Wednesday, January 18, 2012

ဗိုလ်ချုပ်ကြီးရဲ့ သမိုင်းဝင် မျက်ရည်

by တကျော့ ပြန်ဟစ် တလာ on Wednesday, January 18, 2012 at 11:10am
 



လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က ကရင်အာဇာနည်နေ့ အခမ်းအနားမှာ ကျဆုံးခဲ့လေပြီးသော ကရင့်တော်လှန်ရေး သမားတွေကို လွမ်းဆွတ်သတိတရဖြစ်ပြီး မထိမ်းနိုင်တော့ပဲ မျက်ရည်စက်များဟာ ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ပါးပြင်ပေါ်မှာ စီးကျလာခဲ့ရပါတယ်။ အဆိုပါ ဗိုလ်ချုပ်ကြီးဆိုသူဟာ လက်ရှိ ကရင့်တော်လှန်ရေးကို ဦးစီးနေတဲ့ ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကေအဲန်အယ်လ်အေရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး မြန်မာအစိုးရနဲ့ ကေအဲန်ယူတို့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးရာမှာ ဦးစီးလိုက်ပါသွားတဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပဲ ဖြစ်ပါတယ်။
အမျိုးသား တန်းတူ အခွင့်အရေး ရရှိဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ကရင်တော်လှန်ရေး ခရီးကြမ်းတလျှောက်မှာ အသက်သွေးချွေး၊ မျက်ရည်တွေအများအပြားကို ရင်းနှီးခဲ့ရပြီး ပန်းတိုင် မရောက်ရှိမချင်းလည်း ဆက်လက်ရင်းနှီး ရအုံးမှာသာ ဖြစ်ပါတယ်။ ယနေ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးခဲ့သူ ဗိုလ်ချုပ်ကြီးအနေဖြင့် ကရင့်တော်လှန်ရေးအတွင်း ပေးဆပ်သွားခဲ့သူတွေကို ယခုချိန်ထိ မေ့ပျောက်သွားမယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကြီးအနေနဲ့ ကရင့်တော်လှန်ရေးးအတွက် အဆုံးအဖြတ်ပေးမယ့် ယနေ့ အရေးကြီးတဲ့ အချိန်အခါမှာ အကောင်းဆုံးသော ဆုံးဖြတ်မှုတွေ၊ အကြံပေးမှုတွေနဲ့အတူ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကို ဆက်လက်ချီတက် သွားမယ်ဆိုတာ ကရင်လူထုတရပ်လုံးက မျှော်လင့်နေလျှက် ရှိပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက် မြန်မာခေါင်းဆောင်တွေရဲ့ လိမ်ညာလှည့်ဖြားမှုတွေကို ကျော်လွားနိုင်ပြီး ဘေးမသီရန်မခတ်ပဲ ချောချောမွေ့မွေ့နဲ့ လျှောက်လှမ်းနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါရစေ။ အဲခေါင်သောင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...