ဗိုလ်ချုပ်၏ မိန့်ခွန်းအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
by Myat Thi Ha on Tuesday, January 3, 2012 at 10:25pm
ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိတ်သတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ်။
“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊
ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”
“ခင်ဗျားတို့ ဟာ လွတ်လပ်ရေး ကိုလို ချင်ရင်ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကိုလိုချင်ရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ် ရေးကိုလိုချင်ရင်ရနိုင်လောက်တဲ့ထူ ထောင် မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက် လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ ခံစားချင်တယ်ဆိုရင် အလုပ် လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျား တို့အခုက တည်းက ခင်ဗျား တို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်း တွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီ ဆိုတာ ကျွန်တော်ဒီနေ့ပြော ခဲ့ချင် ပါတယ်။
0 comments:
Post a Comment