Saturday, January 28, 2012

"အလျားလိုက်ဆက်ဆံရေးနှင့် ဒေါင်လိုက်ဆက်ဆံရေး" ကို မိတ်ဆက်ခြင်း

by Nay Oo-People on Friday, January 27, 2012 at 3:34pm
  • မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုမှန်မှန်ကန်ကန်အသက်သွင်းဖေါ်ဆောင်ကျင့်သုံးရေး၊  အမျိုးသားပြည်လည်သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်းသာယာဝပြောသော  တိုင်းပြည်တပြည်ဖြစ်လာအောင်တည်ဆောက်ရေး၊ စတဲ့လုပ်ငန်းတွေအားလုံးကိုအောင်မြင်အောင်လုပ်ဖို့်.သွားရမယ့်နည်းနာက အထက်အောက် (Top-down) လည်းမဟုတ်ဘူး  အောက်ကနေအထက် (Bottom-up) လည်းမဟုတ်ဘူး။  အဲဒီလိုပြောရင်မပြည့်စုံဘူးဖြစ်မယ်.။   သွားရမယ့် နည်းလမ်း (Approach) က အလျားလိုက်- ဒေါင်လိုက် (horizontally and vertically) နည်းနဲ့ သွားရမှာဖြစ်တယ်။
  • ပြည့်စုံအောင်ပြောရရင် လူထုလူတန်းစားအသီးသီးအတွင်း အဖွဲအစည်းများအတွင်း "အလျားလိုက်ဆက်ဆံရေးနှင့် ဒေါင်လိုက်ဆက်ဆံရေး" (horizontal relationship  and vertical relationship) တွေကိုတပြိုင်တည်းလုပ်သွား..ပြီးတော့ ယင်းတို့အသီးသီးအကြားမှာပြတ်တောက်နေတဲ့ ဆက်ဆံရေးတွေနဲ့ ခြားနားနေမှု (Gaps) တွေကိုဖြည့် ပေါင်းကူးတံတားထိုးသွား(Bridge လုပ်သွား) ရင် လူထုလူတန်းစားအသီးသီးအတွင်း အဖွဲအစည်းများအတွင်း နားလည်မှုတွေ ယုံကြည်မှုတွေပိုမိုရလာမယ်။ အတူတကွယှဉ်တွဲတည်ရှိနေထိုင်လုပ်ကိုင်နိုင်ရေး (co-existence) ကိုရှေ့ရှုလာပြီး အကျိုးရှိတဲ့ပူးပေါင်းလုပ်ဆောင်မှုတွေဖြစ်လာမယ်။
  • အဲဒါတွေကိုလုပ်ရင်း တိုင်းပြည်တွင်းတရားဥပဒေစိုးမိုးလာအောင် တပြိုင်တည်းလုပ်ဆောင်သွားရမှာဖြစ်တယ်။ အဲဒီနည်းနဲ့  လွတ်လပ်မှုလည်းရှိ ကြက်သရေလည်းရှိပြီး ငြိမ်းချမ်းပြီး သာယာဝပြောသော တိုင်းပြည်တပြည်ဖြစ်လာမှာဖြစ်တယ်။
  • "အလျားလိုက်ဆက်ဆံ ရေး ဒေါင်လိုက်ဆက်ဆံရေး"  (horizontal relationship and vertical relationship ) နည်းဟာ အလွန်အောင်မြင်တဲ့နည်း ဖြစ်ပြီး ဒါကိုတင်ပြတဲ့ပညာရှင်ကတော့  နစ်ဆယ့်တစ်ရာစုရဲ့စိန်ခေါ်မှု "The Challenge of the 21st Century" essay အက်ဆေး ကိုရေးသားခဲ့တဲ့ ပညာရှင် ဂျွန်ပေါလက်ဒရစ်ရှ် John Paul Lederach ဖြစ်တယ်။
  • လူထုလူတန်းစားအသီးသီးအတွင်း အဖွဲ့အစည်းအသီးသီးအတွင်းမှာ အဲဒီ "အလျားလိုက်ဆက်ဆံ ရေး ဒေါင်လိုက်ဆက်ဆံရေး" ဆက်ဆံရေးတွေကို ကောင်းမွန်တိုးတက်လာအောင်တည်ဆောက်နိုင်ရင် အခြေအနေတွေက တပြေးညီတိုးတက်လာမယ်။  (bottom-up ဆိုတာကြားလို့ပဲကောင်းတာ တချို့အခြေအနေတွေမှာ အထူးသဖြင့် ပညာရေးနိမ့်ကျနေတဲ့လူအဖွဲ့အစည်းမှာဖြစ်ဖြစ် ပညာမဲ့တွေပေါတဲ့တိုင်းပြည်မှာဖြစ်ဖြစ် အဖွဲ့တစ်ခုအတွင်းမှာဖြစ်ဖြစ်  တကယ့်လက်တွေ့မှာ အလုပ်မဖြစ်လှဘူး) 

အဲဒီနည်းလမ်းကို ကျနော်တို့တိုင်းပြည်ရဲ့အခြေအနေနဲ့ဆက်စပ်ပြီး နည်းနည်းလေး ဆွေးနွေးချင်တယ်။
  • ကျနော်တို့တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုးစုတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေက အများကြီးရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက မတည်ဆောက်နိုင်သေးဘူး။  သမိုင်းဆိုင်ရာတိုးတက်မှုအဆင့်တွေမတူလို့ဖြစ်စေ. နယ်ချဲ့လုပ်သွားလို့ ဖြစ်စေ၊ ပြည်တွင်းစစ်ကြောင့်ဖြစ်စေ၊  နေထိုင်တဲ့ နယ်မြေအနေအထားအရ ရာသီဥတုအရ၊ စီးပွားရေးနိုင်ငံရေးပညာရေးတိုးတက်မှုမရှိလို့ဖြစ်စေ၊ တိုင်းရင်းသားတွေထည်းမှာ စီးပွားရေးအရ၊  နိုင်ငံရေးအရ၊ ပညာရေးအရ၊ လူမှုရေးအရ ဘ၀အခြေအနေတွေ (status) တွေ ဘ၀အဆင့်အတန်း (level) တွေက ကွဲပြားခြားနားနေတယ်.။  အဲဒီကွဲပြားခြားနားနေမှုတွေကို သူတို့တွေကိုခေါင်းဆောင်နေတဲ့ခေါင်းဆောင်တွေကမကိုင်တွယ်မဖြေရှင်းတတ်ရင် ပြသနာတွေ (conflict) ပ ဋိပက္ခတွေ ဖြစ်ကုန်မယ် မလိုလားအပ်တဲ့ပြသနာတွေပေါ်လာမယ်..နောက်ဆုံးစစ်ဖြစ်မယ်။
  • အဲဒီလိုဆုတ်ယုတ်တဲ့အခြေအနေတွေကြားမှာ တိုင်းရင်းသားလူမျိုးစုံပြည်သူတွေကြား ပေါက်ဖွားဖြစ်တည်နေတဲ့ ကွဲပြားနေတဲ့အမြင်တွေ အယူအဆတွေ အတွေးအခေါ်တွေရှိမယ်။  အဲဒီမတူပဲကွဲပြားခြားနားနေတာတွေကို "Diversity is good" "မတူကွဲပြားတာတွေကကောင်းပါတယ်"  လို့  လွယ်လွယ်နဲ့ ပြောလိုက်ရင်မှားသွားမယ်။ ချောက်ပေါက်ကျသွားမယ်။  တကယ်တော့ တိုင်းရင်းသားပြသနာတွေပေါ်ရတဲ့အကြောင်းများထဲက အဓိကတစ်ချက်က သူတို့ကြားမှာဘ၀အခြေအနေတွေ (status) တွေ ဘ၀အဆင့်အတန်း (level)  တွေသိသိသာသာကွဲပြားနေခြင်းပဲ။  ဒါကလည်း ဖြစ်ချင်လို့ဖြစ်ရတာမဟုတ်ဘူး သူတို့ရဲ့ သမိုင်းကြောင်းနဲ့ဆက်စပ်နေတဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေး ပညာရေး နဲ့ အခြေအနေတွေကဖန်တီးလို့ဖြစ်လာတဲ့ သူတို့ရဲ့ဘ၀ပေးအခြေအနေတွေကြောင့် ယခုလိုမလိုလားအပ်တဲ့ ကွဲပြားခြားနားမှု မတူညီမှုတွေဖြစ်ပေါ်လာတာဖြစ်တယ်။  ဒါနဲ့ တဆက်တည်း မလိုလားအပ်တဲ့ ပ ဋိပက္ခတွေ ဖြစ်လာရတာဖြစ်တယ်။ ဒါကြောင့် လူမှုရေး နိုင်ငံရေး စီးပွားရေး ပညာရေး ဘ၀ အဘက်ဘက်မှာ "ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့ ရှမ်းတစ်ကျပ်ဗမာတစ်ကျပ်" ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ယနေ့တောင်းဆိုနေမှုတွေဟာ နားလည်ပေးလို့ရပြီး တကယ်လည်းဖြစ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။ ဖြစ်အောင်လည်းလုပ်ရမယ်။ 
  • အဲဒီပြသနာတွေ (conflict) ပ ဋိပက္ခ တွေကိုဖြေရှင်းဘို့ဆိုရင် လူထုလူတန်းစားအတွင်း ဘ၀အခြေအနေတွေ (status) တွေ ဘ၀အဆင့်အတန်း (level) တွေ ညီလာအောင် အလျှားလိုက်ဆက်ဆံရေး (Horizontal Relationship) ကိုတည်ဆောက်ကြရတယ်။ 
  • ထိုနည်းတူပဲ ကျနော်တို့ရဲတိုင်းပြည်က အောက်ကအထက်ကိုရိုကြိုးရတဲ့ ဆက်ဆံရေး (hegemonism) ကြီးစိုးတယ်.။.ပြောရရင် ကျနော်တို့တိုင်းပြည်မှာ အဆင့်အတန်းအရ အာဏာ ရာထူးအရ ငွေကြေးအရ သာတဲ့သူက အဲဒီအခြေအနေတွေနဲ့မပြည့်စုံတဲ့ သူတွေကို ကြီးစိုးလွမ်းမိုးချုပ်ကိုင်လေ့ရှိတဲ့ ပဒေသရာဇ်ဆန်ဆန်ဆက်ဆံရေး အုပ်ချုပ်ရေးပုံစံတွေရှိတယ်။
  • အဲဒါတွေကိုဖြေရှင်းဘို့ဆိုရင် လူထုလူတန်းစားအသီးသီးအတွင်း သူတိုကိုဦးဆောင်နေတဲ့ အဖွဲ့အစည်းအသီးသီးအတွင်း အထက်အောက် အပြန်အလှန်ဆက်ဆံရေးကောင်းလာအောင် သူ့အခွင့်အရေး ကိုယ့်အခွင့်အရေးတွေကိုအပြန်အလှန်လေးစားမှုတွေရှိလာအောင်လုပ်ရင်း ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးကာ ပဒေသရာဇ်ဆန်ဆန်ဆက်ဆံရေး အုပ်ချုပ်ရေးပုံစံတွေကိုပျောက်သွားအောင်လုပ်ရမယ်။
  • အဲဒါ လုပ်ဖို့ဆိုရင် သူတို့အတွင်း ဒေါင်လိုက်ဆက်ဆံရေး (Vertical relationship) ကိုတည်ဆောက်ရတယ်။ 
  • "အလျားလိုက်ဆက်ဆံရေး ဒေါင်လိုက်ဆက်ဆံရေး"  (horizontal relationship and vertical relationship) တွေနဲ့ အလျားလိုက်ဒေါင်လိုက်ဆက်စပ်ပူးပေါင်းမှုတွေ (horizontal and vertical integrations) ကို လူထုလူတန်းစားအသီးသီးအတွင်း တပြိုင်တည်းတည်ဆောက်သွားရင်းနဲ့ ပညာရေးတွေ  သင်တန်းတွေ  လက်တွေ့လုပ်ငန်းကရတဲ့အတွေ့အကြုံတွေ ကတဆင့် ပြည်သူအားလုံးရဲ့ အသိပညာရေချိန်ကိုမြင့်တင်သွားမယ်ဆိုရင်...မိမိ နေရာအသီးသိးမှာရှိနေကြတဲ့ လူမျိုးစုံဘာသာစုံပြည်သူပြည်သားတွေရဲ့ဘ၀တွေ အဆင့်အတန်းတွေ တွေးခေါ်စဉ်းစားနိုင်မှုတွေ တပြေးညီဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။
  • အဲဒီလိုတိုးတက်နေတဲ့ဖြစ်စဉ်ထဲမှာလည်း အမြင်ကွဲပြားမှုတွေတွေ့ရဦးမှာပဲ။ ဒါကဓမ္မတာပဲ။  ဒါပေမယ့် တိုးတက်မှုတွေထဲကဖြစ်ပေါ်ပေါက်ဖွားလာမယ့် ယုံကြည်မှု အယူအဆနဲ့ အမြင်ကွဲပြားမှုတွေကိုတော့ ဒီတစ်ခါမှာ   "Diversity is good" "မတူကွဲပြားတာတွေကကောင်းပါတယ်" လို့ ပညာရှင်ဆန်ဆန်ပြောလို့ရပြီပေါ့..
ပြန်လည်ဖြန့်ဝေပေးကြပါ။ ကျေးဇူးတင်ပါတယ်။ အားလုံးကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒပြည်ဝကြပါစေ။



နေဦး
horizontal and vertical relationships, horizontal and vertical integrations
horizontal and vertical relationships, horizontal and vertical integrations

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...