Sunday, November 27, 2011

လက်ရှိ နိုင်ငံရေးအတွက် စဉ်းစား လုပ်ဆောင်သင့်သော အခြားအချက်အလက်များ

by Ko Htike on Sunday, November 27, 2011 at 7:53pm
 
NLD က မှတ်ပုံတင်မယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး .. အများစုက ပါလီမာန်၊၊ ရွေးကောက်ပွဲ၊ အမတ်၊ အစိုးရအဖွဲ့ဝင် စတဲ့ အချက်တွေကိုပဲ အာရုံစူးစိုက်နေကြပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသက စစ်ပွဲတွေ ရပ်တန့်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်ရေး ... ဒါတွေဟာ တနိုင်ငံလုံးရဲ့ အဓိက ရည်မှန်းချက်တွေ ဖြစ်တယ်ဆိုတာတော့ အများက လက်ခံသဘောတူပြီးသား ဖြစ်သလို .... NLD ရဲ့ ရည်မှန်းချက် တွေ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ခဏခဏ ပြောထားပြီးသား ဖြစ်ပါတယ်။


ဒါတွေကို ရဖို့ အထက်ပါ ပါလီမာန်နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လုပ်ရမှာ ဆိုတာကြောင့် ပါလီမာန် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အာရုံစိုက်မှု များနေတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေဟာ ... ပါတီရဲ့ မူဝါဒ၊ ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့်အမတ်လောင်း၊ ပါလီမာန်ထဲက အခြား ပါတီဝင်အမတ်များ .. စတဲ့ လက်တစ်ဆုပ်စာ လူတန်းစားသာ နိုင်ငံရေးထဲ ပါဝင်နိုင်တဲ့ လုပ်ငန်းတွေ ဖြစ်နေပြီး .. သာမာန် ပြည်သူလူထုရဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာနိုင်မှုတွေကို မေ့ထားကြသလို ဖြစ်နေပါတယ်။

တကယ့်လက်တွေ့မှာ ဒီထက်ပိုပြီး ကျယ်ပြန်တဲ့ လုပ်ငန်းစဉ်တွေဟာ NLD မှတ်ပုံတင်ပြီး နောက်ပိုင်းမှာ ရလာနိုင်စရာ ရှိလာပြီး၊ ပြည်သူလူထု နိုင်ငံရေး ဖြစ်စဉ်ထဲ ပါဝင်လာလုပ်ကိုင်လို့ရနိုင်မှုကို စူးစိုက်ဆွေးနွေးတာတွေ အားပျော့တယ်လို ခံစားမိပါတယ်။

ပါလီမာန်၊ ရွေးကောက်ပွဲ၊ အမတ်၊ အစိုးရအဖွဲ့ဝင် .. စတဲ့ လမ်းကြောင်းတွေက မဖြစ်မနေ ဖြတ်သန်းရမှာမှန်ပေမယ့် .. အဲဒီ ခြေလှမ်းတွေ ခိုင်မာမှုရှိအောင်နဲ့ ဒီမိုကရေစီ အမြစ်တွယ်မှု ရှိအောင်လုပ်ရမယ့် အချက်တွေ အများကြီး ရှိနေပါတယ်။ အဲဒါတွေက ပြည်သူလူထုနဲ့ အောက်ခြေပါတီဝင်ကနေ ထိပ်ပိုင်းအထိ လုပ်ကိုင်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ အဲဒီ အချက်တွေကတော့ ...

၁။ ပြည်သူလူထု တစ်ရပ်လုံး နိုင်ငံရေး နှိုးကြားလာအောင် ဆောင်ရွက်ပြီး၊ နိုင်ငံရေး အသိပညာတွေ ဖြန့်ဝေမှု
၂။ ပါတီဌာနခွဲတွေနဲ့ ပြည်သူလူထု ထိစပ်မှု၊ (NLD ပါတီ တစ်ခုတည်းကို မရည်ရွယ်ပါ၊ ပါတီအားလုံးရဲ့ ပါတီ ဌာနခွဲတွေနဲ့ ပြည်သူလူထု ထိစပ်မှု)
၃။ ပါတီဝင်တွေရဲ့ နိုင်ငံရေး အရည်အချင်း တိုးတတ်အောင်ဆောင်ရွက်မှု၊ (အောက်ခြေမှ ထိပ်ပိုင်းအထိ)
၎။ NLD မဟုတ်တဲ့ အခြားသော (ကြံဖွတ် အပါအဝင်) ပါတီတွေရဲ့  နိုင်ငံရေးကို နိုင်ငံကဲ့သို့ ဆောင်ရွက်နိုင်အောင် နိုင်ငံရေး အသိပညာတိုးတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊
၅။ လူမှုအခြေပြု လူ့အဖွဲ့အစည်း (civil society) တွေ အားကောင်းလာအောင် လုပ်ဆောင်မှု
၆။ ပါတီတွေ အားလုံးဟာ မူဝါဒ ပေါ်မှာသာ ရပ်တည်ပြီး .. အဲဒီ မူဝါဒတွေသာ အားပြိုင်တဲ့ မူဝါဒအခြေခံသော ပါတီနိုင်ငံရေးကို ရှေးရှုမှု (ဒါမှ ပုဂ္ဂိုလ်ရေး ဦးတည်မှု အားနည်းလာပြီး .. ပြည်သူက အများအကျိုး ပိုမို ဆောင်ရွက်နိုင်တဲ့ မူဝါဒကို ချမှတ်တဲ့ ပါတီကိုသာ မဲပေးလာမှာ ဖြစ်ပါတယ်။)

စတဲ့ အချက်တွေ ဖြစ်ပါတယ်။

အဲဒီ အချက်တွေဟာ သာမန်အခြေခံ ပြည်သူလူထု၊ ပညာရှင်တွေနဲ့၊ ပါတီဝင် အားလုံး အတူအကွ ပါဝင် လုပ်ကိုင်နိုင်မယ့် အခြေခံခံ အချက်အလက်တွေ ဖြစ်ပြီး၊ ဒါတွေ လုပ်ဆောင်နိုင်မှ ဒီမိုကရေစီ စနစ် ခိုင်မာလာပြီး၊ အထက်ပါ ရည်မှန်းချက်တွေရဲ့ နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ .. တိုးတတ်ကောင်းမွန်ပြီး နိုင်ငံသားတိုင်း ပျော်ရွှင် ကျေနပ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ရောက်ရှိအောင် ပါလီမာန်ထဲက နိုင်ငံရေးသမားတွေက တရားတဲ့ ဥပဒေတွေကို ပြဌာန်းနိုင်မှာ ဖြစ်ပါတယ်။


အဲဒါတွေ မရှိဘဲနဲ့တော့ .. ပါလီမာန်နိုင်ငံရေး ဘယ်လောက် လုပ်လုပ် .. မော်တော်ကား အင်ဂျင်ကို ကောင်းအောင် လုပ်နေပေမယ့် .. အောက်က မော်တော်ကား ဘီးတွေက လေးထောင့်တွေ ဖြစ်နေတာကြောင့် သွားလာမှု အဆင်မပြေနိုင်ဘဲ လိုရာ ခရီးကို မရောက်တဲ့အပြင် လမ်းတစ်ဝက်မှာ အကုန်လုံး တစ်စဆီ လိုက်ကောက်ရမယ့် အခြေအနေကို ပြန်လည် ဦးတည်သွားနိုင်မှာ ဖြစ်ကြောင်းပါ ..။

(ဆောင်းပါ အနှစ်ချုပ် အချက်။  ....... ။ဒီမိုကရေစီစနစ် ဆိုတာ .. ပြည်သူထံမှ အာဏာ ဆင်းသက်လာတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ ဒီမိုကရေစီ ရေရှည်ခရီးမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ထက် ရှိဖို့ထက် ပိုပြီး အရေးကြီးပါတယ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...