Saturday, November 5, 2011

မြန်မာပြည်လူနေမြို့ရွာ ပြဿနာများ


ဒေါက်တာကျော်လတ်

မြန်မာပြည် လူဦီးရေကိုနိုင်ငံတော်အစိုးရ CSO မှထုတ်ဝေသော Statistical Yearbook မှ ၂၀၀၈-၂၀၀၉ ခုနစ် တွင်၅၈.၃၉သန်းဟုခန့်မှန်း၍ UNICEF  အဖွဲ့မှ ထုတ်လုပ်သော Country Data တွင် ၂၀၀၈ခုနစ် ၄၉.၅၆သန်း ဟုခန့်မှန်းထားသည်။ (Statistical Yearbook 2009,p.14 and UNICEF Country data) မြန်မာပြည်၏ နှစ်စဉ် လူဦးရေတိုးနှုန်းနှင့် ပတ်သက်၍ CSOကမြန်မာပြည်လူဦးရေ နှစ်စဉ် ၁.၅၂ ရာခိုင်နှုန်းနှင့် တိုးပွားနေသည်ဟုခန့် မှန်း၍ UNICEF ကမူ ၀.၈ရာခိုင်နှုန်းဖြင့်တိုးပွားနေသည်ဟု ခန့်မှန်းပြန်သဖြင့် လူဦးရေတိုးနှုန်းတို့မှာ ၂ဆခန့်ကွာ ဟနေပေသည်။ ထို့ကြောင့် CSO မှစာရင်းကို အခြေခံ၍ တွက်ချက်ပါလျှင်  ၂၀၁၀ခုနစ်တွင် ၆၀.၁၈ သန်းရှိမည် ဖြစ်၍UNICEF ကိုအခြေခံလျှင် ၅၀.၃၅သန်းဖြစ်ပါမည်။
          အမှန်စင်စစ်မြန်မာပြည်၏လူဦးရေကို အနီးစပ်ဆုံး ခန့်မှန်းရန်ပင် လွန်စွာခက်ခဲပေမည် မိမိတို့နိုင်ငံတွင် နောက်ဆုံးအနေနှင့် ၁၉၈၃ ခုနှစ်တွင် သန်ကောင်စာရင်း ပြစုခဲ့၍ Statistical Yearbooks များအရ ၁၉၉၁ ခုနှစ် တွင်  Fertility Survey ကောက်ယူခဲ့သည်ဟုတွေ့ရှိရသည်ဟုတွေ့ရှိရသည်။ ၁၉၉၁ ခုနှစ်မှယခုတိုင် ၂၀နှစ်ရှိခဲ့ပြီး ထိုအချိန်အတွင်းမွေနှုန်း၊ သေနှုန်း အစရှိသည်တို့ကို နှစ်စဉ်စာရင်းများ အတိအကျမရှိလျင် တွက်ချက်ခန့်မှန်းရန်ခက်ခဲပေမည်။ ထို့အပြင်များစွာသောနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်များကိုင်ဆောင်၍ သော်လည်း ကောင်း မကိုင်ပဲသော်လည်းကောင်း အိမ်နီးချင်းနိုင်ငံ များနှင့် ဝေးလံသောနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျှက် ရှိကြသည်။ ယင်းသို့ နိုင်ငံခြားတွင် အလုပ်လုပ် ကိုင်လျှက်ရှိသော လူဦးရေကိုလည်း ခန့်မှန်းရန်ခက်ခဲသော ပြဿနာဖြစ်ပေသည်။

လူနေမြို့ရွာပြဿနာများနှင့် လူဦးရေ
          အထက်ပါအချက်များကြောင့် မြန်မာပြည်လူဦးရေသည် ၂၀၁၀ ခုနစ်တွင် ၅၀သန်းမှ ၆၀သန်းခန့် ရှိနိုင် ပေမည်။ မြို့ပြဒေသများတွင် နေထိုင်သူလူဦးရေသည် ၁၉၈၃ခုနစ်တွင် ၂၄.၈ရာခိုင်နှုန်းဟုဖော်ပြထားသည်။ UNICEF မှပေးသောစာရင်းကို အခြေခံပါလျှင် မြို့ပြဒေသကြီးများတွင် လူဦးရေတိုးနှုန်းပိုမိုမြင့်မားသဖြင့် မြို့ပြ လူဦးရေသည် ၂၀၁၀ ပြည့်နှစ်တွင် ၃၃ရာခိုင်နှုန်းခန့် ရှိသည်။
          ထိုဦးရေသည် နှစ်စဉ် ၂.၆ရာခိုင်နှုန်းနှင့် တိုးပွားလျှက်ရှိသည်ဟု UNICEF ကခန့်မှန်း၍ ထိုအချက်နှင့် ပတ်သက်၍ Statistical Yearbook တွင်ဖော်ပြခြင်းမရှိပေ။ ထို့ကြောင့် UNICEF မှပေးသောစာရင်းကို အခြေခံ ပါလျှင် မြန်မာပြည်ဒေသများတွင် ၂၀၁၀ပြည်နှစ်တွင် ၁၆.၆၁ သန်းမှ ၁၉.၈၅သန်းခန့် နေထိုင်လျှက်ရှိပြီး နှစ်စဉ် ၄၂သိန်းမှ ၅၁သိန်းခန့်တိုးပွားလျှက်ရှိသည်ဟုခန့်မှန်းရပေမည်။ ဤသိန်း ၄၀-၅၀ ဆိုသောလူဦးရေမှာ မန္တလေး မြို့လူဦးရေ၏ ထက်ဝက်ခန့်ရှိပါသည်။ တဖန်တမျိုးသားလုံးနှစ်စဉ်တိုးပွားနိုင်မည့် လူဦးရေမှာ Statistical Yearbook တိုးနှုန်း ၁.၅၂ရာခိုင်နှုန်းနှင့် လူဦးရေ ၆၀သန်းကို အခြေခံပါလျှင် ၉၁သိန်းခန့်ရှိပြီး UNICEF ၏ ၅၁သန်းနှင့် တိုးနှုန်း ၀.၈ ကိုအခြေခံပါလျှင် ၄၀သိန်းခန့်ရှိပါမည်။ ထိုအချက်တို့ကို အခြေခံသုံးသပ်ပါလျှင် မြန်မာ ပြည်၏ နှစ်စဉ်တိုးပွားလျှက်ရှိသော လူဦးရေမှာ မြို့ပြဒေသများတွင်သာရှိသည်။ သို့မဟုတ် မြို့ပြဒေသများတွင် ထက်ဝက်ကျော်ရှိသည်ဟု သုံးသပ်ရပေမည်။ ခြုံ၍တင်ပြရသော်
(၁)မြန်မာပြည်တွင် ၂၀၁၀ပြည့်နှစ်တွင်လူဦးရေ သန်း၅၀မှ ၆၀ခန့်ရှိမည်ဟုခန့်မှန်းနိုင်သည်။
(၂)တစ်မျိုးသားလုံးလူဦးရေသည် နှစ်စဉ် ၀.၈ ရာခိုင်နှုန်းမှ ၁.၅၂ ရာခိုင်နှုန်းနှင့်တိုးပွားနေသည်ဟု     ခန့်မှန်း             နိုင်သည်။
(၃)မြို့ပြလူဦးရေသည် နှစ်စဉ် ၂.၆ ရာခိုင်နှုန်း၄၀-၅၀သိန်းခန့်တိုးပွားလျှက်ရှိသည်ဟု ခန့်မှန်းရသည်။
(၅)မြို့ပြဒေသများတွင် တိုးပွားသောလူဦးရေသည် တစ်မျိုးသားလုံး၏ လူဦးရေတိုးပွားခြင်းနှင့် တူညီသည်။      
    သို့မဟုတ် ထက်ဝက်ခန့်ရှိသည်။

မြို့ပြဒေသဖွံ့ဖြိုးခြင်းနှင့် အမျိုးသားစည်းလုံးညီညွတ်မှု
ဖော်ပြခဲ့သော မြို့ပြလူဦးရေတိုးခြင်းများ အပြင် နောင်လာမယ့်နှစ်များအတွင်း မြန်မာပြည်၏လူဦးရေ ဖြန့်ဖြူးမှု ပုံစံနှင့်ပတ်သက်၍ အပြောင်းအလဲများစွာ ဖြစ်ပေါ်ပေတော့မည်။ ထိုဖြစ်ပေါ်မှုကို ဖန်တီးမည့် အဓိကအချက်တို့ မှာ မြန်မာပြည်တောင်ပိုင်း၊ ထားဝယ်မြို့နှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန်ခေါ် ရေနက်ဆိပ်ကမ်း များဖော်ထုတ်ရန်စီမံကိန်းများဖြစ်ပေသည်။ ထိုစီမံကိန်းများကြောင့် ထိုမြို့များတွင် အလုပ်အကိုင်ရရှိရန် အခွင့် အလမ်းများနှင့် တွဲဖက်၍ ထိုမြို့များတွင် လူဦးရေတိုးပွားပေတော့မည်။ အကယ်၍ ထိုမြို့များတွင် အလုပ်အကိုင် အခွင့်အလမ်းတစ်သိန်းခန့်ပေါ်ပေါက်လျှင် ယင်းတို့၏ မိသားစုများနှင့်ပေါင်းသော လူဦးရေ ၅သိန်းခန့်ပေါ်ပေါက်ပေမည်။ နောက်တဖန် ထိုလူဦးရေ ၅သိန်းပေါ်မူတည်၍ ထိုလူဦးရေကို ပံ့ပိုးမှုများပြုလုပ်ရန် ထပ်မံ၍ လူ ၃-၄သိန်းခန့် တိုးပွားပေါ်ပေါက်ပေတော့မည်။
          ထိုအချက်တို့ကိုအခြေခံ၍ သုံးသပ်ပါလျှင်စီမံလျှက်ရှိသော အထူးစီးပွားရေးဇုန်တို့တွင် လူဦးရေတသန်း စီခန့်ရှိသော မြို့ကြီးများပေါ်ပေါက်နိုင်ပေမည်။ လူဦးရေတစ်သန်းရှိသောမြို့မှာ ယခုမန္တလေးမြို့နှင့် တူညီပေသည်။
          အစစအရာရာကိုခြုံ၍သုံးသပ်ပါလျှင် မြန်မာပြည်တောင်ပိုင်းတွင် နောင်ဆယ်နှစ်ခန့်တွင် လူဦးရေ ၁၀သန်းခန့်အထိ တိုးပွားမည်ဖြစ်သော ရန်ကုန်မြို့လူဦးရေ တစ်သန်းခန့် အသီးသီးရှိကြမည့် အထူးစီးပွားရေး ဇုန်များနှင့်လူဦးရေတစ်သန်းခန့်အထိ တိုးပွားလာနိုင်မည့် ပုသိမ်၊ မော်လမြိုင်၊ ပြည်၊ စစ်တွေ၊ ပဲခူးစသောမြို့များ ပေါ်ပေါက်ပေမည်။ ထိုအောက်မြန်မာပြည်တွင် ပေါ်ပေါက်မည့် ကြီးထွားလာမည့်မြို့များကြောင့် မြန်မာပြည် တောင်ပိုင်းဒေသများတွင် မြို့ပြဒေသနေ လူဦးရေမှာ ၁၅သန်းမှ၂၀သန်းခန့်ရှိနိုင်ပေသည်။ အထက်တွင် တင်ပြ ခဲ့သောအချက်များကြောင့် ယခုအခါတွင် မြို့ပြလူဦးရေမှာ ၁၅-၂၀သန်းခန့်ရှိ၍ UNICEF မှ ၂.၆ရာခိုင်နှုန်း၊ နှစ် စဉ်တိုးနှုန်းနှင့် အခြေခံ၍ တွက်ချက်ပါလျှင်မြန်မာပြည်တွင် နောင်ဆယ်နှစ်ခန့်တွင် မြို့ပြလူဦးရေမှာ ၁၉သန်းမှ ၂၅သန်းခန့်ရှိပေမည်။ ထိုတစ်တိုင်းပြည်လုံးမြို့ပြလူဦးရေမှ မြန်မာပြည်အောက်ပိုင်းဒေသများတွင် ၇၈ရာခိုင်နှုန်း ခန့်ရှိမည်ဟု တွက်ချက်ခန့်မှန်းနိုင်ပါ၍ အမှန်တကယ် မြို့ပြလူဦးရေတိုးနှုန်းမှာများစွာပိုနိုင်ပေသည်။ တဖက်မှ လည်းမြန်မာပြည်မြောက်ပိုင်းတွင်ရှိကြသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၏ အနောက်ဘက်ခြမ်း စသည်တို့ သည်ဖွံ့ဖြိုးမှုနည်းပါး၍ လူနေသိပ်သည်းမှု လျော့နည်းသော ဒေသများဖြစ်ကြသည်။ ထိုသည်တို့ကိုအခြေခံ၍ မှန်ကန်သော လူနေမြို့၊ ရွာဖြန့်ဖြူးမှုနည်းဗျူဟာ မရှိလျှင်မြန်မာပြည်တောင်ပိုင်တွင် မြို့ပြကြီးများနှင့် လုပ်ကိုင် ခွင့်လမ်းများ ပြည့်စုံပြီ်း မြောက်ပိုင်းဒေသများတွင် လူဦးရေကျဲ ၍ ဖွံ့ဖြိုးမှုနည်းပါးလျှက် ရှိနေပေတော့မည်။ ထို အချက်သည် မြန်မာနိုင်ငံအတွင်းတိုင်းနှင့်ပြည်နယ်တို့ စိတ်ဝမ်းကွဲ၍ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်နိုင် ပေသည်။ အထက်တွင်တင်ပြချက်တို့ကြောင့် မြန်မာပြည်မြောက်ပိုင်းဒေသများတွင်လည်း ဖွံ့ဖြိုးမှုစီမံကိန်းများကို တစ်မျိုးသားလုံး လူနေမြို့ရွာ ဖွံ့ဖြိုးတိုးတတ်မှု စီမံကိန်း Human Settlements Development Plan ၏ ဘောင် အတွင်း အကောင်ထည်ဖော်သင့်ပေသည်။

ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၆) မှ
         
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...