ကျနော့်အကြိုက် (ဦးကျော်ဝင်း၏ ဟောပြောရုပ်သံ)
Sunday, 6 November 2011
စာပေဟောပြောပွဲမှ `ကမ္ဘာပြားခြင်း´ ခေါင်းစဉ်ဖြင့်
ဟောပြောခဲ့သော စာရေးဆရာ ဆရာဦးကျော်ဝင်း၏
ရုပ်သံမှတ်တမ်း အချို့ကို DVD ခွေကနေ ထပ်ဆင့်ကူးယူ
ဖော်ပြတာပါ။
ကြည့်ချင်ရင် အောက်က လင့်လေးကို ကလစ်လိုက်ပါ။
http://www.pyustate.com/2011/11/blog-post_06.htmlဘလော့ဂါတို့ ထုံးစံအတိုင်း နည်းနည်းလောက် ကိုယ် ပြောချင်ရာ
ကို ပြောပါရစေ ...
ယခုတလော စာဖတ်ခြင်းနဲ့ ပက်သက်ပြီး နေရာအချို့မှာ
အကြိတ်အနယ် ဆွေးနွေးငြင်းခုံရတဲ့အထိ ဖြစ်နေကြပါတယ်။
ကျနော့်အမြင်တော့ ညီအကို မောင်နှမ အချင်းချင်းပဲ ဖြစ်ဖြစ်၊
တစ်တန်းထဲမှာ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း အချင်းချင်းပဲ
ဖြစ်ဖြစ်၊ စာအုပ် တစ်အုပ်တည်းကို အတူတူ လှန်ပြီး ဖတ်ခဲ့တဲ့
ငယ်သူငယ်ချင်းပဲဖြစ်ဖြစ် အချိန်ကာလ တစ်ခုကို ဖြတ်ကျော်ပြီးရင်
ဦးနှောက်ထဲမှာ ကျန်ခဲ့တဲ့ အတိုင်းအတာတွေ ကွဲပြား ခြားနား
တတ်ပါတယ်။ ဘယ်စာအုပ်မျိုးတွေကို ဖတ်တယ်၊ ဘယ်လို
ဖတ်ပြီး ဘယ်လို မှတ်တတ်ရမယ်၊ ဘယ်လိုရွေးချယ်ပြီး ဘယ်လို
ဆုံးဖြတ်တတ်ရမယ် … ဆိုတဲ့ အချက်တွေပဲ အရေးကြီးတယ်လို့
ထင်ပါကြောင်း ကျနော့်စာမျက်နှာပေါ်ကနေ ကျနော့်မိတ်ဆွေများ
ထံ အကြံပြုပါရစေ … :D
(ဒေါ်ကြန်၏ သမိုင်းမှတ်တမ်းထဲမှ မြန်မာနိုင်ငံခေါင်းဆောင်… :P)
(မြင့်မိုရ်တောင် အလယ်ဗဟိုပြု လူ့အဖွဲ့အစည်း … :P )
(တရုတ်ပုံပြင် … :P )
(မူပိုင်ခွင့်အရ DVD ၂- ခွေမှ စာပေဟောပြောပွဲ မှတ်တမ်း
အားလုံးကို ဘလော့ပေါ် တင်ဖို့ မဖြစ်နိုင်လို့ပါ … :P :D )
-စစ်ငြိမ်းဒီရေ
0 comments:
Post a Comment