ဦးဦးမှော်ဆရာ သတင်းပေါင်းချုပ်
- အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
- ဒေါ်အောင်ဆန်းစုကြည် နှင့် ဝေါလ်စထရိဂျာနယ် အင်တာဗျူး ၁
- SHELL မြန်မာပြည်ကို ပြန်လာချင်
- အဆင်းရဲဆုံးတိုင်းပြည်၏ အရှေ့တောင်အာရှရဲ့ အကြီးဆုံးမြန်မာလေတပ်
- မြောက်ဥက္ကလာပလူသတ်မှု အမှန်ပေါ်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်မည်
- ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်
- ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV စောင့်ရှောက်ရေး ဂေဟာသို့ သွားမည်
- သက်ဆင်အား ပြည်တော်ပြန်ခွင့် မပေးတော့
- တော်လှန်သောကဗျာရေစီးကြောင်း
- မလေးမှာ ပြန်ခဲ့မယ် ဆိုတဲ့ သန္တာဗို
- ကြော်ငြာပါ ဘွဲ့ရများ နိုင်ငံခြားသွားရင် ပညာရေးလျော်ကြေးပေးရမည်
- ယုံကြည်ထိုက်သည့် ပါဝါအားပြိုင်မှု
- ဂွန်ဇာလက်ဇ်ကို လက်ဦးမှု ရယူရန် စီစဉ်နေသည့် မန်ယူ
- နိုင်ငံတော်သမ္မတမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်များမှ ကောက်နှုတ်ချက်
- ကွန်ပျူတာအသုံး ပြုနေစဉ် မျက်လုံးကို ကာကွယ်ပါ
- ကားဖြတ်ရွေးကောက်ပွဲမှာ ကြားကားစီးပြီး လမ်းကြုံ လိုက်မည့်သူများ
- ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၁ခု LC လုပ်ငန်း လုပ်ကိုင်ခွင့်ရ
- သမ္မတကြီး ဦးသိန်းစိန်နဲ့ အပျိုကြီး မမြခင်
- နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်
- စာချသံဃာတော်အပါး ၁၈၀ ခန့်ကို ကုသိုလ်ဖြစ် ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ပေးမည်
- မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု လာမည့်နှစ် ရုပ်သိမ်းမည်ဟု ခန့်မှန်း
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ |
အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ယခုနှစ်အတွင်း Super Custom ကားများနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ကားများ အစီးလိုက် သော်လည်းကောင်း၊ ပစ္စည်းများ တစ်စစီ ဖြုတ်၍ သော်လည်းကောင်း တင်သွင်းခဲ့ ကြရာ တရားမဝင် လိုင်စင်မဲ့ ကား ၃၃ စီး တင်သွင်းခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားသည်နှင့် ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာနက အဖွဲ့ဝင် သုံးဦး ပါဝင်သော အထူး စုံစမ်းစစ်ဆေးရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည့် အပြင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနကလည်း တရားဝင် စစ်ဆေးခဲ့ကာ အကောက်ခွန် ဝန်ဆောင်မှု ဆိုင်ရာ အေဂျင်စီများ ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက် ဆိုင်ရာ အစီရင်ခံစာကို ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အပါအဝင် အကြီးအကဲများထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင်သည်ကို သိရှိရကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက The Voice Weekly သို့ တရားဝင် ပြောဆိုသည်။
" စသုံးလုံးက အပြင်က အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီတွေ ကိုလည်း လိုအပ်တာတွေ ခေါ်ယူ မေးမြန်းတယ် " ဟု ရန်ကုန် မြို့တော် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု မကြာခဏ ဆိုသလို မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် လာဘ်ပေး လာဘ်ယူစနစ် ပပျောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်၊ ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း အပါအဝင် စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ထောက်ပြပြောဆို ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က တွေ့ဆုံမေးမြန်းခြင်း ( အပိုင်း ၁ )
မြန်မာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က နိုဝင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါ
ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အစစ်အမှန်တွေလို့ ခံစားရပါသလား။ ခံစားရတယ်ဆို ဘယ်ဟာတွေကို အစစ်အမှန်လို့ ခံစားရပါပြီလဲ၊ သိချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အားရစရာတွေကို ပြောရမယ်ဆိုရင်တော့ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ကိစ္စတွေ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့ ကိစ္စတွေကို အားရပါတယ်၊ အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင်
ဝေါလ်စထရိ ။ ။ အခုအခြေအနေတွေဟာ အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကနဲ့ ဘယ်လို ကွာခြားမှုရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုအခြေအနေလောက် ပွင့်ပွင့်လင်းလင်း ရှိလာတဲ့အခြေအနေကို မကြုံဖူးသေးပါဘူး။ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် ပန်းတိုင် သွားရမယ့် လမ်းကိုတော့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရပါပြီ။
ဝေါလ်စထရိ ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို အစိုးရနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်လောက လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် ပါလာတာလည်း တွေ့ရပါတယ်။ ဒီလိုပါလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အထဲမှာ ကျန်နေသေးတဲ့လူတွေနဲ့စာရင် လွတ်လာတာက နည်းလွန်းနေပါသေးတယ်။ အထဲမှာ ကျန်နေတဲ့လူတွေရဲ့ ရှေ့ရေးကရော ဘယ်လိုရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တဲ့ အဓိက နိုင်ငံရေးအကျဉ်းသား အတော်များများ အထဲမှာ ကျန်နေပါသေးတယ်။
ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်မယ့် အရိပ်အယောင် ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဖြစ်နိုင်ချေရှိပါတယ်။
ဝေါလ်စထရိ ။ ။ နောက်ထပ်လွှတ်ပေးမယ့် အရိပ်အယောင်မျိုး အစိုးရဆီမှာ တွေ့ရပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အစိုးရအကြံပေးပုဂ္ဂိုလ်တွေနဲ့ အခြား ပုဂ္ဂိုလ်တွေဆီက ကြားရသလောက်တော့ မကြာခင် ထပ်လွှတ်ပေးနိုင်ချေရှိတယ်လို့ သိရပါတယ်။
ဝေါလ်စထရိ ။ ။ အခုအချိန်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ကျော်လွှားရမယ့် အရေးအကြီးဆုံး ပြဿနာက ဘာလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူအားလုံး အားထား ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ပါ။ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်မျိုးမှာလည်း တိကျပြီး အားလုံး အားကိုး ယုံကြည်နိုင်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ပြဌာန်းပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ ဆိုကြပါစို့၊ ပြည်ပကနေ ပြည်တွင်းမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုပါစို့။ သူတို့ကို အိမ်ရှင်နိုင်ငံက ဘယ်လို အခြေအနေတစ်ခု သတ်မှတ်ပေးမယ်ဆိုတာ တိတိကျကျ မသိရဘဲနဲ့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပါဘူး။ သူတို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်တွေအတိုင်း တိတိကျကျ လုပ်ပေးဖို့ အာမခံချက်ပေးနိုင်တဲ့ ဥပဒေမျိုး မရှိဘူးဆိုရင် သူတို့ ဘယ်လာလုပ်ချင်မှာလဲ၊ အဲ့လိုပဲ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ဖောက်ဖျက်ရင် တိုင်စရာ တရားရုံး၊ အရေးယူနိုင်စရာ ဥပဒေ တိတိကျကျ မရှိရင် ဘယ်လာလုပ်ချင်မှာလဲ။ ဒါ ဥပမာအနေနဲ့ ပြောတာပါ။ အဓိက ပြောချင်တာက လူတိုင်း ယုံကြည်ကိုးစားနိုင်မယ့် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ နယ်ပယ်တိုင်းမှာ ရှိနေအောင် လုပ်ထားဖို့ လိုအပ်နေတဲ့အကြောင်း ပြောချင်တာပါ။
ဝေါလ်စထရိ ။ ။ ဒီနေ့ မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတာ ဘယ်သူလဲ။
ဒေါ်အောင်ဆန်းစုကြည် ။ ။ သမ္မတဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပါ။ တစ်ခုပြောစရာရှိတာက သမ္မတကို ဘယ်သူတွေက ဘယ်လောက် ထောက်ခံ သဘောကျကြလဲဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ အရပ်သား အစိုးရတွင်းကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲ၊ စစ်တပ်ကရော သမ္မတကို ဘယ်လောက်ထောက်ခံကြလဲဆိုတာတော့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။ ဘယ်နိုင်ငံသမ္မတဖြစ်ဖြစ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားဖို့ လိုတယ်ဆိုတာ ကျွန်မလည်း မငြင်းပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတအဖို့ ရထားဖို့ လိုအပ်တဲ့ ထောက်ခံမှုတစ်ခုပါ။ ဦးသိန်းစိန်ဟာ အပြည့်မဟုတ်တောင် မြန်မာနိုင်ငံကို အဓိက မောင်းနှင်နေတဲ့ လူတစ်ယောက်လို့ ပြောရမှာပါပဲ။
ဝေါလ်စထရိ ။ ။ အငြိမ်းစာယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်ရောက်နေတယ် ကြားမိပါသလဲ၊ ဗိုလ်ချုပ်မှူးကြီးနဲ့ကော အဆက်အသွယ်ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အဆက်အသွယ်မရှိပါဘူး။ ကောလဟာလတွေကတော့ ပေါင်းစုံအောင် ထွက်နေတာပေါ့လေ။ လုံးဝ အနားယူသွားပြီ၊ နိုင်ငံရေးလောကနဲ့ လုံးဝ မပက်သက်တော့ဘူးလို့ ပြောတဲ့လူတွေလည်း ရှိတယ်၊ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ဝင်လာဦးမယ်လို့ ပြောတဲ့လူတွေလည်း ရှိတယ်။ ကျွန်မကတော့ ဒါတွေအားလုံးကို ကောလဟာလအနေနဲ့ပဲ သက်မှတ်ထားပါတယ်။ မြန်မာပြည်ရောက်တဲ့ နိုင်ငံခြား သတင်းသမားတစ်ယောက် အကျင့်ရအောင် လုပ်ထားရမယ့်ထဲမှာ ကောလဟာလတွေလည်း ပါပါတယ်။ ကောလဟာလနောက်ကို မလိုက်မိအောင် ကျင့်ထားဖို့ လိုပါမယ်။ ခုကိစ္စနဲ့ပက်သက်ပြီး ထင်သာမြင်သာ အားကိုးထိုက်တဲ့ သတင်းထုတ်ပြန်ချက် မရှိပါဘူး။ ဒီတော့ လူတွေဟာ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကောလဟာလတွေ အမျိုးမျိုး ဖြစ်နေတာပါပဲ။
ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်--
Shell မြန်မာပြည်ပြန်လာချင်
အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်
နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးလေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့
နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့
ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား
မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ
ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့
ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။
မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ
၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့
ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC
1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်
အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက်
အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက
မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ
မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး
ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29
တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့
တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ
စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း
ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက်
ထောက်ပံ့ပေးခဲ့ပါတယ်..။
မြန်မာစစ်တပ်ရဲ့ ယူကရိန်းလုပ် MT-LBMSH တင့်ကား..
အတွင်းပိုင်း မြင်ကွင်း
ယူကရိန်းလုပ် မြန်မာစစ်တပ်မှာ အသုံးပြုမယ့် MT-LBMSH တင့်ကားများရဲ့ တိုက်ခိုက်ရေး စွမ်းရည် ရုပ်သံ... (ပြည်ပရန်ကာကွယ်ဖို့သာ အသုံးပြုသင့်ပါတယ်..)
ထို့အတူ
ယူကရိန်းနိုင်ငံမှလည်း ၂၀၀၇ခုနှစ်က အဆင့်မြှင့်တင် မွန်းမံထားတဲ့ MT-LBMSH
တင့်ကား ၁၀စီးနဲ့ ၂၀၀၉ခုနှစ်မှာတော့ ၁၆စီးပေးပို့ခဲ့ပါတယ်..။
မြန်မာလေတပ်မှ K-8 အမောင်းသင်လေယာဉ် အစီး(၅၀) ဝယ်ယူတဲ့ တရုတ်သတင်း ရုပ်သံ
နောက်ဆုံး
အနေနဲ့ တင်ပြလိုတာကတော့ တရုတ်နိုင်ငံရဲ့ မြန်မာ့လေတပ်အပေါ် သုံးသပ်ချက်
သတင်းတပုဒ်ပါ..။ ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အမျိုးသမီးတွေပါ
အမောင်းသင်လို့ရတဲ့ K-8 အမောင်းသင်လေယာဉ် အစီး ၅၀ကျော် ဝယ်ယူတဲ့
သတင်းနဲ့အတူ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ လေတပ် အင်အားအကြီးဆုံး
နိုင်ငံဖြစ်လာပြီလို့ ဆိုပါတယ်..။တရုတ်က သုံးသပ် လေ့လာထားတဲ့ မြန်မာ့လေတပ်ရဲ့ တိုက်လေယာဉ် စာရင်းကတော့ အစီး ၅၀ကျော်တဲ့ F-7IIK fighter aircraft ၊ အစီးရေ ၃၀ ရှိလာတော့မယ့် ရုရှားလုပ် MiG-29 fighter aircraft ၊ အစီးရေ ၃၀ကျော်တဲ့ Q-5 attack aircraftနဲ့ စီးရေ ၆၀ခန့်ရှိတဲ့ K-8 trainer aircraft တို့ဖြစ်ပြီး အရှေ့တောင် အာရှရဲ့ အင်အားအကြီးဆုံး လေတပ်ကို ပိုင်ဆိုင်ထားကြောင်း ရေးသားထားတာကို တင်ပြလိုက်ရပါတယ်...။
ဤ၍၊ ဤမျှသော ဆင်းရဲတဲ့ နိုင်ငံမှ ဤ၍၊ ဤမျှသော စစ်အသုံးစားရိတ်ဟု မထင်မှတ် ရလောက်တဲ့ စစ်တပ် အသုံးစားရိတ်တွေပါ..။ တိုက်လေယာဉ်တွေကတော့ ပြောင်ပြောင်ရောင်ရောင်ပါ.။ အောက်ခြေက အကြပ်၊ တပ်သားတွေနဲ့ ပြည်သူတွေကတော့ ဝမ်းခေါင်ခေါင်ပါ..။ တပ်မတော်အင်အားရှိဖို့ အသုံးပြုနေသလို.. ပြည်သူတွေ အင်အားပြည့်ဖို့လည်း အထူးအရေးကြီးလှပါတယ်...။ စာဖတ်သူများ နှိုင်းယှဉ် သုံးသပ်နိုင်ရန်အတွက် ရရှိထားသော. သတင်း၊ ဓာတ်ပုံများနှင့် ရုရှား၊ တရုတ်သတင်းဋ္ဌာနများမှ သတင်းများအား အကြမ်းဖျဉ်း ဘာသာပြန်ဆို တင်ပြလိုက်ရပါတယ်..။
ဒီမိုဝေယံ...
မြောက်ဥက္ကလာပလူသတ်မှု အမှန်ပေါ်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်မည်
- Saturday, 26 November 2011 00:00
- Popular News
ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်
နွယ်သာကီ (၆) လမ်း လူသတ်မှုအား အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေ
စိုးမိုးရေးအတွက် ပံ့ပိုး ကူညီသွားမည်
ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်က ပြောသည်။ နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသူ ကိုကျော်မင်း၏ မိသားစုဝင်
များနှင့် သွားရောက် တွေ့ဆုံစဉ် ဦးကျော်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်သည်။
”ဥပဒေမဲ့ ဖြစ်တာတွေက တရားဥပဒေ
စိုးမိုးရေးကို ထိခိုက်စေတဲ့ အတွက်ကြောင့်မို့ တရားဥပဒေ စိုးမိုးရေးဟာ
အရေးကြီးတယ်။ ဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်မှသာ တရား ဥပဒေ
စိုးမိုးရေးဟာ ထိရောက်ဖို့ ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့က
ဥပဒေစိုးမိုးရေး အထောက်အကူပြု ဖို့အတွက် အမှုမှန် ပေါ်ပေါက်ရေး နဲ့ ဥပဒေ
နဲ့အညီ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဘက်က ကြိုးစားပေးတဲ့ သဘောပါ” ဟု
ဦးကျော်က ပြောသည်။ နိုဝင်ဘာ ၁၇ ရက်နေ့ည ၈ နာရီကျော်ခန့်က အသက် ၃ဝ အရွယ်
ကိုကျော်မင်းမှာ နွယ်သာကီ (၆) လမ်းရှိ 6th Star အရက်ဆိုင် တွင်
အရက်သောက်နေစဉ် အမည် မသိ လူအုပ်စု တစ်စုက ဓါးရှည်များဖြင့် လာရောက်
ခုတ်သတ်ခဲ့ရာ ယင်း ကို ပြည်သူ့ကိုယ်စားလှယ်ပြု လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်က ကူညီလုပ်ဆောင်ပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ နစ်နာသူဘက်က လုပ်ချင်တဲ့
အပေါ် မူတည်ပြီး ဝန်ကြီးချုပ်ထံ တင်ပြသွားပါ မယ်” ဟု ၄င်းက ဆက်လက်ပြော သည်။
ယခုအခါ ယင်းလူသတ်မှုအား ပ/၅၂၂ (၂ဝ၁၁)၊ အမှုအမှတ် ၃ဝ၂/၁၁၄ ဖြင့် တရားခံဟု
ယူဆရသော ကိုသက်ဦး မိသားစုဝင် အားလုံး နှင့် မျိုးကြီး ဆိုသူအား စစ် ဆေး
လျက်ရှိကြောင်း သိရသည်။ ”အခု လောလောဆယ် သက်ဦးနဲ့ ပတ်သက်တဲ့ မိသားစု
အားလုံး စစ်ဆေးနေပါတယ်” ဟု နွယ်သာကီ ရဲစခန်းမှ ဒုရဲအုပ် ထွန်းတင်ဦးက
နိုဝင်ဘာ ၂၂ ရက် နေ့တွင် ပေါ်ပြူလာ နယူးစ်၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည်
ပြောကြားသည်။
ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်
- Sunday, 27 November 2011 00:00
- The Voice Journal
မြန်မာနိုင်ငံ ဘဏ်များနှင့် ချိတ်ကာ
သိန်းထောင်ချီတန် ကားများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချရန်
စီစဉ်နေကြောင်း အဝေးပြေး ယာဉ်လိုင်းများ တင်သွင်း ရောင်းချသည့် Greater Man
ကုမ္ပဏီ စီမံခန့်ခွဲမှု
ဒါရိုက်တာ ဦးဝင်းမျိုးချစ်က နိုဝင်ဘာလ ၂၁ ရက်နေ့ တွင် The Voice Weekly
သို့ ပြောကြားသည်။
" လတ်တလောမှာ ကမ္ဘောဇနဲ့ ဧရာဝတီ နှစ်ဘဏ်လုံးနဲ့ လုပ်မှာပါ " ဟု ၎င်းက ဆိုသည်။
၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ကားများမှာ
အဝေးပြေး ခရီးသည်တင် ယာဉ်၊ မြို့တွင်း ခရီးသည်တင် ယာဉ်လတ်၊ ယာဉ်ငယ်များ
ဖြစ်ပြီး ကျပ်သိန်းသုံးရာမှ သိန်းတစ်ထောင်ကျော် ထိရှိကြောင်း တာဝန်ခံ
ဦးမြင့်ဦးက ဆိုသည်။
ယင်းကားများ ဝယ်ယူနိုင်ရန် အာမခံ နှစ်ဦး
လိုအပ်ပြီး သက်ဆိုင်ရာ ဘဏ်တွင် ဘဏ်စာရင်းရှိသူ တစ်ဦးနှင့် ၎င်းတို့ ကုမ္ပဏီက
အာမခံ ပေးရာတွင် လက်ရှိ လုပ်ငန်း၌ နာမည်ကောင်းဖြင့် ရပ်တည်နေသည့်
ကုမ္ပဏီများကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက
ပြောကြားသည်။
အဆိုပါ ဘဏ်များကို မေးမြန်းရာတွင်
၎င်းတို့ဘက်က ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိသူများက ပြန် လည်
ဖြေဆိုကြပြီး ကမ္ဘောဇ ဘဏ်ကမူ လာမည့် ဒီဇင်ဘာလတွင် စတင်မည်ဟု ၎င်းတို့နှင့်
လာရောက် ညှိနှိုင်းသည့် ကုမ္ပဏီ များနှင့် တာဝန်ရှိသူ ထံမှ သိရသည်။
ဘဏ်များ အနေဖြင့် အရစ်ကျငွေ ပေးချေစနစ်
အတွက် ဝန်ဆောင်ခ ယူသော အတိုးနှုန်းများမှာ ကွဲပြားနေပြီး ကမ္ဘောဇ ဘဏ်ကမူ
ငွေအကြေ ချေမည့် နှစ်ကာလအလိုက် တစ်နှစ်လျှင် တန်ဖိုး၏ ၇ ရာခိုင်နှုန်း၊
တစ်နှစ်လျှင် ၈ ရာခိုင် နှုန်း၊ သုံးနှစ်လျှင် ၉ ရာခိုင်နှုန်းဖြင့်
အသီးသီး သတ်မှတ်ထားကြောင်း ယင်း ဘဏ်ချေးငွေဌာန မန်နေဂျာက ပြောကြားသည်။
ဘဏ်အသီးသီးတွင် နိုင်ငံခြားမှ
ကားတင်သွင်းသည့် ကုမ္ပဏီများ၊ ပြည်တွင်း ကားထုတ်လုပ် ရောင်းချနေသည့်
စက်ရုံများ၊ မကြာခင် ကားအရောင်းပြခန်း ဖွင့်လှစ်မည့် ကုမ္ပဏီများက အရစ်ကျ
ငွေပေးချေ စနစ်ဖြင့် ရောင်းချရန် လာရောက် ညှိနှိုင်းနေမှုများ ရှိကြောင်း
ပုဂ္ဂလိက ဘဏ်များထံမှ စုံစမ်း သိရှိရသည်။
" ကုမ္ပဏီတွေက လာညှိနှိုင်းနေတာ ရှိတယ်။
အခု လောလောဆယ် မဆုံးဖြတ်ရ သေးဘူး " ဟု ဧရာဝတီ ဘဏ်မှ အထွေထွေ မန်နေဂျာ
ဦးကိုကိုဦးက နိုဝင်ဘာလ ၂၂ရက် နေ့တွင် ပြောကြားသည်။
ယခု မြန်မာနိုင်ငံ၌ ဘဏ်များကို စတင်
အသုံးပြုသည့် အချိန် ဖြစ်သဖြင့် ဝယ်ယူလိုသည့်လူ သို့မဟုတ် အဖွဲ့ အစည်း
တို့၏ အကြွေးစာရင်းများ ဘဏ်တွင် မရှိသဖြင့် ၎င်းတို့၏ ရာဇဝင်ကို စစ်ဆေးရန်
မလွယ်ကြောင်း၊ အိမ်ကဲ့သို့ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းမှာ မစိုးရိမ်ရ
သော်လည်း ရွှေ့ပြောင်း ပျက်စီးနိုင်သည့် ကားကဲ့သို့ ပစ္စည်းများ အတွက်မူ
အချိန်ယူကာ စိစစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းစနစ်ကို ၂၀၀၇ ခုနှစ် အထိ
လုပ်ကိုင်ခဲ့သည့် သမဝါယမ ဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့် ကမူ "
အရင် လုပ်တုန်းက ကားရောင်းပြီး ထွက်ပြေးသွားတဲ့ လူတွေ ရှိခဲ့တယ်။
အဲဒါကြောင့် မလုပ်သေးဘူး " ဟု ဆိုသည်။
ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV စောင့်ရှောက်ရေး ဂေဟာသို့ သွားမည်
- Sunday, 27 November 2011 00:00
- The Voice Journal
မြန်မာနိုင်ငံသို့ နှစ် ၅ဝ အတွင်း ပထမဦးဆုံး လာရောက်မည့် အမေရိကန် ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိ ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ရန်ကုန်မြို့တော်သို့ ရောက်ရှိခိုက် ဒဂုံမြို့ သစ် တောင်ပိုင်း မြို့နယ် HIV ပိုး ကူး စက်ခံ လူနာများကို ပြုစုစောင့်ရှောက် ပေးနေသော ဂေဟာသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်း အဆိုပါ ဂေဟာမှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက The Voice Weekly သို့ ပြောကြားသည်။"မစ်စ် ကလင်တန်က ကျွန်မတို့ ဂေဟာကို လာဖို့အတွက် သူတို့ သက်ဆိုင် ရာက နေရာတွေ ဘေးပတ်ဝန်းကျင် တွေ ကိုတော့ လာကြည့်သွားတယ်။ ဒါပေမယ့် လာ မ လာတော့ သေသေ ချာချာ သူတို့အကြောင်း မပြန်သေးဘူး " ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။ယင်း ပြုစုစောင့်ရှောက်ရေး ဂေဟာက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော World AIDS Day အတွက် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်၌ အထိမ်းအမှတ်ပွဲ ကျင်းပမည် ဖြစ်ပြီး ယင်းနေ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာရောက်ရန် ရှိကြောင်း ၎င်းက ရှင်းပြသည်။World AIDS Day ကို ဗဟန်း မြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် စတင်မည် ဖြစ်ပြီး အနယ်နယ် အရပ်ရပ်ရှိ NLD ရုံးခွဲများ ထံသို့ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဂေဟာမှ စေတနာ့ဝန်ထမ်း လုပ်အားပေး ကိုလှမျိုးအောင်က ပြောကြားသည်။" ကျွန်တော်တို့က အမှတ်တရ လက်ဆောင်တွေကို သော့ချိပ်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဝေါလ်ရှိ တို့ကို အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်းနဲ့ မိတ္တီလာတို့ကို နှစ်စဉ် ပို့ပေးတဲ့အတိုင်း ပို့မှာပါ " ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ပြုစုစောင့်ရှောက်ရေး ဂေဟာသည် အမှတ် ၃၇၆၊ ကမ္ဘောဇ ၂ လမ်း၊ ၁၈ / B၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် တည်ရှိသည်။Lei Ye Myint
သက်ဆင်အား ပြည်တော်ပြန်ခွင့် မပေးတော့
- Saturday, 26 November 2011 00:00
- Popular News
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အစီအစဉ်ကို ထိုင်းအစိုးရက ပြန်လည် ရုတ်သိမ်း လိုက်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ကျင်းပခဲ့သည့် အစိုးရ အဖွဲ့အစည်း အဝေးတစ်ခုတွင် သက်ဆင်အား လွတ်ငြိမ်းခွင့် ပေးပြီး ပြည်တော် ပြန်ဝင်ခွင့်ကို သဘောတူညီ ခဲ့ကြသော်လည်း ထိုင်းတရားရေး ဝန်ကြီး ပရာချပရွမ်နော့က သတင်းထောက် များအား တနလာင်္နေ့ က ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။သက်ဆင်အား လွတ်ငြိမ်းခွင့်ပေးမည် ဆိုခြင်းမှာ ထိုင်းဘုရင့် မွေးနေ့ဖြစ်သည့် ဒီဇင်ဘာ၅ရက်နေ့ အထိမ်းအမှတ် အဖြစ် နှစ်စဉ်ပြုလုပ်နေကျ လွတ်ငြိမ်း ခွင့်ပေးရေး အစီအစဉ်အရ ဖြစ်သော်ငြား ပုံမှန် လုပ်ထုံးလုပ်နည်း ထက်ပိုသော ခံစားခွင့်များပါရှိရန် မဖြစ်နိုင်ကြောင်း ထိုင်းတရားရေး ဝန်ကြီး ပရာချ ပရွမ်နော့က ပြောပါသည်။၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် သက်ဆင်အစိုးရအား စစ်တပ်က အာဏာ သိမ်းခဲ့ပြီးနောက်တွင် သူ့အား အဂတိ လိုက်စား မှုများဖြင့် တရားစွဲခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်မူ ထိုင်းတရားရုံးချုပ်က သက်ဆင်အား ပြစ်မှုများအရ ထောင်ဒဏ် ၂နှစ် အပြစ်ပေးခဲ့ရာ၊ စီရင်ချက်မချမီ ရက်အနည်းငယ်တွင် သူသည် ထိုင်းနိုင်ငံမှ ပြည်ပသို့ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
- တော်လှန်သောကဗျာရေစီးကြောင်း
[By Kyawsoe Lwin ]
ပန်းခြံသို့သေနတ်ကိုကျည်အပြည့်ထည့်လာသူများ
တေးသံကျူးရင့်လာကုန်သော လူထုကိုသာတွေ့ရသည်။
တိုင်းပြည်တာဝန်နှင့်အချစ်စိတ်ကလူအုပ်ကိုပြည်သူအဖြစ်ပြောင်း ပစ်သည်။
ပိန်ပိန်ပါးပါးမိန်းမငယ်တစ်ဦးသည် အလံကိုဆုပ်ကိုက်ရင်းလဲကျသွားသည် ။
လုလင်ပျိုတစ်ဦးသည် နာကျင်စွာအော်ဟစ်ရင်းလှဲကျသွားသည်။
ထိုအချင်းအရာကြောင့် လူထုသည်ထိတ်လန့်ကာငြိမ်သက်သွားပြီး
ကျဆုံးသွားသူများအားငေးစိုက်ကြည့်နေကြသည်။
တဖြည်းဖြည်းဝမ်းနည်းကြေကွဲခြင်းလှိုင်းတံပိုးသည်
အေးစက်သော ဒေါသသို့ထိုးတက်သွားကုန်သည်။
ထို့နောက်သူတို့သည် သူတို့၏အလံများကို သွေးအိုင်အထဲသို့နှစ်ပြီးသကာလ
လူသတ်သများ၏အရှေ့တွင် လွှင့်ထူပြလိုက်သည်။
ကျဆုံးသွားသူများအတွက် ငါသည်အပြစ်ဒဏ်ကိုတောင်းဆိုပါ၏။
ငါတို့၏အဖတိုင်းပြည်ကို သွေးဖြင့်ပေကျံစေသူတို့အား
ငါသည်အပြစ်ဒဏ်ပေးရန် တောင်းဆိုပါ၏။
ကျဆုံးသွားကြသော အလောင်းများအပေါ်မှကုတ်ကပ်ပြီး
တန်ခိုးအာဏာလုယူသူများအား
အပြစ်ဒဏ်ပေးရန် ငါတောင်းဆိုပါ၏။
ငါသည်သူတို့နှင့်လက်ဆွဲကာမေ့လျော့ရန်အလိုမရှိ။
ငါသည်သူတို့၏သွေးစွန်းသောလက်များကိုအလိုမရှိ။
ငါသည်အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည်သာတည်း။
သူတို့ကိုသံအမတ်ကြီးများအဖြစ် စေလွှတ်ခြင်းကိုလည်းကောင်း
အိမ်မှာပင်ကိုးကွယ်ကာ တဖြည်းဖြည်းပပျောက်သွားမည်ကိုလည်းကောင်း
ငါသည်အလိုမရှိ။
ထိုနေရာမှာပင်............ထိုပန်းခြံမှာပင်
ငါသည်သူတို့အားအပြစ်ဒဏ်ပေးရန်သာအလိုရှိပေသည်။
ပါဘလိုနီရူဒါ
မလေးမှာ ပြန်ခဲ့မယ် ဆိုတဲ့ သန္တာဗို
- Sunday, 27 November 2011 00:00
- 8 Days Journal
မလေးရှားကို မကြီး (ချောရ တနာ)တို့
သီချင်း ဆိုတုန်းကလည်း လိုက်သွားတယ်။ သီချင်း ဆိုပြီး ပရိသတ်ကို
ဖျော်ဖြေခဲ့
တယ်။ အဲဒီကို ဖျော်ဖြေရေး သွားရင်း ဒါရိုက်တာ ကိုသုံးပေါင်လည်း ပါတော့ VCD
တစ်ပုဒ် ရိုက်ခဲ့တယ်။ “ပြန်ခဲ့မယ်”ဆိုတဲ့သီချင်း၊ ဘန်နီဖြိုး ရေးပေးထားတာ၊
အဲဒီသီချင်းက ကိုဘိုစန်းစီစဉ်တဲ့ Group အခွေမှာ ထည့်ထားတယ်။ အစီအစဉ်မရှိဘဲ
နဲ့ရိုက်ဖြစ်ခဲ့တာ။ ကိုသုံးပေါင်ပါ လာမှန်းလည်း မသိခဲ့ဘူး၊ ကျောင်းတက်တဲ့
ပုံစံလေး တွေနဲ့ တစ်စုံလောက် ပဲအဝတ်အစား စီစဉ်ပြီး ရိုက်ခဲ့တာပါ။
ကျန်တဲ့အပိုင်းကို ဒီမှာ ထပ်ရိုက်မယ်။ ကောင်မလေးက နိုင်ငံခြားမှာ
ကျောင်းတက်နေ တယ်။ ကောင်လေးကို ဂရုမစိုက် မိဘူး။ ကောင်လေးကို အရမ်းလွမ်း
နေတယ်။ ကျောင်းမှာ ကောင်မလေးက မပျော်ဘူး။ သူ့ရဲ့ကောင်
လေးကိုလွမ်းနေတဲ့ပုံစံမျိုးရို က်ထား တာပါ။ မလေးရှားမှာ ပထမဆုံး
ဖျော်ဖြေခဲ့ရတာဆိုတော့ စင်ပေါ်မ တက်ခင်က ဘာမှမဖြစ်ဘူး။ ဆိုဖို့
စင်ပေါ်လည်းတက်ရော ခြေဖျား လက်ဖျားတွေအေးစက်လာပြီး ခြေတွေလက်တွေတုန်လာတယ်။
ဒါပေမဲ့ သီချင်းဆိုရတာတော့ အဆင်ပြေပါ တယ်။ မကြီးကတော့ အကုန်လိုက်ပြီး ပူပန်
နေတာပါပဲ။ ကိုယ်တိုင်လည်း တစ်ကိုယ်တော်ခွေ လုပ်နေတယ်။
အခုသီချင်းရေးခိုင်းထားတယ်။ တေးရေးတွေက ဦးမင်းချစ်သူ ၊ ကိုရဲလေး၊ ကို Ar T ၊
ဘန်နီဖြိုးနဲ့ သားကြီးတို့ ရေးပေး ထားတာတွေ ပါတယ်။ ကိုဥက္ကာဦးသာနဲ့ KGK
တို့က တီးပေးထားတာပါ။ နည်း နည်းတော့ကြာဦး မယ်။ မြန်မြန် မစီစဉ်ချင်ဘူး။
နောက်နှစ်လောက်တော့ ထွက်ဖို့မှန်းထားတယ်။ မကြီး နဲ့တော့တစ်ပုဒ်လောက်ဆိုဖို့
စဉ်း စားထားတယ်။ မကြီးကတော့ မဆိုချင်ဘူးတဲ့။ သီချင်းတွေကတော့ R&B နဲ့
Pop ပုံစံတွေပါပဲလို့ သန္တာဗိုက သူ့ရဲ့မလေးရှား ဖျော်ဖြေ ရေးခရီးစဉ်နဲ့
အနုပညာလှုပ်ရှားမှု များကိုပြောပြခဲ့ပါတယ်။
MTA ကြော်ငြာပါ ဘွဲ့ရများ နိုင်ငံခြားသွားရင် ပညာရေးလျော်ကြေးပေးရမည်
Browse › Home › မြန်မာ့သတင်း » ကြော်ငြာပါ ဘွဲ့ရများ နိုင်ငံခြားသွားရင် ပညာရေးလျော်ကြေးပေးရမည်နိုင်ငံပိုင်သတင်းစာများတွင် မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲဆုမွန်တောင်း အပါအ၀င် မိမိတို့ရရှိထား သော ဘွဲ့ဒီဂရီများဖော်ပြပြီး ကြော်ငြာထည့်သွင်းထားသူများအနေနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် နိုင်ငံ ကူးလက်မှတ်လျှောက်ထားပါက ပညာရေးဆိုင်ရာပေးလျော်မှုလိုအပ် ကာ ပညာရေးကင်းရှင်းကြောင်း ထောက်ခံ စာပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေး အဖွဲ့မှ စုံစမ်းသိရှိရသည်။
သတင်းစာများတွင် မွေ့နေ့မင်္ဂလာဆုတောင်း၊ မင်္ဂလာဧည့်ခံပွဲကျေးဇူးတင်လွှာ၊ စေ့စပ်ကြောင်း လမ်းပြီးစီးခြင်းအပါအ၀င် ကြော်ငြာအမျိုးမျိုးထည့်သွင်းကြရာတွင် ရရှိထားသော ဘွဲ့ဒီဂရီဂုဏ်ထူးများကို ထည့် သွင်းကြကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးအဖွဲ့က အဆိုပါသတင်းစာကြော်ငြာပါဘွဲ့ ဒီဂရီသူများ ကို လိပ်စာနှင့်တကွ မှတ်တမ်းတင်ထားပြီး အဆိုပါဘွဲ့ရများ နိုင်ငံကူးလက်မှတ်လျှောက်ထားလာ လျှင် ပညာရေးကင်းရှင်းကြောင်း ထောက်ခံစာတောင်းခံကြောင်း အဆိုပါရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
" ဒီနိုင်ငံမှာ အစိုးရဖွင့်ထားတဲ့ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေနဲ့ ၀ိဇ္ဇာသိပ္ပံတက္က သိုလ်တွေကနေ ဘွဲ့ရထားတဲ့သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် လျှောက်တယ်ဆိုတာနဲ့ ပညာေါ်လျော်ကြေးပေး ပြီး ပညာရေးင်းရှင်းကြောင်း ထောက်ခံချက်လိုပါတယ်။ နိုင်ငံခြားမှာရှိတဲ့ တက္ကသိုလ်တွေက ဘွဲ့ရထားတဲ့သူတွေ ကတော့ မလိုပါဘူး" ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ၀န်ထမ်းကဆိုသည်။
နိုင်ငံကူးလက်မှတ် ပြုလုပ်ကြရာတွင် အများစုသည် ပညာအရည်အချင်းကို ကိုးတန်းအောင်၊ ၁၀ တန်းဟုသာ ဖြည့်စွက်ပြီး မိမိတို့ အမှန်တကယ်ရရှိထားသော ဘွဲ့ဒီဂရီများကို ဖော်ပြကြခြင်းမရှိဟု နိုင်ငံကူး လက်မှတ်လျှောက်ထားသူအများစုက ပြောဆိုကြသည်။
" နိုင်ငံခြားသွားပြီး အလုပ်လုပ်မယ့်သူတွေအနေနဲ့ကလည်း ဘွဲ့ရထားပေမယ့် ကိုးတန်းအောင်၊ ၁၀ တန်းလို့ဆိုပြီး ပညာအရည်အချင်းကို ဖြည့်စွက်လျှောက်ကြတယ်။ အဓိက အလုပ်ရှုပ်မခံချင်ကြလို့။ ပညာ ရေးကင်းရှင်းကြောင်း ထောက်ခံစာလုပ်ဖို့ ဟိုရုံးပြေးရ၊ ဒီရုံးပြေးရ၊ ဟိုလူကြီးစောင့်ရ၊ ဒီလူကြီးစောင့်ရနဲ့ အချိန် အရမ်းကုန်တယ်။ လူလည်းအတော်ကို ပင်ပန်းတယ်။ ၀ိဇ္ဇာ သိပ္ပံဘွဲ့ဆိုရင် ပညာရေါ်လျော်ကြေးက သောင်းဂ ဏန်းလောက်ပဲ ပေးရတာ။ ဒါပေမဲ့ အလုပ်ရှုပ်လို့ ဘယ်သူမှ သိပ်မလုပ်ချင်ကြဘူး" ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူ အသက် ၃၀ အရွယ်အမျိုးသား တစ်ဦးက သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမပေါ်တွင် နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့ သော မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးကို ရန်ကင်းနှင့် ဗဟန်းမြို့နယ်အကြားရှိ ပြည်ထဲရေးဝန် ကြီးဌာနရုံးဟောင်းသို့ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်း တရားဝင်ပြောင်းရွှေ့ဖွင့်လှစ်ထားသည်။
The Voice Weekly Journal
- ယုံကြည်ထိုက်သည့် ပါဝါအားပြိုင်မှု
[By Ag Myint Tham]
-ဦးဖိုးသာအောင်
-၂၄-၁၁ -၂၀၁၁
ယနေ့ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းပြည်ပရှိ အတိုက်အခံအဖွဲ့အစည်း ပေါင်းစုံတို့ အကြားမှာ ဆူ ပူ ပွ အရှိန်နှုန်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီဆိုလျှင် မှားမည်မဟုတ်ပါ၊
ပြဿနာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စပင်ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်အယ်ဒီ)သည် လက်ရှိ မြန်မာ အစိုးရသစ်၏ ဥပဒေအရ တရားဝင် ပါတီအဖွဲ့ အစည်းအဖြစ် ရပ်တည်လို့ မရပါ၊ လူထု၏ နှလုံးသားထဲမှ ရာနှုန်းပြည့် အသိအမှတ်ပြု ထားသည့် ပါတီဖြစ်သည်ဆိုတာကိုလည်း ငြင်း၍မရပါ၊
သို့သော် နှလုံးသားသည်လည်း တရားမဝင်ပါ၊ လက်တွေ့ မကျနိုင်ပါ၊
ဒါကြောင့် အင်အယ်ဒီသည် ပြည်သူလူထုကို တရားဝင် ဦးဆောင်ပြီး အလုပ်အကျွေးပြုလိုလျှင် အစိုးရသစ်ထံ မှတ်ပုံတင်ရန်သာဖြစ်သည်၊
အခြားနည်းလမ်းမရှိပါ။
စစ်ဦးစီးအစိုးရသစ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု့ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အချို့သော ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့ထဲမှာ မပါစေချင်သဖြင့်လည်းကောင်း၊
တဘက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ခက်ခဲစေမည့် “ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည်” ဟု ဆိုသည့် ချုပ်ကိုင် ဝါကျစာတမ်းလေးကို “ လေးစားလိုက်နာပါမည်” ဟုလည်းကောင်း၊
စစ်ဦးစီးအစိုးရဘက်မှ ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်၊
ဒါလေးကိုကြည့်ခြင်းအားဖြင့် ဥပဒေ ဥပဒက်ဆိုသည်မှာ လူတွေက လုပ်ပြီး လူတွေကပဲ ပြင်နိုင်သည်ကို တွေ့ရပါသည်၊
ထူးသည်မဟုတ်ပေမယ့် ဆန်းနေသည်ကတော့ လူထု၏ ဆန္ဒခံယူပွဲနှင့် အတည်ပြုထားသည့် ဥပဒေဟု မည်သို့ပင်ဆိုသော်လည်း လူတစု၏ ဆန္ဒဖြင့် ပြုလွယ် ပြင်လွယ်နိုင်သည် ဆိုတာကိုလည်း မြန်မာပြည်တွင် တွေ့နေရသေးသည်၊
ဒီမိုကရေစီ သန္ဓေယူကာစ မြန်မာပြည်၏ သဘောသဘာဝတခုပါပဲဟု သဘောထားရပါတော့သည်၊
မည်သို့ဖြစ်စေ စစ်ဦးစီးအစိုးရသည် သူတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေထဲမှ အချို့ကို ပြင်ဆင်ပေးလိုက်ရသည်ကတော့ အမှန်ပင်ဖြစ်သည်၊
ဒီလိုပြင်ဆင်ပေးလိုက်ခြင်းသည် တိုင်းပြည်နှင့် လူထုကို ချစ်လွန်းလို့ ဟုတ်မဟုတ်ဆိုတာကိုတော့ တွေးတောကြည့်ကြပါ၊
ဘယ်လိုပဲဖြစ်ဖြစ် အင်အယ်ဒီလည်း တရားဝင်ဖြစ်ရန် မှတ်ပုံတင်ခွင့်အတွက် အခွင့်အလမ်းတခု ပွင့်သွားခဲ့ပါသည်။
တရားဝင်ရပ်တည်ရေး မဖြစ်နိုင်တော့သည့် အင်အယ်ဒီနှင့် အခြေခံဥပဒေကို မပြင်ပေးလျှင် မဖြစ်နိုင်တော့သည့် အစိုးရသစ်တို့သည် အတူ ပူးပေါင်းကြရတော့မည့် ကိန်းကို မလွှဲသာ မရှောင်သာ ဆိုက်လာ သည်ဟုလည်း မြင်နိုင်ပါသည်၊
ဒီအခြေအနေသည် အစိုးရဘက်မှ ကြည့်လျှင် တိုင်းပြည်နှင့် လူထုအတွက် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်၊
သို့သော် အင်အယ်ဒီဘက် ကတော့ တိုင်းပြည်နှင့် လူထုအတွက်ဖြစ်ရန် လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်ဖို့လိုပါသည်။
မြန်မာ့တော်လှန်ရေး သမိုင်းသည် လွန်စွာ ရှည်လျားလှပါသည်၊
မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုခဲ့သည့် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်က စပြီး ယနေ့အထိပင်ဖြစ်ပါသည်၊
လွတ်လပ်ရေးမရခင်ကလည်း တော်လှန်ပါသည်၊ ရပြီးလည်းတော်လှန်ပါသည်၊
ယနေ့အထိလည်း တော်လှန်ပါသည်၊
မြန်မာ့တော်လှန်ရေးသမားတို့သည် စနစ်ကို အဓိက တော်လှန်သူများဖြစ်ကြသဖြင့်လည်း တော်လှန်ရေး မပြီးဆုံးနိုင်ကြပါ။
ယနေ့ထက်တိုင်လည်း တော်လှန်နေကြဆဲဖြစ်သည်။
ယနေ့အတိုက်အခံ တော်လှန်ရေးသမားများအားလုံးသည် မည်သည့် စနစ်ကို ဦးတည်ရည်ရွယ်၍ တော်လှန်နေကြပါ သနည်း ဆိုတာကို ရှင်းဖို့လို သည် ပြတ်ဖို့လိုသည်၊
ရောတောရောင်တောင်ဖြင့် ဟိုအဖွဲ့နှင့်ပေါင်း သည်အဖွဲ့နှင့်ဆက်ကာ မှေးလိုက်နေသည့် အဖြစ်မျိုး မဖြစ်သင့်ကြပါ၊
ပြည်ချစ်ဝါဒ ပြောလိုက် ပြည် ကြိုက်ဝါဒဟုဆိုလိုက်နှင့် ကြောင်တောင်တောင် မလုပ်သင့်ပါ
၊ စစ်အာဏာရှင် စနစ်ကို မကြိုက်လို့ တိုက်ကြသည်၊ တော်လှန်ကြသည်၊
စစ်အာဏာရှင်စနစ်အစား ဘာစနစ်ကို လိုချင်ပါသနည်း၊
အရှင်းရှင်စနစ်လား၊ ကွန်မြူနစ်စနစ်လား၊ ဒါကိုအရင်ဆုံး ပြတ်ဖို့လိုပါသည်၊
နောက်မှ အရင်းရှင်စနစ်ကို အခြေခံသည့် လစ်ဘရယ် ဒီမိုကရေစီကျင့်သုံးသည့်စနစ်လား ၊
ဒါမှမဟုတ် ကွန်မြူနစ်စနစ်ကိုအခြေခံသည့် ပစ္စည်းမဲ့ ဒီမိုကရေစီစနစ်လား၊
အဲဒီ့အပေါ်မှာ မပြတ်သားကြလျှင်၊ ဦးတည်ချက် မပြတ်သားကြလျှင် ချမှတ်အကောင် အထည်ဖေါ်ရမည့် မဟာဗျူဟာနှင့် နည်းဗျူဟာ တို့သည်လည်း မှုန်ဝါးဝါးနှင့် လေ တော်လှန်ရေး သာဖြစ်ကြရမည်။
ယနေ့ မြန်မာ့ အတိုက်အခံတော်လှန်ရေးသည် ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ လေ တော်လှန်ရေးသာ ဖြစ်ခဲ့ရသည်။
ရန် ငါ စည်း အရဆိုရလျှင် ကျား သနားမှ နွား ချမ်းသာ ဘဝကိုရောက်ခဲ့ကြရသည်။
ယနေ့အခြေအနေသည် ကျားက သူ့ကိုယ်သူ သနားရမည့် ကိန်းကို ဆိုက်နေပြီ၊
ဒါကြောင့် နွားချမ်းသာဖို့ အခွင့်ကောင်းတရပ်ဖြစ်လာပါသည်၊
ဒီအခွင့်ကောင်း အခါကောင်း ကာလတွင် အတိုက်အခံတို့၏ ထိပ်သီး အင်အယ်ဒီက ပြတ်သားဖို့လိုသည်မှာ ဘယ်စနစ်ကိုသွားမည်နည်းဆိုတာပါပဲ ၊
လူထုကြိုက်သည့် စနစ်ကိုသွားမည်တို့ မည်သည့်နိုင်ငံနှင့်မဆို တန်းတူညီမျှ ဆက်ဆံသွားမည်တို့ ဆိုတာ တွေကတော့ အပေါ်ယံ သံတမန် စကားသာဖြစ်သည်၊ အနှစ်သာရက ပျက်လုံးတခုထက်မပိုပါ။
အစကတည်းက အယူအဆပေါင်းစုံ စုစည်းထားသည့် အင်အယ်ဒီ၊ အင်အယ်ဒီကို ဝန်းရံကြဆိုပြီး ဝန်းရံခံခဲ့ရတဲ့ အင်အယ်ဒီသည် ယနေ့အတွေးအခေါ် အကြပ်အတည်း ဆိုက်နေသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်၊
စစ်အစိုးရနှင့် ပေါင်းမလား မပေါင်းဘူးလားဆိုတာ ဆုံးဖြတ်ရတော့မည်၊ ခက်နေပြီ၊ ဗဟိုလ် အလုပ်အမှု့ဆောင်နှင့် မပြီးတော့၊
[By Ag Myint Tham]
-ဦးဖိုးသာအောင်
-၂၄-၁၁ -၂၀၁၁
ယနေ့ မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းပြည်ပရှိ အတိုက်အခံအဖွဲ့အစည်း ပေါင်းစုံတို့ အကြားမှာ ဆူ ပူ ပွ အရှိန်နှုန်း အမြင့်ဆုံးသို့ ရောက်ရှိနေပြီဆိုလျှင် မှားမည်မဟုတ်ပါ၊
ပြဿနာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စပင်ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်အယ်ဒီ)သည် လက်ရှိ မြန်မာ အစိုးရသစ်၏ ဥပဒေအရ တရားဝင် ပါတီအဖွဲ့ အစည်းအဖြစ် ရပ်တည်လို့ မရပါ၊ လူထု၏ နှလုံးသားထဲမှ ရာနှုန်းပြည့် အသိအမှတ်ပြု ထားသည့် ပါတီဖြစ်သည်ဆိုတာကိုလည်း ငြင်း၍မရပါ၊
သို့သော် နှလုံးသားသည်လည်း တရားမဝင်ပါ၊ လက်တွေ့ မကျနိုင်ပါ၊
ဒါကြောင့် အင်အယ်ဒီသည် ပြည်သူလူထုကို တရားဝင် ဦးဆောင်ပြီး အလုပ်အကျွေးပြုလိုလျှင် အစိုးရသစ်ထံ မှတ်ပုံတင်ရန်သာဖြစ်သည်၊
အခြားနည်းလမ်းမရှိပါ။
စစ်ဦးစီးအစိုးရသစ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လူထုထောက်ခံမှု့ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အချို့သော ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့ထဲမှာ မပါစေချင်သဖြင့်လည်းကောင်း၊
တဘက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ခက်ခဲစေမည့် “ထိမ်းသိမ်း ကာကွယ်စောင့်ရှောက်ပါမည်” ဟု ဆိုသည့် ချုပ်ကိုင် ဝါကျစာတမ်းလေးကို “ လေးစားလိုက်နာပါမည်” ဟုလည်းကောင်း၊
စစ်ဦးစီးအစိုးရဘက်မှ ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်၊
ဒါလေးကိုကြည့်ခြင်းအားဖြင့် ဥပဒေ ဥပဒက်ဆိုသည်မှာ လူတွေက လုပ်ပြီး လူတွေကပဲ ပြင်နိုင်သည်ကို တွေ့ရပါသည်၊
ထူးသည်မဟုတ်ပေမယ့် ဆန်းနေသည်ကတော့ လူထု၏ ဆန္ဒခံယူပွဲနှင့် အတည်ပြုထားသည့် ဥပဒေဟု မည်သို့ပင်ဆိုသော်လည်း လူတစု၏ ဆန္ဒဖြင့် ပြုလွယ် ပြင်လွယ်နိုင်သည် ဆိုတာကိုလည်း မြန်မာပြည်တွင် တွေ့နေရသေးသည်၊
ဒီမိုကရေစီ သန္ဓေယူကာစ မြန်မာပြည်၏ သဘောသဘာဝတခုပါပဲဟု သဘောထားရပါတော့သည်၊
မည်သို့ဖြစ်စေ စစ်ဦးစီးအစိုးရသည် သူတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေထဲမှ အချို့ကို ပြင်ဆင်ပေးလိုက်ရသည်ကတော့ အမှန်ပင်ဖြစ်သည်၊
ဒီလိုပြင်ဆင်ပေးလိုက်ခြင်းသည် တိုင်းပြည်နှင့် လူထုကို ချစ်လွန်းလို့ ဟုတ်မဟုတ်ဆိုတာကိုတော့ တွေးတောကြည့်ကြပါ၊
ဘယ်လိုပဲဖြစ်ဖြစ် အင်အယ်ဒီလည်း တရားဝင်ဖြစ်ရန် မှတ်ပုံတင်ခွင့်အတွက် အခွင့်အလမ်းတခု ပွင့်သွားခဲ့ပါသည်။
တရားဝင်ရပ်တည်ရေး မဖြစ်နိုင်တော့သည့် အင်အယ်ဒီနှင့် အခြေခံဥပဒေကို မပြင်ပေးလျှင် မဖြစ်နိုင်တော့သည့် အစိုးရသစ်တို့သည် အတူ ပူးပေါင်းကြရတော့မည့် ကိန်းကို မလွှဲသာ မရှောင်သာ ဆိုက်လာ သည်ဟုလည်း မြင်နိုင်ပါသည်၊
ဒီအခြေအနေသည် အစိုးရဘက်မှ ကြည့်လျှင် တိုင်းပြည်နှင့် လူထုအတွက် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်၊
သို့သော် အင်အယ်ဒီဘက် ကတော့ တိုင်းပြည်နှင့် လူထုအတွက်ဖြစ်ရန် လုပ်ကိုင်ဆောင်ရွက်ဖို့ အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်ဖို့လိုပါသည်။
မြန်မာ့တော်လှန်ရေး သမိုင်းသည် လွန်စွာ ရှည်လျားလှပါသည်၊
မြန်မာပြည်ကို အင်္ဂလိပ်က ကိုလိုနီပြုခဲ့သည့် မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်က စပြီး ယနေ့အထိပင်ဖြစ်ပါသည်၊
လွတ်လပ်ရေးမရခင်ကလည်း တော်လှန်ပါသည်၊ ရပြီးလည်းတော်လှန်ပါသည်၊
ယနေ့အထိလည်း တော်လှန်ပါသည်၊
မြန်မာ့တော်လှန်ရေးသမားတို့သည် စနစ်ကို အဓိက တော်လှန်သူများဖြစ်ကြသဖြင့်လည်း တော်လှန်ရေး မပြီးဆုံးနိုင်ကြပါ။
ယနေ့ထက်တိုင်လည်း တော်လှန်နေကြဆဲဖြစ်သည်။
ယနေ့အတိုက်အခံ တော်လှန်ရေးသမားများအားလုံးသည် မည်သည့် စနစ်ကို ဦးတည်ရည်ရွယ်၍ တော်လှန်နေကြပါ သနည်း ဆိုတာကို ရှင်းဖို့လို သည် ပြတ်ဖို့လိုသည်၊
ရောတောရောင်တောင်ဖြင့် ဟိုအဖွဲ့နှင့်ပေါင်း သည်အဖွဲ့နှင့်ဆက်ကာ မှေးလိုက်နေသည့် အဖြစ်မျိုး မဖြစ်သင့်ကြပါ၊
ပြည်ချစ်ဝါဒ ပြောလိုက် ပြည် ကြိုက်ဝါဒဟုဆိုလိုက်နှင့် ကြောင်တောင်တောင် မလုပ်သင့်ပါ
၊ စစ်အာဏာရှင် စနစ်ကို မကြိုက်လို့ တိုက်ကြသည်၊ တော်လှန်ကြသည်၊
စစ်အာဏာရှင်စနစ်အစား ဘာစနစ်ကို လိုချင်ပါသနည်း၊
အရှင်းရှင်စနစ်လား၊ ကွန်မြူနစ်စနစ်လား၊ ဒါကိုအရင်ဆုံး ပြတ်ဖို့လိုပါသည်၊
နောက်မှ အရင်းရှင်စနစ်ကို အခြေခံသည့် လစ်ဘရယ် ဒီမိုကရေစီကျင့်သုံးသည့်စနစ်လား
ဒါမှမဟုတ် ကွန်မြူနစ်စနစ်ကိုအခြေခံသည့် ပစ္စည်းမဲ့ ဒီမိုကရေစီစနစ်လား၊
အဲဒီ့အပေါ်မှာ မပြတ်သားကြလျှင်၊ ဦးတည်ချက် မပြတ်သားကြလျှင် ချမှတ်အကောင် အထည်ဖေါ်ရမည့် မဟာဗျူဟာနှင့် နည်းဗျူဟာ တို့သည်လည်း မှုန်ဝါးဝါးနှင့် လေ တော်လှန်ရေး သာဖြစ်ကြရမည်။
ယနေ့ မြန်မာ့ အတိုက်အခံတော်လှန်ရေးသည် ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ လေ တော်လှန်ရေးသာ ဖြစ်ခဲ့ရသည်။
ရန် ငါ စည်း အရဆိုရလျှင် ကျား သနားမှ နွား ချမ်းသာ ဘဝကိုရောက်ခဲ့ကြရသည်။
ယနေ့အခြေအနေသည် ကျားက သူ့ကိုယ်သူ သနားရမည့် ကိန်းကို ဆိုက်နေပြီ၊
ဒါကြောင့် နွားချမ်းသာဖို့ အခွင့်ကောင်းတရပ်ဖြစ်လာပါသည်၊
ဒီအခွင့်ကောင်း အခါကောင်း ကာလတွင် အတိုက်အခံတို့၏ ထိပ်သီး အင်အယ်ဒီက ပြတ်သားဖို့လိုသည်မှာ ဘယ်စနစ်ကိုသွားမည်နည်းဆိုတာပါပဲ
လူထုကြိုက်သည့် စနစ်ကိုသွားမည်တို့ မည်သည့်နိုင်ငံနှင့်မဆို တန်းတူညီမျှ ဆက်ဆံသွားမည်တို့ ဆိုတာ တွေကတော့ အပေါ်ယံ သံတမန် စကားသာဖြစ်သည်၊ အနှစ်သာရက ပျက်လုံးတခုထက်မပိုပါ။
အစကတည်းက အယူအဆပေါင်းစုံ စုစည်းထားသည့် အင်အယ်ဒီ၊ အင်အယ်ဒီကို ဝန်းရံကြဆိုပြီး ဝန်းရံခံခဲ့ရတဲ့ အင်အယ်ဒီသည် ယနေ့အတွေးအခေါ် အကြပ်အတည်း ဆိုက်နေသည့် အဖြစ်မျိုးနှင့် ကြုံနေရသည်၊
စစ်အစိုးရနှင့် ပေါင်းမလား မပေါင်းဘူးလားဆိုတာ ဆုံးဖြတ်ရတော့မည်၊ ခက်နေပြီ၊ ဗဟိုလ် အလုပ်အမှု့ဆောင်နှင့် မပြီးတော့၊
0 comments:
Post a Comment