Saturday, November 5, 2011

စုကိုချစ်တဲ့ အမေနု

Cloud Cuckoo Land created a doc.
ဟုတ်ပါတယ်။ သူမဟာ ကျွန်တော်တို့ “အမေစု”လို့ ချစ်စနိုးခေါ်နေကြတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို အရမ်းချစ်တဲ့၊ အရမ်းလေးစားတဲ့
အမေကြီးတစ်ယောက်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကဏ္ဍမှာ ရှေ့တန်းက ဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့ကြီးကို နောက် ကွယ်က အကူအညီပေးနေသူ အမျိုးသမီးတစ်ယောက်။
သူမ အကူအညီပေးနေတဲ့ အဖွဲ့ ကြီးက မှတ်ပုံမတင်ရသေးတဲ့ အင်န်အယ်လ်ဒီ။ ၂၀၁၁ နိုဝင်ဘာ ၇ ရက်မှာ အသက် ၈၄ နှစ် ပြည့်တော့မည်။ မကြာသေးခင်ကမှ ဆီးအိတ်မှာ ကျောက်တည်တဲ့ ရောဂါကြောင့် ဆေးရုံက ပြန်ဆင်းလာသူ။ သူမ နာမည်က အများက ချစ်စနိုး “အမေနု”လို့ ခေါ်နေတဲ့ ဒေါ်ခင်နု။ အသက်က ၈၄ နှစ်တောင် ရှိပြီဆို တော့ ကျွန်တော်တို့ရဲ့ အဘွားအရွယ်ပေါ့။ အမေနု ခေါ် အဘွားနုပေါ့။
ဒါပေမယ့် ကျွန် တော်တို့က အမေနုလို့ပဲ ခေါ်လိုက်တယ်။ အမေနုက ကျွန်တော်တို့လာမယ်ဆိုလို့ ဖြီးလိမ်းပြီး စောင့်နေလေရဲ့။ ကျွန်တော်တို့ ရောက်တော့ သူမရဲ့ တစ်နေ့တာ အချိန် တော်တော်များများကို အသုံးပြုနေတဲ့ ခုတင်ကြီးပေါ်က ကုန်းရုန်းထပြီး ကျွန် တော်တို့ကို ဆီးကြိုတယ်။ နောက်ပြီး ခုတင်ပေါ်က ခြေတွဲလွဲချကာ ကျွန်တော် တို့ကို အပြုံးနဲ့ကြည့်နေတယ်။
ကျွန်တော် တို့ကလည်း အမေ့ကို အပြုံးနဲ့ပြန်ပြီး နှုတ် ဆက်လိုက်ကြတယ်။ အမေ့ရှေ့မှာ ခုံလေး ယူထိုင်ပြီး အမေ့မျက် နှာကိုကြည့်လိုက် တော့ အမေ့မျက်နှာအပြင် အမေ့နောက်က၊ အမေ့ ခုတင်ထက်က အမေရဲ့ခင်ပွန်း အဘ ဦးထွန်းကြိုင်ရဲ့ ပုံကြီးက ကျွန်တော်တို့ကို စိုက်ကြည့်နေတယ်။ အမေ သူ့ခင်ပွန်း သည်ကို ဘယ်လောက် ကြည်ညိုလေးစား သလဲဆိုတာကို ကျွန်တော်တို့ အလိုလို သဘောပေါက်လိုက်တယ်။

အမေနုကို ကျွန်တော်တို့က အမေ့ရဲ့ ကျန်းမာရေးအကြောင်းတွေမေး၊ ရောဂါ အခြေအနေကိုမေး၊ ဘယ်လိုဓာတ်စာလေး တွေစားပါလား အကြံပေး၊ ထွေရာလေး ပါး ပြောနေရင်းက အမေ ဒီအင်န်အယ်လ်ဒီ ရုံးချုပ်အဆောက်အအုံကြီးကို ဘယ်အချိန် ကစပြီး အသုံးပြုခွင့်ပေးခဲ့တာလဲလို့ မေးမိ တယ်။ အဲဒီတော့ အမေနုက- “၈၈ အပြီး အင်န်အယ်လ်ဒီ အခြေ တည်ကတည်းက စတင်အသုံးပြုခွင့်ပေး ခဲ့တာ။ ရုံးအဖြစ်အခြေစိုက်ဖို့ နေရာမရှိဖြစ် နေချိန်မှာ မြို့နယ်ကတောင်းလို့ အမျိုးသား က အောက်ထပ်ကစပြီးပေးခဲ့တာ”လို့ ဖြေ တယ်။
တကယ်တော့ ယခု အင်န်အယ်လ်ဒီ ရုံးချုပ်နေရာမှာ ဦးအောင်ကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ သဘောထားကွဲအပြီး ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရုံးချုပ်အဖြစ်အထိုင်ချဖို့ နေရာမရွေးချယ်ခင် အထိ အင်န်အယ်ဒီ မြို့နယ်ရုံးအဖြစ်သာ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲ မတိုင်ခင်က ပေါ့။ ဒီလိုမျိုး ရုံးချုပ်ကို အသုံးပြုခွင့်ပေး ထားလို့ အမေတို့ မိသားစုအတွင်းမှာ သဘောထားကွဲလွဲတာတွေ ဖြစ်ခဲ့သေးသ လားဆိုတော့ “ဟင့်အင်း၊ သဘောထား ကွဲတာတို့ ဘာတို့ မရှိခဲ့ပါဘူး။ အမေတို့ ဇနီးမောင်နှံရဲ့သဘောပဲလေ၊ သားသမီး တွေကလည်း မကန့်ကွက်ကြပါဘူး။ အား လုံး စိတ်တူကိုယ်တူပါပဲ။ ပေးတာတော့ အမေကပေးတာ၊ နာမည်ကတော့ ဦးထွန်း ကြိုင်က ခံရတာပေါ့။ ခင်ပွန်းသည်ကို ဦးထိပ်ထားတဲ့သဘောပေါ့”လို့ ဖြေတယ်။ ရုံးချုပ်နဲ့ အမေတို့ကြားက ကျွန်တော် တို့ မသိသေးတဲ့ အချက်တွေကိုလည်း အမေက အခုလိုပြောပြသွားသေးတယ်။

“ရုံးချုပ်ကို အမေတို့က ငှားထားတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ရှေ့နေတွေ ဘာတွေ နဲ့လုပ်ထားတာမျိုးလည်းမရှိပါဘူး။ ရုံးချုပ် ရှိနေသရွေ့ ဆက်လုပ်ဆိုတဲ့သဘောမျိုးနဲ့ ပေးထားတာ။ ဒါပေမယ့် မီတာခကိုတော့ အမေတို့က ၂၀ဝ၀ ကျခံတယ်။ ကျန်တာ ကိုတော့ ဘယ်လောက်ကျကျ သူတို့ အကုန်ကျခံတယ်” ဒါကတော့ ရုံးချုပ်က ပုဂ္ဂိုလ်တချို့က လွဲလို့ အပြင်လူတွေ၊ ကျွန်တော်တို့တွေ မသိနိုင်တဲ့ ရုံးချုပ်နဲ့ အမေ့မိသားစုကြားက ဆက်ဆံရေးလေးပေါ့။ အမေ့ရဲ့ စကားတွေ ထဲမှာ ရုံးချုပ် ရာသက်ပန် ရှိနေသရွေ့၊ ကမ္ဘာတည်နေသမျှ ရုံးချုပ်ရှိနေသရွေ့ သူမ ရဲ့အဆောက်အအုံကို ပေးသုံးထားမယ်ဆို တဲ့ ဖြူစင်ဆန္ဒက အထင်းသားပေါ်လွင်နေ ပါတယ်။
နောက် ရုံးချုပ်နဲ့ပတ်သက်ပြီး ဘာအခွင့်အရေးမှ မယူဘူးဆိုတာလည်း တစ်စွန်းတစ်စ ပါဝင်နေတယ်။ အမေမရှိတော့တဲ့နောက်ပိုင်းမှာ ရုံးချုပ် ကို ဆက်ထားမထား အမေဘယ်လိုစီစဉ် ထားလဲ၊ ရုံးချုပ်တစ်ခုခုဖြစ်မှာစိုးလို့ပါဆိုပြီး အမေ့မျက်နှာကိုကြည့်လိုက်တော့ ညှိုးငယ် သွားတဲ့အမေ့မျက်နှာ ချက်ချင်းပြန်လန်း လာပြီး “အမေက စွန့်လွှတ်နိုင်ပါတယ်။ ဒါ့ထက်မက ဆုံးရှုံးခဲ့တာတွေ အမေကြုံခဲ့ ပြီးပါပြီ။ အမေတို့ ဘာမျှော်လင့်ချက်မှ မထားပါဘူး။ အမေ ဆယ့်သုံးလေးနှစ် အရွယ် ကရင်အရေးကတည်းက ကိုယ့် ပစ္စည်းကိုယ် အပုံလိုက်ထားပြီး လူလွတ် ပြေးခဲ့ရတာ။ ဒါကြောင့် အခုထိအသက်ရှင် ကျန်နေတာပေါ့။ မျိုးစုံ ခံခဲ့ရပါတယ်။ ပြည်သူပိုင်သိမ်းတဲ့ အချိန်တုန်းကလည်း ဆန်စက် ပစ္စည်းတွေ၊ သင်္ဘောလုပ်တဲ့ ကန် ထရိုက်ရတဲ့ မူးထု မတ်ထု သံပြားကြီးတွေ အကုန် အသိမ်းခံရတာပဲ။ အောက်ထပ်မှာ ထားတဲ့ သံပြားလေးတွေလည်း အကုန်ပါ တာပဲ။ တစ်ပြားမှပြန်မရဘူး။

အဲဒီတော့ ဒီတိုက် ကလေးကတော့ ဘာလုပ်တော့မှာ လဲ၊ ဘယ်လောက်အဖိုးတန်မှာလဲ။ ဟိုဟာ တွေတောင် ကုန်ခဲ့တာပဲ။ အဲဒီသဘောနဲ့ ပေးနေထားတာပဲ။ တိုက်က အပြီးမှ မသတ်ရသေးဘဲ၊ အကြမ်းထည်ကြီးရှိသေး တယ်။ အမေ ကိုယ့်တိုက်ကိုယ် ဘယ်လို ဆောက်ထားမှန်းတောင် မသိဘူး။ ခင်ပွန်း သည်က အဆောင်လေးဆောက်ပြီး ဆိုင် ခန်းတွေ ဘာတွေ ငှားထားတော့ ပိုက်ဆံရ တာပေါ့ဆိုပြီးဆောက်ထားတာ။ ရှိလို့တော့ မဟုတ်ဘူး။ အခုလည်း အောက်ထပ်က ပရိဘောဂဆိုင်ကရတဲ့ ဆိုင်လခလေးနဲ့ ထမင်းစားနေရတာ”တဲ့။ ကဲ-ဒီစကားလုံးတွေထဲမှာ ရုံးချုပ်ကို အမေ ဘာလို့ပေးနေထားသလဲ၊ အမေစိတ် ရဲ့ နောက်ကွယ်မှာ ဘယ်လိုစိတ်ဓာတ်မျိုး တွေ ကိန်းအောင်းနေလဲဆိုတာ စဉ်းစား ကြည့်ကြပေါ့။
အမေဟာ သူယုံကြည်ရာကို စိတ် ဓာတ်မာကျောစွာနဲ့ လုပ်ဆောင်တတ်သူ တစ်ယောက်ပါ။ လောကဓံကိုလည်း ကြံ့ကြံခံခဲ့ဖူးပြီးပြီ။ ယခု အသက်အရွယ် အထိ အမေကြုံခဲ့ရတဲ့ လောကဓံတစ်ခု အကြောင်း အမေက အခုလိုပြောပြသေး တယ်။ “အမေ အရင် ၂၀ဝ၀ ခုနှစ်၊ မေလက အချုပ်ထဲမှာ ၂၇ ရက် နေလိုက်ရသေး တယ်။ ယောက်မ (ဒေါ်ခင်ချော)ပါ ပါ တယ်။ နောက်ရုံးချိန်းထုတ်ခါနီးမှာ လွှတ် ပေးလိုက်တာပဲ။ ၁၅ ရက်တစ်ခါ ရုံးချိန်း ထုတ်တယ်လေ” အင်န်အယ်လ်ဒီရဲ့ ဒီမိုကရေစီလှုပ်ရှား မှုသမိုင်းတစ်လျှောက်လုံး အကူအညီပေး ခဲ့တဲ့အတွက် ဘာများပြောချင်သလဲ ဆို တော့ “ဘာမှမပြောလိုပါဘူး။ စိတ်ချမ်း သာတယ်လေ။ ကျန်းမာကြပါစေ၊ အဖိတ် အစင်မရှိပါစေနဲ့။ ဒီလိုပဲ မေတ္တာပို့နိုင်တယ်။ ကျန်တာတော့ ဘာမှမလုပ်နိုင်ပါဘူး။ ဒေါ်စုကလည်း သမီးလိုဖြစ်နေတာလေ။ သူလည်း ကျန်းမာပါစေ၊ အဖွဲ့ကြီးတစ်ခု လုံး ကျန်းကျန်းမာမာရှိပါစေ။ ဒါလောက်ပဲ လုပ်နိုင်တော့တယ်။

ဖဆပလခေတ်တုန်း ကတော့ အကုန်လုပ်ခဲ့တယ်။ အဝတ် အစားပေး၊ ရွေးကောက်ပွဲ ထမင်းကျွေး၊ အကုန်လုပ်တာပဲ။ ဒါပေမယ့် ဘာအခွင့် အရေးတစ်ခုမှ မယူခဲ့ဖူးဘူး”လို့ဆိုတယ်။ အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့ လည်း “အစိုးရသစ်ကို ဘယ်လိုမှမဝေဖန် ချင်ပါဘူး။ သိလည်းမသိဘူး။ ဒေါ်စုကို ချစ်တာ၊ လေးစားတာ ဒါပဲသိတယ်။ အဲဒါ ကြောင့် နေရာပေးထားတာ။ ဒါပေမယ့် ဒေါ်စုချစ်နေရုံနဲ့ မပြီးသေးဘူးလေ၊ နေရာ မရှိရင် ဘယ်မှာနေကြမလဲ၊ ဘယ်လိုထိုင် ကြမလဲ၊ ဟုတ်တယ်မို့လား”လို့ ဆိုလေရဲ့။ ရုံးချုပ် တခြားနေရာကိုပြောင်းတော့ မယ်ဆိုတဲ့ အရပ်သတင်း ကောလာဟလ တွေနဲ့ပတ်သက်ပြီးတော့လည်း “သူတို့က တော့ ပြောင်းမယ်ဘာမယ်လို့တော့ မပြော ပါဘူး။ နေရာရှိရင်တော့ ပြောင်းမှာပေါ့။
အမျိုးသားရှိတုန်းကတော့ ပြောတယ်။ ပြောင်းသွားရင် ကိုယ့်တိုက်ကိုယ် ပြန်ရ တာပေါ့တဲ့။ မပြောင်းလို့ တစ်သက်လုံးနေ မယ်ဆိုလည်း နေပေါ့။ အမေ မရှိတော့တဲ့ နောက်ပိုင်းလည်း ဆက်အသုံးပြုခွင့်ပေးမှာ ပါ”တဲ့။ အမေဟာ မကြာခင်ရက်ပိုင်းအတွင်း မှာ အသက် ၈၄ နှစ်ပြည့်တော့မည်။ မြန်မာ နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကို ကျော်လွန်နေပေပြီ။ ချို့ယွင်းနေတဲ့ သူမရဲ့ ကျန်းမာရေးအခြေအနေကိုလည်း ပြောပြ သေးတယ်။ “အမေက နေဝင်ချိန်ရောက်နေ ပြီလေ။ သားသမီးတွေက တော်ကြပါ တယ်။ တစ်လောက ဆီးအိတ်မှာကျောက် တည်လို့ ဆေးရုံတက်ရတယ်။ ခွဲရမယ် ဘာမယ်နဲ့။ နောက်တော့ မခွဲဖြစ်ပါဘူး။ ဆေးစားတယ်၊ ကျောက်ဖရုံသီးလေးခြစ်၊ ရှာလကာရည်နဲ့ အစိမ်းစားတယ်။
သက် သာတယ်၊ ကျောက်ကျေတယ်။ ဆေးရုံက ဆင်းလာတာ တစ်လလောက်ပဲ ရှိသေး တယ်” မိမိရဲ့ ကျန်းမာရေးအခြေအနေကို စိုး ရိမ်စိတ်ဝင်နေတဲ့ အမေ့ရဲ့စကားတွေကြောင့် ကျွန်တော်တို့ကလည်းအမေကသာမကျန်း မာဘူး ပြောနေတယ်၊ အမေ့မျက်နှာက ကြည်လင်ရွှင်လန်းပြီး တက်ြွကနေတာပဲဆို တော့ အားတက်သွားပြီး “အမေကတော့ ကျန်းမာလျက်ပါပဲ။ ဖြစ်လိုက်ရင်တော့ သေဖို့ပဲ။ ဒါပေမယ့် ကျန်းမာတယ်၊ အများ မေတ္တာပေါ့လေ။ အမေ့ကိုတော့ အားလုံးက ချစ်ကြပါတယ်။ အမေ့ကိုသာ တခြားလူ တွေက နာမည်နဲ့တွဲပြီး သိကြတာ။ အမေ ကတော့ ဘယ်သူ့ကိုမှ သိပ်ပြီး သိတာ မဟုတ်ဘူး။ အိမ်ပေါ်ကနေပြီး အားလုံးကို မေတ္တာပို့ပေးနေတာပဲ။ အခုလိုစည်းလုံးရေး ဖြစ်လာတော့ ပိုပြီးတော့ ဝမ်းသာစရာ ကောင်းတာပေါ့။ ဝမ်းသာပါတယ်”တဲ့။

အမေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးကိုလည်း “ဒေါ်စုနဲ့ တစ်လော က အမေ ဆေးရုံတက်တုန်းက တွေ့ဖြစ် တယ်။ ဆေးရုံကိုလာပါတယ်။ ဂရုလည်း စိုက်ပါတယ်။ ဘာလိုအပ်လဲ မေးပါတယ်။ ဘာအကူအညီမှ မတောင်းပါဘူး။ ဘာ အထောက်အပံ့မှ မယူပါဘူး၊ ဆရာဝန် တောင် ခေါ်မသုံးဘူး” လို့ သူမနဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ဖြူစင်တဲ့မေတ္တာကို ဖွင့်ဟခဲ့သေးတယ်။ နောက်ဆုံးအနေနဲ့ အမေ့ကို ကျွန် တော်တို့ အရဲစွန့်ပြီး မေးခွန်းတစ်ခု မေးခဲ့ သေးတယ်။ ဒီမေးခွန်းကို မေးသင့် မမေး သင့် အမေ့ဆီမသွား တစ်ရက်လောက် ကြိုပြီး စဉ်းစားခဲ့သေးတယ်။ အမေ့ဆီ ရောက် ပြီးတော့လည်း ဆုံးဖြတ်လို့ မရ သေးဘူး။ ဒါပေမယ့် ကျွန်တော် မေးဖြစ်ခဲ့ တယ်။ အဲဒီမေးခွန်းကို အမေက “ဒေါ်စု အင်န်အယ်လ်ဒီ ခေါင်းဆောင် မဟုတ်တော့ ဘူးဆိုရင်လည်း အင်န်အယ်လ်ဒီ အဖွဲ့ အစည်းကို ဆက်ပြီးအသုံးပြုခွင့်ပေးမှာပါ။ သူတို့ ပြန်အပ်လည်း ယူလိုက်တာပေါ့။ မအပ်လည်း သုံးကြပေါ့။ အင်န်အယ်လ်ဒီ ရော၊ ဒေါ်စုရော နှစ်ခုလုံးကို ချစ်တာပါ။ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် တစ်သက်လုံး ရပ်တည်သွားမှာ ပါ။ အမေ့ဆန္ဒကတော့ ဒါပါပဲကွယ်။ တိုင်း ပြည်ကောင်းဖို့ပဲ၊ ဘာကိုမှ မျှော်ကိုးလို့ မဟုတ်ပါဘူး” လို့ သူမရဲ့ တစ်ချောင်း တည်းသောစိတ်ကိုဖော်ထုတ်ခဲ့လေသည်

အမေသည် လာမည့် နိုဝင်ဘာလ ၇ ရက်(တန်ဆောင်မုန်းလဆန်း ၁၂ ရက်)နေ့ ဆိုလျှင် အသက် ၈၄ နှစ်ပြည့်ပေပြီ။ ၈၄ နှစ်ပြည့် မွေးနေ့ပွဲကို ရွှေဟင်္သာ ကျောင်း တိုက်တွင်ပြုလုပ်မည်။ ဘိုးဘွားရိပ်သာတို့၊ ဇီဝိတဒါနတို့ကို လှူမည်။ “သေရင် ကိုယ့် နောက်ပါမှက ဒါပဲရှိတာလေ၊ ကျန်တာ တွေက အကုန်ထားခဲ့ရမှာလို့ တရားစကား ဆိုလိုက်သေးသည်။ မွေးနေ့ကျရင် သား တို့ကိုလည်း ဖိတ်လိုက်မယ်”လို့ ဖိတ်မန္တက ပြုလိုက်သေးသည်။ ကျွန်တော်တို့ အမေ့ကို လက်အုပ်ချီ ကန်တော့တဲ့အခါ အမေက “ကျန်းမာပါ စေ၊ ချမ်းသာပါစေ၊ ဘေးဘယာတွေ ဝေး ပါစေ”လို့ ဆုပေးလိုက်သေးသည်။ ပြုံးရွှင် နေသော အမေ့မျက်နှာကို မော့ကြည့်ပြီး အမေလည်း အသက် ရာကျော်ရှည်လို့ အများအကျိုးအဆကုဋေကုဋာထမ်းဆောင် နိုင်ပါစေလို့ ကျိတ်၍ဆုတောင်းရင်း နှုတ်ဆက်ကာ ပြန်ခဲ့ကြလေတော့သည်။ ။

posted by ကျော်မိုးထိုက်
Venus News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...