Wednesday, November 9, 2011

မကြာခင် ဖြန့်ချီတော့မယ့် Dreams of a peaceful revolution DVD ဇာတ်ကားရဲ့ဒါရိုက်တာ ကိုနေမင်းတာနဲ့ အင်တာဗျူး (၁)

by အိုးဝေအောင် အိုးဘားမား on Wednesday, November 9, 2011 at 8:25pm

ဟစ်တိုင်။ ။ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့မှာ အမေရိကန်တက္ကသိုလ်ကျောင်းသားများနဲ့လာရောက်ရိုက်ကူးခဲ့တဲ့ Dreams of a peaceful revolution လို့ အမည်ရတဲ့ DVDဇာတ်ကားရဲ့ ဒါရိုက်တာ ကိုနေမင်းတာ အနေနဲ့ မိမိအကြောင်းကို အနည်းငယ် မိတ်ဆက်ပေးပြီး ၊ ဒီဇာတ်ကားကို ရိုက်ကူးဖို့ ဘယ်လို စပြီး စိတ်ကူးခဲ့တယ်ဆိုတာ ပြောပြပါဦး။

နေမင်းတာ။ ။၈လေးလုံးကာလ ဆူးလေ ၃၂လမ်း ဓမ္မာရုံမှာ အလောင်း၁၀လောင်းကို မြင်ကတည်းက...မျက်စေ့ရှေ့မှာ အဖမ်းခံရတဲ့သူတွေတွေ့....၁၄နှစ်သားကတည်းက ကိုဖုန်းမော်တစ်နှစ်ပြည့်မှာ ပါခဲ့ပြီးကတည်းက...။
အဖေ့ရဲ့လုပ်ပုံကိုင်ပုံတွေတွေ ငယ်ငယ်လေးကတည်းက အဖေ့ရှေ့မှာ မျက်လုံးထဲမှာ မြင်ရတာ...ကြားရတာ..အဖေ့ရဲ့အမွေပေါ့လေ။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးဒုက္ခရောက်လို့ ဒီ (နအဖ)လက်အောက်မှာ မနေဘဲနဲ့၊ ပညာရေးအရရော...စီးပွားရေးအရ...အုပ်ချုပ်ရေးအရ....အနုပညာရေးအရရော...လွတ်မြောက်စေချင်တဲ့ ကောင်းချင်စိတ်တွေ။
အထဲထဲမှာ ထောင်ကျတယ်...ထောင်ကျတယ်...။၂၁၀၀သော သူတွေ ထောင်ကျတယ်...ဆိုတာတွေ ကြားနေရတာပဲလေ။
ဘယ်လိုကျလဲ...ဘယ်သူကျလဲ...ဘယ်ဟာကျလဲ ဆိုတာ အသေးစိတ် ကမ္ဘာက သိတာ မဟုတ်ဘူး။
ရှင်းရှင်းပြောရရင် ဒီမှာက သိအောင် မြင်အောင် လုပ်ပေးလိုက်တာ။
၂၀၀၅ခုနှစ်ကတည်းက (အမေရိကမှာ) အနုပညာကျောင်းတက်တယ်။
ချီကာဂိုကနေ ကယ်လီဖိုးနီးယား ကျောင်း၂ကျောင်း ပြောင်းလိုက်ရတယ်။ ကျန်းမာရေး အခြေအနေအရ။
”၅နှစ်တာကြာ...နောက်ဆုံးဘွဲ့ရတဲ့အထိ။မင်း ကျောင်းလာတက်တာ ဘာအတွက်လဲ ”ဆိုတော့... ကျနော်က ....”ဒါ့ကြောင့် တက်တာ”လို့ ပြန်ဖြေခဲ့တယ်။
ဒါ့ကြောင့် ဒီဇာတ်ကားကို ရိုက်လိုက်တာ။ဒီဥစ္စာ ဘာလဲဆိုတော့ ကိုယ့်ရိုးရာပေါ့။မျိုးစေ့ချတာ ကြာပါပြီ။
ဖက်ခွက်စား..ဘတ်ဂျက်စား...တတ်ယောင်ကား နိုင်ငံရေးသမားတွေရဲ့ လမ်းစဉ်မလိုက်ဘဲနဲ့...နည်းပညာ...အတတ်ပညာနဲ့...လူတွေကို နားလည်အောင် ရှင်းပြပြီးတော့ ..
အားလုံး...Everything is possible when we come together for a single cause....
အကုန်လုံး ပါဝင်ပြီးတော့ ..ပူးပေါင်းပြီးတော့...ဖြူဖြူစင်စင် သွားမယ်ဆိုလို့ရှိရင် အောင်မြင်လိမ့်မယ်။
အဲ့လို လုပ်ခဲ့တာ။

ဟစ်တိုင်။ ။ သရုပ်ဆောင်တွေ ဘယ်လို ရွေးချယ်ခဲ့သလဲ။ဘယ်လို အခက်အခဲတွေရှိလဲ။ပြောပြပါ။

နေမင်းတာ။ ။သရုပ်ဆောင်တွေ ရွေးချယ်ခဲ့တယ် ဆိုတဲ့နေရာမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက်နားလည်သလဲ။ဒီမြန်မာနိုင်ငံကို ကူညီချင်တဲ့သူ....နိုင်ငံအကြောင်းကို လေးစားတဲ့သူ...
အနုပညာသည်တွေကို ခေါ်တာပေါ့လေ။ ဘယ်လောက်အိုင်တင်လုပ်တတ်တတ်....
သူတို့ စိတ်ပါမှ ရတာ။
သူတို့ကို ခေါ်ပြီးတော့မှ မြန်မာနိုင်ငံသားနဲ့တူတဲ့ အာရှသား ကျောင်းသားတွေ ၀င် သရုပ်ဆောင်ထားကြတာ ရှိပါတယ်။
အမေရိကန်ကျောင်းသားတွေကနေပြီးတော့ ဒီဟာကို ရိုက်တာ။သူတို့ အကူအညီ မပါဘဲနဲ့ မရဘူး။ ဒီ ဥစ္စာက။
ကျနော်တို့ ၂၀၀၅ခုနှစ်ကနေပြီးတော့ ရွှေဝါရောင် တော်လှန်ရေး မဖြစ်ခင် ကတည်းက ... တရုတ်သံရုံးကို သွားပြီးတော့ ကြက်ဥနဲ့သွားပေါက်မလို့...။ကြက်ဥပေါက်တဲ့ ကမ်ပိန်းပေါ့။
၁ဒေါ်လာနဲ့၆၅ဆင့်ဆိုရင် ကြက်ဥ ၁ဒါဇင် ရတယ်။....ဒေါ်လာတစ်ရာဖိုး ၀ယ်ပြီးတော့ တရုတ်သံရုံးသွားထုမလို့...။
အဲဒီအချိန်မှာ ကျောင်းက ပရော်ဖက်ဆာတွေက တားတယ်။
” မလုပ်နဲ့။မင်းတို့ တခါတည်း လုပ်မှာလား။ နောက် လုပ်စရာတွေ ရှိသေးတယ်။ရှေ့လုပ်ငန်းစဉ်တွေ ရှိသေးတယ်။...” ဆိုပြီးတော့ ....အဲဒီကနေစပြီးတော့ ..."United Art Students' Forgotten Worlds Group" ....
ကမ္ဘာ့ အမေ့ခံပြည်သူများ၏ အမေရိကန်အနုပညာကျောင်းသားများအဖွဲ့...ဆိုပြီးတော့ အဲဒီက စဖွဲ့ပြီး တောက်လျှောက် တိုက်ပွဲဝင်လာခဲ့တယ်။
(United art students Forgotten worlds group ရဲ့ ဖေ့စ်ဘွတ်ခ် =http://www.facebook.com/naymintar)
အဲဒီနောက် တရုတ်သံရုံးကို အမေရိကန်ကျောင်းသားတွေ စုပြီး ပထမဦးဆုံး သွားပြီး စပြီး ဆန္ဒပြတယ်။
အမေရိကမှာ မြန်မာသံရုံးကို မြန်မာတွေစုပြီး ဆန္ဒပြတယ်။
ဒါပေမယ့်...အမေရိကန်ကျောင်းသားတွေက တရုတ်သံရုံးကိုသွားပြီး ...ဒို့အရေး လုပ်တယ် ဆိုတာ ပထမဦးဆုံးပဲ။
အဲဒီကနေစပြီး ဖွဲ့စည်းလာတာ ချီကာဂို၊ကယ်လီဖိုးနီးယား၊နယူးယောက်၊အဲဒါတွေကို celebrate လုပ်ပြီးတော့ ဖွဲ့စည်းပြီးတော့ လုပ်ခဲ့တာ။
ရှေ့ဆက် အစီအစဉ်တွေ ရှိသေးတယ်။အများကြီးပဲ။

ဟစ်တိုင်။ ။အဲဒီ အဖွဲ့ကို ကိုနေမင်းတာက စပြီးဖွဲ့ခဲ့တာပေါ့။အဲဒီ ကျောင်းသားတွေကပဲ အခု ဇာတ်ကားမှာ ပါဝင်ခဲ့တာပေါ့။

နေမင်းတာ။ ။ကျောင်းသားတွေကတော့ တက္ကနော်လော်ဂျီကျောင်းသားတွေ ပါတယ်။
made up of film, fashion, interior design, and graphic design, culinary and audio students ကျောင်းသားတွေ အများကြီးပဲ။
ဖရော်ဖက်ရှင်နယ် ဘွဲ့ရတဲ့သူတွေ ကျောင်းသားကျောင်းသူတွေ ပါဝင်ခဲ့တာပါ။
နောက်ပြီးတော့ အာရီဇိုးနားကနေပြီးတော့ တကယ့်ကို စိတ်ပါကိုယ်ပါနဲ့ အင်တိုက်အားတိုက်နဲ့ ပါဝင်ခဲ့သူတွေ။အနောက်ကနေ မားမားမတ်မတ်နဲ့ ရပ်တည်ပေးတဲ့ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌဆရာတော် ဦးခေမာစာရ။
သူကနေပြီးတော့ မဏ္ဍိုင် မလုပ်ပေးခဲ့လို့ရှိရင် ဒီအချိန်မှာ ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူး။
(စာကြွင်း။ ။ ရိုက်ကူးရေးအတွက် ကျောင်းမြေနေရာနှင့် ထုတ်လုပ်ရေး ငွေကြေးပံ့ပိုးမှုကို ဆိုလိုသည်။ ။အယ်ဒီတာ)
ဆရာတော့ကို ပထမဆုံး ဂါရ၀ပြုတယ်။ကျေးဇူးတင်တယ်။အားလုံးနဲ့အတူ -အနုပညာနယ်မှ အနုပညာအဖွဲ့တွေ။ကျောင်းသူ ကျောင်းသားတွေနဲ့အတူ အကုန်လုံးဖြစ်အောင် လုပ်လိုက်တာ ။

ဟစ်တိုင်။ ။နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အကျဉ်းထောင်ထဲက ဘ၀တစိတ်တဒေသကို ရိုက်ကူးခဲ့တယ်လို့ သိရတယ်။နိုင်ငံရေးအကျဉ်းထောင်နဲ့ပတ်သက်တဲ့ဟာတွေကို နိုင်ငံရေးနဲ့အကျဉ်းကျခဲ့တဲ့ အကျဉ်းသားဟောင်းတွေနဲ့ မေးမြန်းခဲ့တာတွေ...တွေ့ဆုံဆွေးနွေးခဲ့တာတွေ ရှိတယ်လို့ သိရတယ်။ဇာတ်ဝင်ခန်းတခုမှာ ကိုသက်ထွန်း အကြောင်းပါတယ် ဆိုတော့ အဲဒါတွေသိပါရစေ။
(ကိုသက်ထွန်းသည် လူ့ဘောင်သစ်ပါတီ ခေါင်းဆောင်ဟောင်း၊နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး၊န၀တ လက်ထက် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်အကျဉ်းချ ခံခဲ့ရသူဖြစ်သည်။ယခု ဖီးနစ်မြို့တွင် နေထိုင်နေသည်။)

နေမင်းတာ။ ။ရုပ်ရှင်ဇာတ်ကားကို ကိုယ်စားပြုတာကတော့ အကျဉ်းသားတွေအားလုံးအတွက်ပဲ။ ဒါပေမယ့် အနီးစပ်ဆုံး အာရီဇိုးနားမှာ ကိုသက်ထွန်းရှိသည့်အတွက်ကြောင့် ကိုသက်ထွန်းရဲ့ ဇာတ်လမ်းကို ခံယူပြီးရိုက်ခဲ့ခြင်းဖြစ်တယ်။
ကျန်တဲ့သူတွေရဲ့ အတွေ့အကြုံတွေလည်း ယူခဲ့တယ်။ လေသံကြား ဖမ်းတရားနာပြီးတော့ အဝေးကနေ ပြောပြချက်တွေလည်းပါတယ်။ဝိုင်းဝန်းပြီးတော့ အကုန်လုံးပါတယ်။
(ကိုအိုးဝေအောင်)လည်း ပါတာပဲ။(ကိုအိုးဝေအောင်)ရဲ့ခံစားချက်တွေကိုလည်း ပြောပြတာပဲ။အဲဒီခံစားချက်လေးတွေလည်း ကျနော် ရိုက်ထည့်ထားပါတယ်။

မေး။ ။ အင်တာနက် ၀က်ဘ်ဆိုဒ်ခေတ်ဆိုတော့ အကျဉ်းထောင်နဲ့ပတ်သက်တဲ့ အင်ဖော်မေးရှင်းတွေကို အင်တာနက်စာမျက်နှာတွေကတဆင့် လေ့လာခဲ့တယ်လို့ သိရတယ်။ဇာတ်ကားရိုက်ကူးပြီးစီးချိန်မှာ ဘယ်လိုဖြန့်ချီမယ် စိတ်ကူးလဲ။

နေမင်းတာ။ ။ဘုရားလည်း ဖူးရမယ်ဗျာ။လိပ်ဥလည်း တူးရမယ်ဗျာ။ဒီခေတ်မှာ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် ဒီစစ်အစိုးရကြီးနဲ့ ရင်ဆိုင်ပြီးတော့ လူ့အခွင့်အရေးကို နင်လားငါလားရအောင် ပေးမယ်ဆိုလို့ရှိရင် အစဉ်အလာရှိဖို့ အရေးကြီးတယ်။ငွေရှိဖို့ အရေးကြီးတယ်။အနုပညာအရ ငွေရှိဖို့ လိုတယ်။
ဆေးလိပ်တလိပ်ကို ၄ဒေါ်လာ၊၅ဒေါ်လာနဲ့ ၀ယ်သောက်ပြီး ကိုယ့်အဆုတ်ကို ထိခိုက်အောင် ရှုနေတဲ့ လူတွေနဲ့စာရင် ...၅ဒေါ်လာလောက်က ....သိတယ်မဟုတ်လား။
ကျနော်က ပြောချင်တာက ...ဒါက ချွေးနည်းစာနဲ့အတတ်ပညာ၊အသိပညာနဲ့ မိမိလုပ်အားနဲ့ရတဲ့ငွေကို ရင်းနှီးမြှုပ်နှံထားတာ ငွေပဒေသာပင်ကြီးပေါ့။
ဒါကို ဘယ်သူတွေ လုပ်ထားသလဲဆိုတော့ အာရီဇိုးနားက ထုတ်လုပ်သူတွေ၊တွဲဖက်ထုတ်လုပ်သူတွေ၊အာရီဇိုးနားမှာရှိတဲ့ ကိုစိုးမိုး၊ကိုမွန်ချမ်း၊ကိုအေးဆိုင်တို့...။
အာရီဇိုးနားက ပထမ ငွေပဒေသာပင်ကြီးစိုက်ပေးတာက ဦးခေမာစာရ ။
အဲဒီကနေ စရတာ။ကျနော်တို့ က ဘယ်လိုဖြန့်ချီသလဲဆိုတော့ ..ဒီဟာကိုတော့ တန်ဖိုးရှိရှိကို ဖြန့်ချီရမှာပဲ။ဒါကတော့ အလကားရထားတာ မဟုတ်ဘူး။မေတ္တာတခုပဲ အလကားရတယ်။လောကကြီးမှာ ဘာမှ အလကားမရဘူး။
ကျနော်ပြောချင်တာက ဘာလဲဆိုတော့ အခုဒီဟာကို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အနုပညာနဲ့ တကမ္ဘာလုံးကိုလည်း ..ဒီဘက်ကလည်း educational အသိပညာ၊အတတ်ပညာနဲ့ ဖြစ်သွားအောင်.. ကျနော်တို့နဲ့ course ကို support ဖြစ်သွားအောင်။
ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဆင်းရဲသား ပပျောက်ရေး။မြန်မာနိုင်ငံမှာ ပညာရေးကို မြှင့်တင်ပေးရေး။ လူ့အခွင့်အရေး ကြေငြာစာတမ်းကို တအိမ်တအုပ်စီ ရရှိရေး။အဲဒီ အက်ဂျူကေးရှင်း(education) ကနေ စမှာ။
လူ့အခွင့်အရေးဆိုပြီး ကိုယ့်အခွင့်အရေးမှ ကိုယ်မသိရင် ဘာတွေ သွားတောင်းမှာလဲ။ဟုတ်တယ်မဟုတ်လား။ အဲဒီဟာ ဘယ်အစိုးရပဲတက်တက်...ဘာပဲဖြစ်ဖြစ်၊
ဒါက နောက်ဆက်တွဲ ...ကိုယ့်လူ့အခွင့်အရေးက တကမ္ဘာလုံးနဲ့ သက်ဆိုင်တယ်။
Universal Healthy လည်း ဖြစ်ရမယ်။Universal Human Rights လည်း ဖြစ်ရမယ်။
ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ်... ဗမာနိုင်ငံမှာ လာပြီးတော့ ဖွင့်မယ်ဆိုရင် သူတို့အလုပ်သမားတွေရဲ့ ကျန်းမာရေး Health care ကိုလည်း တာဝန်ယူပေးရမယ်။သူတို့က ကိုယ့်နိုင်ငံမှာ လာပြီးတော့ စီးပွား လာရှာတာလေ။ကိုယ့်အလုပ်သမားတွေ ကျန်းမာအောင်တော့ အလကားစောင့်ရှောက်ပေးရမှာပေါ့။
မြန်မာနိုင်ငံမှာ လူနေမှုအဆင့်အတန်း တိုးတက်ရေး ။ ပဲပြုတ်သည်က နေ့ပြန်တိုး ၁၀၀ ကို ၂၀တိုးနဲ့ပေးပြီး ငွေချေးစရာ မလိုတော့ဘူး။ပဲပြုတ်သည်က ဈေးမှာ ဖြီးလို့လိမ်းလို့ နဲ့ ဘဏ်တိုက်ကို သွားပြီးတော့ ၊ခရက်တစ်ကဒ် ဖွင့်ပြီးတော့ ကိုယ်တိုင်ငွေချေးလို့..ကိုယ်ပိုင် bussiness တခုကို ထောင်ဖို့ အထိ ကျနော်တို့ စဉ်းစားပေးရမှာ။
ကမ္ဘာ့အဆင့်အတန်းနဲ့အမှီ လိုက်လုပ်ပေးရမှာ ။အခုဟာက အနှစ် ၅၀ နောက်ကျနေပြီ။
ဒီဇာတ်ကားကို ဘယ်လို ဖြန့်ချီမလဲဆိုတော့ ဖြန့်ချီတဲ့နေရာမှာ ၁ဒေါ်လာပေးပြီးတော့ ကျနော်တို့ဝဘ်ဆိုဒ်ကနေ download လုပ်ပြီးမှ ကြည့်ရမယ်ပေါ့နော်။ရတဲ့အမြတ်ငွေတွေကို မြန်မာ့ပြည် ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြန်ပြီး ထောက်ပံ့မယ်ဗျာ။
အတိုချုံးလိုက်တော့ - ဒီမိုကရေစီရရှိရေး နံပါတ်(၁)၊
လူ့အခွင့်အရေး ရရှိရေး နံပါတ်(၂)။
ပြုပြင်ပြောင်းလဲရေးနဲ့တိုးတက်ရေးက နံပါတ်(၃)။

မေး။ ။ အင်တာဗျူးအပိုင်း(၁)မှာ နောက်ဆုံး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ဒီဇာတ်ကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိတဲ့ ကျောင်းသားတွေ၊ဘွဲ့ရသူတွေ၊ပရော်ဖက်ဆာတွေ၊ အင်စတီကျုတွေနဲ့ ပူးပေါင်းပြီးတော့ ဒီရုပ်ရှင် လုပ်ပါတယ်။
ဒီဇာတ်ကားကို ထုတ်လုပ်ခြင်းအားဖြင့် မြန်မာပြည်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန် လွတ်လွတ် မလွတ်လွတ် အကျိုး မယုတ်ဘူး။အကျိုး၇ှိအောင် ကျနော်တို့က ဟိုးအရင်ကတည်းက လုပ်နေခဲ့တာ။ အကယ်၍ လုပ်လိုက်ခြင်းအားဖြင့် သူတို့ အကုန် လွတ်လာသည်ရှိသော်...သူတို့တွေအကုန် ပိုပြီး ကြည့်ချင်လာလိမ့်မယ်။
အကုန်မလွတ်လာသေးရင်လည်း ..ဒီဇာတ်ကားက လွတ်ဖို့ ပံ့ပိုးပေးလိမ့်မယ်။ ဒါကို ထိထိရောက်ရောက်နဲ့ သတင်းဖြန့်ဖို့ပဲ။ဖြန့်လို့ ကြည့်သူများလာရင် ပြည်တွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။
အဓိကရည်ရွယ်ချက်ကလည်း နိုင်ငံရေးကို ပုံဖော်ပြသတဲ့ အကြောင်းပါပဲ။ရေနွေးကြမ်းလေးတခွက်ကို ထောင်ရဲ့တိုက်ထဲမှာ ဘယ်လိုကြိုးပမ်းရတယ်ဆိုတာ -ခက်ခက်ခဲခဲ အနေအထားတရပ်နဲ့ ပုံဖော်ပြသထားတယ်။
လွတ်လပ်မှု အရသာဟာ ဘယ်လောက်ကြီးမားတယ်။ဒီ ရေနွေးကြမ်းလေးတခွက်ရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးမားတယ် ဆိုတာကို ပုံဖော်ပြသထားပါတယ်။
အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းပုံတွေကို ကျနော်တို့ ဖေ့စ်ဘွတ်ကတဆင့် ဂဃနဏ မသိဘဲ၊ ကိုမောင်မောင်ဝမ်းက သူ့ဖေ့စ်ဘွတ်မှာ တင်ခဲ့တယ်။
ဒါကို ဒေါက်တာလွဏ်းဆွေ ဘလော့၊သူရိယ ၀ဘ်ဆိုဒ်တို့ ဘာတို့ကနေ မသိဘဲ တင်ခဲ့တယ်။
ဆိုတော့ ...ကျန်တဲ့ မီဒီယာတွေ မခံစားတတ်မှာစိုးလို့ ၊ ကျနော်က ဟစ်တိုင်နဲ့ ဗျူးပါတယ်။
ဟစ်တိုင်ကနေ တာဝန်ယူပြီး မီဒီယာတွေကို ဆက်လက်ဖြန့်ချီပေးပါ။
တခါတည်း မြန်မာပြည်ထဲက မီဒီယာတွေကိုရော...ပြည်ပက ဧရာဝတီ၊မဇ္ဈိမ၊မန္တလေးဂေဇက်..အစရှိသဖြင့် အားလုံးသိအောင်လို့။
နိုင်ငံရေးအကျဉ်းသားတွေက ဓါးစာခံဖြစ်နေတာ။အဲဒါကို သိအောင် ဖော်ပြကြရမှာ။
သူတို့အကုန်မလွတ်ခင် ကျနော်တို့ မီဒီယာတွေက ကြော်ငြာနေခြင်းအားဖြင့် -အကုန်လွှတ်ဖို့ကို တိုက်တွန်းနေသလိုမျိုး ဖြစ်တယ်။
အားလုံးလွှတ်ပေးပြီးချိန် ဒီဇာတ်ကားကို ကြည့်ရင်လည်း သူတို့ပိုပြီးကြည့်ချင်လာမယ်။
အကုန်မလွတ်ခင် ကမ္ဘာကို ပြနိုင်ရင်တော့ အကုန်လွတ်ဖို့ ကမ်ပိန်းလုပ်သလို ဖြစ်မယ်။ပိုကောင်းတာပေါ့။အချိန်အခါကောင်းပဲ။

ကျနော်တို့ ဇာတ်ကားမှာပါတဲ့ အမေရိကန်ကျောင်းသားကျောင်းသူတွေ မြန်မာပြည်ထဲအထိ သွားပြီး လေ့လာဖို့ရှိတယ်။အခု ပေါ်တင် ကြေငြာထားမယ်။
ရောက်ရင် အမေရိကန်ကျောင်းသားကျောင်းသူတွေနဲ့ မြန်မာပြည်က ကျောင်းသားကျောင်းသူတွေ ပညာပူးပေါင်းဖလှယ်ရေးလုပ်ဖို့ အစီအစဉ်ရှိတယ်။အမေရိကန်အစိုးရက တာဝန်ယူလိမ့်မယ်။ အဲဒါမျိုးတွေအထိ ဖြစ်လာမယ်။
နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက -ကျနော့် ပညာရေးက နောက် ကွာတားဆိုပြီးပြီ။ မေဂျာက အနုပညာဘွဲ့။အခု ဖိုင်နယ်ကလပ်စ်အတွက် ဒါကို ရိုက်တာပဲ။

(ဟစ်တိုင်။ ။ဆက်သွယ်မေးမြန်းချက် အပိုင်း(၁) ပြီးပါပြီ။အပိုင်း(၂)ကို မကြာခင် တင်ဆက်သွားပါမယ်။
သူ့ဇာတ်ကားနဲ့ပတ်သက်တဲ့ ရှင်းပြချက်တွေ။ဓါတ်ပုံတွေကို သူ့ဖေ့ဘွတ်ခ် စာမျက်နှာ နဲ့သူ့အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ၀င်ရောက် လေ့လာကြည့်နိုင်ပါတယ်။)
http://www.facebook.com/naymintar


To whom it may concern,
Thirty five United Art Students in association with Forgotten Worlds Group travels from Los Angeles and Santi Su Kha Buddhist Monastery are shooting the first movie based on actual events at the famous, Insein Prison in Burma.

It is called "Dreams of a Peaceful Revolution." The core of our group is made up of film, fashion, interior design, and graphic design, culinary and audio students. The strength in our group comes from the desire for a universal declaration of human rights, understanding and truth.

Our art is the science of film. Our mission is a free Burma and eventually, a free, peaceful world. We traveled in a caravan from Los Angeles to Phoenix, AZ on August 4th to begin shooting three amazing stories of courage and determination.
We are a group of artists, film makers, human rights activist, Monks and actual prison survivors, came together to further the effort in our peaceful revolution.
We shot a film the stories about the hero’s from insein prison from Burma, and march for the the twenty-third anniversary of the 8/8/88 uprising in Burma where college students, human rights activists and Monks were wrongfully detained, tortured and some even executed by an overthrowing regime.
We shot for two days on location and reserved Sunday for a day of prayer and remembrance of those who have died in the fight for freedom and basic human rights. The Monks and families provided Burmese traditional food, lodging and love for this shoot, as well as acting.

The United Art Students and Forgotten Worlds Group, in association with the Santi Sa Kha Buddhist Monastery, and the Arizona Burmese Community held a candle light procession and prayer service at 8 pm August 8, 2011 outside the offices of Senator John McCain located at 2201 East Camelback Road. The event marked the 23rd anniversary of the Burma Democracy Uprising.
By: Unitedartstudents Forgottenworldsgroup
http://www.facebook.com/naymintar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...