Saturday, November 5, 2011

ဘာဝနာသည် ရိုးစင်းသော ဖြစ်စဉ်

by Zay Ya on Saturday, November 5, 2011 at 4:42pm


 ခင်ဗျား အနေနဲ့ ဘာမှ မလုပ်တော့တဲ့အခါ၊
ဆိုလိုတာက တကယ့်ကို ခန္ဓာကိုယ်ရော၊ စိတ်ရော၊ ဘယ်လို ဘယ်အတိုင်းအတာနဲ့မှ ဘာမှ - မလုပ်တော့တဲ့ အခါ ၊ ခင်ဗျားရဲ့ လှုပ်ရှားနေသမျှ အားလုံး အားလုံး ငြိမ်ဝပ် သွားပြီး ခင်ဗျားဟာ ခင်ဗျား အဖြစ်ပဲ ရိုးသားစွာ ရှိနေတဲ့အခါ -- အဲ့ဒါဟာ ဘာဝနာ ဖြစ်ပါတယ်။ ဒါဟာ ခင်ဗျားက လုပ်ယူတာ မဟုတ်ဘူး။ အလေ့အလာ လုပ်ယူတာလည်း မဟုတ်ဘူး။ ခင်ဗျား သန္တာန်မှာ ရှင်းရှင်းလင်းလင်း နားလည် သွားဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။

ကိုယ် ဖြစ်ရှိနေရုံလေးမျှ အဖြစ်ကို သိမြင်နိုင်ဖို့ ခင်ဗျား အချိန်ရတဲ့ အခါတိုင်း၊ ခင်ဗျားမှာ ရှိတဲ့၊ ခင်ဗျား သန္တာန်ထဲ ရှိတဲ့ လုပ်ကိုင်နေတဲ့ အရာအားလုံးကို လွှတ်ချထား ကြည့်ပါ။ စဉ်းစားတယ် ဆိုတာလည်း လုပ်တာပဲ။ စူးစိုက်တယ် ဆိုတာလည်း လုပ်ယူတာပဲ။ ဆင်ခြင်တယ် ဆိုတာလည်း လုပ်ယူတာပဲ ဖြစ်ပါတယ်။
တစ်ခဏလောက်ပဲ ဖြစ်ဖြစ် ဘာဆို ဘာမှ မလုပ်ဘဲ၊ ခင်ဗျားရဲ့ ဗဟိုချက်လေးမှာ အပြည့်အဝ နေထိုင် ကြည့်ကြည့်ပါ။ အဲ့ဒါဟာ  ဘာဝနာ ( Meditation ) ပဲ ။ အဲ့အခြေအနေကို ခင်ဗျား တစ်ကြိမ်တစ်ခါ လောက် ရောက်ဖူးပါသလား။

 တစ်ခါ ရောက်ဖူးပြီ ဆိုရင်တော့ ခင်ဗျား ဆန္ဒရှိတဲ့ အချိန်မှာ အဲ့အခြေအနေကို ပြန်ပြန်ပြီး ဝင်နိုင်ပါပြီ။ အဲ့လိုနဲ့ နောက်ဆုံး၊ နှစ်ဆယ့်လေးနာရီ တစ်ရက် ပတ်လည်လုံး အဲ့အခြေအနေ အတိုင်း ခင်ဗျား နေထိုင်သွားနိုင်လာ ပါလိမ့်မယ်။

ဒီလို နေထိုင်ရင်း ခင်ဗျားကို ပြင်ပက ဘာမှ အနှောင့်အယှက် မပေးနိုင်ဘူးဆိုတာ မြင်လာတာနဲ့ တစ်ပြိုင်နက် ဘဝရဲ့ အရေးအရာတွေကို ဖြေးဖြေး မှန်မှန် ပြုလုပ်သွားနိုင်လိမ့်မယ်။ တစ်ကြိမ်တည်းမှာ ခင်ဗျားရဲ့ အဖြစ်၊ ခင်ဗျားရဲ့ သန္တာန်ဟာ တွေဝေမှု မရှိ၊ လှုပ်ခတ်မှု မရှိ နိုးကြားနေမယ်။ ဒါဟာ ဘာဝနာရဲ့ ဒုတိယ ကဏ္ဍ ဖြစ်ပါတယ်။

ဘာဝနာ အဖြစ်ကို ရတဲ့ ပထမတော့ ဘယ်လိုဆိုတာ ခင်ဗျား ကြည့်ကြည့်နေမယ်။ နည်းနည်းချင်း စမ်းလုပ်ကြည့်နေမယ်။ တံမြက်စည်းလှဲနေတာ ဖြစ်ဖြစ်၊ ရေချိုးသန့်စင် လုပ်နေတဲ့ အခါ ဖြစ်ဖြစ် ခင်ဗျားဟာ ပကတိ ငြိမ်သက်နေပြီး ဖြစ်နေတာ တွေ့ရမယ်။ အဲ့ဒီနောက်တော့ ဒီ ငြိမ်သက်နေတဲ့ အဖြစ်နဲ့ပဲ ဘဝရဲ့ ကိစ္စအရှုပ်အထွေးတွေကို ရင်ဆိုင် လုပ်ကိုင်နိုင်သွားတော့တယ်။


ဥပမာ - အခု ကျနော် ခင်ဗျားကို စကားပြောနေတယ်။ ဒါပေမယ့် ကျနော့ဘာဝနာကို မထိခိုက်ဘူး။ ကျနော် စကားတွေ စကားတွေ ဆက်ပြောနေတယ်။ ကျနော့ရဲ့ ဗဟိုချက်ကို မလှုပ်ခတ်ဘူး။ မထိခိုက်ဘူး။ အဲ့ဒါဟာ ငြိမ်သက်ခြင်း။ ရိုးရိုးလေး တိတ်ဆိတ်နေခြင်း ။ အပြည့်အဝ ငြိမ်သက်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာဝနာဟာ ခင်ဗျားရဲ့ အလုပ်အကိုင်ကို မနှောင့်ယှက်နေပါဘူး။ ဘဝရဲ့ အဖြစ်က ထွက်ပြေးရတာမျိုးလည်း မဟုတ်ပါဘူး။ ဘာဝနာက ခင်ဗျားကို  ဘဝရဲ့ လမ်းကြောင်းသစ် ဆီ ရိုးရိုးလေး ဦးဆောင်သွားတာ ဖြစ်ပါတယ်။ ခင်ဗျားဟာ မုန်တိုင်း တစ်ခုရဲ့ ဗဟိုချက်မ လိုပဲ။ ပတ်ဝန်းကျင်မှာ ဆူညံနေချင် နေမယ်၊ ရှုတ်ချင် ရှုတ်နေမယ်။ ခင်ဗျားကတော့ ဗဟိုမှာ တည်ငြိမ်လျက် ရှိတယ်။


ဒီလို ဘဝမှာ နေထိုင်လာတာနဲ့ အမျှ ဘာဝနာဟာ ပိုပြီး အားပြင်းလာတယ်။ ပိုပြီး ပီတိ ဖြစ်လာတယ်။ ပိုပြီး အမြင် ကြည်လင်လာတယ်။ ပိုရှင်းလင်တဲ့ အမြင်၊ ပိုရှင်းလင်းတဲ့ အသိ၊ ပိုအားကောင်းတဲ့ ဖန်တီးနိုင်စွမ်း တွေ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်တာက ခင်ဗျားဟာ အရာအားလုံးကို တောင်ပေါ်က စောင့်ကြည့်နေတဲ့သူလို ခင်ဗျား အနားက ဖြစ်ပျက်သမျှကို ရိုးသားစွာ စောင့်ကြည့်နေသူ သက်သက်ပဲ ဖြစ်ရမယ်။

ခင်ဗျားက ပြုလုပ်သူ မဟုတ်ဘူး။ စောင့်ကြည့်သူ ။
ဒါဟာ ဘာဝနာရဲ့ တကယ့်အချက်အချာပဲ ဖြစ်ပါတယ်။

ဘာဝနာနဲ့ လွှမ်းခြုံ ရင့်ကျက်လာရင်း ခင်ဗျားက ခင်ဗျားကိုယ်ကိုယ် စောင့်ကြည့်သူ အဖြစ် ရောက်လာ စေတဲ့ အခါ လုပ်ကိုင် ဆောင်ရွက် သမျှဟာ သူ့အဆင့်နဲ့ သူပဲ ရှိတော့တယ်။ ဘယ်ပြဿနာ၊ ဘယ် အရှုပ်အထွေးမှ ခင်ဗျား သန္တာန်ကို ဝင် မနှောက်ယှက်ဘူး။ ပြဿနာ မဖြစ်တော့ဘူး ။ ထင်းခွေ၊ ရေခပ်တဲ့ အသေးအမွှား ကိစ္စမျိုး ကနေ ဘဝရဲ့ ပြဿနာရေးရာ အကြီးအမား တွေအထိ ခင်ဗျား လုပ်နိုင်သွားမယ်။ အရေးကြီးတာက ခင်ဗျား ရဲ့ Center ၊ ခင်ဗျားရဲ့ ဗဟိုချက် မပျောက်ပျက် သွားဖို့ပါပဲ ။

ဒီလို အပြည့်အဝ စောင့်ကြည့်ရုံမျှလေး အဖြစ်ကို လျော့ရဲမှု မရှိအောင် ၊ လုံးဝ ဥဿုံ ပြည့်စုံနေအောင် သတိစွဲကပ် ရုံမျှလေး ရှိနေရပါတယ်။

ဒါကြောင့် ဘာဝနာဟာ တကယ့်ကို ရိုးစင်တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

..............................................


Osho preached this message in this Youtube Link

- http://www.youtube.com/watch?feature=player_embedded&v=0peVQTdI3Yg
.............................................
http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/
...........................................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...