giants of humanity you are bound to feel completely
shrunk, worthless.
ချွတ်ခြုံကျမှု၊ ဝေဒနာ ဆိုတာ
"စိတ်အတွင်းနှိမ့်ကျ ပဋိပက္ခရောဂါ" ကိုဆိုလိုပါတယ်။ ဒါကြောင့် အာဏာ၊ ပါဝါ
စိတ်ဝင်စားသူ တွေဟာ ဒီဝေဒနာ ခံစားနေရသူတွေ ဖြစ်တယ်လို့ ကျနော်
ဆိုရပါလိမ့်မယ် ။ သူတို့ရဲ့ စိတ်အတွင်းသန္တာန်မှာ အသုံးမကျ ဖြစ်နေတဲ့သူ
အများထက် နောက်ရောက် နေတဲ့သူတွေအဖြစ် သူတို့ကိုယ် သူတို့ အပြင်းအထန်
အားငယ် နေပါတယ်။ တကယ်က လူတိုင်းမှာ ရှိတယ်။ ဒါပေတဲ့ နိုင်ငံရေး သမား
မဟုတ်တဲ့ ခင်ဗျား အနေနဲ့ဆို ရဟူဒီ၊ မနူဟင် မဟုတ်ဘူး။ သူ့လောက် စိတ်အားငယ်
နေစရာမလိုအပ်ဘူး။ ခင်ဗျား အလုပ်လည်း မဟုတ်ဘူး။ ရဟူဒီ၊ မနူဟင်ကတော့
ခင်ဗျားလို မဟုတ်ဘူး။ သူက ပိုအားငယ် တတ်တယ်။ ဒါကြောင့် တကယ့်ပြဿနာကဘာလဲ။
နိုင်ငံရေးသမားတွေရဲ့ စိတ်ထားဟာ အဲဒီသိမ်ငယ်စိတ်ကို အခြား သူတွေထက်
ပိုပြီး အပြည့်အဝ ခံစားနေရတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမား တွေဟာ
အဲဒီဝေဒနာနဲ့ တစစ်စစ် ကိုက်ခဲနေတယ်။ အသိဉာဏ်ပညာအရ သူဟာ
အဲလ်ဗက်အိုင်စတိုင်းမဟုတ်ဘူး။ စိတ်ပညာအရ ဆစ်ဂမန် ဖရှိုက်လည်း မဟုတ်ဘူး။
ဒါပေမယ့် အဲဒီမဟာလူသားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုင်းယှဉ်နေရတယ်။
ခင်ဗျား အနေနဲ့လည်း လူ့အဖွဲ့အစည်းရဲ့ အဲ့ဒီ မဟာပုဂ္ဂိုလ်ကျော်ကြီးတွေနဲ့
တစ်ခဏ ယှဉ်ကြည့်စမ်းပါ။ ခင်ဗျား ကိုယ့်ကိုကိုယ် သိမ်ငယ် အားငယ်သွားမယ်။
အသုံးမကျဘူးလို့ ကိုယ့်ကိုကိုယ်မြင်သွားမယ်။
- This
worthlessness can be removed in two ways: one is religion, the other is
politics.Politics does not really remove it, only covers it. It is the
same sick man, the same man who was feeling inferior, who sits as a
president. But just sitting on a chair as the president, what
difference can it make to your inner situation?
အဲဒီအားငယ်စိတ်ကို
ဖြေဖျောက်နိုင်တာ နှစ်နည်းပဲရှိတယ်။ တစ်နည်းက ဘာသာရေး၊ တစ်နည်းက
နိုင်ငံရေး ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေး ဟာ အဲဒီသိမ်ငယ်စိတ်ကို
မဖြေဖျောက်ပေးနိုင်ဘူး။ ဖုံးကွယ်ပေးရုံမျှသာ ရှိပါတယ်။ စင်စစ် ဝေဒနာ
ခံစားရသူ က ဝေဒနာခံစားရသူ သက်သက်ပဲ။ သမ္မတအဖြစ်
ငုတ်တုတ်ထိုင်နေချိန်မှာတောင် ဒီသိမ်ငယ်စိတ်ဟာ အပြည့်အဝ ခံစားနေရ တယ်။
သမ္မတတစ်ယောက်လို ထိုင်ခုံ ထိုင်နေရုံမျှနဲ့ ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ
ကို ဘယ်လိုကုစားမှာတဲ့လဲ။
.....................
Osho: From Ignorance to Innocence
IS IT POSSIBLE FOR A POLITICIAN TO BE A RELIGIOUS MAN OR FOR A RELIGIOUS MAN TO
BE A POLITICIAN?
~ ဆီလျော်သလို ပြန်ဆိုပါတယ်။~
............................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..........................
0 comments:
Post a Comment