Wednesday, January 25, 2012

ဒီမိုကရေစီနှင့် မြန်မာလူငယ်တို့၏အတွေးအခေါ်

ဒီမိုကရေစီ ဆိုတာ အများကသိကြပါတယ်။ ဒါပေမယ့် တကယ် တိကျသေချာစွာနားလည်ကြဖို့
လိုအပ်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ကျွန်တော် သိမြင်တဲ့အတွေးအပိုင်းအစလေးတွေကို
ဆွေးနွေးလိုတာဖြစ်ပါတယ်။ဒီမိုကရေစီ ဆိုတာ ဂရိဘာသာစကားကဆင်းသက်လာတာဖြစ်ပြီး
ပြည်သူ့အုပ်ချုပ်ရေးလို့ အဓိပ္ပါယ်ရပါတယ်။  ပြည်သူတွေရဲ့ သဘောဆန္ဒအရ ဖြစ်ပေါ်လာတဲ့
ပြည်သူ့ အစိုးရပေါ့။ ဟုတ်ပါပြီ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရ ကို အကြမ်းဖျင်းနားလည်သွားရင် ဆက်စဉ်းစားကြပါမယ်။
တစ်ချို့ က ဒီမိုကရေစီ ရရင် လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တာလုပ်လို့ရပြီ။ ကိုယ့်သဘောဆန္ဒပဲလို့ ထင်နေကြပါတယ်။

ဒီလိုမျိုးတွေးတဲ့သူတွေ တော်တော်များများပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စာပေလေ့လာလိုက်စားမှုအားနည်းပါတယ်။
ဒါကို လူတိုင်းလက်ခံရမှာပါ။ စာပေလေ့လာလိုက်စားမှုအားနည်းတော့ အတွေးအခေါ်ပိုင်းအားနည်းကြပါတယ်။
ဒါကို အရင်ဆုံးပြင်ဆင်သင့်ပါတယ်။ လူငယ်တွေ အားလုံးစာဖတ်ရပါမယ်။ ကိုယ့်နိုင်ငံအရေးသာမဟုတ်ပါဘူး။
ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုပါလေ့လာလိုက်စားပြီး စဉ်းစားနှိုင်းယှဉ်နိုင်ရပါမယ်။
ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတာက အားနာတာလား၊ မသိချင်ယောင်ဆောင်တာလား မှားမှန်းသိတဲ့
အတွေးအခေါ်အယူအဆတွေ ကို ပြင်ဆင်မပေးကြဘူး။ သိတဲ့သူ၊တတ်တဲ့သူတွေက မှန်ကန်တဲ့ လမ်းကြောင်းအသိအမြင်တွေ
ကို ချပေးနိုင်ရပါမယ်။ ဒီနေရာမှာ လူငယ်တွေအနေနဲ့လည်း ကိုယ်ခံအားကောင်းဖို့လိုပါတယ်။ ဆိုလိုတာက လူတစ်ယောက်က
ကိုယ့် ကို အကြောင်းအရာတစ်ခုကိုပြောပြရင် မှားတယ်မှန်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြောတဲ့သူရဲ့ စကားနဲ့ မသတ်မှတ်နဲ့။
ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ စဉ်းစားချင့်ချိန် နိုင်ရပါမယ်။ မြန်မာလူငယ်တွေ ဒီလိုအတွေးအခေါ်ကောင်းတွေပိုင်ဆိုင်နိုင်မှ၊
အသိအမြင်တွေ တိုးတက်မှ ၊ တိုင်းပြည် ပိုမိုတိုးတက်လာမှာပါ။ ပါတီစုံ ဒီမိုကရေစီဆိုတာ ပါတီပေါင်းစုံ၊ မူဝါဒပေါင်းစုံ
ရှိပါတယ်။ ဒီတော့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရလေးကို သိရုံနဲ့ တော်တော်နားလည်နေပြီလို့ မထင်မိပါနဲ့ဦး။
ဥပမာ- အမေရိကန်နိုင်ငံရော၊ အင်္ဂလန်နိုင်ငံရော ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို အသုံးချပုံ
ချင်း၊ ပုံစံခြင်းတူ/မတူ တွေးကြည့်မိပါလား? မြန်မာနိုင်ငံမှာ ဘယ်လို ဒီမိုကရေစီ မျိုးနဲ့ မှ ဖြစ်မယ်လို့ရော စဉ်းစားမိပါရဲ့လား?
တကယ်လို့ ပါတီပေါင်းစုံက ရွေးကောက်ပွဲဝင်ကြရင် လူငယ်တွေ ဘယ်လိုစနစ်တွေ၊ ဘယ်လိုမူဝါဒတွေ ကို လေ့လာထားပြီး မဲပေးမယ် စဉ်းစားကြပါလဲ?
ကျွန်တော့်ရဲ့ ဘလော့ဂ်ဟာ နိုင်ငံရေးဘလော့ဂ်မဟုတ်ပါဘူး။ လူငယ်တွေအတွက် အမျိုးသားနိုင်ငံရေးအသိအမြင်
တပိုင်းတစလေးပေးစွမ်းနိုင်မလားဆိုပြီး တင်ပြပေးလိုက်ရတာပါ။ ကျွန်တော့် ကိုယ်ပိုင်အမြင်ကတော့ နိုင်ငံသားတစ်ယောက်
အနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးအသိအမြင်တွေကို သိထားရပါမယ်။ လေ့လာထားရပါမယ်။ ကိုယ်ပိုင်အတွေးအခေါ်၊
ကိုယ်ပိုင်ယုံကြည်ချက် တွေနဲ့ ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လူငယ်တွေရဲ့ စွမ်းအား၊လူငယ်တွေရဲ့ အစွမ်းအစနဲ့ တည်ဆောက်ရမှာပါ။
ဒါကြောင့် သူများယောင်တိုင်းမယောင်ပါနဲ့။ ဘယ်သူပြောတာ၊ဘယ်သူရေးတာဖြစ်ဖြစ် စကားလုံးတိုင်းမှာ၊စာလုံးတိုင်းမှာ
အဓိပ္ပါယ်ဆိုတာရှိပါတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့မြင်အောင်ကြည့်ပါ။ သူများပြောပြမှ သိတဲ့ဘ၀ ကနေ ကိုယ်တိုင် ဦးဆောင်နိုင်အောင်
ကြိုးစားကြပါလို့ အားပေးတိုက်တွန်းလိုပါတယ်။
ချစ်ခြင်းအားဖြင့်
မင်းမွန်

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A4034281&xgs=1&xg_source=msg_share_post

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...