Monday, January 23, 2012

မိမိကိုယ် မိမိရိုသေဘို့ လိုတယ်

by Shwe Aeim Si on Monday, January 23, 2012 at 11:32am

မိမိကိုယ် မိမိရိုသေဘို့ လိုတယ်.......


ဆေးရုံတစ်ရုံမှာ ဆေးကျောင်းသားတစ်စု လူနာကိုလက်တွေ့ စတင်ထိတွေ့ ရမယ့်နေ့ ပေါ့။

သူတို့ တစ်တွေ လူနာ ကုတင်တစ်ခုလုံးကို ပတ်ဝိုင်းပြီးရပ်နေကြတယ်။

ဂျူတီကုတ်ဖြူဖြူတွေကိုယ်စီဝတ်ထားကြပေမယ့် နားကြပ်တော့မပါကြပါဘူး ၊



သူ့ တို့ နားကြပ်တွေကို စစ္စတာရဲ့ အခန်းထဲ ထားခဲ့ရမယ်လို့ ဆရာ ကမနေ့ က

မှာထားခဲ့ပါတယ်။


မကြာခင်ဆရာရောက်လာပါတယ်။


“ကဲ.. ဒီလူနာကိုမင်းတို့ နားထောင်ရမယ့်အကြာင်း ခွင့်တောင်းထားပြီးပြီ ၊

မင်းတို့ သူ့ နှလုံးခုန်သံကို စိတ်ကြိုက်နားထောင်လို့ ရတယ်။ နှလုံးအဆို

့ရှင်ကျဉ်းတဲ့အသံဟာ ဒီလူနာမှာ

သိပ်ကို ထင်ထင်ရှားရှားကြီးကြားနေရတယ်။ ဒီလောက်ပီသတဲ့အသံမျိုး ရှားတယ်။'"


ဆေးကျောင်းသားအားလုံးဟာ ဒီနှလုံးအဆို့ ရှင် ကျဉ်းတဲ့ နှလုံးသွေးစီးသံ နဲ

့ပါတ်သတ်ပြီးစာတွေ့ အားဖြင့် လေ့လာမှတ်သားဖူးပြီးသားပါ ။ဒါပေမယ့် လက်တွေ

့မှာ တစ်ခါမှ မကြားဘူးသေးဘူး။


သီအိုရီ အရပဲ ဘာသံပြီးရင် ဘာသံလာရမယ်၊ ဘယ်လိုကြားရမယ်ဆိုတာ သိထားကြပါတယ်။


ဆရာက သူတို့ ကို နားကြပ် တစ်ခု ကမ်းပေးလိုက်ပါတယ် ။

“ကဲ…အချိန်ယူပြီးသေသေချာချာနားထောင်ကြ၊သိပ်ကောင်းတဲ့အသံပဲ”လို

့ပြောပြီးနောက် ကျောင်းသားတစ်ယောက်ကိုလှမ်းပေးလိုက်တယ်။


ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဆရာ့နားကြပ်နဲ့ နားထောင်ကြပါတယ်။

့နားထောင်ရင်းခေါင်းညိတ်ကြတယ် ။


“ဟာ…ဟုတ်တယ် ၊ ဟုတ်တယ် ၊ကြားရတယ် ။စာထဲကအတိုင်းပဲ ”လို

့တယောက်ပြီးတစ်ယောက်နားထောင်ပြီးကျောင်းသားအားလုံးကပြောကြတယ်။


ပြီးတဲ့အခါ စစ္စတာရဲ့ အခန်းမှာ စာသင်ဖို့ အားလုံးပြန်စုကြ တော့လို

့ဆရာကပြောပြီး၊ ခုဏ ကကြားရတဲ့ အကြောင်းမေးပါတယ် ။


“မင်းတို့ အားလုံးနားထောင်ပြီးကြားခဲပြီလား.....” တဲ့ ။


ကျောင်းသားအားလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြတယ်။


ဆရာကဘာမှ ဆက်မပြောပါဘူး ။ဆရာကသူတို့ ကိုပေးလိုက်တဲ့နားကြပ် ကိုယူပြီး

နားကြပ်က၀က်အူရစ်ကို ဖြေးဖြေးခြင်း လှည့်ဖွင့်နေပါတယ်။ပြီးတော့ အိတ်ထဲက

ဇာဂနာ တစ်ချောင်းထုတ်ပြီ့း နားကြပ်ရဲ့  ပိုက်တစ်လျောက်မှာ

ထိုးတည့်ထားတဲ့ ဂွမ်းစတွေကိုဆွဲထုတ်လိုက်တဲ့အခါ ကျောင်းသားအားလုံးဟာ

ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြပါတော့တယ် ။


ဘာမှ မကြားနိုင်တဲ့နားကြပ်နဲ့  နားထောင်ပြီး ကြားခဲ့တယ်လို့  သူတို
့ပြောခဲ့မိပြီ ။

ပြောတာမှ ပီပီသသကြီးကြားခဲ့ရတယ် တဲ့၊

။စာအုပ်ထဲကအတိုင်းပဲတဲ့ ၊၊


ဆရာက တစ်ခွန်းပဲပြောလိုက်ပါတယ်။


* “မင်းတို့  … နောက်ကို ဒီလိုဘယ်တော့မှ မဖြစ်ကြစေနဲ့ ၊
* ဘာမှမကြားရရင် မကြားဘူးပဲပြောပါ ။
* ဟန်မဆောင်နဲ့ ။ မညာနဲ့ ၊
* ကိုယ့်ကိုယ်ကို လည်း မညာမိစေနဲ့ ”၊


ဒါကတော့ အဲဒီ ဆေးကျောင်းသား တစ်စုရဲ့ ပထမဆုံးသော လူနာချည်းကပ်နည်း သင်ခန်းစာပါ ။

အဲ့ ဒိ့ နေ့ ကဆရာ စာမသင်ပါဘူး ၊ဆရာသင်ပေးလိုက်တာကတော့


* တွေ့ ရင်တွေ့ တဲ့အတိုင်း
* ကြားရင်ကြားတဲ့အတိုင်း
* မြင်ရင်မြင်တဲ့အတိုင်း ပြောပါ။ .....ဒါ ပထမဆုံးသင်ခန်းစာ” တဲ့။


ဆေးပညာအတွက်သာမက ဘ၀တစ်လျှောက်အတွက်ပါ ဒီစကား အရေးကြီးလှပါတယ်။


" မိမိကိုယ် မိမိ တို့ ရိုသေဖို့ လိုတယ် " ဆိုတာသင်ပေးလိုက်တာပါ ။


ဝန်ခံချက်။ ။စာရေးဆရာ..ကမောင်သစ်ဆင်းပါ...။ကလေးတို့ မနက်ဖြန်ဆိုတဲ့ ...ဆောင်ပါးထဲ က.
.ကြိုက်နှစ်သက်လွန်းလို့ ဘလော့ စာကိုးအနေနဲ့ ရေးပေးလိုက်တယ်။

ခင်မင်မှု များစွာဖြင့်
ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...