Wednesday, August 31, 2011

အရူးများ

by Myanmar Jokes on Wednesday, August 31, 2011 at 2:59pm
 
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
လူနာများကို ရောဂါသက်သာမသာ စစ်ဆေးရန်
ခုံတန်းများတွင် ဆေးများသုတ်ထားပြီး ရုပ်ရှင်ပြသည်။
လူနာအားလုံးသည်…ထိုင်ချပြီးကြည့်ကြသည်..
ထိုအထဲတွင် လူနာတယောက်က သတင်းစာကိုခုံတန်းတွင်ခင်းလိုက်သည်။ ပြီးမှကြည့်သည်…

ဆေးရုံအုပ်ကြီးသည်…ဒီလူနာသက်သာပြီဟု သတ်မှတ်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်.
အိမ်ေ၇ာက်သော်…လူနာကိုသူဧ။်မိခင်ကမေးသည်..
အမေ ။ သား …သားကခုံမှာဆေးသုတ်ထားတာသိလို့သတင်းစာခင်းလိုက်တာလား?
လူနာ ။ အာ …အမေကလည်း…လူတွေအများကြီးသားေ၇ှ့မှာရှိနေတာကို…..မမြင်ရလို့
ပိုမြင့်သွားအောင် ခင်းလိုက်တာ…:P
(ZNY)

စိတ္တဇဆေးရုံတွင်ဖြစ်သည်
အရူးများ များလွန်းသဖြင့် အရူးလျော့ပေါ့ရေးအစီစဉ်ဖြင့်
ဆေးရုံအုပ်ကြီးသည် အခြေနေအကောင်းဆုံး အရူးလေးယောက်အား
ခေါ်ယူကာ မေးခွန်းတစ်ခွန်းဖြင့် မေးကာ စမ်းသပ်လေ၏
 “ကဲကဲ နံပါတ်(၁) အရူး မင်းစ ဖြေကွာ နှစ်နှလီဘယ်လောက်လဲ”
အရူး(၁)= “နှစ်နှစ်လီ ဟစ်တလာ ပါဆရာ”  အခြေနေမကောင်း။

 “ကဲ နံပါတ်(၂)ဖြေကွာ”
အရူး(၂)= “နှစ်နှစ်လီ ခွေး ပါ”    တော်တော်ဆိုး၏။

“နံပါတ်(၃)ဖြေပါ”
အရူး(၃)= “နှစ်နှစ်လီ အင်္ဂါနေ့ ပါခင်ဗျ”   ပိုဆိုး၏။ ဆေးရုံအုပ်ကြီးစိတ်ဓါတ်ကျသွားသည်။

“ကဲကဲနောက်ဆုံးအရူး မင်းဖြေစမ်းကွာ”
နောက်ဆုံးအရူး= “နှစ်နှလီ လေးပါ ဆရာ”

အင်း... ဒီကောင်ကတော့ အခြေနေမဆိုးဘူးပဲ
“ဒီကောင့်ကိုဆေးရုံက ဆင်းခွင့်ပေးလိုက်ပါကွာ”
“သြော်ဒါနဲ့နေပါအုံး မင်းဘယ်လိုလုပ် အဖြေကို လေးရတာလဲကွ”

“ခင်ဗျားတို့က ကျုပ်ကို ငတုံး များမှတ်နေကြလားဗျ
ခင်ဗျားတို့ ဟစ်တလာကို ခွေးနဲ့စားကြည့်လိုက် ရလာတဲ့အဖြေကို
အဂ်ါနေ့နဲ့ မြှောက်ရင် လေးမရလို့ ဘာရမှာတုန်း”။
(ZP)

Copy from MM Humour

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...