Thursday, November 10, 2011

မိသားစု၏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးကို ကောင်းမွန်စေမည့် နည်းလမ်း ခြောက်သွယ်

by Moenge Aung on Thursday, November 10, 2011 at 6:44pm
 
မိသားစု၏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးကို ကောင်းမွန်စေမည့် နည်းလမ်း ခြောက်သွယ်
ပျော်ရွှင်တဲ့ မိသားစုတွေက သူတို့ ဘာကြောင့် ပျော်ရွှင်ရသလဲ၊ သူတို့ ဘာကြောင့် ကျန်းမာ ရသလဲ ဆိုတဲ့ အကြောင်းကို အောက်ပါ အတိုင်း ဝေမျှ ခဲ့ပါတယ်။

၁) ပွေ့ဖက်ပါ
မိဘတွေဟာ ကလေးတွေနဲ့ အတူ ပွေ့ဖက်ရင်း အိပ်ရာပေါ်မှာ ဆော့ကစားတာ၊ စာဖတ်တာ၊ စကားပြောတာနဲ့ ဂိမ်းကစားတာတွေကို လုပ်ဆောင်သင့် ပါတယ်။ ဒီလို ညင်သာတဲ့ ထိတွေ့မှုက ကလေးတွေကို ချစ်ခင် လုံခြုံမှု ရရှိစေပြီး မိဘတွေ အတွက်လည်း ပျော်ရွှင်မှုကို ရရှိစေ ပါတယ်။
၂) အတူ သီချင်းဆိုပါ၊ အတူ အချိန်ဖြုန်းပါ
မိသားစုဝင်တွေ စုပြီး အတူတူ သီချင်း ဆိုတာက ကြည်နူးဖွယ်ရာ ကောင်းတဲ့ အခိုက်အတန့် ပါပဲ။ သင့်ရင်ထဲက စကားလုံးလေးတွေကို သီချင်းလို သီဆိုတာ၊ ကလေးတွေနဲ့ အတူ ဧည့်ခန်းထဲမှာ ကခုန်တာနဲ့ သီချင်းဖွင့်ပြီး အိမ်သန့်ရှင်းရေးကို အတူ လုပ်တာတွေကို လုပ်ပေးသင့် ပါတယ်။
၃) ကြည်နူးဖွယ်ရာ အခန်းကို ဖန်တီးပါ
ကလေးတွေ ကျောင်းစာ လေ့လာရာမှာ အဆင်ပြေစေဖို့ အတွက် အခန်း အပြင်အဆင်ကို ကြည့်ကောင်းအောင် ပြင်ပေးပါ။ ကလေးရဲ့ အခန်းက သန့်ရှင်း နေရင် စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေ လျော့ပါး သွားပါလိမ့်မယ်။
၎) လေ့ကျင့်ခန်းကို အတူတကွ လုပ်ပါ
ကလေးနဲ့ အတူ ပြေးလွှား ဆော့ကစားတာ၊ စက်ဘီး စီးတာတွေက ပျော်ရွှင်စရာ ကောင်းသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေ ပါတယ်။
၅) ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အထ ဖန်တီးပါ
ဆားနဲ့ သကြားများတဲ့ အဆင်သင့် အစားအစာတွေကို ရှောင်တာက မိသားစု တစ်ခုလုံးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေ ပါတယ်။
၆) အတူ ဟင်းလျာ ချက်ပြုတ်ပါ
ကလေးတွေက ဟင်းလျာ ချက်ပြုတ် ပြင်ဆင်ရာမှာ ပါဝင်ရတာကို စိတ်ဝင်စားတတ် ပါတယ်။ ကလေးတွေ အားလပ်ချိန် ဖြစ်တဲ့ ညနေမှာ ညစာ အတွက် အတူ ပြင်ဆင်ရင်း ချက်ပြုတ်နည်း၊ ကျန်းမာရေးနဲ့  ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်နည်းတွေကို သင်ကြားပေး သွားပါ။
မိသားစုပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုလူသားတိုင်းပိုင်ဆိုင်ချင်ကြမှာပါပဲနော်.....
သက်ထားလဲစာလေးတွေလိုက်ဖတ်ရင်းတွေ့ လို့ သူငယ်ချင်းတို့ တွေလဲ..
အချက်လက်တိုင်းလိုက်လုပ်ဆောင်ဖို့ မလွယ်ကူပေမဲ့ ..
လုပ်နိုင်သလောက်လုပ်ဆောင်ရင်ပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...