မြန်မာတိုင်း သတင်းများ
ပြန်လည်မှတ်ပုံတင်ခွင့်ရရှိခဲ့ သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)၏ အလံနှင့်ဆိုင်းဘုတ်သစ်ဖွင့်လှစ် ပွဲကို ယခုလ ၉
ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ
ပါတီဌာနချုပ်ရုံးရှေ့တွင်ကျင်း ပရာ ပါတီနာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ-သက်ထူး
ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီဥက္ကဋ္ဌဖြစ်လာ
ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ပါတီမှတ်ပုံတင်အပြီး ဇန်န၀ါရီလ ၉ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက် အရ ဖွဲ့စည်းပုံအသစ်တွင် ယခင်ဥက္ကဋ္ဌဟောင်း ဦးတင်ဦးအား သဘာပတိအဖွဲ့ နာယကအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွှန့်ဝေတို့နှင့်အတူ တာဝန် ပေးထားသည်ကို တွေ့ရသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်း ထွန်းဟိန်နှင့် ဒေါက်တာမေ၀င်းမြင့်တို့ ပါဝင် ဖွဲ့စည်းထားသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီအား ဇန်န၀ါရီလ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ရာ ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ် တင်ခြင်းများကို ကော်မရှင်၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ကြရန်လည်း ပါတီက ကြေညာထားသည်။
အဆိုပါ ညွှန်ကြားချက်အရ အစိုးရပိုင် အဆောက်အဦ၊ နိုင်ငံ့ဝန်ထမ်းပိုင် အဆောက်အဦနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦ များတွင် ပါတီရုံးခန်းဖွင့်လှစ်ခြင်းမပြု
ပါတီ၏အလံကိုလည်း နိုင်ငံ ရေးပါတီရုံးများတွင်သာ လွှင့်ထူခွင့်ရှိသည်။
ဖုန်းပြောဆိုချိန်ကြာမြင့်သည့် ဖုန်းများ လိုင်းပိတ်ခံရဟုဆို
ကြေးမုံဝင်း
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
အောက်တိုဘာလမှစ၍ ဖုန်းပြောဆို
ချိန်ကြာသည့် ဖုန်းများအား လိုင်းပိတ်သိမ်းခံရမှုများမှာ အလုံးရေ ရာဂဏန်း
နီးပါးအထိရှိနေ ကြောင်း သိရသည်။ အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
"အောက်တိုဘာမှ စသတိထားမိတာ ပဲ။ အလုံး ၅၀၊ ၆၀ လောက် အပိတ် ခံရတယ်ကြားတယ်။ ငါးသိန်းဖုန်းတွေရော၊ ၁၅ သိန်း ဖုန်းတွေရော၊ စီဒီအမ်အေ၊ ဂျီအက်စ်အမ် အစုံပါတယ်။ တစ်ရက်တည်းကို ဖုန်းသုံးလေးနာရီ ကြာအောင် ပြောလိုက်တာနဲ့ နောက် တစ်ရက်ပိတ်တော့တာပဲ။ ဆက်သွယ်ရေးကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးရင် နယ်စပ် ဖြတ်ကျော် ပီစီအိုလို့ သံသယ ရှိတယ်ဆိုပြီး ပိတ်တာ။ ရုံးချုပ်က ပိတ်တာဆိုပြီး ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်ကို လှမ်းချိတ်ခိုင်းတယ်။ အဲဒီကို သွားပြီး Complaint တက်ခိုင်းတယ်။ "ကျွန်တော်တို့ မြန်မာလူမျိုးတွေက ရုံးတွေဘာတွေသွားရတာကို သိပ်မလုပ်ချင်ကြဘူးဆိုတော့ အဲလိုနဲ့ ဖုန်းတွေ ဆုံးရှုံးကုန်တာပဲ။ တချို့ Complaint သွားတက်တဲ့လူတွေကျတော့လည်း ဘာမှမထူးဘူး။ ပြန်မဖွင့်ပေးဘူး။ တကယ်ပဲ နယ်စပ် ဖြတ်ကျော် ပီစီအို လုပ်စားနေတဲ့ လူတွေ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးကို ဖုန်း ပြောချိန်ကြာတာလေးနဲ့ ၀ါးလုံး သိမ်းပိတ် ပစ်တာတော့ မကောင်းဘူး။ သေချာ စုံစမ်းပြီးမှ လုပ်စေချင်တယ်။ အဲလို သံသယနဲ့ပိတ်တဲ့ ဖုန်းတွေ တော်တော်များများ အခုထိ လိုင်းပြန်မပွင့်ကြသေးဘူး"ဟု ဖုန်း အရောင်းဆိုင်ရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
နယ်စပ်တွင် အသုံးပြုသောဖုန်းများမှာ ပိုမိုအပိတ်ခံရလေ့ရှိပြီး သက်ဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းများသို့ သွားရောက် မေးမြန်း သော်လည်း အသေအချာ လမ်းညွှန်ပေးခြင်းမျိုး မရှိကြောင်းလည်း ဖုန်းပိတ်ခံရသူတစ်ဦးက ဆိုသည်။
"ကျွန်တော့ဖုန်းက ကျောက်မဲ နာမည် ပေါက်ပါ။ ဒါပေမယ့် မူဆယ်မှာသုံးတယ်။ အလုပ်က ငွေလွှဲတဲ့လုပ်ငန်းဆိုတော့ ဖုန်းသုံးတာ တော့များတယ်။ တစ်လ နှစ်သိန်းကျော်လောက် ဘီလ်ဆောင် ရတယ်။ ကျွန်တော့ဖုန်းကို နိုဝင်ဘာလကုန်မှာ စပိတ်တယ်။ ကျွန်တော် ဒီဇင်ဘာလဆန်းပိုင်းမှာ ဆက်သွယ်ရေးကို သွားမေးတော့ နယ်စပ်ဖြတ်ကျော်သုံးစွဲလို့ ရုံးချုပ်က ပိတ်တာပါလို့ပြောတယ်။ ရွှေဂုံတိုင် ရုံးချုပ်ကို လှမ်းဆက်တော့လည်း အထက်က ညွှန်ကြားချက်အရပိတ်တာပါ။ ကျောက်မဲ နာမည်ပေါက်ဖြစ်တဲ့ အတွက် လားရှိုး ဆက်သွယ်ရေးလုပ်ငန်းမှာ စာတင်ပါလို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူ့ဆီကို တင်ပါ။ ဘယ်လိုတင်ပါလို့ ဘယ်သူကမှ သေချာမပြော ပြဘူး။ "ကျွန်တော်တို့လုပ်ငန်းက ဖုန်းကို အားပြုပြီးပဲ လုပ်နေရတာ။ ဘယ်နိုင်ငံက ဖုန်းနဲ့မှလည်း ချိတ်ပြီး မသုံးပါဘူး။ ကိုယ်တိုင်ပဲ သုံးတာပါ။ ဖုန်းမရှိတဲ့လူတွေလာ ပြောလည်း ပေးပြောလိုက်တယ်။ ဒီလောက်ပါပဲ။ ဖုန်းများများ ပြောလို့ ပိတ်တယ်ဆိုတာတော့ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့ ဖုန်းများများပြောရင် ဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေ တောင်ရသေးတယ်။ တကယ်လို့ ဖုန်းကို အချိန် အကြာကြီးပြောလို့မရဘူးဆိုရင်လည်
တာချီလိတ်တွင်လည်း ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် ပီစီအိုသုံးစွဲသည့် သံသယဖြင့် လိုင်းပိတ်သိမ်းထားသည့် ဖုန်းအလုံးရေမှာလည်း ချပေးသည့် ဖုန်း လိုင်းအရေအတွက်၏ သုံးပုံတစ်ပုံခန့် ဖြစ်နေကြောင်း ၎င်းက ပြောသည်။
အလားတူ အောက်တိုဘာလလယ် ခန့်ကလည်း မန္တလေးမြို့ပေါ်တွင် အသုံး ပြုနေသော ဖုန်းတစ်လုံးမှာလည်း အိမ်တွင်းရေး ကိစ္စကြောင့် တစ်ရက်တည်း အချိန်အကြာကြီးပြောပြီးနောက် လိုင်းပိတ်ခြင်းခံလိုက်ရကြောင်း သိရသည်။
"ဖုန်းက ၁၅ သိန်းဖုန်းပါ။ ၀ယ်တာ နှစ်လလောက်ပဲ ရှိသေးတယ်။ အရင်လ တွေကလည်း အဲလောက် အများကြီး မပြောပါဘူး။ အဲဒီတစ်ရက်ပဲ အချိန်ကြာ ကြာပြောလိုက်တယ်။ လိုင်းပိတ်သွားတော့ ဘီလ်ကုန်တယ်ထင်ပြီး နောက်နေ့မှာ သွားဆောင် သေးတယ်။ ဒါပေမယ့် ဆောင်ပြီး နောက်တစ်ရက်လည်း ပြန်မပွင့်လို့ ထပ်မေးမှ မန္တလေးရုံးက ပိတ်တာ မဟုတ်ဘဲ ရန်ကုန်ရုံးက ပိတ်တာ ဆိုပြီး စာတင်ခိုင်းလို့ စာတင်ထားတယ်။ အခုထိလည်း ဘာမှအကြောင်းမပြန်သေးဘူး။ အဲဒီဖုန်းလည်း ပိတ်ထားခံရတုန်းပဲ"ဟု ချမ်းအေး သာစံမြို့နယ် အောင်တော်မူရပ်ကွက်မှ ဖုန်းပိတ်ခံရ သူတစ်ဦးကလည်း ဆိုသည်။
လွန်ခဲ့သည့်နှစ်လခန့်က ဖုန်းပြောလျှင် တစ်နာရီထက်ပို မပြောရန်၊ ည အချိန်မတော် ဖုန်းမပြောရန် ယင်းသို့ ပြောဆိုပါက ဖုန်းလိုင်း ပိတ်နိုင်ကြောင်း၊ အချိန်ကြာကြာပြောသည့် ဖုန်းများကို စောင့်ကြည့်မှုများရှိကြောင်း ဆက်သွယ်ရေးမှ အရာရှိတစ်ဦးက မိမိအား သတိ ပေးပြောကြားဖူးကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုသည်။
"ဖုန်းပိတ်တယ်ဆိုတာ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဘီလ်ကုန်တာတို့၊ အမှုအခင်းနဲ့ ပတ်သက်တာတို့၊ နှောင့် ယှက်လို့ဆိုပြီး တိုင်ကြားခံရတာတို့ စသဖြင့်ပေါ့။ နယ်စပ်ဖြတ်ကျော်သုံးစွဲတဲ့ သံသယနဲ့ ပိတ်တာကတော့ ရန်ကုန်နဲ့ ရုံးချုပ်က ပိတ်ခိုင်းတာတွေ ရှိလို့ပါ။ အဲတော့ တကယ်တမ်းကိုယ်ဘာပြစ်မှု ကျူးလွန်မထားဘဲ ပိတ်ခံရတယ်ဆိုရင် တော့ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ တွေ့ တာတို့၊ စာတင်တာတို့ လုပ်သင့်ပါတယ်။ မန္တလေးကို စာတင်တယ်ဆိုရင် လည်း ရန်ကုန်ကို လှမ်းပို့ပေးပါတယ်။ ရန်ကုန်က ခွင့်ပြုတဲ့ စာကျ ရင်တော့ ပြန် ဖွင့်ပေးမှာပါ"ဟု မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က နယ်စပ်ဖြတ်ကျော် ပီစီအိုဖုန်းများအား စုံစမ်းစစ်ဆေးသည့်အဖွဲ့ အစည်းတစ်ခုရှိခဲ့ပြီး ယင်းအဖွဲ့ကို အကြောင်း အမျိုးမျိုး ကြောင့် ဖျက်သိမ်းပြီးနောက် ယခုကဲ့သို့ သံသယဖြင့် ပိတ်သိမ်းမှုများဖြစ်နေခြင်းဖြစ်
တန်ဖိုးနည်းဂျီအက်စ်အမ်များကို ဖေဖော်ဝါရီ အကုန်တွင် စတင်ရောင်းချနိုင်ရန် ကြိုးပမ်းနေ
ထူးအောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း
ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများအတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)
ဝယ်ယူနိုင်မည့်ပုံစံအနေဖြင့် လက်ရှိ ရောင်းချပေးနေသော ကျပ်ငါးသိန်း တန်ဖုန်းများကဲ့သို့ပင် ရောင်းချသွားရန်ရှိပြီး အင်တာနက် ၀န်ဆောင်မှုများကိုလည်း မြို့ကြီးများတွင် ရရှိနိုင်မည်ဖြစ်သည်ဟု ဦးဇော်မင်းဦးကပြောသည်။
အင်တာနက်လိုင်းဖွင့်ခအဖြစ် ယခုကဲ့ သို့ပင် ကျပ်တစ်သောင်းပေးသွင်းရမည်ဖြစ်
"စတပ်ကတည်းက အင်တာနက်ကို Support လုပ်တဲ့ GTS တွေပါလာပြီးသား။ အလုံးတစ်သိန်းချပေးရင်တော့ တစ်သိန်းလုံးကို အင်တာနက်အသုံးပြုနိုင်လောက်အော
ယခုချထားပေးရန်ပြင်ဆင်နေသည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများ
ငွေဖြည့်ကတ်များမှာလည်း ယခုရှိနေသော ငွေဖြည့်ကတ်များကဲ့သို့ ကျပ် တစ်သောင်းတန်၊ ကျပ်သုံးသောင်းတန်နှင့် ကျပ်ငါးသောင်း တန်များအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းများကို ကျပ်သုံးသိန်းထက် မကျော်သည့်ဈေးဖြင့်ရောင်းချသွား
ထိုဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အစီအစဉ်မရှိသေးကြောင်းသိရသည်။
မကြာမီက ပြင်ပကုမ္ပဏီတစ်ခုမှ ထုတ်ဖော်ကြေညာခဲ့သည့် ကျပ်ငါးထောင်တန် မိုဘိုင်းဖုန်းစီမံကိန်းမှာလည်း ဥပဒေအရနှင့်နည်းပညာ အရပါ လတ်တလော အခြေအနေအရ မဖြစ်နိုင်သေးကြောင်း ဦးဇော်မင်းဝင်းက ပြောကြားသည်ဟု သိရသည်။
ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိသည့်လုပ်ငန်း
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပြည်တံခွန်မှ ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ရောင်းချရန် နိုင်ငံတော်သို့ တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက လပိုင်းအတွင်း ရောင်းချသွားမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က ထုတ်ဖော်ကြေညာခဲ့သည်။
လွန်ခဲ့သည့်နှစ်လယ်ခန့်က စတင် ဆောင်ရွက်နေသည့် ဂျီအက်စ်အမ်ဖုန်း သန်း ၃၀ စီမံကိန်းကိုမူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုတို့ ပူးပေါင်းအကောင် အထည်ဖော်နေခြင်းဖြစ်သည်။
Regards-
0 comments:
Post a Comment