သိလျက်နဲ့ မိုက်နေသူ
ကျွန်ုပ်ထိုင်တဲ့ ဆေးခန်းတည်ရှိရာမြို့မှာ တည်ခိုခန်း
၁၀ခု၊ ၁၅ ခု၊ လောက်ရှိမယ်ထင်ပါသည်။ ကျွန်တော်တို့ငယ်ငယ်က သိထားတာက
ခရီးသွားဟန်လွဲ သဘောင်္၊ ရထား၊ ကားစတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်မမီလိုက်လို့၊
အကြောင်းကိစ္စတစ်ခုကြောင့် အဲဒီမြို့မှာ ညအိပ်ဖို့ လိုလာလို့ စတဲ့
အကြောင်းကြောင်းကြောင့် တည်းခိုခန်းမှာ မဖြစ်မနေ တည်းခိုကြရတယ်။
နည်းနည်းအရွယ်ရောက် လာတော့ မမှန်မကန် အကြံအဖန်လုပ်တတ်ကြတဲ့ သူတွေလည်း
တည်းကြပါလားဆိုတာ သိလာတယ်။ ယခုတော့ ပို၍သိလာ ပါတော့တယ်။ တစ်ညတာ တည်းမလား
နာရီပိုင်း အချိန်ပိုင်းနဲ့ တည်းမလား၊ အစားအသောက်လိုချင်ရင် ဆိုင်ကရမယ်၊
ဒါမှမဟုတ် ၀န်ထမ်းတွေက လိုက်ဝယ်ပေးတယ်။ အရက်ရနိုင်တယ်။ ကွန်ဒုံးရနိုင်တယ်
စတဲ့စတဲ့ ၀န်ဆောင်မှုတွေ ပေးပါတယ်။
ဆိုက်ကားသမား တွေနဲ့ ပေါင်းပြီး ခရီးသည်ပါလာလျှင်၊ ခရီးသည်ပို့ပေးလျှင် ငွေကျပ် ၅၀၀(သို့) ၁၀၀၀ ဘောက်ဆူးချတတ်ကြပါတယ်။ ဆေးခန်းသို့ တစ်ခါတရံ စုံတွဲတွေ ရောက်လာတတ်ကြပါတယ်။ အမျိုးသမီးငယ်တွေက ဆေးခန်းထဲဝင်ပြီး သန္ဒေတားဆေး ၀င်ထိုးသွားကြပါတယ်။ သွေးပေါ်ပြီးမှ ထိုးရတဲ့ ဆေးဖြစ်လို့ သွေးပေါ်ခြင်း ရှိမရှိ၊ မေးရပါတယ်။ များသောအားဖြင့်က မပေါ်ကြပါ။ ကြုံသလို ဆေးထိုးကြသည်။ ယခုလောလောလတ်လတ်တွင် တည်းခိုခန်းသွားမှာ ဖြစ်တဲ့အတွက် ကလေးရမှာစိုးလို့ ၀င်ရောက်ထိုး ကြောင်းပြောပါတယ်။ တကယ်ဆိုရင် တားဆေးဆိုတာ ခုထိုး၊ ခုတားပေးတာ မဟုတ်။ ကိုယ်က ကြိုတင်ပြီးတားထားမှ ဖြစ်မှာ။ သွေးကပေါ်ပြီးသားမှ ဖြစ်နေရမယ်။ ခုထိုးလိုက်ပြီး ခုပဲကောင်လေးနဲ့ နေမယ်ဆိုရင် သန္ဒေတားဖို့ဆိုတာက မသေချာ။ တလွဲဆံပင်ကောင်းနေကြသည်။ ဒါကြောင့် ကွန်ဒုံးကိုသုံးဖို့ မှာကြားလိုက်ရပါတယ်။ တစ်ဆက်တည်း ဆူးပေါ်ဖက်ကျ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရတယ်ဆိုတဲ့ အကြောင်း၊ မိမိဘက်ကတတ်နိုင်သလောက် ရှောင်သင့်ကြောင်း ဆုံးမလိုက်ရပါတယ်။ သိရက်နဲ့ မိုက်နေကြပါတယ်။ ခုခေတ်စုံတွေဲတွေနဲ့ ကျွန်တော်တို့ခေတ်က စုံတွဲနေပုံထိုင်ပုံတွေ အတော်ကွာခြားနေပါတယ်။ ဟိုတုန်းကဆို ရှပ်ရှင်ကြည့်မယ်၊ ဘုရားသွားမယ်၊ ကန်တော်ကြီးစတဲ့ ရှုခင်းရှိတဲ့ နေရာတွေမှာ ထိုင်ငေးမောနေမယ်။ ပိုဆိုးတဲ့၊ ကဲတဲ့စုံတွဲတွေလည်း ရှိချင်ရှိမယ်။ ၁၀ တန်းအောင်ရုံ၊ တက္ကသိုလ်တက်နေစဉ် ရည်းစားသညှာထားရင် အဆူခံထိကြတယ်။ သူငယ်ချင်းတွေက တိုင်ကြတယ်။ ခုခေတ် စုံတွဲ တွေက ကဲသတက်ကဲလာကြသည်။ အတွဲဖြစ်တာနဲ့ပဲ အချေစ်နယ်ကျွန်ဖို့ စတင်လှုပ်ရှားလာကြတယ်။ အဲဒါကိုသိတဲ့ သူငယ်ချင်းတွေက သက်ဆိုင်ရာမိဘတွေကို တိုင်ဖို့နေနေသာသာ မြှောက်တောင် ပေးကြသည်။ သူတို့တစ်တွေ ပိုပြီးအတင့်ရဲလာကြသည်။ ဆေးတွေက လည်း အမျိုးမျိုးပေါ်နေတော့ ဆေးအားကိုးနဲ့ မိုက်တွင်းနက်နေကြသည်။ အဲဒီတော့ ကိုယ်ဝန်တွေရှိလိုရှိ၊ ကာလသားရောဂါ၊ AIDS ရောဂါတွေ ကူးစက်ကြကုန်သည်။ ရည်းစားထားပြီး ဘာလုပ်ရမှာလဲဆိုပြီး ကာလသားတွေပြောကြသည်။ ဟိုတုန်းကဆိုရင် မယူခင် လက်လွန်ခြေလွန် မဖြစ်ရဲ၊ သူ့အထုပ်ကိုယ်ကြောင့်ဆိုတော့ ကိုယ်ကတာဝန်ယူရတော့မည်။ ကျောင်းကမပြီးသေး၊ အလုပ်အကိုင်က ၀င်ငွေမရှိသေး။ ဒါကြောင့် အသိတရားနဲ့ ထိမ်းကြသည်။ ယခုခေတ်လူငယ်တွေ မိုက်ရူးရဲလုပ်တတ်ကြသည်။ ဘေးမကြောက်၊ တာဝန်လည်းမယူနိုင်၊ ဖြစ်လာတဲ့ ပြဿနာကို ခပ်ပေါ့ပေါ့တွေး၊ သိတ်အာရုံအနောက်မခံ၊ ဒီလောက်ကုန်ဈေးနှုန်းတွေတက်၊ အလုပ်အကိုင်က ရှားပါးတဲ့ ဒီခေတ်ကြီးထဲမှာ စဉ်းစားဆင်ခြင်မှုမရှိဘဲ လုပ်ရဲ၊ ကိုင်ရဲကြသည်။ နေရာတော်တော်များများမှာ တည်းခိုခန်းတွေပေါလိုက်တာ။ တည်းခိုခန်းဝင်ငွေက သောက်သောက်လဲရနေလို့လည်း ဖြစ်မည်။ ရပ်ကွက်ထဲတွင် တည်းခိုခန်းဖွင့်လျှင် ရပ်ကွက်တွင်းရှိ လူအတော်များများ လုံးဝမကြိုက်၊ နှာခေါင်းရှုံ့ကြသည်။ ကိုယ့်ရပ်ကွက် ကိုယ့် လမ်း သိက္ခာကျသည် စသဖြင့် ၀ိုင်းဝန်ကန့်ကွက်ကြသည်။ ဟိုတုန်းက ဘယ်မြို့ကို ရောက်တယ်။ ဘယ်တည်းခိုခန်းမှာတည်းရတယ်။ အဲဒီလိုပြောရုံနဲ့ သာမာန်ကာလျှံကာပဲ ထားကြသည်။ သိတ်စိတ်မ၀င်စား။ ယခုတော့ ဘယ်တည်းခိုခန်းမှာ တည်းသည်လို့ ပြောကြည့်။ ဒီကောင်ဘာသွားရှုပ်နေလဲဆိုပြီး ဘာမှမစဉ်းစားကြတော့ဘဲ မကောင်းတာလုပ်ဖို့ သွားတယ်ဆိုပြီး စတွေးတော့တာပါပဲ။ မိန်းခလေးငယ်များသည် မိမိကိုယ်ကို တန်ဘိုးထားတတ်ရပါမည်။ လွယ်လွန်းလျှင် တန်ဘိုးကျတတ်သည်။ တန်ဘိုးကြလျှင် အောက်ဈေးနဲ့ ရောင်းတတ်ရသလို မိမိရဲ့ တန်ဘိုးကျရင်တော့ အရှုံးနဲ့ရင်ဆိုင်ရနိုင်ဖွယ်ရှိ သည်။
ဗိုင်းကောင်းကြောက်ဖိဆိုတဲ့ စကားရှိ သည်။ မိမိတန်ဘိုးကို မိမိကိုယ်တိုင်ကထိမ်းထားနိုင်မှ ၊ တစ်ခြားတစ်ပါးသောသူတို့က
တန်ဖိုးထားပါလိမ့်မည်။ လွယ်လွန်းတဲ့ပန်းကို လူတိုင်း မခူးဆွတ်လို့
တန်ဖိုးမထား။ မမျှော်လင့်ဘဲ ကျဉ်းထဲကျပ်ထဲ ဖြစ်သွား၍ မှောင်မိုက်တဲ့ည
မိုးသည်းသောည စတဲ့ညအမှောင်ကြောင့် မိုက်မှားသွားတယ်ဆိုတာ
လူကြားကောင်းပါရဲ့။ သားရဲခံတွင်းဝသို့ မကြောက်မရွံ့ ဆင်းသက်လိုက်တာကိုက
အတော်မိုက်မဲလှပေသည်။ ကျားစားခံရအောင် မိမိခန္ဒာကိုယ်ကို ထိုးကျွေးချင်လောက်
မိုက်မဲသောသူ ရှိပါဦးမလား။ မိမိ နှစ်သက်သူ၊ ယူမဲ့သူဆိုရင်တော့ တစ်မျိုး။
ဘယ်အရာမှ ပုံသေ အပိုင်တွက်လို့ရတာမဟုတ်။ ကိုယ်ထင်သလိုဖြစ်မလာခဲ့ရင်
ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့မှာ။ အဲဒီခါကျရင် မဟုတ်တရုတ်တွေ လုပ်ကြတော့ မည်။
သူများတံတွေးခွက်ထဲ ပက်လက်မျောကြတော့မည်။ ရာဇ၀င်မှာ စာတင်တော့မည်။
ဒါကြောင့် မိန်းမပျိုများ ပန်းကောင်းအညွန့်ချိုး မခံရလေအောင် မိမိကိုယ်ကို
ထိမ်းသိမ်းနေထိုင်ရပါမည်။ ချိန်းတိုင်လည်း မသွားနဲ့၊
ကျွေးတိုင်လည်းမစားနဲ့၊ ပေးတိုင်လည်းမယူနဲ့၊ ပြောတိုင်းလည်းမယုံနဲ့၊
ငိုပြတိုင်လည်းမသနားနဲ့၊ ရေလျှံပြတိုင်လည်းမယုံနဲ့။ မိမိကိုယ်ကိုသာ
လုံခြုံအောင်သတိနဲ့ နေထိုင်ရပါမည်။
First Weekly News Journal မှ အေးကမ္ဘာ ဒေါက်တာချစ် ၏ ဆောင်းပါးကို ကမ္ဘာတစ်ဝှမ်းရှိ မြန်မာအမျိုးသမီးများ ဖတ်စေချင်သည့် စေတနာဖြင့် ကူးယူဖေါ်ပြပါသည်။
ဆိုက်ကားသမား တွေနဲ့ ပေါင်းပြီး ခရီးသည်ပါလာလျှင်၊ ခရီးသည်ပို့ပေးလျှင် ငွေကျပ် ၅၀၀(သို့) ၁၀၀၀ ဘောက်ဆူးချတတ်ကြပါတယ်။ ဆေးခန်းသို့ တစ်ခါတရံ စုံတွဲတွေ ရောက်လာတတ်ကြပါတယ်။ အမျိုးသမီးငယ်တွေက ဆေးခန်းထဲဝင်ပြီး သန္ဒေတားဆေး ၀င်ထိုးသွားကြပါတယ်။ သွေးပေါ်ပြီးမှ ထိုးရတဲ့ ဆေးဖြစ်လို့ သွေးပေါ်ခြင်း ရှိမရှိ၊ မေးရပါတယ်။ များသောအားဖြင့်က မပေါ်ကြပါ။ ကြုံသလို ဆေးထိုးကြသည်။ ယခုလောလောလတ်လတ်တွင် တည်းခိုခန်းသွားမှာ ဖြစ်တဲ့အတွက် ကလေးရမှာစိုးလို့ ၀င်ရောက်ထိုး ကြောင်းပြောပါတယ်။ တကယ်ဆိုရင် တားဆေးဆိုတာ ခုထိုး၊ ခုတားပေးတာ မဟုတ်။ ကိုယ်က ကြိုတင်ပြီးတားထားမှ ဖြစ်မှာ။ သွေးကပေါ်ပြီးသားမှ ဖြစ်နေရမယ်။ ခုထိုးလိုက်ပြီး ခုပဲကောင်လေးနဲ့ နေမယ်ဆိုရင် သန္ဒေတားဖို့ဆိုတာက မသေချာ။ တလွဲဆံပင်ကောင်းနေကြသည်။ ဒါကြောင့် ကွန်ဒုံးကိုသုံးဖို့ မှာကြားလိုက်ရပါတယ်။ တစ်ဆက်တည်း ဆူးပေါ်ဖက်ကျ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်ရတယ်ဆိုတဲ့ အကြောင်း၊ မိမိဘက်ကတတ်နိုင်သလောက် ရှောင်သင့်ကြောင်း ဆုံးမလိုက်ရပါတယ်။ သိရက်နဲ့ မိုက်နေကြပါတယ်။ ခုခေတ်စုံတွေဲတွေနဲ့ ကျွန်တော်တို့ခေတ်က စုံတွဲနေပုံထိုင်ပုံတွေ အတော်ကွာခြားနေပါတယ်။ ဟိုတုန်းကဆို ရှပ်ရှင်ကြည့်မယ်၊ ဘုရားသွားမယ်၊ ကန်တော်ကြီးစတဲ့ ရှုခင်းရှိတဲ့ နေရာတွေမှာ ထိုင်ငေးမောနေမယ်။ ပိုဆိုးတဲ့၊ ကဲတဲ့စုံတွဲတွေလည်း ရှိချင်ရှိမယ်။ ၁၀ တန်းအောင်ရုံ၊ တက္ကသိုလ်တက်နေစဉ် ရည်းစားသညှာထားရင် အဆူခံထိကြတယ်။ သူငယ်ချင်းတွေက တိုင်ကြတယ်။ ခုခေတ် စုံတွဲ တွေက ကဲသတက်ကဲလာကြသည်။ အတွဲဖြစ်တာနဲ့ပဲ အချေစ်နယ်ကျွန်ဖို့ စတင်လှုပ်ရှားလာကြတယ်။ အဲဒါကိုသိတဲ့ သူငယ်ချင်းတွေက သက်ဆိုင်ရာမိဘတွေကို တိုင်ဖို့နေနေသာသာ မြှောက်တောင် ပေးကြသည်။ သူတို့တစ်တွေ ပိုပြီးအတင့်ရဲလာကြသည်။ ဆေးတွေက လည်း အမျိုးမျိုးပေါ်နေတော့ ဆေးအားကိုးနဲ့ မိုက်တွင်းနက်နေကြသည်။ အဲဒီတော့ ကိုယ်ဝန်တွေရှိလိုရှိ၊ ကာလသားရောဂါ၊ AIDS ရောဂါတွေ ကူးစက်ကြကုန်သည်။ ရည်းစားထားပြီး ဘာလုပ်ရမှာလဲဆိုပြီး ကာလသားတွေပြောကြသည်။ ဟိုတုန်းကဆိုရင် မယူခင် လက်လွန်ခြေလွန် မဖြစ်ရဲ၊ သူ့အထုပ်ကိုယ်ကြောင့်ဆိုတော့ ကိုယ်ကတာဝန်ယူရတော့မည်။ ကျောင်းကမပြီးသေး၊ အလုပ်အကိုင်က ၀င်ငွေမရှိသေး။ ဒါကြောင့် အသိတရားနဲ့ ထိမ်းကြသည်။ ယခုခေတ်လူငယ်တွေ မိုက်ရူးရဲလုပ်တတ်ကြသည်။ ဘေးမကြောက်၊ တာဝန်လည်းမယူနိုင်၊ ဖြစ်လာတဲ့ ပြဿနာကို ခပ်ပေါ့ပေါ့တွေး၊ သိတ်အာရုံအနောက်မခံ၊ ဒီလောက်ကုန်ဈေးနှုန်းတွေတက်၊ အလုပ်အကိုင်က ရှားပါးတဲ့ ဒီခေတ်ကြီးထဲမှာ စဉ်းစားဆင်ခြင်မှုမရှိဘဲ လုပ်ရဲ၊ ကိုင်ရဲကြသည်။ နေရာတော်တော်များများမှာ တည်းခိုခန်းတွေပေါလိုက်တာ။ တည်းခိုခန်းဝင်ငွေက သောက်သောက်လဲရနေလို့လည်း ဖြစ်မည်။ ရပ်ကွက်ထဲတွင် တည်းခိုခန်းဖွင့်လျှင် ရပ်ကွက်တွင်းရှိ လူအတော်များများ လုံးဝမကြိုက်၊ နှာခေါင်းရှုံ့ကြသည်။ ကိုယ့်ရပ်ကွက် ကိုယ့် လမ်း သိက္ခာကျသည် စသဖြင့် ၀ိုင်းဝန်ကန့်ကွက်ကြသည်။ ဟိုတုန်းက ဘယ်မြို့ကို ရောက်တယ်။ ဘယ်တည်းခိုခန်းမှာတည်းရတယ်။ အဲဒီလိုပြောရုံနဲ့ သာမာန်ကာလျှံကာပဲ ထားကြသည်။ သိတ်စိတ်မ၀င်စား။ ယခုတော့ ဘယ်တည်းခိုခန်းမှာ တည်းသည်လို့ ပြောကြည့်။ ဒီကောင်ဘာသွားရှုပ်နေလဲဆိုပြီး ဘာမှမစဉ်းစားကြတော့ဘဲ မကောင်းတာလုပ်ဖို့ သွားတယ်ဆိုပြီး စတွေးတော့တာပါပဲ။ မိန်းခလေးငယ်များသည် မိမိကိုယ်ကို တန်ဘိုးထားတတ်ရပါမည်။ လွယ်လွန်းလျှင် တန်ဘိုးကျတတ်သည်။ တန်ဘိုးကြလျှင် အောက်ဈေးနဲ့ ရောင်းတတ်ရသလို မိမိရဲ့ တန်ဘိုးကျရင်တော့ အရှုံးနဲ့ရင်ဆိုင်ရနိုင်ဖွယ်ရှိ
ဗိုင်းကောင်းကြောက်ဖိဆိုတဲ့ စကားရှိ သည်။ မိမိတန်ဘိုးကို မိမိကိုယ်တိုင်ကထိမ်းထားနိုင်မှ
First Weekly News Journal မှ အေးကမ္ဘာ ဒေါက်တာချစ် ၏ ဆောင်းပါးကို ကမ္ဘာတစ်ဝှမ်းရှိ မြန်မာအမျိုးသမီးများ ဖတ်စေချင်သည့် စေတနာဖြင့် ကူးယူဖေါ်ပြပါသည်။
စက္ကန့်တိုင်း ပြေးလွှားနေတာ သတိထားပါ
အချိန်စက်ဝန်းက သင့်ကို အဖက်မလုပ်တတ်ဘူး
ဒီနေ့အတွက် လက်မထောင်နိုင်အောင် ကောင်းမှု တစ်ခု သင်ပြုပါ
နောက်နေ့အတွက်သည် နောက်နေ့ ဖြစ်လာမဲ့သင့်အတွက်မို့
ဒီနေ့ သင်ဟာ ဒီနေ့အတွက်ပဲ ဖြစ်တယ်ဆိုတာကို လုံးဝ မမေ့နဲ့ ။
http://barnay.wordpress.com
0 comments:
Post a Comment