Saturday, January 28, 2012

၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့်တွေ့ဆုံခြင်း အပိုင်း ( ၂ )

by TheMessenger NewsJournal on Saturday, January 28, 2012 at 8:10pm
 
၈၈ မျိုးဆက်ရဲ့ ကြေညာချက်ထဲမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ရေးလမ်းကြောင်းပေါ်သို့ ဦးတည်ကြိုး ပမ်းရမယ့်အချိန်ဖြစ်တယ်လို့ ပြောထားတယ်။ ၈၈ အနေနဲ့ ဒါတွေဖြစ်လာအောင် ဘယ်လို ဏူညေ တွေ ချထားလဲ၊ အခုရော ဘာတွေလုပ်နေပြီလဲ။

          အဓိက ကတော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတွေ ဘယ်လောက်များများ ပါဝင်ဆောင်ရွက်သလဲဆိုတဲ့အ ပေါ်မှာ မူတည်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဆုံးဖြတ်လို့ရပါတယ်။
တစ်ခါတစ်လေကျတော့ လက် တစ်ဆုပ်စာ လူ့မလိုင်အလွှာပေါ့။ အဲဒီအလွှာက ဦးဆောင်  ပြီးတော့ နိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့ကိစ္စဟာ ကျန် တဲ့ဧရာမ အောက်ခြေလူထုကြီးနဲ့ ဘာမှ မပတ်သက်ဘူး။ နောင်နှစ်ပေါင်း ၁ဝ နှစ်၊ အနှစ် ၂ဝ ကြာတဲ့အခါကျမှ မှားသွားပြီဆိုတဲ့ အခါကျတော့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ အခွင့်အလမ်းက နိုင်ငံသားတွေမှာ မရှိဘူး။ အဲဒီအခြေ အနေတွေကို ကျွန်တော်တို့သမိုင်းမှာ ကြုံခဲ့ရပါပြီ။
          ဒိမိုကရေစီ ဖော်ဆောင်မယ်ဆိုရင် နိုင်ငံသားတွေ က နိုင်ငံရေးက ငါတို့အရေးဖြစ်တယ်ဆိုတာကို ဘယ် လောက်ကျယ်ကျယ်ပြန့်ပြန့်နားလည်လက်ခံနိုင်သလဲ၊ ဘယ်လောက်ကျင့်သုံးနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဆုံးဖြတ်နိုင်လိမ့် မယ်လို့ ကျွန်တော်ထင်တယ်။


တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်သူနဲ့မဆို လက် တွဲလုပ်ဆောင်မယ်လို့ ၈၈ က ကြေညာထားတယ်။ အခု လက်ရှိ အစိုးရကရော အဲဒီအတွက် ဘယ်လို ကမ်းလှမ်း မှုတွေ ရှိလဲ။ ၈၈ အနေနဲ့ကရော ဘာတွေကမ်းလှမ်းထား သလဲ။ ဘယ်သူက ဘယ်သူ့ကို ကမ်းလှမ်းမှ အခြေအ နေကို စောင့်နေမှာလား။ နှစ် ၂ဝ ကျော် ဖြတ်သန်းမှု အတွေ့အကြုံအရ ၈၈ အနေနဲ့ ဒီအတွက် အဆင်သင့်ဖြစ်နေ ပြီလား။

          အဓိက ကတော့ ကျွန်တော်တို့က ကလေးတွေရန် ဖြစ်သလို နင်ခေါ်မှငါခေါ်မယ်ဆိုတာမျိုး နိုင်ငံရေးလို အင်မတန်ကြီးမားကျယ်ပြန့်တဲ့ အရေးကိစ္စမျိုးမှာ ကလေး ဆန်လို့မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်သူက စခေါ်ခေါ် မခေါ်ခေါ် ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်ဖို့ အဆင်သင့်ရှိတယ်ဆိုတာကို လူသိရှင်ကြားကမ်း လှမ်းထားပြီးသားပါ။ ကျွန်တော်တို့က မျှော်လင့်နေတယ်။ တစ်ခုရှိတာက ကျွန်တော်တို့က အစ်ကို ကိုင်တွယ်ကျင့် သုံးနိုင်တဲ့အဆင့်မှာ မရှိပါဘူး။ လက်ရှိ အာဏာရနေ တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက သူတို့က နိုင်ငံ ရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ အခွင့်အရေးဆိုတာကို  လက်တွေ့ကျကျနှင့် သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာတာ  ဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ လမ်းကြောင်းဖွင့်ပေးသင့်ပါ တယ်။ ကျွန်တော်တို့က အသင့်ပါ။ ကျွန်တော်တို့ ဘယ် နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရမလဲ။ ဥပမာအားဖြင့် လူထုအသိပညာနိုးကြားမှု ကိစ္စမျိုးတွေမှာပေါ့။ အထူး သဖြင့် နိုင်ငံတည်ဆောက်ရေးကိစ္စဟာ တစ်ဦးတစ် ယောက် အဖွဲ့အစည်းတစ်ခုကနေ ဦးဆောင်ပြီး ဆောင် ရွက်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးပါဝင်နိုင်ဖို့အတွက် လမ်းဖွင့်ထားရမယ်၊ ဖိတ်ခေါ်ရမယ်။ ပူးပေါင်းဆောင် ရွက်ရမယ်။ ဒါ ကျွန်တော်တို့ဘက်က အမြင်ပါ။ ကျွန် တော်တို့စိတ်ထဲမှာ ဘယ်သူနဲ့တော့ မဆက်ဆံဘူး။ ဘယ် သူကတော့ သဘောထားတင်းမာတဲ့သူ ဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိဘူး။ ကျွန်တော်တို့ကတော့ ခံခဲ့ရ တယ်။ ဆိုလိုတာက လက်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးကနေပြီးတော့ ပြီးခဲ့တဲ့ ခေတ်တစ်လျှောက်လုံး မှာ နိုင်ငံရေးသမားက နိုင်ငံရေးလုပ်တာမဟုတ်ဘဲနဲ့ ဝန်ထမ်းက နိုင်ငံရေးလုပ်တဲ့ ခေတ်တစ်ခေတ်ဖြတ်သန်း ခဲ့ရတယ်။ အထူးသဖြင့် စစ်အစိုးရဆိုရင် သူတို့က ဝန် ထမ်းအစစ်အဖြစ်နဲ့ နိုင်ငံရေးကို ပါဝင်ဆောင်ရွက်ခဲ့တာ။ အဲဒီတော့ သူတို့က နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်တာ မဟုတ်ဘဲနဲ့ သူ့စားပွဲပေါ်တက်လာတဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေကို ကိုင်ပြီးတော့ ဒီလူကတော့ သဘောထားတင်းမာတယ်။ ဒီလူက အစွန်း ရောက်တယ်။ ဒီအဖွဲ့အစည်းက သဘောထား တင်းမာ တယ်။ အဲဒါတွေကို စာရွက်ပေါ်မှာ တက်လာတဲ့ အချက် အလက်တွေပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။ အဲဒီ တော့ ပူးပေါင်းဆောင်ရွက်မှုရနိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ချေမှုန်းပစ်တာတွေ၊ အရေးယူတာတွေ လုပ်ခဲ့တယ်။ အဲဒါ နားလည်မှုလွဲတာ၊ အဓိကက ထိ တွေ့မှု အားနည်းတာ၊ ထိတွေ့မှု ကြိမ်ဖန်များစွာ ဖြစ်လာ လေလေ၊ နားလည်မှု တိုးမြင့်လာလေလေ ကျွန်တော်တို့ အရေးကြီးတာက တစ်ခါတလေကျတော့ ကျွန်တော်တို့ မှာ ရယ်စရာဖြစ်တယ်။ အမေရိကန်က ကြားဝင်ရမှာ လား၊ ဥရောပသမဂ္ဂက ကြားဝင်ရမှာလား မလိုပါဘူး။ မြန်မာ မြန်မာချင်းပြောတဲ့ ကိစ္စပဲ။ ဘာမှ ဘာသာပြန် မလိုပါဘူး။ ကျွန်တော်တို့အချင်းချင်း မျက်နှာချင်းဆိုင် ထိတွေ့ဆွေးနွေးရင် တစ်ကြိမ်တည်းတော့ အဆင်ပြေချင် မှ ပြေမှာပေါ့။ ထိတွေ့ပြီးရင် တစ်ယောက်အကြောင်း တစ်ယောက်နားလည်လာနိုင်မယ်။
          နောက်ထပ်ဆွေးနွေးရင် တစ်ကြိမ်နဲ့ အဆင်မပြေရင် နှစ် ကြိမ်အဆင်ပြေမယ်။ အရေးကြီးတာ ကျွန်တော်တို့ စကား ပြောကြဖို့ပဲ ထိတွေ့ဖို့ပဲ အဲတော့ ကြားခံမလိုပါဘူး။

တိုင်းပြည်ရဲ့ လိုအပ်မှုတွေကို လွှတ်တော်ထဲ ရောက်အောင် လွှတ်တော်အမတ်တွေက တစ်ဆင့် ပြောကြားမယ်လို့ ပြောခဲ့တာ ရှိပါတယ်။ အစ်ကိုတို့အနေနဲ့ လွှတ်တော်ထဲ မှာ ကိုယ်တိုင်ဝင်ပြီး မပြောချင်ဘူးလား၊ ဝင်ပြောဖို့ မစဉ်းစားဘူးလား၊ ၈၈ မျိုးဆက်ကျောင်းသားတွေအ နေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်ပေမဲ့ နောင်လာ မယ့် ရွေးကောက်ပွဲမှာ အစ်ကိုတို့အနေနဲ့ ပါဝင်ဖို့ မစဉ်း စားဘူးလား။ အဲဒါတွေ မလုပ်ဖြစ်ဘူးဆိုရင်တောင် ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ အသင်းအဖွဲ့ မှတ်ပုံ တင်ဖို့ မရှိဘူးလား။ 

          ကျွန်တော်တို့က ရက်သားပဲ ရှိပါသေးတယ်။ အပြင် ရောက်လာတဲ့ အခါမှာ ကျွန်တော်တို့ ကိုယ်တိုင်က အချို့ ရှော့ပ်တွေ အများကြီး ကြုံရပါတယ်။ အခုပြောတဲ့ ရွေး ကောက်ပွဲကိစ္စဆိုရင် ကျွန်တော်တို့ နိုင်ငံရေးထဲ ဝင်လာ တဲ့ အချိန်မတိုင်ခင်ကတည်းက ကျွန်တော်တို့ရဲ့ စံပြမော် ဒယ်က ဗိုလ်ချုပ်အောင်ဆန်းပဲ။ ၁၉၃၆ ခုနှစ်မှာ ကျောင်း သားသမဂ္ဂဥက္ကဋ္ဌ၊ ၁၉၃၈ ခုနှစ်ကျတော့ တစ်နိုင်ငံလုံး ကို ကိုယ်စားပြုတဲ့ ဒို့ဗမာအစည်းအရုံးရဲ့ အတွင်းရေး မှူးဖြစ်နေပြီ။ သိပ်အားကျတဲ့ စံပြပုဂ္ဂိုလ်ဖြစ်နေပြီ။ ကျွန် တော်တို့က အခု အသက် ၅ဝ ရှိသွားပြီဆိုတော့ ကျွန် တော်တို့ ရေရှည်နိုင်ငံရေးမှာ ကျောင်းသားနိုင်ငံရေးဆို တာက လက်တွေ့မကျဘူး။ တကယ်လက်တွေ့ကျတဲ့ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်မယ့် ပုံသဏ္ဌာန်တစ် ခုကိုတော့ ပြောင်းသွားမှာပါ။ ကျွန်တော် ခုလောလော ဆယ် ဒီလောက်ပဲ ပြောနိုင်သေးတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနဲ့မတူဘဲ မြန်မာနိုင်ငံရဲ့ အိမ်နီး ချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပါဝါဟာ အရမ်း ကိုကြီးထွားလာတယ်။ အဲဒါနဲ့တစ်ပြိုင်တည်း အမေရိ ကန်၊ အီးယူ အစရှိတဲ့ နိုင်ငံတွေက မြန်မာ့နိုင်ငံရေးအ ပေါ် ထားတဲ့သဘောထားက အရင်ကနဲ့မတူဘဲ အလေး အနက်ရှိလာတာ တွေ့ရတယ်။ အဲဒီအပေါ်မှာရော ဘယ် လိုမြင်ပါသလဲ။

          ၁၉၆၂ ခုနှစ် တပ်မတော် အာဏာသိမ်းပြီး ဘက် မလိုက်နိုင်ငံများအဖွဲ့ထဲမှာ ကျွန်တော်တို့ ပါတယ်။ ဘယ် သူကမှ လာပြီး ဖိအားမပေးဘူး။ စစ်အေးကာလရှိနေ တယ်။ လက်ဝဲ၊ လက်ယာပြဿနာကြားထဲမှာ ဘယ် ဘက်မှ မလိုက်တာကိုက အနေချောင်နေတယ်။ ၈၈ ဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့စီးကြောင်းက ပြောင်းသွား ပြီ။ အားလုံးက ယေဘုယျအားဖြင့် ဒီမိုကရေစီနဲ့ ဈေးကွက် စီးပွားရေးကို ပြောင်းသွားပြီး ထူးခြားတာ တစ်ခုက နည်းပညာတိုးတက်ပြောင်းလဲမှု နောက်ထူးခြားတာက ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပထဝီဝင်အနေအ ထားပေါ့။ တရုတ်ဆိုရင် ပင်လယ်ထွက်ပေါက်အတွက် ပေါ့။ ကျွန်တော်တို့နိုင်ငံက ကမ္ဘာအခင်းအကျင်းသစ်ထဲ မှာ ကျွန်တော်တို့ကို ကျွန်တော်တို့ ပုံစံချရမှာ ပုံစံချတဲ့ နေရာမှာ နိုင်ငံတွင်း အမျိုးသားညီညွတ်ရေးပြိုကွဲနေရင် ကျွန်တော်တို့မှာ ရှိတဲ့ အင်အားစုတစ်စုက ဒီနိုင်ငံရဲ့ ကျောထောက်နောက်ခံကို ယူမယ်။ အခြားတစ်စုက အ ခြားနိုင်ငံအခြား အင်အားကြီး အဖွဲ့အစည်းတွေရဲ့ ကျော ထောက်နောက်ခံကို ယူမယ်ဆိုရင် လွတ်လပ်ပင် လွတ် လပ်ငြားသော်လည်း အချုပ်အခြာအာဏာပြိုကွဲနေတယ် လို့ ပြောလို့ရတယ်။ ကျွန်တော်တို့မှာ အမျိုးသားလုံခြုံ ရေးအတွက်ပါ အလေးအနက်ထား စဉ်းစားရမယ့် စီးပွား ရေးရင်းနှီးမြှုပ်နှံမှုတွေ ကြုံနေရပြီ။ အဲဒါတွေအားလုံးကို နိုင်ငံသားတွေ အကျိုးခံစားရမယ်။ အဲလို မဟုတ်ဘူးဆို ရင် ကျွန်တော် အရင်းအမြစ်တွေကို အခြားသူတွေက အပြတ် ထုတ်သွားလိမ့်မယ် အမျိုးသားစည်းလုံးမှု ပြိုကွဲတဲ့ ပြဿနာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံ အကျဆုံး လို့မြင်တယ် နိုင်ငံတကာ ပြောင်းလဲမှု အခြေ အနေမှာ ပြောရရင်တော့ ကိုယ်နိုင်ငံအတွက် အကျိုးရှိ အောင်လုပ်ရပါမယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွှန့်ပါဝင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးအခြေ အနေနဲ့ .... အကယ်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် သာ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တစ်နည်းနည်းနဲ့ ပါဝင် လာမယ်ဆိုရင်ရော ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။


          စနစ်တွေကို လူက ဖန်တီးတာ ကမ္ဘာသမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အသီးသီးကို လူတွေက ဖန်တီး တာ၊ဖန်းတီးရင်း  မအောင်မြင်တဲ့ စနစ်က ကျဆုံးတာ ပြီးခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ သဘောထားကွဲလွဲ ရင် ဖိနှိပ်ပြီး ဖြေရှင်းမယ်ဆိုတဲ့ အယူအဆတစ်ခုနဲ့ တည် ဆောက်ခဲ့တဲ့ စနစ်ဟာ လက်တွေ့မှာ မအောင်မြင်ခဲ့ဘူး၊ မအောင်မြင်တဲ့ အပြင်ဖိနှိပ်ခံရသူတွေရော ဖိနှိပ်တဲ့ အစိုးရ အဖွဲ့အစည်းပါ စနစ်ရဲ့ သားကောင်းဖြစ်သွားတယ်။ ဗိုလ်ချုပ်ခင်ညွန့် ဟာ ကျွန်တော်တို့ အမြင်အရပြောရရင် သူဟာလည်း သားကောင်တစ်ယောက်ပါ သူတို့ ပိတ်မိ နေတဲ့ စနစ်တစ်ခုမှာ သူတို့က သားကောင်ဖြစ်သွားတာ။ ကျွန်တော်တို့က ကျွန်တော်တို့ နိုင်ငံသားတစ်ယောက် ကို နိုင်ငံရေးမှာ ဝင်လုပ်ပါဝင်မလုပ်ပါနဲ့လို့  ကျွန်တော် က စွက်ဖက်ခွင့် မရှိဘူး ကျွန်တော်တို့နိုင်ငံမှာ အထူး သဖြင့် နိုင်ငံရေးနယ်ပယ် လူစွမ်းအား အရင်းအမြစ်က အင်မတန်ရှားပါတယ် တစ်လျှောက်လုံးမှာ နိုင်ငံရေးက မစားကောင်းတဲ့ အသီးလို လုပ်တဲ့လူအင်မတန်နည်းတဲ့ အလုပ်တစ်ခုလို ဖြစ်ခဲ့တယ် ထောက်လှမ်းရေးဆိုတာ တပ်မတော်ထဲက နိုင်ငံရေး အင်အားစု တစ်ခုပဲ
          ပြီးခဲ့တဲ့ကာလတုန်းကပေါ့။ သူတို့မှာ သူတို့အတွေ့ အကြုံတွေရှိတယ်။ သူတို့တွေရဲ့ အရည်အချင်းတွေရှိ တယ်။ မှန်မှန်ကန်ကန် ဒီမိုကရေစီဘောင်ထဲမှာ ဒီမိကရေ စီ အခြေခံမူစနစ်တွေကို လက်ခံပြီးတော့ နိုင်ငံသားတွေ အတွက် နိုင်ငံတော်အတွက် အကျိုးစီးပွားကို ရှေ့ရှုဆောင် ရွက်မယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို ငြင်းစရာမရှိ ပါဘူး။ အဓိကကတော့ နိုင်ငံသားတွေကပဲ အဆုံးအ ဖြတ်ပေးရမယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို နိုင်ငံသားတွေမှာပဲ တည်ရမယ်ဆိုတာ ကျွန်တော်တို့ရဲ့ မူပဲ။

လူထုအုံကြွမှုနဲ့ မြန်မာနိုင်ငံရေး ပြဿနာကို ဖြေရှင်းလို့ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့တယ်။ အစ်ကိုတို့အနေနဲ့ကရော ဘယ်လိုသဘောရလဲ။

          သမိုင်းဖြစ်ရပ်ကိုပြန်ကြည့်ရင် ပုံတူထပ်တူပြုလို့ တော့ မရပါဘူး။ ဘာလို့လဲဆိုတော့ ခေတ်ကာလမတူ ဘူး။ ဇာတ်ကောင်တွေမတူဘူး။ လူတွေရဲ့ စိတ်ခံစားမှု မတူဘူး။ နိုင်ငံရေးက ပုံသေနည်းထုတ်ပြီးလုပ်လို့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့နိုင်ငံ ရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ နည်းလမ်း တွေကို ရှာဖွေဖော်ထုတ်ကြရပါတယ်။ လူထုအြုံ

အစ်ကို အပြင်ရောက်တာ ၁၄ ရက်ရှိသွားပြီနော် လက်ရှိ သတင်းမီဒီယာတွေရဲ့ စီးဆင်းမှုမှာ ဘယ်လို သုံးသပ်  ချင်ပါသလဲ။

          ကျွန်တော်တို့ တစ်ချိန်တုန်းက သတင်းမီဒီယာ ပိတ်ပင်တားဆီးမှုတွေ များတဲ့အတွက်ကြောင့် လျှော့ ပေးဖို့ ကျွန်တော်တို့ကိုယ်တိုင် တိုက်တွန်းခဲ့တယ်။ တောင်းဆိုခဲ့တယ်။ အခုပွင့်လာပြီ။ ပွင့်လာတာနဲ့ အမျှ တစ်ဖက်ကလည်း တာဝန်ယူမှုတော့ ရှိဖို့လိုတယ်။ တစ် ခါတလေကျရင် လူသိများတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ပုဂ္ဂိုလ် ရေးလွတ်လပ်ခွင့်အားနည်းလာတာတော့ အမှန်ပဲ။ တစ် ချိန်တည်းမှာပဲ ကိုယ်ဖော်ပြလိုက်တဲ့ သတင်းဟာ ဘာကို ဦးတည်မှာလဲ အကျိုးအမြတ်ပေါ့။ နိုင်ငံသားတွေအတွက် ဗဟုသုတဖြစ်စေလား သတင်းအချက်အလက်တစ်ခု စဉ်းစားစရာဖြစ်မလား။ Yellow Journilism ဖြစ်မလား ဆိုတာကိုတော့ နိုင်ငံရဲ့ အခင်းအကျင်းသစ်တစ်ခုပြောင်း တဲ့အချိန်မှာ သတင်းမီဒီယာပါ ပြောင်းလဲလာတော့ တစ်ဖက်က မလိုအပ်ဘဲ ပိတ်ထားတာ မကြိုက်ဘူးဗျာ။ တစ်ဘက်ကလည်း ကိုယ်ဘာကို သတင်းကျင့်ဝတ်တို့ တာဝန်သိမှုတို့ ဦးတည်ချက်ကောင်းကောင်းတွေကိုလည်း ပြုပြင်တည်ဆောက်ဖို့ လိုမယ်ထင်တယ်။

ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ဗမာလွတ်လပ်ရေးတိုက်ပွဲဝင်တဲ့အချိန်မှာ ဒေါ်ခင်ကြည်ကို လက်ထပ်နိုင်ခဲ့တယ်။ အဲဒီအကျိုးဆက် အနေနဲ့ ဒီနေ့အချိန်မှာ ကျွန်တော်တို့နိုင်ငံအတွက် အဖိုး မဖြတ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူ ပြည်သားတွေရခဲ့တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ထဲမှာ အစ်ကို အပါအဝင် ကိုဌေြး ကွယ် ကိုမင်းကိုနိုင်ရော ကိုယ်ရဲ့ သွေးထဲက  ဖြစ်တဲ့ မျိုးဆက်ထားဖို့ အခြေအနေ ဘယ်တော့ လောက် ရှိနိုင်မလဲ သိချင်ပါတယ်

          ကျွန်တော်တို့ အင်မတန် အားကျတဲ့ လေးစားတဲ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ လိုက်မမှီတဲ့ အထဲမှာ အဲဒီအချက် လည်းပါ ပါတယ် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်သက်ကို တွက်ကြည် တော့ ၁၉၃၆ ငရဲခွေးကြီးလွတ်နေပြီ ဆိုတဲ့ အိုးဝေစာ စောင်ကိစ္စက စတွက်ကြည့်ရင် ၁၉၄၇ ကျဆုံးတဲ့အထိ နိုင်ငံရေးလုပ်သက် (၁၁) နှစ်အတွင်းမှာ သူလုပ်သွားတဲ့ ပမာဏ တွေက အံ့မခန်းပဲ အခုချိန်ပြန်တွေးရင် ကြက်သီး ထလောက်အောင်  ခံစားရပါတယ်၊ အဲဒီအထဲမှာ ဒေါ်ခင်ကြည်လည်း အခန်းကဏ္ဍတစ်ခုက ပါပါတယ်၊ နောက်တစ်ခုကတော့ ဗိုလ်ချုပ်တို့ခေတ်က သခင်ပေါက်စ ထောင်ခြောက်လပေါ့  ကျွန်တော်ဆိုရင် ၁၈ နှစ်ဆိုတော့ သခင်မှူးချုပ်တောင်ဖြစ်နေလောက်ပြီ ဆိုလိုတာက ကျွန်တော်တို့မှာ ဒေါ်ခင်ကြည် ရှာဖွေနိုင်တဲ့ အခွင့်အလမ်း မရခဲ့ဘူး ပေါ့ဗျာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...