Tuesday, January 24, 2012
“ စဉ်းစားဆင်ခြင်ကြည့်ဖို့ အချိန် ”
ဦးဦးမှော်ဆရာ မေးလ်ဂရုမှ
     သင်က ခေတ်မှီတိုးတက်နေတာကို ကျေနပ်နှစ်သိမ့်နေပါသလား။ နောင်နှစ်မှာ ဘာတွေရယူ
အောင်မြင်နိုင်ဖို့  အစီးအစဉ်ရှိပါသလဲ။ တိုးတက်ဖွံ့ ဖြိုးမှုတွေကို
အခြေခံပြီး ဘယ်လို ရှ့ ကိုလမ်းလျှောက်မှာပါလဲ။
       နောင်နှစ်မှာ တိုးတက်ဖို့ ကျန်ခဲ့တဲ့နှစ်ကဘာတွေပြုလုပ်ခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်သင့်ပါ
တယ်။ ဒီနေ့ ဟာ သင့်ဘဝရဲ့  တန်ဖိုးထား လုပ်ဆောင်ချက်တွေကို စာရင်းကောက်ဖို
့ အကောင်းဆုံး အချိန်ပါပဲ။ ကျောင်းမှာ စာသင်နှစ်ကုန်သွားတဲ့အခါ Report Card ရသလို
ကိုယ့်ကိုယ်ကိုယ် Report Cardလေး ထုတ်ပေးဖို့ ပဲ ဖြစ်ပါတယ်။ ဒီနေ့ သင့်ရဲ့ အတွင်းစိတ်နဲ့ 
စကားပြောပြီး နားထောင်ကြည့်ပါ။
နေရာ
        ထိုင်နေကျ ထမင်းစားပွဲ၊ အလုပ်စားပွဲတို့ နဲ့  ဝေးရာဖြစ်တဲ့နေရာတစ်နေရာကို ရွေးပါ။ ပတ်ဝန်း
ကျင်အသစ်က  ထိုးထွင်းသိမြင်နိုင်တဲ့ဥာဏ်ကို အားပေးစေ့ဆော်ဖို့ အထောက်မကူပေးပါတယ်။ သ
ဘာဝပတ်ဝန်းကျင်ထဲက တိတ်ဆိတ်တဲ့နေရာလေး ဖြစ်ပါစေ။ ပန်းခြံ ၊ မြစ်ကမ်းနား၊တောရွာတို့ ဖြစ်နိုင်
ရင်ကောင်းပါတယ်။ လေးလေးနက်နက် စဉ်းစားဝေဖန်ဆန်းစစ်သလို  ရိုးရိုးသားသား
ဖြောင့်မှန်စွာ မိမိကိုယ်ကို တန်ဖိုးဖြတ်ပါ။
“ မှတ်စုတွေထုတ်ပါ ”
           မှတ်စုစာအုပ်အလွတ်၊ ဘောလ်ပင်တစ်ချောင်းယူထားပြီးမှတ်စုထုတ်ပါ။ နေ့ စဉ်မှတ်တမ်းစာ
အုပ်ကိုပါ ယူသွားပြီး အသေးစိတ်အချက်အေလက်တွေ မေ့နေရင်ပြန်ဖတ်ကြည့်ပါ။ပထမဦးဆုံး ပြုလုပ်
ရမှာက အချက်အလက်များ စုဆောင်းဖို့ ပါပဲ။ နေ့ စဉ်မှတ်တမ်း အကူအညီနဲ့ကျန်ခဲ့တဲ့ မှတ်တိုင်တွေကို
ပြန်လည်တွေးတောကြည့်ပါ။
“ ပြန်လည်သုံးသပ်ခြင်း ”
         အဓိကကျတဲ့ ခုနှစ်နေရာမှာ သင့်ကိုယ်သင် တန်ဖိုးဖြတ်ပါ။
အလုပ်ထဲမှာ စွမ်းဆောင်မှု၊ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ မိသားစု၊ မိမိရဲ
့တိုးတက်မှု၊ ဆက်ဆံရေး တိုက်တက်မှုနဲ့  စိတ်ပိုင်း
ဆိုင်ရာ တိုးတကှ်ု ဒီကဏ္ဍခုနှစ်ခုက စက်ဘီးတစ်စီးမှာရှိတဲ့ စပုတ်တိုင်တွေကအလယ်ဗဟို ပုံတောင်း
နဲ့  ဆက်သွယ်ထားတာနဲ့  တူညီပါတယ်။ အလယ်ဗဟိုပုံတောင်းက သင်ပဲဖြစ်ပါတယ်။
မပြတ်လည်ပတ်နေရင် ဘီးကလည်းချောမွေ့ စွာ လည်နေမှာပါ။
       တစ်နေရာမှာ ဒုက္ခနဲ့ ကြုံရပြီဆိုရင်တော့ ဘီးက မညီညာတော့ဘဲခရီးလမ်းက ပိုပြီး ကြမ်းတမ်း
ပါတော့မယ်။ ရှေ့ ကိုဆက်ပြီး သွားတဲ့ အခါမှာ ဒီကဏ္ဍခုနှစ်ခုမှာ ညီမျှတဲ့
လုပ်ဆောင်ချက်ကို ရယူနိုင်ပါမှ ဘဝရဲ့ ဟန်ချက်ကို ရနိုင်မှာဖြစ်ပါတယ်။
အောက်ပါ အဓိက မေးခွန်းသုံးခုကို မေးကြည့်ပါ။
  ( ၁ )  ငါမှန်မှန်ကန်ကန် လုပ်ခဲ့တဲ့ အလုပ်တွေက ဘာတွေလဲ၊ သင့်ရဲ့ဘော(စ်)နဲ့  မိသားစု၊ မိတ်ဆွေ
တွေဆီက ချီးမွမ်းမှုကို ရယူနိုင်အောင် ဘာတွေပြီးမြောက် အောင်မြင်ခဲ့သလဲ။
          သင့်ကိုယ်သင် အောင်နိုင်သူလို့ ခံစားနိုင်လောက်အောင်
ဘယ်လိုအရာတွှော ပြီးမြောက်အောင်မြင်ခဲ့သလဲ။
          သင်က စွမ်းပကားပြပြီး လုပ်ဆောင်နိုင်ခဲ့တာတွေကိုဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒါပေမယ့် သင်က အရညအချင်းပြည့်ဝသလား၊ အကျိုးရှိရျိစွမ်းဆောင်နိုင်သလားဆိုတာကိုလည်း မေးကြည့်ပါ။
အရည်အချင်းပြည့်ဝကျွမင်းကျင်ခြင်းဆိုတာ အချိန်တိုတိုအွင်းမှာ
များများလုပ်နိုင်တာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိခြင်းဆိုတာ မှန်ကုန်တဲ့အလုပ်တွေကို
လုပ်တောင်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါကတော့၂၀၁၂ ခုနှစ်မှာ သင်အာရုံစိုက်ရမယ့် အလုပ်ပါပဲ။
    ( ၂ )   ငါ မှားယွင်းလုပ်ဆောင်ခဲ့တာ ဘာတွေလဲ၊   စာရင်းပြုစုကြည်ပါ။သင်ခန်းစာယူပါ။
ထား အယူအဆတွေက မအောင်မြင်ခြင်းရဲ့ အကြောင်းခံလား။ နောက်နှစ်မှာ ဒီလိုအမှားမျိုး
တွေ ထပ်ပြီးမလုပ်ဖို့ အဓိဋ္ဌာန်ပြုပါ။
     ( ၃ )      နောင်နှစ်တစ်နှစ်လုံး ငါ ဘယ်လို တိုးတက်အောင်လုပ်တောင်မလဲ။ ပိုပြီးကောင်း
လာတဲ့ တာဝန်တွေကို ဘယ်လိုကျေပွန်အောင် ကြိုးပမ်းနိုင်မလဲ။ ဆက်သွယ်ရေး
စွမ်းရည်တွေ တိုးတက်လာအောင် စဉ်းစားပါ။ အခွင့်အလမ်းအသစ်တွေကို မလွတ်တမ်းရယူပါ။
အကျိုးရှိရှိ စီမံကိန်းချပါ။ စိတ်စွမ်းအင်ကို မြှင့်တင်ပါ။ စိတ်ဖိစီးမှုကို
ကိုင်တွယ်ဖြေရှင်းပါ။ ဒေါသကိုချုပ်ထိန်းပါ။
                 မြင့်မြတ်တဲ့ တိုးတက်မှုကို စီမံကိန်းထဲမှာ သင့်ရဲ
့ဝင်ငွေကို ကိုယ့်တိုးတက်မှုအတွက်
နဲ့  ပရဟိတလုပ်ငန်းအတွက် ဝေပုံချခွဲဝေခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ခြင်းနဲ့  လေ့
ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းတို့ ကို ထည့်သွင်းပါ။
               စိတ်ရောကိုယ်ပါ ချမ်းသာနေခြင်းက နှစ်သစ်မှာ တွေ့ကြုံရမယ့် အပြောင်းအလဲတွေ
ကို သတ္တိရှိရှိ တုံ့ ပြန်နိုင်စွမ်းနိုင်ပါလိမ့်မယ်။
“  သြဇာသက်ရောက်မှုနဲ့  ပူပန်မှု ”
        ဒီနယ်ပယ်နှစ်ခုကို ခွဲခြားထားပါ။ သြဇာသက်ရောက်မှုနယ်ပယ်မှာခြားနားမှု ထားနိုင်ပါတယ်။
အကျိုးသက်ရောက်မှုရှိအောင် ကြိုးပမ်းနိုင်ပါတယ်။ ဥပမာ-ပိုပြီးကျန်းမာလာအောင် လေ့ကျင့်ခန်းပြု
လုပ်ခြင်းနဲ့  ဝင်ငွေထဲက များများစုဆောင်ခြင်းမျိုးပါ။
         ပူပန်သောကရောက်မှုနယ် ပယ်မှာကတော့ သင့် လက်လှမ်းမမီနိုင်တဲ့ပြဿနာမျိုးတွေဖြစ်တဲ့
ပြင်းထန်တဲ့ ရာသှီုတု ၊ စီးပွားရေး မပြေလည်ခြင်း၊ ဒါတွေကို ပူပန်နေပြီ
အချိန်မဖြုန်းပါနဲ့ ။ အဲဒီအစားဒီအခြေအနေတွေကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမလဲဆိုတဲ့
နည်းဗျူဟာတွေ ရှာဖွေပါ။
 “ အားလပ်ချိန်လေးယူလိုက်ပါ။”
      ရုပ်ရှင်သွားကြည့်ပါ။ ပန်းချီပြပွဲသွားပါ။ ဂီတဖျော်ဖြေပွဲသွားပါ။အဆက်အသွယ်ပြတ်နေတဲ့ သူငယ်
ချင်းဆီ သွားလည်လိုက်ပါ။ ပြီးရင် သင်ရေးထားခဲ့တာတွေကို ပြန်ဖတ်ပြီး
ပြန်လည်သုံးသပ်ပါ။ တစ်ခုခုကိုရေးမှတ်ဖို့  မေ့ခဲ့ပါသလား။ အရင်က မရေးခဲ့တာတွေကို ထပ်တိုးပြီးရေးလိုက်ပါ။
       ဒီနည်းလမ်းကို နှစ်စဉ်ပြုလုပ် နှစ်စဉ်ပြုလုပ်ခဲ့ပြီးလာမယ့်နှစ်မှာ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်း
ဖို့  အထောက်အကူပေးတဲ့ အင်အားရှိပြီး အကျိုးရှိတဲ့ အလေ့အကျင့်ဆိုတာကို
သိလာပါလိမ့်မယ်။ သင့်ရဲ့ ရင်းနှီးသူတစ်ယောက်ယောက်နဲ့  ဒီသုံးသပ်ချက်ကို ဝေမျှကြည့်ပါ။
ပြီးတော့ သူ့ ရဲ့ Feedback တုံ့ ပြန်မှုကိုလည်း မှတ်စုချရေးထားဖို့  မမေ့ပါနဲ့ နော်။
          သင်ကိုယ်တိုင်စဉ်းစားဆင်ခြင်ကြည့်ပါစို့ ............
ခင်စောတင့်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...