Author: lubo601 |
5:33 AM |
|
Written by မောင်သံဒိုင်(ဘောဂဗေဒ)
|
Sunday, 22 January 2012 11:40 |
၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူလယ်သမားများအတွက် အိပ်မက်ကောင်း မက်ခဲ့ကြသည်။
၂၀၁၀
ပြည့်နှစ် မိုးစပါးရိတ် သိမ်းပြီးချိန်၌ကြုံတွေ့ခဲ့ကြရသော
ရာသီဥတုအခက်အခဲနှင့် ဈေးနှုန်းအခက်အခဲကြောင့် လက်မှိုင်ချခဲ့ရသော
တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံပဲကို အားကိုး
မျှော်မှန်းခဲ့ကြသည်။၂၀၁၁ ခုနှစ် ဧပြီလမှစတင်ပြီး ပို့ကုန်ရငွေ
ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့်လည်းကောင်း၊ ရာသီဥတုကြောင့်လည်းကောင်း
ပဲစိုက်တောင်သူများအထိနာခဲ့
ရပြန်သည်။
ထိုအခြေအနေသည် တောင်သူလယ်သမား
များအတွက် အနာကြီးနာနေခဲ့သဖြင့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်ပင်
အခက်အခဲရှိနေခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်
လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များ၊ ဂျာနယ်များ၏
ထောက်ပြရေးသားချက်များကြောင့် တောင်သူလယ်သမားများအတွက် အားတက်ခဲ့ကြရသည်။
လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များ၊ ဂျာနယ်များ၏
ထောက်ပြပြောဆိုမှုများတွင် ၂၀၁၁ ခုနှစ် မိုးစပါးပေါ်ချိန်တွင်
စပါးဈေးနှုန်းကို ထုတ်လုပ်သူစရိတ်ထက် မနိမ့်ရုံသာမက တောင်သူလယ်သမားမိသားစု
စားဝတ်နေရေးကိုပါ ကာမိစေမည့် စပါးဈေးနှုန်း အာမခံချက်ပေးမည့်သဘောမျိုး
ဆွေးနွေးလာခဲ့ကြသည်။ တစ်ခေတ်တစ်ခါက မြန်မာ့စီးပွားရေးလောကတွင်
လက်ခံခဲ့ကြသော ညီမျှခြင်းကိုပင် ထောက်ပြပြော ဆိုလာကြ သည်။ ၎င်းညီမျှခြင်းမှာ
စပါးတင်း ၁၀၀၊ ရွှေတစ်ကျပ်သားနှင့် ကျွန်း သစ်တစ်တန်၏ဈေးနှုန်း
တူညီနေခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင် ကျွန်းသစ်သည် နိုင်ငံတော်ကသာ
တာဝန်ယူထုတ်လုပ်ရောင်းချခြင်းဖြစ်သဖြင့် ဖော်ပြပါညီမျှခြင်းမှ
ဖယ်ထားမည်ဆိုပါက ရွှေတစ်ကျပ်သား၏တန်ဖိုးနှင့် စပါးတင်း ၁၀၀ ၏ တန်ဖိုးတူ
ညီနေရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယခုအခါတွင် ရွှေတစ်ကျပ်သားတန်ဖိုးမှာ
ကျပ်ခုနစ်သိန်းခန့်ရှိသဖြင့် စပါးတင်း ၁၀၀ ကိုကျပ်ခုနစ်သိန်းခန့်များ
ရလာလေမလားဟု ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော
ဆွေးနွေးချက်များကို လယ်သမားများအ တွက် တစ်သက်တာအတွင်း မကြားဖူးခဲ့သော
စကားသံများဖြစ်ခဲ့သည်။ ယခုတော့ ကြားလာရပြီ။ အိပ်မက်လှလှလည်း မက်ခဲ့ကြသည်။
အထူးသဖြင့် ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တွေ့ကြုံခဲ့ရသည့်
အခက်အခဲများကို ထိုအိပ်မက်ကြောင့် ကျော်လွှားနိုင်ခဲ့သည်။
မိုးစပါးစိုက်ပျိုးရာသီတွင် အောက်မြန်မာနိုင်ငံ၌ ဇူလိုင်လလယ်ခန့်မှ
မိုးမှန်လာခြင်းကြောင့် ပျိုးထောင်မှု နောက်ကျမှ လုပ်ငန်းစတင်ခဲ့ကြရသည်။
သက်ကြီးစပါး (ပေါ်ဆန်းမွှေး၊ တောင်ပျံ) စိုက်ပျိုးသူများမှ အချို့သာလျှင်
ကြိုတင်ပြီး ပျိုးခင်းကိုရေ စုပ်စက်ဖြင့် ရေတင်၍ ပျိုးထောင်သူ
အနည်းအပါးရှိခဲ့ကြသည်။ အများအားဖြင့် ဇူလိုင်လဒုတိယနှင့် တတိယသီတင်းပတ်မှသာ
ပျိုးထောင်နိုင်သူများခဲ့ကြသည်။ ထို့အပြင် အောက်တိုဘာလ ဆန်းခန့်တွင်
မြန်မာနိုင်ငံတောင်ပိုင်းမှ မုတ်သုန်ဆုတ်ခွာသွား ခြင်းနှင့်အတူ
မိုးလည်းခွာခဲ့သည်။ ထို့ကြောင့် စပါးသက်တမ်းရက် ၁၀၀ မှ ၁၂၀
ခန့်သာရှိသောစပါးများသာ အောင်မြင်ဖြစ်ထွန်းခဲ့သော်လည်း ရက် ၁၂၀ ကျော်သော
သက်လတ်နှင့် သက်ကြီးစပါးများအတွက် မိုးရေလိုအပ်မှုကြောင့် အဖျင်းများပြီး
စပါးအထွက် သိသိသာသာ ကျဆင်းသွားခဲ့သည်။
စိုက်ပျိုးချိန်ကာလအတွင်း ရေကြီးခြင်းကြောင့်
ပျိုးခင်းနှင့်စိုက်ခင်းများ ရေ၀င်နစ်မြုပ်ကြရပြန်သည်။ သို့သော်
ဖော်ပြခဲ့သောအိပ်မက်ကြောင့် လိုအပ်သည့်အရင်းအနှီးကို ဖျစ်ညှစ်ထုတ်ပြီး
အကြိမ်ကြိမ်ပျိုးထောင် စိုက်ပျိုးကြသူများလည်း ရှိခဲ့သည်။ ဤ တွင် မေးစရာ
မေးခွန်းနှစ်ခု ရှိသည်။ ''တောင်သူလယ်သမားများ စီးပွားရေးတွက်ခြေမကိုက်ဘဲ
အဘယ်ကြောင့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြသနည်း'' ဟူ၍ ဖြစ်သည်။
စာရေးသူ လ့လာထားချက်အရ မြန်မာလယ်သမားအများ စုသည် မိုးရွာလာချိန်တွင်
လယ်ထဲဆင်း၍ လယ်မလုပ်ရပါက မစားနိုင်၊ မအိပ်နိုင်သူများသာ ဖြစ်ကြသည်။
၎င်းတို့အတွက် မိရိုးဖလာ အလုပ်ဖြစ်သဖြင့် အရိုးစွဲနေသော အလုပ်ဖြစ်သည်။
စီးပွားရေးအရ တွက်ခြေကိုက်သည်၊ မကိုက်သည်မှာ အ ဓိကမဟုတ်ဘဲ လယ်မလုပ်ရလျှင်
မနေနိုင်သူများသာဖြစ်ကြသည်။ ထို့ကြောင့်လည်း ပြန်ရချက်မသေချာသည့်တိုင်
မိမိတို့ မက်ခဲ့သော အိပ်မက်အတွက် အကြိမ်ကြိမ် ကုန်ကျစရိတ်
စိုက်ထုတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ စပါးစိုက်ပျိုးချိန်ကလည်း ယခုနှစ်
စပါးပေါ်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းခန့် အနည်းဆုံး
အာမခံဈေးနှုန်း သတ်မှတ်ပြီး ၀ယ်မည်ဟူ သောကောလာဟလများကလည်း ပေါ်ခဲ့ပြန်သဖြင့်
တောင်သူလယ်သမားများ အတင့်ရဲစွာ အရင်းအနှီးရှာဖွေ ချေးငှားပြီး အကြိမ်ကြိမ်
လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ စပါးထွက်လာပြီဖြစ်သဖြင့်
လယ်သမားများရင်ဆိုင်ရသည့်စပါးဈေးနှုန်းမှာ ရင်နင့်ဖွယ်ပင်ဖြစ်သည်။
သက်ကြီးစပါးမှာ အထွက်နည်းသည်ကတစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွက်
စားသုံးသူကြိုက် နှစ်သက်မှုကြောင့်တစ်ကြောင်းကြောင့် တင်း ၁၀၀ ဈေးနှုန်းမှာ
ကျပ်ငါးသိန်းခန့်ရှိသည်။ သို့သော် သက်ငယ်စပါးတင်း ၁၀၀ အတွက် ဈေးနှုန်းမှာမူ
ကျပ်သုံးသိန်းနှင့် ကျပ်သုံးသိန်းအောက်တွင်သာ ဈေးဖြစ်လျက်ရှိသည်။
ယခုနှစ်စိုက်ပျိုးရာသီအတွင်း စာရေးသူလေ့လာခဲ့သော ရန်ကုန်တိုင်းဒေသကြီး
မှော်ဘီမြို့နယ်ရှိ တောင်သူလယ်သမားအချို့၏ ပျမ်းမျှစပါးတစ်ဧကထုတ်
လုပ်မှုကုန်ကျစရိတ်ကိုကြည့်ပါက အောက်ပါအတိုင်း တွေ့ရပါသည်။
ဇယားတွင်ဖော်ပြထားသည့်အတိုင်း စပါးတစ်ဧကအတွက်
စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ၁၄၇၅၀၀ ကျပ်ခန့်ရှိပြီး ပျမ်းမျှတစ်ဧက
အထွက်နှုန်း တင်း ၅၀ အတွက်ရရှိသော တန်ဖိုးငွေကျပ် ၁၅၀၀၀၀ ခန့်နှင့်
နှိုင်းယှဉ်ပါက လယ်သိမ်းချိန်ပြီးပါက 'လယ်ပိုင်ရှင်အတွက် ဆန်ကောနှင့်
ကောက်ဆွသာကျန်မည်' ဟူသော ဆိုရိုးအတိုင်းပင်ဖြစ်မည်။ အကယ်၍များ တစ်ကြိမ်မက
ပျိုးထောင်စိုက်ပျိုးရခြင်း၊ လိုအပ်သည့်အရင်းအနှီးကို အစိုးရနှင့်
ချေးယူရခြင်းများရှိခဲ့ပါက အရှုံးကြီးရှုံးမည်သာဖြစ်သည်။ ဤတွင်
ကိုယ်တိုင်လယ်ယာလုပ်ကိုင်နိုင်သူ၊ ကိုယ်ပိုင်ကျွဲနွားရှိသူများအတွက်
ထိုက်သင့်သော အကျိုးကျေးဇူး ရရှိနိုင်သည်။ ထိုဝင်ငွေသည်ပင် တောင်သူ
လယ်သမားများ၊ ၎င်း၏ လုပ်အားစိုက်ထုတ်ခဲ့ရသည့် လုပ်ခသာဖြစ်ပြီး အလုပ်သမား၏
လုပ်ခထက် ပင်နိမ့်ကျနေသည့် ၀င်ငွေဖြစ်သည်။ တောင်သူလယ်သမားမိသားစု၏
စားဝတ်နေရေး အသုံးစရိတ်ကိုပါ ထည့်သွင်း စဉ်းစားပါက ယခုနှစ်ရရှိသော
စပါးဈေးနှုန်းသည် တောင်သူလယ်သမားများအတွက် စီးပွားရေး တွက် ခြေကိုက်မှု
လုံးလုံးလျားလျား ကင်းမဲ့နေမည်သာဖြစ်သည်။
ဤဖြစ်ရပ်မျိုး အကြိမ်ကြိမ် အထပ်ထပ် ခံစားလာရသော လယ်သမားများအတွက်
လယ်ယာကုန်ထုတ်လုပ်ငန်းအပေါ် အားထုတ်ကြိုးပမ်းလိုစိတ် လျော့ပါးလာစေရုံသာမက
လယ်ယာလုပ်ငန်းကို စွန့်ခွာလိုသူ များပြားလာမည် ဖြစ်သည်။
နိုင်ငံအတော်များများသည် လယ်ယာထွက်ကုန်ဈေးနှုန်းအာမခံသည့်
စနစ်ကျင့်သုံးလာကြသည်မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
မျှော်မှန်းလုပ်ဆောင်ချက်ပင်ဖြစ်သည်။ တောင်သူလယ်သမားများ၏ ၀ယ်လိုအား
မြင့်မားလာမှုမှတစ်ဆင့် မြို့ပြထုတ်ကုန်ထုတ်လုပ်မှု တိုးတက်လာစေမည်ကို
မျှော်မှန်းကြခြင်းဖြစ်သည်။ ဤနည်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုရရှိလာအောင်
လုပ်ခဲ့ကြသည် ...
|
အထက်တွင်ဖော်ပြထားသကဲ့သို့ 'လယ်သမားများသည် စီးပွားရေး တွက်ခြေကိုက်သည်၊
မကိုက်သည်ကို အဓိကမထားဘဲ ၀ါသနာအရ လယ်ယာကို
ဆက်လက်လုပ်ကိုင်နေကြမည်သာဖြစ်သည်'ဟူသော ယူဆချက်ကြောင့် ၎င်းတို့ကို လျစ်လျူရှု
ထားမိက ကာလရှည်တွင် မမျှော်မှန်းဘဲထွက်ပေါ်လာမည့် တောင်သူလယ်သမားများ၏
အနုတ်လက္ခဏာ တုံ့ပြန်ချက်သည် တိုင်းပြည်အတွက် အလွန်အမင်း အထိနာမည်သာဖြစ်သည်။
ဤပြဿနာကိုဖြေရှင်းရန် အချိန်ဆွဲ၍မဖြစ်။ လယ်သမားများအတွက် စပါးပေါ်လျှင်
အများအားဖြင့် မရောင်းမဖြစ် ရောင်းချကြရသည်။ ဈေးတက်မည်ဟု
ခန့်မှန်းကြသည့်တိုင်အောင် သိမ်းဆည်းသိုလှောင်ထားနိုင်ခြင်း မရှိကြ။
ဆပ်ရမည့်အကြွေး၊ စားဝတ်နေရေးစရိတ်နှင့် အထွေထွေ အသုံးစရိတ်တို့အတွက်
ပေါက်ဈေးဖြင့် ရောင်းကြမည်သာဖြစ်သည်။ ယခုပင်ရောင်းနေကြရပြီ။ သူတို့၏
အရှုံးကို သူတို့ပို၍ ပို၍သိလာကြသည်။ စပါးဈေးနှုန်းမြင့်မားရေးကို
မျှော်မှန်းလာကြသည်။ စပါးစိုက်ပျိုး ချိန်မက်ခဲ့သော အိပ်မက်နှင့်လက်တွေ့မှာ
သိသိသာသာ ကွာခြားနေသည်။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည်
ကျေးလက်ကိုအမှီပြု နေသူများဖြစ်သည်။ ၎င်းတို့၏ ၀ယ်လိုအားကျဆင်းမှုသည်
မြန်မာ့ဈေး ကွက်အတွင်း စုစုပေါင်းဝယ်လိုအား ကို သိသိသာသာ
ကျဆင်းမည်သာဖြစ်သဖြင့် ထိုအချက်သည် စီးပွားရေး အဆောက်အအုံတစ်ခုလုံးကို
စီးပွားရေး တုံ့ဆိုင်းသွားနိုင်သည်။ အိမ်နီးချင်းထိုင်းနိုင်ငံအပါအ၀င်
နိုင်ငံအတော်များများသည် လယ်ယာထွက်ကုန်ဈေးနှုန်း အာမခံသည့်စနစ်
ကျင့်သုံးလာကြသည် မှာလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
မျှော်မှန်းလုပ်ဆောင်ချက်ပင်ဖြစ်သည်။ တောင်သူလယ်သမားများ၏
ဝယ်လိုအားမြင့်မားလာမှုမှတစ်ဆင့် မြို့ပြထုတ်ကုန်ထုတ်လုပ်မှု
တိုးတက်လာစေမည်ကို မျှော်မှန်းကြခြင်းဖြစ် သည်။ ဤနည်းဖြင့်
စီးပွားရေးဖွံ့ဖြိုးမှု ရရှိလာအောင်လုပ်ခဲ့ကြသည်။
အကယ်၍များ စီးပွားရေးတွက်ခြေမကိုက်မှုကြောင့် တောင်သူလယ်သမားများ၏
ထုတ်လုပ်မှုကျဆင်းသွားခဲ့ပါက ပြည်တွင်းစားသုံးမှု ဖူလုံရေး၊
ပြည်ပပို့ကုန်တင်ပို့ရေးကိုပါ ထိခိုက်လာနိုင်မည်။ ဤအချက်ကို
နိုင်ငံတော်အစိုးရသာမက လယ်ယာထွက် သီးနှံကို ပြည်ပပို့ကုန်အဖြစ်
တင်ပို့နေကြသော လုပ်ငန်းရှင်ကြီးများပင် သတိချပ်သင့်သည့် အချက်ဖြစ်သည်။
ယခုတော့ဖြင့်
ကယ်သူဝေးနေပြီဖြစ်သော တောင်သူလယ်သမားတို့၏အဖြစ်သည်
တစ်မိုးတွင်းလုံးမျှော်မှန်းခဲ့ကြသည့် စပါးတင်း ၁၀၀ နှင့်
ရွှေတစ်ကျပ်သားဟူသော ညီမျခြင်းသည် အိပ်မက်သာဖြစ်ခဲ့ကြပြီ။ အနိမ့်ဆုံး
စပါးဈေးမျိုးတင်း ၁၀၀ အတွက် လေးသိန်းမှမရလျှင် တောင်သူလယ်သမားများ
စိတ်ပျက်အားလျော့လာမည်။ ယခုနှစ် မတ်ပဲနှင့်ပဲတီစိမ်း စိုက်ဧက သိသိသာသာ
ကျဆင်းသွားခြင်းသည်ပင် လယ်သမားများ၏ ဈေးကွက် အပေါ် အနုတ်လက္ခဏာ
တုံ့ပြန်မှုဖြစ်သည်။ အကယ်၍ လာမည့် စပါးစိုက်ချိန်တွင် တောင်သူလယ်သမားများက
ယခုပဲစိုက်ချိန်ကဲ့သို့သာ တုံ့ပြန်ခဲ့ကြလျှင် ပြည်တွင်းစားသုံးမှုကိုပါ
ထိပါးလာနိုင်မည်ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အချိန်ဆွဲ၍ မရ။သေရေး
ရှင်ရေးတမျှ အရေးကြီးလှသဖြင့် အမြန်နိုင်ဆုံးမြန်နိုင်သမျှ
မြန်မြန်ဖြေရှင်းရမည့် ပြဿနာဟုပင် ဆိုလိုက်ပါရစေ။
စပါးတစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် |
စဉ် |
အကြောင်းအရာ |
ပျမ်းမျစရိတ် (ကျပ်) |
၁။ |
ပျိုးခင်း+စိုက်ခင်း၏ထွန်ယက်စရိတ် |
၃၅၀၀၀ |
၂။ |
မျိုးစပါး |
၁၀၀၀၀ |
၃။ |
ပျိုးနုတ်ခ |
၁၅၀၀၀ |
၎။ |
ကောက်စိုက်ခ |
၂၂၅၀၀ |
၅။ |
ဓာတ်မြေသြဇာ |
၂၅၀၀၀ |
၆။ |
ကောက်ရိတ်ခ |
၁၈၀၀၀ |
၇။ |
အထွေထွေလုပ်အားခ |
၁၀၀၀၀ |
၈။ |
နယ်/လှေ့စရိတ် |
၁၂၀၀၀ |
|
တစ်ဧက၏စုစုပေါင်းကုန်ကျစရိတ် |
၁၄၇၅၀၀ |
|
0 comments:
Post a Comment