Thursday, November 10, 2011

မြန်မာလူငယ်တွေ...ခေတ်မှီစေချင်ပါသည်

by ကြယ် စင် လင်း on Thursday, November 10, 2011 at 5:13pm
 
ကျနော်တို့ မြန်မာ လူငယ်တွေ ခေတ်မှီဖို့လိုတယ်.... ခေတ်မှီရမယ်ဆိုတာ.. ခေတ်ဟောင်းက အတွေးအခေါ်အယူအဆတွေ ကို စွန့်ပစ်ခိုင်းတာမဟုတ်ပါဘူး... လူတချို့က ထင်တယ် ခေတ်မှီတယ်ဆိုတာ... ဘယ်လိုထင်လဲတော့မသိဘူး... ဟစ်ဟော့ သီချင်းဆိုတာ.. နားကပ်တွေ ပန်တာ.. ဆေးမင်ကြောင်ထိုးတာ.. ဦးထုပ်ကို နောက်ပြန်ဆောင်းတာ... စကားပြောရင် စောက်ဆိုတဲ့ စကားထည့်ပြောတာ.. နောက်ပြီး ..ဘန်းစကားတွေ ကို မနားတမ်းပြောတာ.. ဥပမာ.. ဂွမ်းတယ်.. ကွဲတယ်.. လန်းတယ်.. ဖလန်းဖလန်း ဖြစ်တာ ..စသဖြင့်.. အတိသယ၀ုဒ်တိ လင်္ကာတွေကို ဘန်းစကားအဖြစ်နဲ့ သုံးနိုင်မှ ခေတ်မှီတယ်လို့ မြင်တဲ့လူတွေလည်း တွေ့ဖူးပါတယ်...


တကယ်တော့ ကျနော့်အမြင်ပြောရရင် ခေတ်ဆိုတာ..အမြဲတန်းပြောင်းနေတယ်... နေထိုင်မှုစတိုင်တွေ ပြောင်းတယ်...ယဉ်ကျေးမှူတွေ ပြောင်းနေတယ်.. ရာသီဥတုတွေပြောင်းနေတယ်.... အတွေးအခေါ်အယူအဆတွေပြောင်းနေတယ်... ဒါကြောင့်..အဲ့ဒီပြောင်းလဲနေတဲ့ အခြေအနေနဲ့ လိုက်လျော ညီထွေ နေတတ်သူကို ခေတ်မှီတယ်လို့ ဆိုရမလားပဲ... အပြောင်းအလဲကို လက်မခံပဲ.. တယူသန်စွဲကိုင်ထားတဲ့ သူကိုတော့.. ခေတ်နောက်ကျတယ်လို့ဆိုနိုင်မလား.. ဒါက ကျနော့် တစ်ယောက်တည်း အမြင်ပါ.. မှားချင်လည်း မှားနိုင်ပါတယ်... တချို့က ကြတော့ ကိုယ်ကိုယ့်ကို ခေတ်မှီချင်တယ်.. ဒါပေမယ့် ခေတ်မှီအောင် မနေတတ်ဘူးဖြစ်နေတယ်.... လူငယ်ဆိုတာ..ပတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှုကို ခံရတတ်ပါတယ်.. ပတ်ဝန်းကျင်မှာ သူတွေ့ဘူးတဲ့လူတွေကို အာရုံမှာ မှတ်သားထားတတ်တာကြောင့်.. တနေ့မှာ သူလည်း ဒီလိုဖြစ်ရမယ်ဆိုပြီး တွေးလာတတ်ပါတယ်...

ပတ်ဝန်းကျင်ကောင်းဆိုရင် အပြစ်ပြောစရာမရှိပေမယ့်... ပတ်ဝန်းကျင်က ညစ်ထေးတဲ့ ပတ်ဝန်းကျင်များဖြစ်နေမယ်ဆိုရင်.. လမ်းလွဲရောက်သွားတတ်ပါတယ်... ဒီနေရာမှာ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို ဖောက်ထွက်ပြီး အောင်မြင်မှုကို ရအောင်ယူနိုင်တဲ့လူငယ်တွေကို လေ့လာရင်.. သူတို့ဖတ်ခဲ့တဲ့ စာပေတွေရဲ့ လွှမ်းမိုးမှုကို သွားတွေ့ပါတယ်.. ဒါကြောင့် လူငယ်တစ်ယောက်ရဲ့ ငယ်စဉ်မှာ သူဘယ်လို စာပေတွေ ဖတ်နေသလဲဆိုတာ  သူဘာဖြစ်လာမလဲဆိုတာကို ပြဌာန်းနေသလိုဖြစ်တတ်ပါတယ်.... အတွေးအခေါ် တစ်ချက်မှားတာနဲ့ ဘ၀တစ်ခုလုံး မှောက်မှားသွားနိုင် ပါတယ်... ဒီထက် စကားလုံးကြီးကြီးလေး ပြောရမယ်ဆိုရင် သံသရာမှာပါ မှားသွားနိုင်ပါတယ်..ဒီနေရာမှာ တခုပြောချင်တာက.. တန်းဖိုးသိတဲ့လူမှ တန်ဖိုးထားတတ်တာပါ.... မြန်မာလူမျိုးဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ တန်ဖိုးကို နားလည်တဲ့သူမှ သာလျှင် မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူပြီး တန်ဖိုးထားတတ်ပါလိမ့်မယ်... အခု နိုင်ငံတော်တော်များများမှာ အလုပ်သွားအလုပ်ပြန် ကုတ်အကျီင်္နဲ့ ဘောင်းဘီရှည်ဝတ်ပြီး ရုံးတက်နေပေမယ့်.. ကျနော်တို့တိုင်းပြည်မှာ ကိုယ်ပိုင် အမျိုးသားဝတ်စုံ လေးနဲ့ ခန့်ခန့်ညားညား ရုံးတက်နေတာကိုတွေ့၇တော့ .. မြန်မာဆိုတာ.. ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားပါလား ဆိုတာ.. သိခွင့်ရလိုက်ပါတယ်...

နောက်ပြီး.. ကိုယ်ပိုင်ဘာသာစကား မရှိတဲ့ တိုင်းပြည်တွေလည်း အများကြီး ရှိတဲ့အထဲကမှ မြန်မာ ဆိုတာ ကိုယ်ပိုင် စာပေနဲ့ ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်နိုင်စွမ်းရှိတဲ့ တိုင်းပြည်ပါလား လို့ ထပ်ဆင့် ဂုဏ်ယူမိပါတယ်... နိုင်ငံအကျယ်အ၀န်း အားဖြင့်ကျယ်တဲ့ ဘရာဇီး  သူ့ရဲ့ ဘာသာစကားမရှိပါဘူး... ပေါ်တူဂီ ဘာသာကို ပြောဆိုသုံးနှုန်းနေရပါတယ်.. အက္ခရာကလည်း အင်္ဂလိပ်အက္ခရာတွေကို ယူသုံးနေတာပါ.. ဖိလစ်ပိုင်ဆိုလည်း.. ပြင်သစ်စကား ပြောတဲ့သူကပြော အင်္ဂလိပ်လိုပြောတဲ့သူကပြောနဲ့.. ဖိလစ်ပိုင်းစကားဆိုတာတောင် အင်္ဂလိပ်အက္ခရာကို ယူသုံးနေရတာ.. ဗီင်္ယက်နမ်ကို ကြည့်ဦးမလား... အင်္ဂလိပ်အက္ခရာကိုပဲသုံးတယ်.. လူငယ်တွေ ဒီနေ့ အထင်ကြီးပါတယ်ဆိုတဲ့ စင်ကာပူ..ဘယ်မှာလဲ ကိုယ်ပိုင်ဘာသာစကား..ဘယ်မှာလဲ ကိုယ်ပိုင်ယဉ်ကျေးမှူ.... နောက်ပြီး နိုင်ငံတကာမှာ ကိုယ်ပိုင်ယဉ်ကျေးမှုမရှိတဲ့နိုင်ငံတွေက များတော့.. သူများတိုင်းပြည်က ယဉ်ကျေးမှုတွေကို အားကျပြီး လိုက်တုကျတယ်.. ဒါတွေကို လူတချို့က ခေတ်မှီတယ်လို့ထင်တယ်.... ကျနော်တို့ မြန်မာဆိုတာ ကိုယ်ပိုင် ဟန် ကိုယ်ပိုင် အမူအရာရှိပြီးသား အတုခိုးစရာမလိုသလို...အားငယ်စရာလည်း မလိုဘူး..

မျိုးဆက်သစ်လူငယ်တွေဟာ.. ကိုယ့်ရဲ့ အမျိုးသားယဉ်ကျေးမှုကို ခေတ်မှီအောင်ပြုပြင်နိုင်ရမယ်.. ဆန်းသစ်နိုင်ရမယ်.. ဥပမာ အရင်က ပေစာပေါ်မှာရေးခဲ့တဲ့ မြန်မာစာကို ဒီနေ့ ကွန်ပျူတာမှာ ရေးနိုင်အောင်လုပ်တာ... အရင်က လယ်ကွင်းပြင်မှာ ကတဲ့ ဇတ်ခုံတွေကို မိုးလုံလေလုံမှာ ခေတ်မှီ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး ဇာတ်သဘင်ပညာကို မြှင့်တင်တာ...လှည်းတွေ လှေတွေ နေရာမှာ ခေတ်မှီ မော်တော်ယာဉ်တွေ ၊သင်္ဘောတွေ ကို အစားထိုးအသုံးပြုနိုင်အောင်တွေးတော ကြံဆတာ.. ဒါမှလည်း ခေတ်နဲ့ညီပြီးခေတ်မှီမှာဖြစ်ပါတယ်....နောက်တချက်ပြောချင်တာက စိတ်ဓါတ်တွေလည်း ခေတ်မှီစေချင်တယ်... ကျနော်တို့ မြန်လူမျိုးတွေမှာ တလင်တမယား စနစ်ဆိုတာ ခေတ်မှီနေပြီးသား.. တချို့ နိုင်ငံခြားဆိုတာနဲ့ အားလုံးကို အထင်ကြီးနေတတ်တဲ့ လူတချို့ကတော့ Living Together ဆိုတာကိုတောင် အတုယူနေကြတယ်.. တကယ်တော့... အဲ့ဒီ Living Together ဆိုတာ.. ခေတ်မှီတာ မဟုတ်ပဲ...ယဉ်ကျေးမှုအဆင့်အတန်း နိမ့်ကျသွားတာကို ဖော်ပြနေတာ. ယဉ်ကျေးမှုဆိုတဲ့ စကားလုံးမှာကို...ကိုယ်အမူအရာ ယဉ်ကျေးခြင်း စိတ်နှလုံးယဉ်ကျေးခြင်း လို့ ဆိုမယ်ဆိုရင် သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု နိမ့်ပါသွားတယ်ဆိုတာ ဖေါ်ပြလိုက်တာလို့ပဲ မြင်ပါတယ်.... လူငယ်တွေ အတုမယူသင့်သလို့.. လက်ဆင့်ကမ်း မသယ်သွားသင့်တဲ့ နေထိုင်မှုစတိုင်တစ်ခုပါဘဲ... တချို့စာရေးစရာတွေက ရှိပါတယ်.. ဘယ်နိုင်မှာ ဘယ်လိုဖြစ်နေပြီ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်သင့်နေပါပြီ ဆိုပြီး.. အဆိုးအကောင်းမခွဲခြားပဲ... ကိုယ်အထင်ကြီးတဲ့ နိုင်ငံခြားတိုင်းပြည်က လုပ်တိုင်း လိုက်လုပ်ရမယ်ဆိုတာ... ခေတ်မှီတာမဟုတ်ပါ... ခေတ်ကို နားမလည်တာလို့ပဲ ထင်ပါတယ်... ဒါကြောင့် လူငယ်တွေ ခေတ်မှီကြပါ... အဖြူအမဲ မသည်းကွဲပဲနဲ့... သူများလုပ်လို့လိုက်လုပ်တဲ့ ခေတ်မှီတာမျိုးကို ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းချင်ပါတယ်..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...