Wednesday, August 17, 2011

"သိကြပါစေ...အမိမြေ"

created the doc: "သိကြပါစေ...အမိမြေ"
Rozoner King created the doc:
[By Moe Hninphy]

နှိင်ငံခြားတွင်ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့မိမိကဲ့သို့ နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀ ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။


(၁) အချိန်၏တန်ဖိုးကို နားလည်ခြင်းနှင့် အလုပ်ချိန်တွင် မိမိအား ပေးအပ်ထားသော အလုပ်ကို သေချာစွာလုပ်ကိုင်နိုင်ခြင်း။ (နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ခဲ့ခြင်း အကျိုးကျေးဇူး )
မြန်မာနိုင်ငံတွင်းအရှိ အစိုးရအလုပ်အပါဝင် တချို့သော အလုပ်များမှာ အလုပ်ချိန် တစ်နေ့(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ) ၆နာရီခန့်အတွင်း ထမင်းစားချိန် လဘက်ရည်သောက်ချိန် များကို နှုတ်လိုက်ပါက ၄နာရီခန့်သာရှိသည်၊ ထို ၄နာရီအတွင်း လူတစ်ယောက်၏ အချိန်ဆွဲလုပ်ကိုင်မှုကြောင့် ၃ နာရီခန့်သာဖြစ်ပေလိမ့်မည်။ အလုပ်မပြီးစီးပါကလည်း နောက်တစ်နေ့ လုပ်လို့ရတာပဲဟု အချိန်ဆွဲလုပ်ကိုင်လိုစိတ်များ တာဝန်ယူမှုမရှိခြင်းများကို နေရာတော်တော်များများတွင် ၇၀-၈၀ ရာခိုင်နှုန်းခန့်တွေ့နေရသည်။

(၂) လူတစ်ဦးချင်းစီ၏ တာဝန်ယူမှု စိတ်ဓါတ်၊ ကတိစကား၏ တန်ဖိုးကို နားလည်သွားခြင်း။
(၃) နိုင်ငံရပ်ခြားမှ ရရှိလာသော အလုပ်ထဲမှ ပညာရပ်များ နှင့် စီမံခန့်ခွဲမှုများ။
အနည်းဆုံး မြန်မာနိုင်ငံတွင်း တေလေဂျပိုး၊ လဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေသူတစ်ယောက် နိုင်ငံခြားတွင် အလုပ်လုပ်ပြီး ပြန်လာပါက အနိမ့်ဆုံး ဂဟေတော့ ဆော်တတ်၊ အချိန်နှင့် ငွေကြေးအ၀င်အထွက်ကိုတော့ စီစစ်သွားတတ်ပါသည်။
(၄) နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူများမှာ မိမိနိုင်ငံသို့ ပြန်ပို့သော ငွေများပြန်လည်ရရှိ ခြင်း။
အရှေ့တောင် အာရှတွင် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူတွေထဲမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပင်းလူမျိုးတို့က အများဆုံးဖြစ်ပါသည်။ သူတို့တစ်တွေ သူတို့နိုင်ငံကို ပြန်လည်ပို့ဆောင်တဲ့ ငွေသည် တစ်နှစ်ကို ၁.၅ ဘီလိယန်စီ ရှိကြပါသည်။ ထိုနိုင်ငံများက တရားဝင်ငွေကြေး ပို့ဆောင်ရေးလုပ်ငန်းများရှိသောကြောင့် နိုင်ငံခြားတွင် လုပ်ကိုင်၍ရရှိသော ငွေများကို မိမိတို့မိသားစုများအတွက် ပြန်လည်ပို့ဆောင်ပေးနေကြသည်။ နိုင်ငံခြားသို့ ထွက်၍အလုပ်လုပ်ကိုင်သော မြန်မာများသည် ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများကဲ့သို့ တစ်နှစ်လျင် ၁.၅ ဘီလီယန်ခန့် မရှိသော်လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးခန့်ရှိမည်ဟု ခန့်မှန်းမိသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ခေတ်မမှီသော၊ နည်းလမ်းမမှန်သော ဘဏ်စနစ်များကြောင့် ထိုငွေများသည် တရားမ၀င်သောလမ်းကြောင်းသို့ ရောက်ရှိသွားသည်။

ထိုကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိုငွေများကို မှန်မှန်ကန်ကန် ဖြစ်အောင် ခိုင်မာသောလမ်းကြောင်းတစ်ခု တည်ဆောက်ရန် အမှန်အကန်လိုအပ်လျက်ရှိပါသည်။
ထိုအပြင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများ မိမိမိသားစုဝင်များအား ထိုကဲ့သို့ ငွေကြေးများ ပြန်လည် ပို့ဆာင်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ မိသားစုဝင်များ၏ ၀င်ငွေတိုးပွားလာသည်။ ထိုသို့ ၀င်ငွေ တိုးပွားလာမှုကြောင့် ထိုမိသားစုဝင်များ၏ ငွေသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်ကာ တိုင်းပြည်၏ စီးပွားရေးကို တဖက်တလမ်းမှာ တိုးတက်စေနိုင်သော အချက်အလက်တစ်ခုလဲ ဖြစ်ပါသည်။
(၄) နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သော မြန်မာနိုင်ငံသားများ သက်ဆိုင်ရာသံရုံးများတွင် အခွန်ငွေများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံ၏၀င်ငွေကို တိုးပွားစေခြင်း။
တကယ်တမ်း မြန်မာနိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားသူများရဲ့ အကြောင်းအရင်းထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ ထိုအချက်သည် အရေးကြီးပါသည်။ အခွန်နှစ်ထပ်ပေးဆောင်ခြင်း စာချုပ် ရေးထိုးထားသော နိုင်ငံဖြစ်သည်၊ မဖြစ်သည် ခဏထား စင်္ကာပူရောက်မြန်မာနိုင်ငံသားများ ပေးဆောင်သော အခွန်ငွေပမာဏမှာ တနှစ်လျင် အမေရိကန်ဒေါ်လာ သန်း၃၀မှ သန်း၅၀ အတွင်းရှိပါသည်။ ထိုငွေများသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်သော ငွေကြေးပမာဏ တစ်ခုအနေနှင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုငွေ သန်း၃၀-၅၀ ငွေကြေးပမာဏသည် မြန်မာနိုင်ငံအတွက်အမှန်တကယ်ရောက်ရှိသွားသော ငွေကြေးပမာဏဖြစ်သည်လား မည်သူမှမသိ၊ နှစ်စဉ် အခွန်ဌာနမှလည်း မှန်ကန်သော စာရင်းကိုလည်း တင်ပြခြင်းမရှိ၊ အခွန်ဌာနနှင့် သံရုံး (နိုင်ငံခြားရေး ၀န်ကြီးဌာန) နှစ်ခုကြားတွင် ထိုငွေကြေးပမာဏသည် စက္ကူပါးလေထဲလွင့်သကဲ သို့ ပျောက်ကွယ်သွားသည်လား မပြောတတ်ပေ။

(၅) နိုင်ငံရပ်ခြားသို့ ရောက်ရှိသွားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း။
မြန်မာလူမျိုးတော်တော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်အလျောက် အလှူအတန်းလုပ်ရာတွင် တခြားနိုင်ငံများကဲ့သို့ တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲ လှူဒါန်းကြပါသည်။ ဥပမာအားဖြင့် မြန်မာကျူးပစ်မင်ဘာများကိုယ်တိုင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခိုက်စဉ်က ကျပ်သိန်း ၁၃၀ခန့်ကို မိမိတို့ချွေးနဲစာများမှ ခြစ်ခြုပ်လှူဒါန်းခြင်း၊ မြန်မာများအတွက် မြန်မာမှ ၂၀၁၀ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁၅၀ခန့် ကျောင်းဆောင် ဆောက်လုပ်လှူဒန်းခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့သည်။ ကျူးပစ်မင်ဘာများ မြန်မာများအတွက် မြန်မာများကဲ့သို့ လူမှုရေးလှူဒါန်းမှုများသာမက တခြားသော လူမှုရေးအဖွဲ့အစည်းများ၊ အဖွဲ့များနှင့် မဟုတ်ပဲ သီးသန့်လှူဒါန်းမှုများမှာ တနှစ်လျင် အနည်းဆုံး ကျပ်ငွေ သိန်း ၁၀၀၀ မှ ၅၀၀၀ အတွင်း ခန့်ရှိပေသည်။ ထိုကဲ့သို့ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ လှူဒါန်းမှုသည်လည်း တနည်းအားဖြင့် တိုင်းပြည်အတွင်း ငွေလည်ပတ်မှုများ၏ အထောက်အပံ့တခုအဖြစ် တည်ရှိလျက်ရှိနေပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...