Wednesday, January 18, 2012

♥۩۞۩♥ ဒေါ်အောင်ဆန်းစုကြည်ဘယ်သူလဲ ♥۩۞۩♥

by Hlaing Bwa on Wednesday, January 18, 2012 at 11:57am


တိုတောင်းလှတဲ့လူ့ ဘ၀မှာ လူတဦးတယောက်နဲ့ တယောက် သိကြဖို့ လွယ်ကူပေမဲ့ သည် "သိခြင်း" ဆိုတဲ့
ဝေါဟာရအတွင်းမှာ လူတဦးချင်းအလိုက် အဓိပ္ပါယ်များစွာကွဲပြားတတ်ပါတယ်။ နာမည်းကြီးတယောက်အဖြစ်သိခြင်း စီးပွါးဘက် ကျောင်းနေဘက် လုပ်ဘော်ကိုင်ဘက် အိမ်ထောင်ဘက် ငယ်သူငယ်ချင်းပခုံးဖက်ပေါင်း၍သိခြင်း မိမိဆရာသမားဖြစ်၍သိခြင်း ချော၍လှ၍သိခြင်း ချမ်းသာလွန်း၍
သိခြင်း ရက်စက်ယုတ်မာလွန်း၍ အာဏာအလွဲသုံးစားပြု၍သိခြင်း လာဘ်စားလွန်း၍သိခြင်း ခိုးလွန်း၍ သိခြင်း အများအတွက်အနစ်နာခံလွန်း၍သိခြင်း နာမည်ကြီးတွေကိုအပုပ်ချခြင်းဖြင့်မိမိနာမည်ကို တည်ဆောက်တတ်ခြင်းကြောင့်သိခြင်း လုပ်စားဂွင်ဖန်တီးရာတွင်တော်သည့်အတွက်သိခြင်း ဖျာခင်းရာတွင်ပညာသားပါလွန်းသည့်အတွက်သိခြင်း စသည်... စသည်ဖြင့် ....
ဒေါ်အောင်ဆန်းစုကြည်ကိုသိပါသလားဆိုလျှင် မြန်မာပြည်သားများသာမကဘီလီယံနှင့်ချီသောကမ္ဘာ့ပြည်သူ
များကသိတယ်ဟုဖြေကြမှာပါ။ ယ္ခုကျွန်တော်မေးချင်တဲ့မေးခွန်းက ဒေါ်အောင်ဆန်းစုကြည်ကိုသိပါတယ်
ဆိုသော မြန်မာလူမျိုးတဦးတယောက်ကိုပါ ... သင်ဘယ်လိုပုံစံနဲ့ သိတာပါလဲဆိုတဲ့ မေးခွန်းပါ (အထက်က
ကျွန်တော်ပြောထားတဲ့ သိခြင်းအမျိုးအစားတွေထက် ဆန်းပြားတဲ့သိခြင်းတွေလည်းသင့်မှာရှိနိုင်ပါတယ်)
မည်သို့ ဆိုစေ ... ဒေါ်အောင်ဆန်းစုကြည်ဘယ်သူလဲဆိုတာသင်တကယ်သိသလားဆိုတာ မကြာသေးမီကမှ
မှတ်တမ်းတင်ထားတဲ့ သည်ဗွီဒီယိုမှတ်တမ်းလေးကို ဆုံးအောင်ကြည့်ပြီးတဲ့အချိန်မှာ မိမိကိုယ်မိမိ ပြန်လည်
မေးခွန်းထုတ်စေချင်ပါတယ် ... (ငါ) ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုသိခြင်းနဲ့ သိခဲ့တာလဲဆိုတာပါ။

Hlaing Bwa/88
one of the former student guards of Daw Aung San Suu Kyi (till 26/08/1988)

http://www.youtube.com/watch?feature=player_embedded&v=sjjwW9L2P68#!

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...