Thursday, January 12, 2012

တတိယသစ်ခုတ်သမားပုံပြင်

Koko Maung

တစ်ခါတုန်းက မိန်းမကို အရမ်းကြောက်ရတဲ့ သစ်ခုတ်သမားတစ်ယောက်ရှိသတဲ့..သူ
့မိန်းမက နေ့တိုင်း ဆူပူဟိန်းဟောက် ပူညံပူညံလုပ်လွန်းလို့ သစ်ခုတ်သမားဟာ အရမ်းစိတ်ညစ်နေပါတယ်…တစ်နေ့တော့ သစ်ခုတ်သမားဟာ မိန်းမနားပူတာက သက်သာအောင် မြစ်ဆိပ်ဘေးမှာ အေးအေးဆေးဆေး သစ်သွားခုတ်နေပါတော့တယ်… သစ်ခုတ်နေရင်းနဲ့ သူပုဆိန်ဟာ ဟိုပုံပြင်ထဲကအတိုင်း မြစ်ထဲကို ကျသွားပါလေရော. အဲဒီမှာ သစ်ခုတ်သမားလည်း အိမ်ရောက်ရင် ပုဆိန်ပျောက်လို့ သူ့မိန်းမတစ်ညလုံး ပွက်လောရိုက်မှာကို စိုးရိမ်ပြီး ငိုနေပါတဲ့.. အဲဒီမှာ မြစ်စောင့်နတ်ကြီးပေါ်လာပြီး.. ဟိုသစ်ခုတ်သမားပုံပြင်ထဲကလို့ အကျိုးအကြောင်းမေးကြီး ရွှေပုဆိန်ကိုပြပြီး ဒါသင့်ပုဆိန်လားဆိုတော့..သစ်ခုတ်သမားကငြင်းပါတယ်.. ငွေပုဆိန်ပြတော့လည်းငြင်းပြီး နောက်ဆုံး သူ့ပိုင်တဲ့ သံပုဆိန်လေးကျမှ ဟုတ်ပါတယ်ဆိုပြီး ရိုးသားစွာဖြေလိုက်တော့ မြစ်စောင့်နတ်ကြီးက သူ့ရိုးသားမှုအတွက် ပုဆိန်သုံးခုလုံးပေးလိ...ုက်ပါသတဲ့..ပုံပြင်က မဆုံးသေးပါဘူး.. သစ်ခုတ်သမားဟာ အိမ်လည်းရောက်ရော သူမိန်းမကို ၀မ်းသာအားရနဲ့ ရွှေပုဆိန်ငွေပုဆိန်ကိုပေးပြီး ဖြစ်ကြောင်းကုန်စင်ပြောပြပါတယ်.
 
ဒါကိုသူ့မိန်းမက မယုံပဲ (ရှင် ဘယ်မယားငယ်ဆီက သွားချူလာတာလဲ)ဆိုပြီး ပွမ်ပါတော့တယ်.. သစ်ခုတ်သမားလည်း စိတ်ညစ်ပြီး ကဲ ဒါဆို မင်းပါ မြစ်ကမ်းဘေးလိုက်ခဲ့ကွာ မြစ်စောင့်နတ်ကြီးကို လိုက်မေးကြည့်ဆိုပြီး သူ့မိန်းမကို မြစ်ဆိပ်ကိုခေါ်လာပါတယ်.. မြစ်ဆိပ်ရောက်တော့ သူ့မိန်းမဟာ ခြေချော်ပြီး မြစ်ထဲကိုကျသွားပါလေရော.. အဲ့မှာ မြစ်စောင့်နတ်ကြီးပေါ်လာပြီး အရင်တစ်ခေါက်ကလိုမေးပြီး ကဲဒါမင်းမိန်းမလားဆိုပြီး မိန်းမတစ်ယောက်ကို ပြပါတယ်.. အဲဒီမိန်းမကတော့ မင်းသမီး မိုးဟေကို ဖြစ်နေပါသတဲ့.. သစ်ခုတ်သမားလည်း ခဏစဉ်းစားပြီး ဟုတ်ပါတယ် သူက ကျွန်တော့်မိန်းမပါဆိုပြီး ပြောတယ်.. အဲဒီမှာ မြစ်စောင့်နတ်ကြီးက အံသြသွားတယ် .. မင်းက ခုနပုဆိန်တုန်းကတော့ ရိုးသားစွာဖြေတယ်.. အခုဘာလို့ မဖြေတာလဲဆိုတော့ သစ်ခုတ်သမားက ဒီလိုဖြေပါတယ်.. ကျွန်တော်မရိုးသားတာမဟုတ်ပါ အရှင်နတ်မင်းကြီး..
အရှင်နတ်မင်းကြီးရဲ့စေတနာကို ကြောက်လို့ပါ.. အခုမိန်းမကို ကျွန်တော့မိန်းမမဟုတ်ပါဘူးဆို အရှင်မင်းကြီးက နောက်တစ်ယောက်ကိုပြမယ်..မဟုတ်ရင် နောက်ဆုံးကျွန်တော့မိန်းမကိုပြမယ်..ဒီတော့ ကျွန်တော်က ဟုတ်ပါတယ်လို့ဝန်ခံရင်..ရှင်နတ်မင်းက ဒီမိန်းမသုံးယောက်လုံးကို ဟိုပုဆိန်တွေတုန်းကလို ကျွန်တော့်ကို ပေးပါလိမ့်မယ်.. ကျွန်တော့်မှာ ပထမမိန်းမတစ်ယောက်နဲ့တင် နေ့စဉ်ညတိုင်း ဆူညံပွက်လောရိုက်တာခံနေရ ပြီး စိတ်ဆင်းရဲနေရပါတယ်..နောက်ထပ်နှစ်ယောက်ထပ်ပေါင်းလိုက်ရင်တော့ သေရပါလိမ့်မယ်ဆိုပြီး.. နတ်မင်းကြီးဖန်ဆင်းပေးတဲ့ မိုးဟေကို ကို လက်ဆွဲပြီးထွက်သွားပါတော့တယ်.. အဲဒီအချိန်ကစပြီး နတ်မင်းကြီးခမျာ နေ့တိုင်းနားညည်းနေပါတော့တယ်.. သစ်ခုတ်သမားမိန်းမကို သူတာဝန်ယူလိုက်ရတာကိုး…………..
မိန်းမချစ်သူများအတွက်…… 

ကိုကိုမောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...