ရှင်းရှင်းလင်းလင်းသိရအောင်--
ဆရာတော် ဦးဇောတိက ရဲ့တရားကိုကြိုက်လို့ မျှဝေတဲ့အခါ --ယုံကြည်သောသူ-- နဲ့-- မယုံကြည်သောသူ-- ဆိုတဲ့စကားစု နှစ်ခုဟာ ဆန့်ကျင်ဘက်သဘောသက်ရောက်နေတော့ အတွေးချော်သွားကြတဲ့ သို့မဟုတ် ဆရာတော်ရဲ့ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မသိတာလေး တွေကို ရီပလိုင်းမေးလ် တွေကတစ်ဆင့်သိရပါတယ်--ရတနာသုံး ပါး ကိုအကြွင်းမဲ့ယုံကြည်တဲ့ ညီမငယ် ရဲ့အမေးကို ပို့စ်တစ်ခုအနေနဲ့ ကျွန်တော်နားလည်ထားသလိုရှင်းပြပါရစေ--
ဥပမာဆိုပါတော့----- ပင်လယ်ပြင်ကို တစ်ခါမှမမြင်ဘူးတဲ့ တောင်ပေါ်သား တစ်ယောက်ကို ပင်လယ်ထဲမှာ ရေတွေအများကြီး ရှိတယ် ယုံလား လို့ မေးတယ်ဆိုပါတော့ -- တောင်ပေါ်သားက --ယုံပါတယ်-- လို့ဖြေပါလိမ့်မယ် ။ သူတစ်ခါမှ ပင်လယ်ကိုမမြင်ဘူးပေမယ့် ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတာ အမှန်တရားမို့ သူက ယုံပါတယ် လို့ပြောတာ မမှားပါဘူး။ သူ့ကို ယုံကြည်သူ ဆိုပါတော့။ ။
နောက်တစ်ယောက်--- သူက ပင်လယ်ကမ်းစပ်မှာ မွေးပြီး ပင်လယ်ကြီးကိုနေ့တဓူဝ မြင်နေရတဲ့သူ ။ သူ့ကို ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတယ် ယုံလား လို့သွားမေးရင်-- ဟကောင် ယုံလား လို့မေးနေစရာ လိုလို့လား မင်းမျက်လုံးကန်းနေလား လို့ဘုတောပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ယုံဘို့မလိုတော့တဲ့သူ ပင်လယ်ပြင်ကို ကိုယ်တိုင်မြင်သိနေတဲ့သူလေ--
ဆရာတော်ဆိုလိုတာက အဲသလိုပါ -- မယုံရဘူးဆိုတာထက် ယုံတာလေးနဲ့ ကျေနပ်နေမယ့်အစား ကိုယ်တိုင်သိအောင်ကြိုးစားစေချ င်တာပါဘဲ။ တောင်ပေါ်သားဟာ ပင်လယ်ပြင်ကိုသွားကြည့်ပြီး ကိုယ်တိုင်မြင်ဘူးသွားရင် -- နောက်တစ်ကြိမ်အမေးခံရတယ်ဆိုပါေ တာ့ -- ယုံ ရုံတင်လားကွာ -- ကိုယ်တိုင်မြင်ဘူးလို့သိထားပါ တယ် လို့ဖြေမှာပါ--
ရတနာမြတ်သုံးပါးကိုလည်း ယုံကြည်ရုံမဟုတ်ဘဲ ရတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူး ကို ရင်ထဲကသိအောင်ကြိုးစားကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်--
ရွှင်လန်းချမ်းမြေ့ကြပါစေ----
ကိုစိုးနိုင်
ဥပမာဆိုပါတော့----- ပင်လယ်ပြင်ကို တစ်ခါမှမမြင်ဘူးတဲ့ တောင်ပေါ်သား တစ်ယောက်ကို ပင်လယ်ထဲမှာ ရေတွေအများကြီး ရှိတယ် ယုံလား လို့ မေးတယ်ဆိုပါတော့ -- တောင်ပေါ်သားက --ယုံပါတယ်-- လို့ဖြေပါလိမ့်မယ် ။ သူတစ်ခါမှ ပင်လယ်ကိုမမြင်ဘူးပေမယ့် ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတာ အမှန်တရားမို့ သူက ယုံပါတယ် လို့ပြောတာ မမှားပါဘူး။ သူ့ကို ယုံကြည်သူ ဆိုပါတော့။ ။
နောက်တစ်ယောက်--- သူက ပင်လယ်ကမ်းစပ်မှာ မွေးပြီး ပင်လယ်ကြီးကိုနေ့တဓူဝ မြင်နေရတဲ့သူ ။ သူ့ကို ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတယ် ယုံလား လို့သွားမေးရင်-- ဟကောင် ယုံလား လို့မေးနေစရာ လိုလို့လား မင်းမျက်လုံးကန်းနေလား လို့ဘုတောပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ယုံဘို့မလိုတော့တဲ့သူ ပင်လယ်ပြင်ကို ကိုယ်တိုင်မြင်သိနေတဲ့သူလေ--
ဆရာတော်ဆိုလိုတာက အဲသလိုပါ -- မယုံရဘူးဆိုတာထက် ယုံတာလေးနဲ့ ကျေနပ်နေမယ့်အစား ကိုယ်တိုင်သိအောင်ကြိုးစားစေချ
ရတနာမြတ်သုံးပါးကိုလည်း ယုံကြည်ရုံမဟုတ်ဘဲ ရတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူး
ရွှင်လန်းချမ်းမြေ့ကြပါစေ----
ကိုစိုးနိုင်
0 comments:
Post a Comment